











ကိုယ်ဝန်မအပ်မိလျှင်

ကိုယ်ဝန်အပ်ခြင်းဆိုတာ မိခင်ရော၊ ကလေးပါ ကိုယ်ဝန်ဆောင်စဉ်ကာလ အန္တရာယ်ကင်းစေဖို့။ မွေးဖွားစဉ် ဖြစ်ပေါ်လာနိုင်တဲ့အရေးပေါ်အနေအထားတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့ရည်ရွယ်ပါတယ်။

ကိုယ်ဝန်သိသိခြင်း စောစောကိုယ်ဝန်အပ်ဖို့၊ ကိုယ်ဝန်၇လအထိ တစ်လတစ်ခါ ပုံမှန်ပြဖို့၊ ၇လမှ၉လထိ ၂ပတ် တစ်ခါပြဖို့၊ ၉လမှ မွေးတဲ့အထိ တစ်ပတ်တစ်ခါပြ ဖို့ဟာ တစ်ကယ်ကို အရေးကြီးလှပါတယ်။ ကိုယ်ဝန်ပုံမှန်မအပ်ဘူးဆိုရင် ပြရမယ့်အကြိမ်တိုင်းလုံလောက်အောင်မပြမိဘူးဆိုရင်ဖြစ်ပေါ်နိုက်တဲ့ ဆိုးကျိုးတွေရှိပါတယ်၊

၁) ကလေးလမစေ့ဘဲမွေးခြင်း၊ မွေးရမယ့်ရက်ထက်ကျော်မွေးခြင်း

မွေးဖွားမယ့်ခန့်မှန်းရက်ကိုကိုယ်ဝန်အပ်မှ ဆရာဝန်တွေကတွက်ချက်ပေးနိုင်မှာဖြစ်ပါတယ်။ကိုယ်ဝန်မအပ်ထားဘူးဆို ဒီရက်တွေကို တွက်ချက်မှုမှားယွင်းနိုင်ပါတယ်။

၂)ကာကွယ်ဆေးမထိုးရတာကြောင့်

မွေးကင်းစကလေးမှာ မွေးကင်းစ မေးခိုင်ရောဂါဖြစ်နိုင်ပါတယ်။

၃) ကိုယ်ဝန်ကြီးထွားမှုကိုပုံမှန်မစမ်းသပ်ရတာကြောင့်

ကလေးကြီးထွားမှုနှုန်းရပ်နေတာ၊ ကလေးနှလုံးမခုန်တာ၊ ရေမွှာရေနည်းတာ များတာတွေကို မသိလိုက်ဘဲရှိတတ်ပါတယ်။

၎) သွေးပေါင်ချိန်တာ၊ ဆီးချိုတိုင်းတာတွေ ကိုယ်ဝန်ဆေင်စဉ်မစစ်ဆေးရတာကြောင့်

ကိုယ်ဝန်ဆောင်စဉ်ဆီးချိုတက်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းတို့မသိတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအန္တရာယ်တွေဟာ မိခင်ရော၊ ကလေးပါ အသက်အန္တရာယ်ရှိပါတယ်။

၅) ကိုယ်ဝန်ဆောင်စဉ် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများရှိပါက မကုသခြင်းကြောင့်

မွေးလာတဲ့ကလေးမှာ ပိုးကူးစက်ခံရတာမျိုး ရှိတတ်ပါတယ်။ကိုယ်ဝန်အပ်စဉ်မှာ ကူးစက်ရောဂါတွေစစ်ဆေး တစ်ခါထဲကုသတာမို့ ကလေးအတွက်စိတ်ပူဖို့
မလိုတော့ပါဘူး။

၆) သွေးအားနည်းကို အချိန်စောစွာမသိတာကြောင့်

မွေးဖွားချိန်မှာ သွေးနီဥလုံလောက်စွာမရှိခြင်း၊ သွေးအားနည်းခြင်းကြောင့် မွေးဖွားချိန်မှာ နှလုံးသွေးမလုံလောက်ဘဲ မောတာ၊ ဆက်မညှစ်နိုင်တော့တာတွေလဲ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မပ်ထားမယ်ဆိုရင်တော့ ဖော်ပြထားတဲ့ပြသနာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

မယ်တင်( ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *