remove-contraceptive-implant
All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

” လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း ပြန်ထုတ်တဲ့အခါ “

1 Mins read

” လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း ပြန်ထုတ်တဲ့အခါ “

လက်မောင်းထဲကို သန္ဓေတားပစ္စည်း ဘယ်လိုထည့်လဲဆိုတာကို အတော်များများသိပြီးကြပြီထင်ပါတယ်။ဒါကြောင့်ခုတစ်ခါမှာတော့

– လက်မောင်းထဲထည့်ထားတဲ့ သန္ဓေတားပစ္စည်းကို ဘယ်တော့ ပြန်ထုတ်မလဲ?

– ဘယ်လိုမျိုးပြန်ထုတ်မလဲ? ဆိုတာလေးပြောပြပေးပါမယ်နော်

ဘယ်တော့ပြန်ထုတ်မလဲဆိုရင်

– သန္ဓေတားပစ္စည်းရဲ့ သတ်မှတ်သက်တမ်းကုန်သွားလို့ ပြန်လဲရမယ့်အခါ

– ကလေးယူဖို့ ဆုံးဖြတ်လိုက်တယ့်အခါ

– အကြောင်းကြောင်းကြောင့် အခြားသောကိုယ်ဝန်တားနည်း ပြောင်းသုံးဖို့ဆုံးဖြတ်လိုက်တယ့်အခါမျိုးမှာ ပြန်ထုတ်ဖို့လိုပါမယ်။

ဘယ်လိုပြန်ထုတ်မလဲ?

– ထည့်စဉ်ကလုပ်ထုံးလုပ်နည်း အဆင့်များနဲ့ ခပ်ဆင်ဆင်ပဲဖြစ်ပါတယ်။

– ပထမဆုံး သန္ဓေတားပစ္စည်း ထည့်ထားတယ့်နေရာတစ်ဝိုက်ကို ပိုးမွှားကင်းစေစေရန် သင့်လျော်သောဆေးရည်များဖြင့်သန့်စင်ပါတယ်။

– ပစ္စည်းထုတ်မည့်နေရာတစ်ဝိုက်ကို အမှတ်အသားပြုပါမယ်။

– ထုံဆေးထိုးပါတယ်။

– ထို့နောက် အရေပြားကို အနည်းငယ်ခွဲပြီး ပစ္စည်းကိုထုတ်ပါတယ်။

– ပြီးလျှင် ခွဲထားတယ့်နေရာကို အရေပြားစေ့ပလာစတာဖြင့်ကပ်ပေးလိုက်ပါမယ်။ ၂ရက် – ၃ရက်လောက် ပလာစတာကိုမခွာဘဲထားရပါမယ်။(ဒဏ်ရာကို ပြန်ချုပ်ဖို့အထိတော့ မလိုအပ်ပါဘူး။)

– သန္ဓေတားပစ္စည်းပြန်ထုတ်ခြင်းဟာ မိနစ်ပိုင်းမျှသာကြာပါတယ်။

-ထုံဆေးထိုးချိန်လေး တစ်ချက်စူးမယ်…..နောက် ပစ္စည်းထုတ်နေတယ့်အချိန်နဲ့ နောက်ထပ် ရက်အနည်းငယ်လောက်ထိ အနည်းငယ်တင်းတာ၊အောင့်တာမျိုးလေးတော့ ရှိနိုင်ပါတယ်။

-အနာသက်သာစေဖို့ ပလာစတာကိုမခွာဘဲ …..အပေါ်ကပဲ ရေခဲအိတ်ကပ်ခြင်း၊ရေနွေးအိတ်ကပ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

– မိမိသဘောဖြင့် ဒဏ်ရာတစ်ဝိုက် လိမ်းဆေးများ မလိမ်းဖို့တော့ သတိပေးပါရစေ။

( နာကျင်ခြင်း မသက်သာပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ )

Dr.Ginger

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…