ကိုယ်ဝန်ဆောင်စဉ်ဝမ်းချုပ်ခြင်း
ဗိုက်ဗိုက်တို့ ဝမ်းခဏခဏချုပ်လို့ စိတ်ညစ်နေပြီလား?
ဗိုက်ဗိုက် ၁၀ယောက်မှာ ၅ယောက်လောက်က ဒီပြသနာနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ အဓိကအကြောင်းရင်း ၂ ခုကတော့. ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းများပြောင်းလဲခြင်းနှင့် ကိုယ်ဝန်ရင့်မာလာတဲ့အခါမှာ ဖွံဖြိုးလာတဲ့ သန္ဓေသားကြောင့် ကြီးထွားလာတဲ့ သားအိမ်က အစာဟောင်းအိမ်ကို သွားဖိသလိုဖြစ်နေခြင်းကြောင့် ဖြစ်ပါတယ်။တစ်ခါတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်အားဆေးတွေထဲ သံဓာတ်ပါဝက်မှုပမာဏ အရမ်းများနေခြင်းသည်လည်းပဲ ဝမ်းချုပ်စေတဲ့ အကြောင်းတစ်ခုဖြစ်နေနိုင်ပါတယ်။
များသောအားဖြင့် နောက်ဆက်တွဲဆိုးကျိုးကြီးကြီးမားမားမရှိပေမယ့် တစ်ခါတစ်ရံမှာတော့ ဝမ်းသွားတဲ့အခါ အရမ်းညှစ်သွားရတာ၊ဝမ်းအရမ်းမာတာမျိုးကြောင့် အကျိုးဆက်အနေနဲ့ လိပ်ခေါင်းရောဂါဖြစ်လာတာ၊ အစတည်းက လိပ်ခေါင်းရောဂါရှိနေသူတွေမှာ ပိုဆိုးလာတာ ဖြစ်နိုင်ပါတယ်။
ဗိုက်ဗိုက်တို့ဝမ်းချုပ်ခြင်းကို ဘယ်လ်ုကာကွယ်မလဲ? ဘယ်လိုသက်သာအောင်လုပ်ကြမလဲ?
– အမျှင်ဓာတ်ပါတဲ့အစားအစာများများစားပေးပါ။
ဥပမာ – ပေါင်မုန့်၊ပဲ၊ဆန်လုံးညို၊လတ်ဆတ်သော အသီးအနှံ ဟင်းသ်းဟင်းရွက်များ
-အရည်များများသောက်ပါ။
ရေများများသောက်ပါ။တစ်နေ့လျှင် လတ်ဆတ်သောသစ်သီးဖျေါ်ရည်တစ်ခွက်သောက်ပါ။မနက်အိပ်ရာနိုးနိုးခြင်းကို ရေနွေးနွေးတစ်ခွက်လေယက်သောက်ခြင်းက ဝမ်းမှန်စေဖို့အားပေးပါတယ်။
-ကိုယ်ဝန်ဆောင်မေမေတို့လုပ်လို့ရတဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။
ဥပမာ – လမ်းလျှောက်ခြင်း၊ရေကူးခြင်း၊ယောဂကျင့်စဉ် စတာတွေက ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့အပြင် ဗိုက်ဗိုက်အနေနဲ့ ကျန်းမာရေးနဲ့ပိုကိုက်ညီပြီး ပိုမိုပေါ့ပါးသွက်လက်စေပါတယ်။
-အိမ်သာသွားဖို့အချိန်ပေးပါ။အိမ်သာသွားချင်လျှင် အောင့်မထားပါနဲ့။
-ဆရာဝန်နဲ့တိုင်ပင်ပြသပါ။လိုအပ်ပါက သံဓာတ်ပါဝင်မှုနည်းသော ကိုယ်ဝန်ဆောင်အားဆေးကို ညွှန်ကြားပေးပါလိမ့်မည်။
ဒေါက်တာဝင်း (UM 2)
ကိုယ္ဝန္ေဆာင္စဥ္ဝမ္းခ်ဳပ္ျခင္း
ဗိုက္ဗိုက္တို႔ ဝမ္းခဏခဏခ်ဳပ္လို႔ စိတ္ညစ္ေနၿပီလား?
ဗိုက္ဗိုက္ ၁၀ေယာက္မွာ ၅ေယာက္ေလာက္က ဒီျပသနာနဲ႔ ၾကံဳေတြ႔ရေလ့႐ွိပါတယ္။ အဓိကအေၾကာင္းရင္း ၂ ခုကေတာ့. ကိုယ္ဝန္ေဆာင္စဥ္ ေဟာ္မုန္းမ်ားေျပာင္းလဲျခင္းႏွင့္ ကိုယ္ဝန္ရင့္မာလာတဲ့အခါမွာ ဖြံၿဖိဳးလာတဲ့ သေႏၶသားေၾကာင့္ ႀကီးထြားလာတဲ့ သားအိမ္က အစာေဟာင္းအိမ္ကို သြားဖိသလိုျဖစ္ေနျခင္းေၾကာင့္ ျဖစ္ပါတယ္။တစ္ခါတစ္ခါမွာေတာ့ ကိုယ္ဝန္ေဆာင္အားေဆးေတြထဲ သံဓာတ္ပါဝက္မႈပမာဏ အရမ္းမ်ားေနျခင္းသည္လည္းပဲ ဝမ္းခ်ဳပ္ေစတဲ့ အေၾကာင္းတစ္ခုျဖစ္ေနႏိုင္ပါတယ္။
မ်ားေသာအားျဖင့္ ေနာက္ဆက္တြဲဆိုးက်ိဳးႀကီးႀကီးမားမားမ႐ွိေပမယ့္ တစ္ခါတစ္ရံမွာေတာ့ ဝမ္းသြားတဲ့အခါ အရမ္းညႇစ္သြားရတာ၊ဝမ္းအရမ္းမာတာမ်ိဳးေၾကာင့္ အက်ိဳးဆက္အေနနဲ႔ လိပ္ေခါင္းေရာဂါျဖစ္လာတာ၊ အစတည္းက လိပ္ေခါင္းေရာဂါ႐ွိေနသူေတြမွာ ပိုဆိုးလာတာ ျဖစ္ႏိုင္ပါတယ္။
ဗိုက္ဗိုက္တို့ဝမ္းခ်ဳပ္ျခင္းကို ဘယ္လ္ုကာကြယ္မလဲ? ဘယ္လိုသက္သာေအာင္လုပ္ၾကမလဲ?
– အမ်ွင္ဓာတ္ပါတဲ့အစားအစာမ်ားမ်ားစားေပးပါ။
ဥပမာ – ေပါင္မုန္႔၊ပဲ၊ဆန္လံုးညိဳ၊လတ္ဆတ္ေသာ အသီးအႏွံ ဟင္းသ္းဟင္းရြက္မ်ား
-အရည္မ်ားမ်ားေသာက္ပါ။
ေရမ်ားမ်ားေသာက္ပါ။တစ္ေန႔လ်ွင္ လတ္ဆတ္ေသာသစ္သီးေဖ်ၚရည္တစ္ခြက္ေသာက္ပါ။မနက္အိပ္ရာႏိုးႏိုးျခင္းကို ေရေႏြးေႏြးတစ္ခြက္ေလယက္ေသာက္ျခင္းက ဝမ္းမွန္ေစဖို႔အားေပးပါတယ္။
-ကိုယ္ဝန္ေဆာင္ေမေမတို႔လုပ္လို႔ရတဲ့ ေပါ့ပါးတဲ့ေလ့က်င့္ခန္းေလးေတြလုပ္ေပးပါ။
ဥပမာ – လမ္းေလ်ွာက္ျခင္း၊ေရကူးျခင္း၊ေယာဂက်င့္စဥ္ စတာေတြက ဝမ္းခ်ဳပ္ျခင္းကို သက္သာေစတဲ့အျပင္ ဗိုက္ဗိုက္အေနနဲ႔ က်န္းမာေရးနဲ႔ပိုကိုက္ညီၿပီး ပိုမိုေပါ့ပါးသြက္လက္ေစပါတယ္။
-အိမ္သာသြားဖို႔အခ်ိန္ေပးပါ။အိမ္သာသြားခ်င္လ်ွင္ ေအာင့္မထားပါနဲ႔။
-ဆရာဝန္နဲ႔တိုင္ပင္ျပသပါ။လိုအပ္ပါက သံဓာတ္ပါဝင္မႈနည္းေသာ ကိုယ္ဝန္ေဆာင္အားေဆးကို ၫႊန္ၾကားေပးပါလိမ့္မည္။
ေဒါက္တာဝင္း (UM 2)