ကိုယ်ဝန်ပျက်ကျပြီးဘယ်လောက်အကြာမှာ သားဆက်ခြားနည်းသုံးရမလဲ?
ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကလေးမွေးသလိုပဲသွေးနုသားနုဖြစ်တယ် လို့တော်တော်များများက ကြားဖူးထားကြပါတယ်။ ကလေးမွေးတာနဲ့ မတူတာက ကလေးမွေး တာက မွေးပြီး ၄၅ရက်( ၁လခွဲ) လောက်အထိက ဘာသားဆက်ခြားနည်းမှ မသုံးရင်တောင် ကိုယ်ဝန်မရနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ပျက်ကျတယ်ဆိုရင်တော့ သန္တေသားဘယ်နှစ်လမှာ ပျက်ကျခြင်း ဖြစ်ဖြစ် အမျိုးသားနဲ့လိင်ဆက်ဆံခြင်းရှိမယ်ဆိုရင် ကိုယ်ဝန် တန်းရသွားနိုင်ပါတယ်။
ကိုယ်ဝန်ပျက်ကျပြီး ပုံမှန်ရာသီလာဖို့က ၁လ မှ ၁လခွဲကြာတတ်ပါတယ်။ တချို့က ရာသီလာတာကို စောင့်ပြီး သားဆက်ခြားနည်းသုံး ချင်ကြပါတယ်။ တကယ်တော့ အဲ့ဒီအယူအဆဟာ လုံးဝမှားပါတယ်။ ရာသီမလာဘဲနဲ့ နောက်ကိုယ်ဝန်တန်းရသွားတာမျိုးဖြစ်နိုင်လို့ပါ။ သားဆက်ခြားနည်းကိုကိုယ် ဝန်ပျက်ကျပြီးတာနဲ့ တန်းပြီးရွေးချယ်သုံးဖို့လိုပါတယ်။ တကယ်လို့ ပျက်ကျပြီး ၅ရက်ကျော်အောင် သားဆက်ခြားနည်း မသုံးရသေယဘူးဆိုရင် ဆရာဝန် နဲ့တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်းသုံးစွဲဖို့လိုပါလိမ့်မယ်။
သားဆက်ခြားနည်း ပြန်လည်ရွေးချယ်တဲ့နေရာမှာ ရေတိုတားမယ်( ဥပမာ .. လပိုင်းအတွင်း ကလေးပြန်ယူမ်းဆိုရင်)
- တားဆေးသောက်နိုင်ပါတယ်။
- သုံးလ ဆေး ထိုးနိုင်ပါတယ်။
- ကွန်ဒုံးသုံးနိုင်ပါတယ်။ ရေရှည်တားမယ်ဆိုရင်
- သားအိမ်ထဲ ပစ္စည်းထည့်ခြင်း
- လက်မောင်းထဲ သားဆက်ခြားပစ္စည်းထည့်ခြင်း တို့ လုပ်ဆောင်နိုင်ပါတယ်။
မယ်တင်( ဆေး ၁)
ကိုယ္ဝန္ပ်က္က်ၿပီးဘယ္ေလာက္အၾကာမွာ သားဆက္ျခားနည္းသံုးရမလဲ?
ကိုယ္ဝန္ပ်က္က်တယ္ဆိုတာ ကေလးေမြးသလိုပဲေသြးႏုသားႏုျဖစ္တယ္ လို႔ေတာ္ေတာ္မ်ားမ်ားက ၾကားဖူးထားၾကပါတယ္။ ကေလးေမြးတာနဲ႔ မတူတာက ကေလးေမြး တာက ေမြးၿပီး ၄၅ရက္( ၁လခြဲ) ေလာက္အထိက ဘာသားဆက္ျခားနည္းမွ မသံုးရင္ေတာင္ ကိုယ္ဝန္မရႏိုင္ပါဘူး။ ဒါေပမယ့္ ကိုယ္ဝန္ပ်က္က်တယ္ဆိုရင္ေတာ့ သေနၱသားဘယ္ႏွစ္လမွာ ပ်က္က်ျခင္း ျဖစ္ျဖစ္ အမ်ိဳးသားနဲ႔လိင္ဆက္ဆံျခင္းရွိမယ္ဆိုရင္ ကိုယ္ဝန္ တန္းရသြားႏိုင္ပါတယ္။
ကိုယ္ဝန္ပ်က္က်ၿပီး ပံုမွန္ရာသီလာဖို႔က ၁လ မွ ၁လခြဲၾကာတတ္ပါတယ္။ တခ်ိဳ႕က ရာသီလာတာကို ေစာင့္ၿပီး သားဆက္ျခားနည္းသံုး ခ်င္ၾကပါတယ္။ တကယ္ေတာ့ အဲ့ဒီအယူအဆဟာ လံုးဝမွားပါတယ္။ ရာသီမလာဘဲနဲ႔ ေနာက္ကိုယ္ဝန္တန္းရသြားတာမ်ိဳးျဖစ္ႏိုင္လို႔ပါ။ သားဆက္ျခားနည္းကိုကိုယ္ ဝန္ပ်က္က်ၿပီးတာနဲ႔ တန္းၿပီးေရြးခ်ယ္သံုးဖို႔လိုပါတယ္။ တကယ္လို႔ ပ်က္က်ၿပီး ၅ရက္ေက်ာ္ေအာင္ သားဆက္ျခားနည္း မသံုးရေသယဘူးဆိုရင္ ဆရာဝန္ နဲ႔တိုင္ပင္ၿပီး ညႊန္ၾကားတဲ့အတိုင္းသံုးစြဲဖို႔လိုပါလိမ့္မယ္။
သားဆက္ျခားနည္း ျပန္လည္ေရြးခ်ယ္တဲ့ေနရာမွာ ေရတိုတားမယ္( ဥပမာ .. လပိုင္းအတြင္း ကေလးျပန္ယူမး္ဆိုရင္)
- တားေဆးေသာက္ႏိုင္ပါတယ္။
- သံုးလ ေဆး ထိုးႏိုင္ပါတယ္။
- ကြန္ဒံုးသံုးႏိုင္ပါတယ္။ ေရရွည္တားမယ္ဆိုရင္
- သားအိမ္ထဲ ပစၥည္းထည့္ျခင္း
- လက္ေမာင္းထဲ သားဆက္ျခားပစၥည္းထည့္ျခင္း တို႔ လုပ္ေဆာင္ႏိုင္ပါတယ္။
မယ္တင္( ေဆး ၁)