ကိုယ်ဝန်တားဆေးများနှင့် ရာသီစက်ဝန်းအပေါ်သက်ရောက်မှုများ

ယနေ့ခေတ်မှာ ကိုယ်ဝန်တားဆေးများအဖြစ် သောက်ဆေး ထိုးဆေး သားအိမ်အတွင်းထည့်ပစ္စည်းစသဖြင့် ပုံစံမျိုးစုံနဲ့ တွင်ကျယ်စွာအသုံးပြုနေကြပါတယ်။Condom လိုပစ္စည်းကလွဲလို့ ကိုယ်ဝန်တားဆေးတော်တော်များများဟာ ဟော်မုန်းပါဝင်မှုရှိတဲ့အတွက် ခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေလိုပဲ ရာသီစက်ဝန်းအပေါ်သက်ရောက်မှုရှိပါတယ်။

တားဆေးကတ်များ

ဒီဆေးကတ်တွေကိုတော့ တစ်နေ့တစ်လုံးမှန်မှန်သောက်သုံးဖို့လိုပါတယ်။ရှေ့ပိုင်းသုံးလလောက်မှာသုံးစွဲသူအမျိုးသမီးတွေအနေနဲ့ ရာသီလာချိန်မဟုတ်ဘဲသွေးဆင်းတာမျိုးတွေကြုံရတတ်ပါတယ်။ဆေးသောက်ဖို့မေ့သွားတာ ဆေးသောက်ချိန်နောက်ကျတာမျိုးတွေမှာလည်း သွေးအနည်းငယ်ဆင်းတတ်ပါတယ်။အထူးသဖြင့် Progesterone တစ်မျိုးတည်းပါတဲ့ဆေးကတ်လေးတွေမှာ ဒီလိုပိုဖြစ်တတ်ပါတယ်။

ထိုးဆေးများ

သုံးလခံဆေးလို့လူသိများတဲ့ဆေးပါ။သူကတော့ ရာသီလာချိန်မဟုတ်ဘဲသွေးဆင်းတာအဖြစ်များပါတယ်။တစ်နှစ်လောက်သုံးပြီးရင်တော့ ရာသီလုံးဝမလာတော့တာမျိုး ဖြစ်တတ်ပါတယ်။

သားအိမ်တွင်းထည့်ပစ္စည်းများ

သားအိမ်တွင်းထည့်တဲ့ပစ္စည်းအနေနဲ့ Copper ပါတဲ့ပစ္စည်းနဲ့ hormone ပါတဲ့ပစ္စည်းဆိုပြီး ၂ မျိုးရှိပါတယ်။နှစ်မျိုးလုံးဟာ စတင်သုံးစွဲချိန်ကနေ သုံးလကနေ ခြောက်လအတွင်း ရာသီလာချိန်တစ်ခုနဲ့တစ်ခုကြား သွေးဆင်းတာ ပုံမှန်ရာသီဆင်းချိန်မှာ သွေးဆင်းများတာ ရက်ရှည်တာ နဲ့ ပိုမိုကိုက်ခဲတာတို့ဖြစ်တတ်ပါတယ်။နောက်ပိုင်းမှာတော့ ရာသီပုံမှန်ဆင်းနိုင်သလို နည်းသွားတာ လုံးဝမဆင်းတော့တာလည်းဖြစ်နိုင်ပါတယ်။

အရေးပေါ်သန္ဓေတားဆေး

ဒီဆေးကတော့ ရာသီစက်ဝန်းရဲ့အစောပိုင်းကာလမှာသောက်မိရင် နောက်တစ်ကြိမ်ရာသီလာရက်စောတတ်ပါတယ်။ရာသီလာတဲ့အခါပုံမှန်ထက် ရက်ကြာတာမျိုးလည်းဖြစ်တတ်ပါတယ်။ရာသီစက်ဝန်းရဲ့ နှောင်းပိုင်း(သားဥကြွေပြီးချိန်နောက်ပိုင်း)မှာ သောက်ရင်တော့ နောက်တစ်ကြိမ်ရာသီလာရက် နောက်ကျတတ်ပါတယ်။

ကိုယ်ဝန်တားဆေးတော်တော်များများဟာ ဟော်မုန်းပါဝင်တဲ့အတွက် ရာသီစက်ဝန်းအပေါ်အနည်းနဲ့အများသက်ရောက်မှုရှိပါတယ်။ဒါဟာသူ့ရဲ့ သန္ဓေတားတဲ့အာနိသင်ကိုတော့ ထိခိုက်နိုင်တာမဟုတ်ပါဘူး။အကယ်၍ ကိုယ်ဝန်တားဆေးတစ်မျိုးမျိုးရဲ့ ဘေးထွက်ဆိုးကျိုးကို မခံနိုင်လို့ တားဆေးပြောင်းသုံးမယ်ဆိုရင် ကျွမ်းကျင်သူဆရာဝန်နဲ့တိုင်ပင်ရပါမယ်။

Dr. ပွင့်ဖြိုးကျော်

Reference; https://www.google.com/url…

ကိုယ္ဝန္တားေဆးမ်ားႏွင့္ ရာသီစက္ဝန္းအေပၚသက္ေရာက္မႈမ်ား

ယေန႔ေခတ္မွာ ကိုယ္ဝန္တားေဆးမ်ားအျဖစ္ ေသာက္ေဆး ထိုးေဆး သားအိမ္အတြင္းထည့္ပစၥည္းစသျဖင့္ ပုံစံမ်ိဳးစုံနဲ႔ တြင္က်ယ္စြာအသုံးျပဳေနၾကပါတယ္။Condom လိုပစၥည္းကလြဲလို႔ ကိုယ္ဝန္တားေဆးေတာ္ေတာ္မ်ားမ်ားဟာ ေဟာ္မုန္းပါဝင္မႈရွိတဲ့အတြက္ ခႏၶာကိုယ္ကထြက္တဲ့ေဟာ္မုန္းေတြလိုပဲ ရာသီစက္ဝန္းအေပၚသက္ေရာက္မႈရွိပါတယ္။

တားေဆးကတ္မ်ား

ဒီေဆးကတ္ေတြကိုေတာ့ တစ္ေန႔တစ္လုံးမွန္မွန္ေသာက္သုံးဖို႔လိုပါတယ္။ေရွ႕ပိုင္းသုံးလေလာက္မွာသုံးစြဲသူအမ်ိဳးသမီးေတြအေနနဲ႔ ရာသီလာခ်ိန္မဟုတ္ဘဲေသြးဆင္းတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ေဆးေသာက္ဖို႔ေမ့သြားတာ ေဆးေသာက္ခ်ိန္ေနာက္က်တာမ်ိဳးေတြမွာလည္း ေသြးအနည္းငယ္ဆင္းတတ္ပါတယ္။အထူးသျဖင့္ Progesterone တစ္မ်ိဳးတည္းပါတဲ့ေဆးကတ္ေလးေတြမွာ ဒီလိုပိုျဖစ္တတ္ပါတယ္။

ထိုးေဆးမ်ား

သုံးလခံေဆးလို႔လူသိမ်ားတဲ့ေဆးပါ။သူကေတာ့ ရာသီလာခ်ိန္မဟုတ္ဘဲေသြးဆင္းတာအျဖစ္မ်ားပါတယ္။တစ္ႏွစ္ေလာက္သုံးၿပီးရင္ေတာ့ ရာသီလုံးဝမလာေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။

သားအိမ္တြင္းထည့္ပစၥည္းမ်ား

သားအိမ္တြင္းထည့္တဲ့ပစၥည္းအေနနဲ႔ Copper ပါတဲ့ပစၥည္းနဲ႔ hormone ပါတဲ့ပစၥည္းဆိုၿပီး ၂ မ်ိဳးရွိပါတယ္။ႏွစ္မ်ိဳးလုံးဟာ စတင္သုံးစြဲခ်ိန္ကေန သုံးလကေန ေျခာက္လအတြင္း ရာသီလာခ်ိန္တစ္ခုနဲ႔တစ္ခုၾကား ေသြးဆင္းတာ ပုံမွန္ရာသီဆင္းခ်ိန္မွာ ေသြးဆင္းမ်ားတာ ရက္ရွည္တာ နဲ႔ ပိုမိုကိုက္ခဲတာတို႔ျဖစ္တတ္ပါတယ္။ေနာက္ပိုင္းမွာေတာ့ ရာသီပုံမွန္ဆင္းႏိုင္သလို နည္းသြားတာ လုံးဝမဆင္းေတာ့တာလည္းျဖစ္ႏိုင္ပါတယ္။

အေရးေပၚသေႏၶတားေဆး

ဒီေဆးကေတာ့ ရာသီစက္ဝန္းရဲ႕အေစာပိုင္းကာလမွာေသာက္မိရင္ ေနာက္တစ္ႀကိမ္ရာသီလာရက္ေစာတတ္ပါတယ္။ရာသီလာတဲ့အခါပုံမွန္ထက္ ရက္ၾကာတာမ်ိဳးလည္းျဖစ္တတ္ပါတယ္။ရာသီစက္ဝန္းရဲ႕ ေႏွာင္းပိုင္း(သားဥေႂကြၿပီးခ်ိန္ေနာက္ပိုင္း)မွာ ေသာက္ရင္ေတာ့ ေနာက္တစ္ႀကိမ္ရာသီလာရက္ ေနာက္က်တတ္ပါတယ္။

ကိုယ္ဝန္တားေဆးေတာ္ေတာ္မ်ားမ်ားဟာ ေဟာ္မုန္းပါဝင္တဲ့အတြက္ ရာသီစက္ဝန္းအေပၚအနည္းနဲ႔အမ်ားသက္ေရာက္မႈရွိပါတယ္။ဒါဟာသူ႔ရဲ႕ သေႏၶတားတဲ့အာနိသင္ကိုေတာ့ ထိခိုက္ႏိုင္တာမဟုတ္ပါဘူး။အကယ္၍ ကိုယ္ဝန္တားေဆးတစ္မ်ိဳးမ်ိဳးရဲ႕ ေဘးထြက္ဆိုးက်ိဳးကို မခံႏိုင္လို႔ တားေဆးေျပာင္းသုံးမယ္ဆိုရင္ ကြၽမ္းက်င္သူဆရာဝန္နဲ႔တိုင္ပင္ရပါမယ္။

Dr. ပြင့္ၿဖိဳးေက်ာ္

Reference; https://www.google.com/url…

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *