နို့တိုက်မေမေများနဲ့ တားဆေးရွေးချယ်မှု
မီးဖွားပြီး အူဝဲလေးကို မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ အီစထရိုဂျင်ဟော်မုန်းပါဝင်တဲ့တားဆေးသုံးမယ်ဆိုရင် နို့ထွက်နည်းသွားနိုင်တာကြောင့် … အီစထရိုဂျင်ပါတဲ့တားဆေးမျိုးကို ရှောင်သင့်ပါတယ်။
ဒါဆို နို့တိုက်မေမေတို့ ဘယ်လိုတားဆေးမျိုးရွေးချယ်သင့်လဲဆိုတာ ကြည့်လိုက်ကြရအောင်!
(သတိ – မီးဖွားပြီး ၄၅ ရက် အတွင်း အမျိုးသားနဲ့အတူမနေရပါ)
၄၅ ရက်ကျော်ပြီးရင်တော့ ဒီလိုသားဆက်ခြားနည်းလမ်းတွေ သုံးနိုင်ပါတယ်….
သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း
ဤသားဆက်ခြားနည်းဟာ မိခင်နို့ထွက်အားအပေါ် သက်ရောက်မှုမရှိတာကြောင့် နို့တိုက်မိခင်တွေမှာ စိတ်ချစွာသုံးနိုင်ပါတယ်။ ကလေးမွေးပြီးပြီးခြင်းမှာ သားအိမ်ထဲ တစ်ခါတည်းထည့်နိုင်သလို မီးဖွားပြီး ၄၅ရက်အကြာ ရက်ချိန်းပြန်ပြမှ ထည့်လည်းရပါတယ်။
အမျိုးသားသုံးကွန်ဒုံး၊ အမျိုးသမီးသုံးကွန်ဒုံး၊သုတ်ပိုးသတ်ဆေးများ၊ သားအိမ်ခေါင်းအစွပ်များဟာ မိခင်နို့အပေါ် သက်ရောက်မှုမရှိတဲ့အပြင် လိင်မှကူးစက်တတ်သောရောဂါပိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် နို့တိုက်မိခင်များရွေးချယ်နိုင်တဲ့ သားဆက်ခြားနည်းတစ်ခုပဲဖြစ်ပါတယ်။
မီးဖွားပြီး ၄၅ ရက်ပြည့်ရင် သုံးလခံဒက်ပိုတားဆေးထိုးနိုင်ပါတယ်။
နေ့စဉ်သောက်ဆေးကဒ်
နေ့စဉ်သောက်ဆေးကဒ်တွေထဲမှာမှ အီစထရိုဂျင်နဲ့ပရိုဂျက်စတုန်းအရောမဟုတ်ဘဲ ပရိုဂျက်စတုန်းသီးသန့်ပါတဲ့တားဆေးမျိုးသောက်နိုင်ပါတယ်။
ဒေါက်တာဝင်း (UM 2)
ႏို႔တိုက္ေမေမမ်ားနဲ႔ တားေဆးေရြးခ်ယ္မႈ
မီးဖြားၿပီး အူဝဲေလးကို မိခင္ႏို႔ခ်ိဳတိုက္ေကြၽးေနခ်ိန္မွာ အီစထ႐ိုဂ်င္ေဟာ္မုန္းပါဝင္တဲ့တားေဆးသံုးမယ္ဆိုရင္ ႏို႔ထြက္နည္းသြားႏိုင္တာေၾကာင့္ … အီစထ႐ိုဂ်င္ပါတဲ့တားေဆးမ်ိဳးကို ေ႐ွာင္သင့္ပါတယ္။
ဒါဆို ႏို႔တိုက္ေမေမတို႔ ဘယ္လိုတားေဆးမ်ိဳးေရြးခ်ယ္သင့္လဲဆိုတာ ၾကည့္လိုက္ၾကရေအာင္!
(သတိ – မီးဖြားၿပီး ၄၅ ရက္ အတြင္း အမ်ိဳးသားနဲ႔အတူမေနရပါ)
၄၅ ရက္ေက်ာ္ၿပီးရင္ေတာ့ ဒီလိုသားဆက္ျခားနည္းလမ္းေတြ သံုးနိုင္ပါတယ္….
သားအိမ္တြင္းထည့္သားဆက္ျခားပစၥည္း
ဤသားဆက္ျခားနည္းဟာ မိခင္ႏို႔ထြက္အားအေပၚ သက္ေရာက္မႈမ႐ွိတာေၾကာင့္ ႏို႔တိုက္မိခင္ေတြမွာ စိတ္ခ်စြာသံုးႏိုင္ပါတယ္။ ကေလးေမြးၿပီးၿပီးျခင္းမွာ သားအိမ္ထဲ တစ္ခါတည္းထည့္ႏိုင္သလို မီးဖြားၿပီး ၄၅ရက္အၾကာ ရက္ခ်ိန္းျပန္ျပမွ ထည့္လည္းရပါတယ္။
အမ်ိဳးသားသံုးကြန္ဒံုး၊ အမ်ိဳးသမီးသံုးကြန္ဒံုး၊သုတ္ပိုးသတ္ေဆးမ်ား၊ သားအိမ္ေခါင္းအစြပ္မ်ားဟာ မိခင္ႏို႔အေပၚ သက္ေရာက္မႈမ႐ွိတဲ့အျပင္ လိင္မွကူးစက္တတ္ေသာေရာဂါပိုးေတြကိုလည္း ကာကြယ္ေပးႏိုင္တာေၾကာင့္ ႏို႔တိုက္မိခင္မ်ားေရြးခ်ယ္ႏိုင္တဲ့ သားဆက္ျခားနည္းတစ္ခုပဲျဖစ္ပါတယ္။
မီးဖြားၿပီး ၄၅ ရက္ျပည့္ရင္ သံုးလခံဒက္ပိုတားေဆးထိုးႏိုင္ပါတယ္။
ေန႔စဥ္ေသာက္ေဆးကဒ္
ေန႔စဥ္ေသာက္ေဆးကဒ္ေတြထဲမွာမွ အီစထ႐ိုဂ်င္နဲ႔ပ႐ိုဂ်က္စတုန္းအေရာမဟုတ္ဘဲ ပ႐ိုဂ်က္စတုန္းသီးသန္႔ပါတဲ့တားေဆးမ်ိဳးေသာက္ႏိုင္ပါတယ္။
ေဒါက္တာဝင္း (UM 2)