အရေပြားပေါ်ကပ်ရတဲ့ ကိုယ်ဝန်တားဆေးကပ်ခွာဆိုတာ…

အမျိုးသမီးတွေအတွက် သားဆက်ခြားနည်းလမ်းများစွာရှိတဲ့အထဲမှာမှ အရေပြားပေါ်မှာကပ်ရတဲ့ တားဆေးကပ်ခွာအကြောင်းပြောပြချင်ပါတယ်။ Contraceptive patch လို့ခေါ်တဲ့ တားဆေးကပ်ခွာဟာ အရေပြားပေါ် ကပ်ရတဲ့ကပ်ခွာဖြစ်ပြီးတော့ အဲဒီကပ်ခွာလေးကနေ Estrogen နဲ့ Progesterone ထုတ်ပေးပြီး ကိုယ်ဝန်တားပေးတာဖြစ်ပါတယ်။

*ဘယ်လိုအသုံးပြုရသလဲ?

အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့လက်မောင်း၊ပေါင်၊ တင်ပါးနဲ့ ဗိုက်ပေါ်မှာ အဲဒီကပ်ခွာလေးကိုကပ်ရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ခါအသစ်လဲရမှာဖြစ်ပါတယ်။ အမွေးအမျှင်မထူတဲ့ သန့်ရှင်းတဲ့အရေပြားမှာ ကပ်ရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ခါအသစ်လဲပြီး သုံးပတ်ဆက်တိုက်ကပ်ရမှာပါ။ ကျန်တဲ့တစ်ပတ်မှာကပ်စရာမလိုပါဘူး။ နောက်တစ်ပတ်တိတိကြာလို့ ကပ်ရမယ့်နေ့ပြန်ရောက်ရင် patch အသစ်ထပ်ကပ်ရပါမယ်။ နားထားတဲ့တစ်ပတ်မှာ ရာသီလာပါတယ်။

ဒီBirth control patch (သို့မဟုတ်) Contraceptive patch ကပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ နေ့စဉ်သောက်ဆေးကတ်တွေရဲ့ အကျိုးကျေးဇူူးနဲ့တူပါတယ်။ ရာသီလာတာကို အများကြီးဆင်းတာမျိုးမဖြစ်စေပါဘူး။ ပြီးတော့ ရာသီမှန်ပါတယ်။ ရာသီလာခါနီးနဲ့ လာနေစဉ်မှာ မိန်းမသားတွေ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေ ကျန်းမာရေးပြဿနာတွေ (PMS symptoms) ကို လျှော့ချပေးနိုင်ပါတယ်။ ဝက်ခြံကိုလျော့ပါးစေပါတယ်။

ဒါ့အပြင် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ၊ သားဥအိမ်မှာရေအိတ်တည်ခြင်း နဲ့ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ မီးယပ်ရောဂါ (Pelvic Inflammatory Disease)၊ သားအိမ်နဲ့ သားဥအိမ်ကင်ဆာရောဂါ စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

*တားဆေးကပ်ခွာသုံးရင် ဝလာနိုင်သလား?

အရင်ကကိုယ်ဝန်တားဆေးကတ်တွေမှာ ဟော်မုန်းပမာဏများရင် ရေဆွဲမှုဖြစ်ပြီး ကိုယ်အလေးချိန်တိုးတတ်ပါတယ်။ တားဆေးကပ်ခွာကလည်း တားဆေးကတ်တွေနဲ့ အလုပ်လုပ်ပုံခြင်းတူတဲ့အတွက် အလေးချိန်တော့တက်လာနိုင်ပါတယ်။

*ဘေးထွက်ဆိုးကျိုးတွေ ဘာတွေရှိနိုင်သလဲ?

  • ရင်သားတင်းခြင်း ၊ နာကျင်ခြင်း
  • ဗိုက်အောင့်တတ်ခြင်း၊ ပျို့ခြင်း
  • ခါင်းကိုက်ခြင်း၊ စိတ်ခံစားမှုလွယ်ခြင်း၊ စိတ်လှုပ်ရှားခြင်း
  • ကပ်ခွာကပ်တဲ့နေရာမှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ဓာတ်မတည့်သလို ယားယံခြင်း
  • ရာသီလာချိန်မဟုတ်ဘဲ သွေးတစက်စက်ဆင်းတတ်ခြင်း (spotting)
  • ရာသီလာစဉ် ဗိုက်အောင့်ခြင်း (menstrual cramps) စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။

ဒီတားဆေးကပ်ခွာရဲ့ Failure Rate ကတော့ 0.3 % per first year ဖြစ်ပါတယ်။

ဒါကတော့ တားဆေးကပ်ခွာရဲ့ အကြောင်းပါ။ အမျိုးသမီးတွေဟာ ဘယ်သန္ဓေတားဆေးကိုပဲသုံးသုံး နည်းလမ်းအားလုံးရဲ့ အကျိုး၊အပြစ်တွေ အားသာချက်၊အားနည်းချက်တွေအားလုံးကို လေ့လာပြီးမှ စနစ်တကျသားဆက်ခြားဖို့အကြံပေးချင်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိုင်ဖို့ ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

အေရျပားေပၚကပ္ရတဲ့ ကိုယ္ဝန္တားေဆးကပ္ခြာဆိုတာ...

အမ်ိဳးသမီးေတြအတြက္ သားဆက္ျခားနည္းလမ္းမ်ားစြာရွိတဲ့အထဲမွာမွ အေရျပားေပၚမွာကပ္ရတဲ့ တားေဆးကပ္ခြာအေၾကာင္းေျပာျပခ်င္ပါတယ္။ Contraceptive patch လို႔ေခၚတဲ့ တားေဆးကပ္ခြာဟာ အေရျပားေပၚ ကပ္ရတဲ့ကပ္ခြာျဖစ္ၿပီးေတာ့ အဲဒီကပ္ခြာေလးကေန Estrogen နဲ႔ Progesterone ထုတ္ေပးၿပီး ကိုယ္ဝန္တားေပးတာျဖစ္ပါတယ္။

*ဘယ္လိုအသံုးျပဳရသလဲ?

အမ်ိဳးသမီးတစ္ဦးဟာ သူ႔ရဲ႕လက္ေမာင္း၊ေပါင္၊ တင္ပါးနဲ႔ ဗိုက္ေပၚမွာ အဲဒီကပ္ခြာေလးကိုကပ္ရမွာျဖစ္ပါတယ္။ တစ္ပတ္တစ္ခါအသစ္လဲရမွာျဖစ္ပါတယ္။ အေမြးအမွ်င္မထူတဲ့ သန္႔ရွင္းတဲ့အေရျပားမွာ ကပ္ရမွာျဖစ္ပါတယ္။ တစ္ပတ္တစ္ခါအသစ္လဲၿပီး သံုးပတ္ဆက္တိုက္ကပ္ရမွာပါ။ က်န္တဲ့တစ္ပတ္မွာကပ္စရာမလိုပါဘူး။ ေနာက္တစ္ပတ္တိတိၾကာလို႔ ကပ္ရမယ့္ေန႔ျပန္ေရာက္ရင္ patch အသစ္ထပ္ကပ္ရပါမယ္။ နားထားတဲ့တစ္ပတ္မွာ ရာသီလာပါတယ္။

ဒီBirth control patch (သို႔မဟုတ္) Contraceptive patch ကပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့ ေန႔စဥ္ေသာက္ေဆးကတ္ေတြရဲ႕ အက်ိဳးေက်းဇူူးနဲ႔တူပါတယ္။ ရာသီလာတာကို အမ်ားႀကီးဆင္းတာမ်ိဳးမျဖစ္ေစပါဘူး။ ၿပီးေတာ့ ရာသီမွန္ပါတယ္။ ရာသီလာခါနီးနဲ႔ လာေနစဥ္မွာ မိန္းမသားေတြ ျဖစ္တတ္တဲ့ စိတ္ဖိစီးမႈေတြ က်န္းမာေရးျပႆနာေတြ (PMS symptoms) ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဝက္ျခံကိုေလ်ာ့ပါးေစပါတယ္။

ဒါ့အျပင္ သံဓာတ္ခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္တဲ့ ေသြးအားနည္းေရာဂါ၊ သားဥအိမ္မွာေရအိတ္တည္ျခင္း နဲ႔ အမ်ိဳးသမီးေတြမွာျဖစ္တတ္တဲ့ မီးယပ္ေရာဂါ (Pelvic Inflammatory Disease)၊ သားအိမ္နဲ႔ သားဥအိမ္ကင္ဆာေရာဂါ စတာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

*တားေဆးကပ္ခြာသံုးရင္ ဝလာႏိုင္သလား?

အရင္ကကိုယ္ဝန္တားေဆးကတ္ေတြမွာ ေဟာ္မုန္းပမာဏမ်ားရင္ ေရဆြဲမႈျဖစ္ၿပီး ကိုယ္အေလးခ်ိန္တိုးတတ္ပါတယ္။ တားေဆးကပ္ခြာကလည္း တားေဆးကတ္ေတြနဲ႔ အလုပ္လုပ္ပံုျခင္းတူတဲ့အတြက္ အေလးခ်ိန္ေတာ့တက္လာႏိုင္ပါတယ္။

*ေဘးထြက္ဆိုးက်ိဳးေတြ ဘာေတြရွိႏိုင္သလဲ?

  • ရင္သားတင္းျခင္း ၊ နာက်င္ျခင္း
  • ဗိုက္ေအာင့္တတ္ျခင္း၊ ပ်ိဳ႕ျခင္း
  • ခါင္းကိုက္ျခင္း၊ စိတ္ခံစားမႈလြယ္ျခင္း၊ စိတ္လႈပ္ရွားျခင္း
  • ကပ္ခြာကပ္တဲ့ေနရာမွာ နီရဲျခင္း၊ ေရာင္ရမ္းျခင္း၊ ဓာတ္မတည့္သလို ယားယံျခင္း
  • ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးတစက္စက္ဆင္းတတ္ျခင္း (spotting)
  • ရာသီလာစဥ္ ဗိုက္ေအာင့္ျခင္း (menstrual cramps) စတဲ့ေဘးထြက္ဆိုးက်ိဳးေတြရွိႏိုင္ပါတယ္။

ဒီတားေဆးကပ္ခြာရဲ႕ Failure Rate ကေတာ့ 0.3 % per first year ျဖစ္ပါတယ္။

ဒါကေတာ့ တားေဆးကပ္ခြာရဲ႕ အေၾကာင္းပါ။ အမ်ိဳးသမီးေတြဟာ ဘယ္သေႏၶတားေဆးကိုပဲသံုးသံုး နည္းလမ္းအားလံုးရဲ႕ အက်ိဳး၊အျပစ္ေတြ အားသာခ်က္၊အားနည္းခ်က္ေတြအားလံုးကို ေလ့လာၿပီးမွ စနစ္တက်သားဆက္ျခားဖို႔အၾကံေပးခ်င္ပါတယ္။ က်န္းမာေပ်ာ္ရႊင္တဲ့ မိသားစုဘဝကိုပိုင္ဆိုင္ႏိုင္ဖို႔ ေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *