ဝမ်းမပါ၍ ဝမ်းမသာ စိတ်ပူရတော့မှာလားဗျာ

မွန်ပြည်နယ် သိမ်ဇရပ်မြို့လေး၏ နံနက်ခင်းက အေးစိမ့်စိမ့်နှင့်ကြည်နူးစရာပင်။ မီးရထားလမ်းတစ်ဖက်တစ်ချက်၏အလယ် တောင်စောင်းလေးတစ်ခုတွင်ဖွင့်ထားသော ဆေးခန်းလေးတွင် ဒေါက်တာနှင်းငွေ ခေတ္တလာရောက်ဆေးခန်းထိုင်နေစဉ် အမျိုးသမီးတစ်ဦး လသားကလေးငယ်ပိုက်၍ ဆေးခန်းတွင်းသို့ဝင်လာသည်။

“ဆရာရှင့် သမီးလေးအသက်က နှစ်လခွဲရှိပါပြီ။ အခု ဝမ်းမသွားတာ လေးရက်ကြာသွားပြီရှင့်။ အဲဒါစိတ်ပူလာလို့ ဆရာ့ဆီလာပြတာပါရှင့်။”

“ဟုတ်ကဲ့ဗျ။ ကလေးက အရင်ကရော ခဏခဏဝမ်းချုပ်တတ်လား။”

“မဖြစ်တတ်ဘူးရှင့်။ အရင်က တစ်ရက်တစ်လေမသွားတာမျိုးတော့ရှိတယ်။ ပုံမှန်ဆိုရင် တစ်ရက်ကိုနှစ်ခါသုံးခါလောက်တော့ ဝမ်းသွားပါတယ်။”

“ကလေးကဗိုက်ကြီးကယ်လာတာမျိုးရောရှိလားဗျ။ အန်ရောအန်သေးလား။”

“မရှိပါဘူးဆရာ။ ကျန်တာအားလုံးအကောင်းပါပဲ။ နို့လည်းစို့နိုင်တယ်။ လေလည်းပုံမှန်လည်တယ်။ ရှူရှူးလည်းပုံမှန်ပေါက်ပါတယ်ရှင့်။”

“သမီးလေးကြည့်ရတာလဲလန်းပါတယ်။ အခုကလေးအသက်က နှစ်လခွဲဆိုတော့ အမေနို့ပဲတိုက်ရဦးမယ့်အရွယ်ဗျ။ အမေနို့အပြင် ဖြည့်စွက်စာတို့၊ နို့မှုန့်တို့တိုက်သေးလားဗျ။ ရေကောတိုက်သေးလား။”

“မတိုက်ပါဘူးဆရာ။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ရမယ်ဆိုလို့ အမေနို့ကလွဲလို့ ဘာမှမတိုက်ပါဘူးရှင့်။”

“ဟုတ်ကဲ့ဗျ။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့အစ်မ။ အခု သမီးလေးကပုံမှန်အခြေအနေပဲလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ရှင်းပြပါ့မယ်။”

“ကလေးငယ်တွေဟာ မွေးကင်းစကနေ တစ်နှစ်လောက်အထိ သူတို့ဝမ်းသွားပုံက ပုံမမှန်တတ်ဘူးဗျ။ အခုသမီးလေး အသက်နှစ်လခွဲမှာ ပုံမှန်အနေနဲ့ တစ်နေ့ကိုနှစ်ကြိမ်လောက်ဝမ်းသွားတတ်ပေမယ့် တစ်ခါတစ်လေမှာ တစ်ရက်တည်းနဲ့ လေးငါးကြိမ်လောက်သွားတတ်ပြီး နောက်ရက်တွေမှာ သုံးရက်လောက်ဝမ်းပြန်ချုပ်နေတာမျိုး ဖြစ်တတ်တယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်တွေရဲ့ ဝမ်းတွင်းကြွက်သားတွေဟာ အခုမှ ဖွံဖြိုးနေတုန်းဖြစ်တဲ့အတွက် ဝမ်းသွားနိုင်ဖို့ကို ဒီကြွက်သားတွေက ကြိုးစားပြီးလှုပ်ရှားနေရတယ်ဗျ။ ဒါကြောင့် ကလေးမှာအန္တရာယ်ရှိတဲ့လက္ခဏာတွေမပြရင် စိတ်ပူစရာမလိုပါဘူးအစ်မ။”

“ဟုတ်ကဲ့ဆရာ ပုံမှန်မဟုတ်တဲ့ ဂရုစိုက်ရမယ့်လက္ခဏာတွေကရော ဘယ်လိုမျိုးလဲရှင့်။”

” မွေးကင်းစ ကလေးတစ်ယောက်ဟာ မွေးပြီး ၄၈နာရီကြာတဲ့အထိငယ်ချေးမပါရင် Hirschprung’s disease လို့ခေါ်တဲ့ ဝမ်းသွားဖို့ညှစ်ပေးတဲ့ အာရုံကြောစနစ်ပျက်စီးနေတဲ့ မွေးရာပါရောဂါဖြစ်နိုင်ချေရှိတယ်။ ကျွန်တော်တို့လည်ပင်းကထွက်တဲ့ Thyroid Hormone (သိုင်းရွိုက်ဟော်မုန်း) အားနည်းတဲ့ရောဂါ (Hypothyroidism)၊ ကျောရိုး အာရုံကြောမကြီးမှာ မွေးရာပါချို့ယွင်းချက်ရှိတဲ့ကလေးတွေမှာလည်း ဝမ်းချုပ်တတ်တယ်ဗျ။ အဲ.. အကယ်၍ ဝမ်းမသွားဘဲဗိုက်ကြီးကယ်လာပြီး ကလေပုံမှန်အခြေအနေလို့ပဲကျွန်တော်ထင်ပါတယ်။းက ဂဏာမငြိမ်ဘဲ နေရခက်နေမယ်။ ခဏခဏအန်နေမယ်ဆိုရင်တော့ သတိထားဖို့လိုတယ်အစ်မရေ။

အခုလက်ရှိ သမီးလေးဝမ်းချုပ်တာကတော့ စိတ်မပူပါနဲ့ဦးဗျ။ အရင်ကလည်း မဖြစ်ဖူးသေးဘဲ အခုမှချုပ်တာဆိုတော့ တစ်ခုတော့မှာလိုက်မယ်အစ်မရေ ကလေးဝမ်းချုပ်လို့ဆိုပြီး မိခင်နို့တစ်မျိုးပဲတိုက်ရမယ့်အသက်အရွယ်မှာ ရေတိုက်တာ၊ ဖြည့်စွက်စာကျွေးတာမျိုးတော့ သွားမလုပ်လိုက်ပါနဲ့နော်။ အဲဒီ့အခါ ပြင်ပအစားအစာကို အူကမခံနိုင်ဘဲ ဝမ်းအလွန်အကျွံသွားတတ်ပြီး အန္တရာယ်ရှိနိုင်လို့ပါ။ အခုတော့တစ်ရက်စောင့်ကြည့်ပါဦး။”

“ဟုတ်ကဲ့ပါဆရာ။ ကျွန်မစောင့်ကြည့်လိုက်ပါ့မယ်။ ပြန်ခွင့်ပြုပါဦးရှင့်။”

နောက်တစ်ရက်တွင်တော့ ဒေါက်တာနှင်းငွေ၏ဆေးခန်းတွင် သမီးလေးပြန်လည်၍ ပါတော်မူကြောင်းကို ဝမ်းပန်းတသာလာရောက်ပြောပြသောမိဘနှစ်ဦးကို ပြုံးရွှင်သောမျက်နှာများဖြင့် တွေ့ရပါတော့သည်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

ဝမ္းမပါ၍ ဝမ္းမသာ စိတ္ပူရေတာ့မွာလားဗ်ာ

မြန္ျပည္နယ္ သိမ္ဇရပ္ၿမိဳ႕ေလး၏ နံနက္ခင္းက ေအးစိမ့္စိမ့္ႏွင့္ၾကည္ႏူးစရာပင္။ မီးရထားလမ္းတစ္ဖက္တစ္ခ်က္၏အလယ္ ေတာင္ေစာင္းေလးတစ္ခုတြင္ဖြင့္ထားေသာ ေဆးခန္းေလးတြင္ ေဒါက္တာႏွင္းေငြ ေခတၱလာေရာက္ေဆးခန္းထိုင္ေနစဥ္ အမ်ိဳးသမီးတစ္ဦး လသားကေလးငယ္ပိုက္၍ ေဆးခန္းတြင္းသို႔ဝင္လာသည္။

“ဆရာ႐ွင့္ သမီးေလးအသက္က ႏွစ္လခြဲ႐ွိပါၿပီ။ အခု ဝမ္းမသြားတာ ေလးရက္ၾကာသြားၿပီ႐ွင့္။ အဲဒါစိတ္ပူလာလို႔ ဆရာ့ဆီလာျပတာပါ႐ွင့္။”

“ဟုတ္ကဲ့ဗ်။ ကေလးက အရင္ကေရာ ခဏခဏဝမ္းခ်ဳပ္တတ္လား။”

“မျဖစ္တတ္ဘူး႐ွင့္။ အရင္က တစ္ရက္တစ္ေလမသြားတာမ်ိဳးေတာ့႐ွိတယ္။ ပံုမွန္ဆိုရင္ တစ္ရက္ကိုႏွစ္ခါသံုးခါေလာက္ေတာ့ ဝမ္းသြားပါတယ္။”

“ကေလးကဗိုက္ႀကီးကယ္လာတာမ်ိဳးေရာ႐ွိလားဗ်။ အန္ေရာအန္ေသးလား။”

“မ႐ွိပါဘူးဆရာ။ က်န္တာအားလံုးအေကာင္းပါပဲ။ ႏို႔လည္းစို႔ႏိုင္တယ္။ ေလလည္းပံုမွန္လည္တယ္။ ႐ွဴ႐ွဴးလည္းပံုမွန္ေပါက္ပါတယ္႐ွင့္။”

“သမီးေလးၾကည့္ရတာလဲလန္းပါတယ္။ အခုကေလးအသက္က ႏွစ္လခြဲဆိုေတာ့ အေမႏို႔ပဲတိုက္ရဦးမယ့္အရြယ္ဗ်။ အေမႏို႔အျပင္ ျဖည့္စြက္စာတို႔၊ ႏို႔မႈန္႔တို႔တိုက္ေသးလားဗ်။ ေရေကာတိုက္ေသးလား။”

“မတိုက္ပါဘူးဆရာ။ အသက္ေျခာက္လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းတိုက္ရမယ္ဆိုလို႔ အေမႏို႔ကလြဲလို႔ ဘာမွမတိုက္ပါဘူး႐ွင့္။”

“ဟုတ္ကဲ့ဗ်။ ဒါဆိုရင္ေတာ့ စိတ္မပူပါနဲ႔အစ္မ။ အခု သမီးေလးကပံုမွန္အေျခအေနပဲလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္႐ွင္းျပပါ့မယ္။”

“ကေလးငယ္ေတြဟာ ေမြးကင္းစကေန တစ္ႏွစ္ေလာက္အထိ သူတို႔ဝမ္းသြားပံုက ပံုမမွန္တတ္ဘူးဗ်။ အခုသမီးေလး အသက္ႏွစ္လခြဲမွာ ပံုမွန္အေနနဲ႔ တစ္ေန႔ကိုႏွစ္ႀကိမ္ေလာက္ဝမ္းသြားတတ္ေပမယ့္ တစ္ခါတစ္ေလမွာ တစ္ရက္တည္းနဲ႔ ေလးငါးႀကိမ္ေလာက္သြားတတ္ၿပီး ေနာက္ရက္ေတြမွာ သံုးရက္ေလာက္ဝမ္းျပန္ခ်ဳပ္ေနတာမ်ိဳး ျဖစ္တတ္တယ္။ ဒါဟာ ဘာျဖစ္လို႔လဲဆိုေတာ့ ကေလးငယ္ေတြရဲ႕ ဝမ္းတြင္းႂကြက္သားေတြဟာ အခုမွ ဖြံၿဖိဳးေနတုန္းျဖစ္တဲ့အတြက္ ဝမ္းသြားႏိုင္ဖို႔ကို ဒီႂကြက္သားေတြက ႀကိဳးစားၿပီးလႈပ္႐ွားေနရတယ္ဗ်။ ဒါေၾကာင့္ ကေလးမွာအႏၲရာယ္႐ွိတဲ့လကၡဏာေတြမျပရင္ စိတ္ပူစရာမလိုပါဘူးအစ္မ။”

“ဟုတ္ကဲ့ဆရာ ပံုမွန္မဟုတ္တဲ့ ဂ႐ုစိုက္ရမယ့္လကၡဏာေတြကေရာ ဘယ္လိုမ်ိဳးလဲ႐ွင့္။”

” ေမြးကင္းစ ကေလးတစ္ေယာက္ဟာ ေမြးၿပီး ၄၈နာရီၾကာတဲ့အထိငယ္ေခ်းမပါရင္ Hirschprung’s disease လို႔ေခၚတဲ့ ဝမ္းသြားဖို႔ညႇစ္ေပးတဲ့ အာရံုေၾကာစနစ္ပ်က္စီးေနတဲ့ ေမြးရာပါေရာဂါျဖစ္ႏိုင္ေခ်႐ွိတယ္။ ကြၽန္ေတာ္တို႔လည္ပင္းကထြက္တဲ့ Thyroid Hormone (သိုင္းရြိဳက္ေဟာ္မုန္း) အားနည္းတဲ့ေရာဂါ (Hypothyroidism)၊ ေက်ာ႐ိုး အာရံုေၾကာမႀကီးမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္႐ွိတဲ့ကေလးေတြမွာလည္း ဝမ္းခ်ဳပ္တတ္တယ္ဗ်။ အဲ.. အကယ္၍ ဝမ္းမသြားဘဲဗိုက္ႀကီးကယ္လာၿပီး ကေလပံုမွန္အေျခအေနလို႔ပဲကြၽန္ေတာ္ထင္ပါတယ္။းက ဂဏာမၿငိမ္ဘဲ ေနရခက္ေနမယ္။ ခဏခဏအန္ေနမယ္ဆိုရင္ေတာ့ သတိထားဖို႔လိုတယ္အစ္မေရ။

အခုလက္႐ွိ သမီးေလးဝမ္းခ်ဳပ္တာကေတာ့ စိတ္မပူပါနဲ႔ဦးဗ်။ အရင္ကလည္း မျဖစ္ဖူးေသးဘဲ အခုမွခ်ဳပ္တာဆိုေတာ့ တစ္ခုေတာ့မွာလိုက္မယ္အစ္မေရ ကေလးဝမ္းခ်ဳပ္လို႔ဆိုၿပီး မိခင္ႏို႔တစ္မ်ိဳးပဲတိုက္ရမယ့္အသက္အရြယ္မွာ ေရတိုက္တာ၊ ျဖည့္စြက္စာေကြၽးတာမ်ိဳးေတာ့ သြားမလုပ္လိုက္ပါနဲ႔ေနာ္။ အဲဒီ့အခါ ျပင္ပအစားအစာကို အူကမခံႏိုင္ဘဲ ဝမ္းအလြန္အကြၽံသြားတတ္ၿပီး အႏၲရာယ္႐ွိႏိုင္လို႔ပါ။ အခုေတာ့တစ္ရက္ေစာင့္ၾကည့္ပါဦး။”

“ဟုတ္ကဲ့ပါဆရာ။ ကြၽန္မေစာင့္ၾကည့္လိုက္ပါ့မယ္။ ျပန္ခြင့္ျပဳပါဦး႐ွင့္။”

ေနာက္တစ္ရက္တြင္ေတာ့ ေဒါက္တာႏွင္းေငြ၏ေဆးခန္းတြင္ သမီးေလးျပန္လည္၍ ပါေတာ္မူေၾကာင္းကို ဝမ္းပန္းတသာလာေရာက္ေျပာျပေသာမိဘႏွစ္ဦးကို ျပံဳးရႊင္ေသာမ်က္ႏွာမ်ားျဖင့္ ေတြ႔ရပါေတာ့သည္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *