ဘာကြောင့်ပါလိမ့်? (အပိုင်း ၁)

ယနေ့ညနေ ဆေးခန်းစဖွင့်ချိန် လူနာရှင်းတုန်း ဦးတုတ်ကြီးတစ်ယောက် ဆေးခန်းဘက်ကို ဦးတည်လျှောက်လာလေ၏။

ဦးတုတ်ကြီးဆိုသည်မှာ ဒီရပ်ကွက်မှာ ရွာခံနယ်ခံ၊ ကျွန်တော် ဒီဆေးခန်းစဖွင့်တည်းက အစစကူပေး…ဆေးခန်းလာပြ….

တစ်ခါတစ်ခါ ကျန်းမာရေးကိစ္စ ဟိုဟိုဒီဒီသူသိချင်တာလေးတွေ၊ကြားဖူးနားဝရှိတာလေးတွေ လာမေးနေကျ….

အခုလည်းကြည့်ရတာ….နေမကောင်း ဖျားနာနေဟန်တော့မတူ….

မေးစရာတစ်ခုခုပါလာပုံရတယ်…

ဦးတုတ်ကြီး – ဆရာ….ဆရာ့ကိုကျွန်တော်သိချင်တာလေး နည်းနည်းလောက်မေးလို့ရမလား?

ကျွန်တော် – ရတာပေါ့ဗျ….မေးပါဗျာ…(ကျွန်တော် မှန်းထားတဲ့အတိုင်းပင်….မေးခွန်းမေးဖို့ စချီလေပြီ…)

ဦးတုတ်ကြီး – ယောကျ်ားနဲ့ မိန်းမ ဟိုဒင်းဟိုဟာပြုရင် ကလေးမရအောင် ဘယ်လိုလုပ်ရမလဲဗျ?

ကျွန်တော် – သြော်…ကိုတုတ်ကြီးရယ်…ခင်ဗျားနှယ်…..ကျွန်တော်လည်း တစ်ခါပြောပြပြီးပါပကော….ကွန်ဒုံး၊တားဆေး…တားဆေးမှာမှ ထိုးဆေး သောက်ဆေး၊လက်မောင်းထဲထည့်တဲ့ပစ္စည်း…သားအိမ်ထဲထည့်တဲ့ပစ္စည်း…ကိုယ်ဝန်တားနည်းတွေမှ စုံလို့ဗျာ….ကျွန်တော်အာပေါက်အောင် ရှင်းပြထားရတာ….ခင်ဗျားက မေ့ပလိုက်ပြီလားဗျ?

ဦးတုတ်ကြီး – မမေ့လိုက်ပါဘူးဆရာရဲ့…. ဒါပေမယ့်….

ကျွန်တော် – ဒါပေမယ့် ဘာဖြစ်တုန်းဗျ?

ဦးတုတ်ကြီး – ဒါပေမယ့်….ဆရာ့ကိုပြောရတာတော့ အားနာပါတယ်…အဲ့ကိုယ်ဝန်တားနည်းတွေကလည်း ဆရာတို့ကသာညွှန်းနေကြတာ တကယ့်တကယ်တမ်းတော့ သုံးသုံး မသုံးသုံး ဘာမှ မထူးပါဘူးဗျာ… ရချင်တဲ့သူက ရတာပဲ….မရချင်တဲ့သူက မရတာပဲ…

ကျွန်တော် – အန်….ဘာလို့အဲ့လိုထင်ရတာလဲ ..ဆိုစမ်းပါဦးဗျာ…

ဦးတုတ်ကြီး – ကိုယ်တွေ့မို့ပါဗျာ…ကျွန်တော့ အသိညီလေးတစ်ယောက်ဆို သူ့ ကွန်ဒုံးသုံးနေရင်း ကလေးရသွားတာလေ..သူ့အမျိုးသမီးကို ဆေးတွေမသောက်ခိုင်းချင်လို့ ကွန်ဒုံးသုံးကာမှပဲ ငါးပါးကိုမှောက်ရောပဲဗျာ..

ကျွန်တော် – အင်း….ဒါကဒီလိုရှိတယ်ဗျ….ကွန်ဒုံးသုံးနေရဲ့နဲ့ကိုယ်ဝန်ရသွားတာ်ဆိုတိုင်း ကွန်ဒုံးကစိတ်မချရဘူးလို့ ပြောလို့်တော့မရဘူးဗျ…

ဦးတုတ်ကြီး – ဆရာက ကွန်ဒုံးဘက်က ရှေ့နေလိုက်နေပြန်ပြီဗျာ

ကျွန်တော် – ငင့်…ကျွန်တော်က ကွန်ဒုံးဘက်ကရှေ့နေလိုက်ရအောင် ကျွန်တော်က ကွန်ဒုံးထုတ်တဲ့ ကုမ္ပဏီထောင်ထားတာမှ မဟုတ်တာဗျာ…ဒီမယ် ဦးတုတ်ကြီး…ကျွန်တော်လည်း လူနာတွေနဲ့နေ့တိုင်းထိတွေ့ဆက်ဆံနေရတာ….ခင်ဗျားပြောသလို ကွန်ဒုံးသုံးနေရင်းကိုယ်ဝန်ရသွားတဲ့အတွဲတွေတွေ့ဖူးပါ့ဗျာ….ဒါပေမယ့် ….အဲ့ဒါကွန်ဒုံးရဲ့ပြသနာမဟုတ်ဘူးဗျ

ဦးတုတ်ကြီး – ဒါဆိုဘယ်သူ့ပြသနာတုန်းဗျ?

ကျွန်တော် – ပြသနာက (၃)မျိုးဖြစ်နိုင်တယ်…. ပထမတစ်ခုက ဒိတ်လွန်နေတဲ့ ကွန်ဒုံးဝယ်သုံးမိတာ.. ကွန်ဒုံးဆိုတာ တခြားကုန်ပစ္စည်းတွေလိုပဲ သက်တမ်းကုန်ဆုံးရက် (Expired Date) ဆိုတာရှိတယ်ဗျ… ကွန်ဒုံးဝယ်ချိန်မှာ ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ကျော်လွန်နေ (ဒိတ်လွန်နေတဲ့) ပြီဆိုရင် အဲ့ကွန်ဒုံးက အာနိသင်မရှိတော့ဘူး…ကိုယ်ဝန်ရဖို့အခွင့်အလမ်းများသွားပြီ… ဒုတိယ ကန်ဒုံးစွပ်တာနည်းလမ်းမကျလို့….တချို့လူတွေရှိတယ်…ကွန်ဒုံးကိုဘက်မှားပြီး ပြောင်းပြန်စွပ်မိတာ…ပြီးကျမှ ဟာပြောင်းပြန်ကြီးဖြစ်နေတယ်ဆိုပြီး အမှန်ဘက်ကပြန်စွပ်ပြီးသုံး… အဲ့ကျ ပထမမှားစွပ်ထားတဲ့ဘက်မှာ ရှေ့ကြေးအရည်တွေကပေသွားပြီးနှင့်ပြီလေ….အဲ့ရှေ့ပြေးအရည်ထဲမှာလည်း သုတ်ပိုးတွေပါသွားနိုင်တော့အဲ့ကတစ်ဆင့်ကိုယ်ဝန်ရသွားတာမျိုးပေါ့….နောက်တစ်ခုကတော့….ကွန်ဒုံးပေါက်ပြဲသွားတာမျိုး…..ဘာအကြောင်းကြောင့်ပဲကွန်ဒုံးပေါက်ပေါက်……..အတူနေနေတဲ့အချိန်မှာကွန်ဒုံးပေါက်သွားပြီဆိုရင်တော့…ကိုယ်ဝန်ရဖို့ အွင့်အလမ်းများသွားပြီ…

ဦးတုတ်ကြီး – တွေ့လား ဆရာ…ကျွန်တော်ပြောသားပဲ…ကွန်ဒုံးက စိတ်မချရပါဘူးလို့…….ကန်တော့ပါရဲ့…. အတူနေပါတယ်ဆိုမှ…ကွန်ဒုံးမပြဲသွားအောင် အရှိန်လျှော့လုပ်ရမလို…..ပြီးကျ.. ပေါက်သွားရင်လည်း ကိုယ်ဝန်ကရဦးမယ်….

ကျွန်တော် – ဟိုး… ဟိုး….နေပါဦးဗျ….ကျွန်တော်ပြောတာလည်းဆုံးအောင်နားထောင်ပါဦးဗျ….ကွန်ဒုံးပေါက်သွားတယ်ဆိုတာ အရှိန်ပြင်းလို့မဟုတ်ဘူး…အရှိန်လည်းလျှော့စရာမလိုပါဘူးဗျာ…..အဓိကက…. ကွန်ဒုံးကိုဖောက်တဲ့အခါ…သူ့အရာပေးထားတဲ့အတိုင်း လက်နဲ့ဖြဲလိုက်ရုံပဲ….အဲ့ဒါကို တချို့က ကတ်ကြေးနဲ့ညှပ်ဖောက်တယ်…..တချို့က သွားနဲ့ကိုက်ဖောက်တယ်….အဲ့မှာတင် အထဲက ကွန်ဒုံးအသားပါသွားပြီး ပေါက်တာ….နောက်တစ်ခုက လက်က လက်သည်းနဲ့ငြိတာ….လက်စပ်က အချွန်အထက်တွေနဲ့ ငြိတာမျိုးပေါ့……နောက်ရှိသေးတယ်…ဘယ်သူ့ဘယ်သူက တလွဲတွေလမ်းညွှန်လိုက်တယ်မသိ…..ကွန်ဒုံးကိုနှစ်ထပ်စွပ်တာ….ကွန်ဒုံးကိုနှစ်ထပ်စွပ်ရင် ပိုစိတ်မချရတဲ့အပြင် ကွန်ဒုံးနှစ်ခုကြား ပွတ်တိုက်မှုဖြစ်ပြီး ပေါက်ပြဲဖို့ပိုလွယ်သွားရောဗျ…
နောက်ဆုံးတစ်ခုကျန်သေးတယ်…..အဲ့ဒါကတော့ ကွန်ဒုံးအရွယ်အစားပေါ့……ကွန်ဒုံးမှာလည်း အဝတ်အစားလိုပဲ သူ့ဆိုဒ်နဲ့သူရှိတယ်…ကိုယ်နဲ့တော်မယ့် အရွယ်ရွေးဝယ်ပေါ့….မဟုတ်ဘဲ… ကိုယ်နဲ့ အရမ်းချောင်နေတာ…. အရမ်းကျပ်နေတာမျိုးဝယ်သုံးမိရင် ပေါက်ဖို့ပိုလွယ်သွားတာပေါ့…..

ဦးတုတ်ကြီး – သြော်…..ဒီလိုကိုး….ဒါဆို ကွန်ဒုံးပေါက်သွားရင် ကလေးမရအောင် ဘယ်လိုပြန်လုပ်ရမလဲဆရာ? ကျွန်တော်လည်း ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကို အသိပညာပြန်မျှလို့ရတာပေါ့ဆရာရယ်….

ကျွန်တော် – ကွန်ဒုံးပေါက်သွားပြီဆိုရင် အရေးပေါတားဆေးကို 72 နာရီ (3ရက်အတွင်း) သောက်ရတယ်ဗျ….၃ရက်အတွင်းဆိုပေမယ့် စောစောသောက်နိုင်လေ…အာနိသင်ပိုရှိလေပဲမို့လို့ တတ်နိုင်သမျှစောစောသောက်တာကောင်းတယ်ဗျ..

ဦးတုတ်ကြီး – ဟုတ်ကဲ့…. ကျေးဇူးတင်ပါတယ် ဆရာရယ်….ခုလိုကျွန်တော့်ကို စိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးတာ…ဒါပေမယ့်…..သောက်ဆေးသောက်နေရဲ့နဲ့ ကိုယ်ဝန်ရသွားတာကရော? အဲ့ကိစ္စတော့ ကျွန်တော် သိပ်မရှင်းသေးဘူးဗျ…..

ဆရာ – သောက်ဆေးသောက်နေရင်းကိုယ်ဝန်…… ဟော…စကားကောင်းနေတုန်း နောက်မှာလူနာရောက်လာပြီ….ကဲ….တားဆေးဇာတ်လမ်းနောက်နေ့ဆက်ကြတာပေါ့ဗျာ…..

ဦးတုတ်ကြီး – ဟုတ်ကဲ့ပါဆရာရေ….နက်ဖြန်မှ ထပ်လာခဲ့တော့မယ်…ခွင့်ပြုပါဦးဗျာ…..

ဒေါက်တာမျိုး (UM 1)

ဘာေၾကာင့္ပါလိမ့္? (အပိုင္း ၁)

ယေန႔ညေန ေဆးခန္းစဖြင့္ခ်ိန္ လူနာ႐ွင္းတုန္း ဦးတုတ္ႀကီးတစ္ေယာက္ ေဆးခန္းဘက္ကို ဦးတည္ေလ်ွာက္လာေလ၏။

ဦးတုတ္ႀကီးဆိုသည္မွာ ဒီရပ္ကြက္မွာ ရြာခံနယ္ခံ၊ ကြၽန္ေတာ္ ဒီေဆးခန္းစဖြင့္တည္းက အစစကူေပး…ေဆးခန္းလာျပ….

တစ္ခါတစ္ခါ က်န္းမာေရးကိစၥ ဟိုဟိုဒီဒီသူသိခ်င္တာေလးေတြ၊ၾကားဖူးနားဝ႐ွိတာေလးေတြ လာေမးေနက်….

အခုလည္းျကည့္ရတာ….ေနမေကာင္း ဖ်ားနာေနဟန္ေတာ့မတူ….

ေမးစရာတစ္ခုခုပါလာပံုရတယ္…

ဦးတုတ္ႀကီး – ဆရာ….ဆရာ့ကိုကြၽန္ေတာ္သိခ်င္တာေလး နည္းနည္းေလာက္ေမးလို႔ရမလား?

ကြၽန္ေတာ္ – ရတာေပါ့ဗ်….ေမးပါဗ်ာ…(ကြၽန္ေတာ္ မွန္းထားတဲ့အတိုင္းပင္….ေမးခြန္းေမးဖို႔ စခ်ီေလၿပီ…)

ဦးတုတ္ႀကီး – ေယာက်္ားနဲ႔ မိန္းမ ဟိုဒင္းဟိုဟာျပဳရင္ ကေလးမရေအာင္ ဘယ္လိုလုပ္ရမလဲဗ်?

ကြၽန္ေတာ္ – ေျသာ္…ကိုတုတ္ႀကီးရယ္…ခင္ဗ်ားႏွယ္…..ကြၽန္ေတာ္လည္း တစ္ခါေျပာျပၿပီးပါပေကာ….ကြန္ဒံုး၊တားေဆး…တားေဆးမွာမွ ထိုးေဆး ေသာက္ေဆး၊လက္ေမာင္းထဲဲထည့္တဲ့ပစၥည္း…သားအိမ္ထဲထည့္တဲ့ပစၥည္း…ကိုယ္ဝန္တားနည္းေတြမွ စံုလို႔ဗ်ာ….ကြၽန္ေတာ္အာေပါက္ေအာင္ ႐ွင္းျပထားရတာ….ခင္ဗ်ားက ေမ့ပလိုက္ၿပီလားဗ်?

ဦးတုတ္ႀကီး – မေမ့လိုက္ပါဘူးဆရာရဲ႕…. ဒါေပမယ့္….

ကြၽန္ေတာ္ – ဒါေပမယ့္ ဘာျဖစ္တုန္းဗ်?

ဦးတုတ္ႀကီး – ဒါေပမယ့္….ဆရာ့ကိုေျပာရတာေတာ့ အားနာပါတယ္…အဲ့ကိုယ္ဝန္တားနည္းေတြကလည္း ဆရာတို႔ကသာၫႊန္းေနၾကတာ တကယ့္တကယ္တမ္းေတာ့ သံုးသံုး မသံုးသံုး ဘာမွ မထူးပါဘူးဗ်ာ… ရခ်င္တဲ့သူက ရတာပဲ….မရခ်င္တဲ့သူက မရတာပဲ…

ကြၽန္ေတာ္ – အန္….ဘာလို႔အဲ့လိုထင္ရတာလဲ ..ဆိုစမ္းပါဦးဗ်ာ…

ဦးတုတ္ႀကီး – ကိုယ္ေတြ႕မို႔ပါဗ်ာ…ကြၽန္ေတာ့ အသိညီေလးတစ္ေယာက္ဆို သူ႔ ကြန္ဒံုးသံုးေနရင္း ကေလးရသြားတာေလ..သူ့အမ်ိဳးသမီးကို ေဆးေတြမေသာက္ခိုင္းခ်င္လို႔ ကြန္ဒံုးသံုးကာမွပဲ ငါးပါးကိုေမွာက္ေရာပဲဗ်ာ..

ကြၽန္ေတာ္ – အင္း….ဒါကဒီလို႐ွိတယ္ဗ်….ကြန္ဒံုးသံုးေနရဲ႕နဲ႔ကိုယ္ဝန္ရသြားတာ္ဆိုတိုင္း ကြန္ဒံုးကစိတ္မခ်ရဘူးလို႔ ေျပာလို္႔ေတာ့မရဘူးဗ်…

ဦးတုတ္ႀကီး – ဆရာက ကြန္ဒံုးဘက္က ေ႐ွ႕ေနလိုက္ေနျပန္ၿပီဗ်ာ

ကြၽန္ေတာ္ – ငင့္…ကြၽန္ေတာ္က ကြန္ဒံုးဘက္ကေ႐ွ႕ေနလိုက္ရေအာင္ ကြၽန္ေတာ္က ကြန္ဒံုးထုတ္တဲ့ ကုမၸဏီေထာင္ထားတာမွ မဟဳတ္တာဗ်ာ…ဒီမယ္ ဦးတုတ္ႀကီး…ကြၽန္ေတာ္လည္း လူနာေတြနဲ႔ေန့တိုင္းထိေတြ႔ဆက္ဆံေနရတာ….ခင္ဗ်ားေျပာသလို ကြန္ဒံုးသံုးေနရင္းကိုယ္ဝန္ရသြားတဲ့အတြဲေတြေတြ႔ဖူးပါ့ဗ်ာ….ဒါေပမယ့္ ….အဲ့ဒါကြန္ဒံုးရဲ႕ျပသနာမဟုတ္ဘူးဗ်

ဦးတုတ္ႀကီး – ဒါဆိုဘယ္သူ႔ျပသနာတုန္းဗ်?

ကြၽန္ေတာ္ – ျပသနာက (၃)မ်ိဳးျဖစ္ႏိုင္တယ္…. ပထမတစ္ခုက ဒိတ္လြန္ေနတဲ့ ကြန္ဒံုးဝယ္သံုးမိတာ.. ကြန္ဒံုးဆိုတာ တျခားကုန္ပစၥည္းေတြလိုပဲ သက္တမ္းကုန္ဆံုးရက္ (Expired Date) ဆိုတာ႐ွိတယ္ဗ်… ကြန္ဒံုးဝယ္ခ်ိန္မွာ ကြန္ဒံုးရဲ႕ သက္တမ္းကုန္ဆံုးရက္ေက်ာ္လြန္ေန (ဒိတ္လြန္ေနတဲ့) ၿပီဆိုရင္ အဲ့ကြန္ဒံုးက အာနိသင္မ႐ွိေတာ့ဘူး…ကိုယ္ဝန္ရဖို႔အခြင့္အလမ္းမ်ားသြားၿပီ… ဒုတိယ ကန္ဒံုးစြပ္တာနည္းလမ္းမက်လို႔….တခ်ိဳ႕လူေတြ႐ွိတယ္…ကြန္ဒံုးကိုဘက္မွားၿပီး ေျပာင္းျပန္စြပ္မိတာ…ၿပီးက်မွ ဟာေျပာင္းျပန္ႀကီးျဖစ္ေနတယ္ဆိုၿပီး အမွန္ဘက္ကျပန္စြပ္ၿပီးသံုး… အဲ့က် ပထမမွားစြပ္ထားတဲ့ဘက္မွာ ေ႐ွ႕ေၾကးအရည္ေတြကေပသြားၿပီးႏွင့္ၿပီေလ….အဲ့ေရႇ့ေျပးအရည္ထဲမွာလည္း သုတ္ပိုးေတြပါသြားႏိုင္ေတာ့အဲ့ကတစ္ဆင့္ကိုယ္ဝန္ရသြားတာမ်ိဳးေပါ့….ေနာက္တစ္ခုကေတာ့….ကြန္ဒံုးေပါက္ျပဲသြားတာမ်ိဳး…..ဘာအေၾကာင္းေၾကာင့္ပဲကြန္ဒံုးေပါက္ေပါက္……..အတူေနေနတဲ့အခ်ိန္မွာကြန္ဒံုးေပါက္သြားၿပီဆိုရင္ေတာ့…ကိုယ္ဝန္ရဖို႔ အြင့္အလမ္းမ်ားသြားၿပီ…

ဦးတုတ္ႀကီး – ေတြ႔လား ဆရာ…ကြၽန္ေတာ္ေျပာသားပဲ…ကြန္ဒံုးက စိတ္မခ်ရပါဘူးလို႔…….ကန္ေတာ့ပါရဲ႕…. အတူေနပါတယ္ဆိုမွ…ကြန္ဒံုးမျပဲသြားေအာင္ အ႐ွိန္ေလ်ွာ့လုပ္ရမလို…..ၿပီးက်.. ေပါက္သြားရင္လည္း ကိုယ္ဝန္ကရဦးမယ္….

ကြၽန္ေတာ္ – ဟိုး… ဟိုး….ေနပါဦးဗ်….ကြၽန္ေတာ္ေျပာတာလည္းဆံုးေအာင္နားေထာင္ပါဦးဗ်….ကြန္ဒံုးေပါက္သြားတယ္ဆိုတာ အ႐ွိန္ျပင္းလို႔မဟုတ္ဘူး…အ႐ွိန္လည္းေလ်ွာ့စရာမလိုပါဘူးဗ်ာ…..အဓိကက…. ကြန္ဒံုးကိုေဖာက္တဲ့အခါ…သူ႔အရာေပးထားတဲ့အတိုင္း လက္နဲ႔ျဖဲလိုက္ရံုပဲ….အဲ့ဒါကို တခ်ိဳ႕က ကတ္ေၾကးနဲ႔ညႇပ္ေဖာက္တယ္…..တခ်ိဳ႕က သြားနဲ႔ကိုက္ေဖာက္တယ္….အဲ့မွာတင္ အထဲက ကြန္ဒံုးအသားပါသြားၿပီး ေပါက္တာ….ေနာက္တစ္ခုက လက္က လက္သည္းနဲ႔ၿငိတာ….လက္စပ္က အခြၽန္အထက္ေတြနဲ႔ ၿငိတာမ်ိဳးေပါ့……ေနာက္႐ွိေသးတယ္…ဘယ္သူ႔ဘယ္သူက တလြဲေတြလမ္းၫႊန္လိုက္တယ္မသိ…..ကြန္ဒံုးကိုႏွစ္ထပ္စြပ္တာ….ကြန္ဒံုးကိုနွစ္ထပ္စြပ္ရင္ ပိုစိတ္မခ်ရတဲ့အျပင္ ကြန္ဒံုးႏွစ္ခုၾကား ပြတ္တိုက္မႈျဖစ္ၿပီး ေပါက္ျပဲဖို႔ပိုလြယ္သြားေရာဗ်…
ေနာက္ဆံုးတစ္ခုက်န္ေသးတယ္…..အဲ့ဒါကေတာ့ ကြန္ဒံုးအရြယ္အစားေပါ့……ကြန္ဒံုးမွာလည္း အဝတ္အစားလိုပဲ သူ႔ဆိုဒ္နဲ႔သူ႐ွိတယ္…ကိုယ္နဲ႔ေတာ္မယ့္ အရြယ္ေရြးဝယ္ေပါ့….မဟုတ္ဘဲ… ကိုယ္နဲ႔ အရမ္းေခ်ာင္ေနတာ…. အရမ္းက်ပ္ေနတာမ်ိဳးဝယ္သံုးမိရင္ ေပါက္ဖို႔ပိုလြယ္သြားတာေပါ့…..

ဦးတုတ္ႀကီး – ေျသာ္…..ဒီလိုကိုး….ဒါဆို ကြန္ဒံုးေပါက္သြားရင္ ကေလးမရေအာင္ ဘယ္လိုျပန္လုပ္ရမလဲဆရာ? ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ပတ္ဝန္းက်င္ကလူေတြကို အသိပညာျပန္မ်ွလို႔ရတာေပါ့ဆရာရယ္….

ကြၽန္ေတာ္ – ကြန္ဒံုးေပါက္သြားၿပီဆိုရင္ အေရးေပါတားေဆးကို 72 နာရီ (3ရက္အတြင္း) ေသာက္ရတယ္ဗ်….၃ရက္အတြင္းဆိုေပမယ့္ ေစာေစာေသာက္ႏိုင္ေလ…အာနိသင္ပို႐ွိေလပဲမို႔လို႔ တတ္ႏိုင္သမ်ွေစာေစာေသာက္တာေကာင္းတယ္ဗ်..

ဦးတုတ္ႀကီး – ဟုတ္ကဲ့…. ေက်းဇူးတင္ပါတယ္ ဆရာရယ္….ခုလိုကြၽန္ေတာ့္ကို စိတ္႐ွည္လက္႐ွည္နဲ႔႐ွင္းျပေပးတာ…ဒါေပမယ့္…..ေသာက္ေဆးေသာက္ေနရဲ႕နဲ႔ ကိုယ္ဝန္ရသြားတာကေရာ? အဲ့ကိစၥေတာ့ ကြၽန္ေတာ္ သိပ္မ႐ွင္းေသးဘူးဗ်…..

ဆရာ – ေသာက္ေဆးေသာက္ေနရင္းကိုယ္ဝန္…… ေဟာ…စကားေကာင္းေနတုန္း ေနာက္မွာလူနာေရာက္လာၿပီ….ကဲ….တားေဆးဇာတ္လမ္းေနာက္ေန႔ဆက္ၾကတာေပါ့ဗ်ာ…..

ဦးတုတ္ႀကီး – ဟုတ္ကဲ့ပါဆရာေရ….နက္ျဖန္မွ ထပ္လာခဲ့ေတာ့မယ္…ခြင့္ျပဳပါဦးဗ်ာ…..

ေဒါက္တာမ်ိဳး (UM 1)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *