မျက်စိက ကျိန်းစပ်စပ် မျက်စိနာနေပြီလား ဆရာ
မျက်စိနာခြင်း ဆိုတာ ဘာလဲ
မျက်စိနာခြင်းကို ဆေးပညာ အရ ကွန်ဂျန်တီဗိုင်းတစ် Conjunctivitis လို့ခေါ်တယ် ။မျက်မြှေးရောင်ခြင်း ၊မျက်စိနာခြင်း လို့ အလွယ်ခေါ်နိုင်တယ် ။
မျက်ကြည်လွှာလို့ ခေါ်တဲ့ မျက်လုံး အပေါ်ယံမှ ဖုံးထားတဲ့ အလွှာပါးလေး ပိုးဝင်ရောင်ရမ်းသော ဝေဒနာပါ ။
ဘာတွေကြောင့် မျက်စိနာတတ်သလဲ
အများအားဖြင့်တော့ ပိုးဝင်ရောက်လို့ ဖြစ်တတ်တယ် ။ဘတ်တီးရီးယား ပိုးတို့ ၊ဗိုင်းရပ်စ်ပိုး တို့ပေါ့ ။တချို့ ကျတော့ ဓာတ်မတည့်လို့ ဖြစ်တတ်တယ် ။ Allergic Conjunctivitis ရယ်လို့အမည်တွင်တယ် ။ဘာတွေနဲ့ ဓာတ်မတည့်ဘူးလဲ ဆိုရင် အိမ်ရှိ ပိုးမွှား ၊မှက်တို့ ၊အိမ်မွေးတိရိစ္ဆာန်များရဲ့ အမွှေးအမျှင်တွေ ၊အိုင်းရှဲဒိုး ၊မက်စ်ကာရာ စတဲ့ အလှခြယ်ပစ္စည်းတွေ မတည့်လို့ ဖြစ်တတ်တယ် ။တချို့ကျ တော့ မျက်စဉ်းမတည့်တာတွေကြောင့် ဖြစ်နိုင်တယ် ။အအေးမိ ၊နှာစေးခြင်းတို့နဲ့ လည်း တွဲတွေ့ရတတ်တယ် ။ရာသီ အလိုက်ဖြစ်တတ်တယ် ။
မျက်စိနာရင် ဘယ်လို သိမလဲ
မျက်လုံးနီရဲမယ် ။ယားယံမယ် ။ခိုးလို့ ခုလုနဲ့ နာမယ် ။မျက်ဝတ်ထွက် မယ် ။မျက်လုံးနှစ်ဖက် အိပ်ရာထတွင် မဖွင့်နိုင်လောက်အောင် စေးကပ်နေသည် အထိ ထွက်တတ်တယ် ။မျက်စိ ၂ ဖက်စလုံး ပြိုင်ဖြစ်လေ့တော့ မရှိ ။တစ်ဖက်ဖြစ် ပြီးမှ တစ်ဖက်ဖြစ်တယ် ။
မိမိဘာသာ ဘာလုပ်လို့ ရလဲ
-နံနက် အိပ်ရာထ မျက်ဝတ်များဖြင့် ပိတ်နေက ညင်ညင်သာသာ သန့်စင်ဆေး ကြောပါ ။
-နေ့ခင်းဘက်တွင် ရေအေးအေးဖြင့် မကြာခဏ ဆေးပေးပါ ။
-နေပူထဲ မထွက်ပါနဲ့ ။မရှောင်နိုင်က နေကာမျက်မှန်ဆောင်ပါ ။
-မျက်စိ အားစိုက်ရတဲ့ အလုပ်တွေ နားထားပါ ။ဥပမာ-တီဗွီကြည့်တာ ၊ဖုန်းကွန်ပျူ တာကြည့်တာ ။
-မျက်ကပ်မှန်သမားတွေ မျက်ကန်မှန်ကို မျက်စိနာနေစဉ် ချွတ်ထားပါ ။
မျက်စိနာ အရှင်းပျောက်ပြီး ၂ ရက်ကြာမှ ပြန်တပ်ပါ ။
-မျက်နှာသုတ်ပုဝါ ၊သဘက်ကို မျှမသုံးပါနဲ့ ။ သေချာ ပြုတ်လျှော်ပါ ။
-အိပ်ရာခင်း ၊ခေါင်းအုံးစွပ် ၊စောင်တွေကို သေချာ ပြုတ်လျှော်ပါ ။
-မျက်စိကို အရမ်းမပွတ်ပါနဲ့ ။
-မျက်စိနာခြင်းကို ပိုဆိုးစေသော အရာများ ၊အပြုအမူများကို ရှောင်ပါ ။ ဥပမာ-အလှခြယ်ပစ္စည်းများ ၊အိမ်မွေး တိရိစ္ဆာန်တို့ရဲ့ အမွှေးအမျှင်များ
-မျက်စိနာ သက်သာစေရန် မျက်လုံးမှိတ်ကာ မျက်ခွံပေါ်တွင် ရေအေးပတ် ကပ်ပေး နိုင်တယ် ။
-အယားသက်သာစေတဲ့ ဆေးတွေ Anti-Histamine ပါသော ဘာမီတွန် စတာတွေ သောက်ပေးနိုင်တယ် ။
ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ ပြမလဲ
-မျက်စိနာတာအပြင် အမြင်အာရုံ ေ၀ဝါးက
-မျက်စိနာ ၂ရက်ကြာသည့်တိုင် မသက်သာက
-မျက်စိနာ ပိုဆိုးက
မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါ ။လိုအပ်လျှင် မျက်စဉ်းဆေး ညွှန်းပါလိမ့်မယ် ။
ခတ်သစ်ဇီဝက
မ်က္စိက က်ိန္းစပ္စပ္ မ်က္စိနာေနၿပီလား ဆရာ
မ်က္စိနာျခင္း ဆိုတာ ဘာလဲ
မ်က္စိနာျခင္းကို ေဆးပညာ အရ ကြန္ဂ်န္တီဗိုင္းတစ္ Conjunctivitis လို႕ေခၚတယ္ ။မ်က္ေျမွးေရာင္ျခင္း ၊မ်က္စိနာျခင္း လို႕ အလြယ္ေခၚႏိုင္တယ္ ။
မ်က္ႀကည္လႊာလို႕ ေခၚတဲ့ မ်က္လုံး အေပၚယံမွ ဖုံးထားတဲ့ အလႊာပါးေလး ပိုး၀င္ေရာင္ရမ္းေသာ ေ၀ဒနာပါ ။
ဘာေတြေႀကာင့္ မ်က္စိနာတတ္သလဲ
အမ်ားအားျဖင့္ေတာ့ ပိုး၀င္ေရာက္လုိ႕ ျဖစ္တတ္တယ္ ။ဘတ္တီးရီးယား ပိုးတို႕ ၊ဗိုင္းရပ္စ္ပိုး တုိ႕ေပါ့ ။တခ်ိဳ႕ က်ေတာ့ ဓာတ္မတည့္လို႕ ျဖစ္တတ္တယ္ ။ Allergic Conjunctivitis ရယ္လို႕အမည္တြင္တယ္ ။ဘာေတြနဲ႕ ဓာတ္မတည္႕ဘူးလဲ ဆိုရင္ အိမ္ရွိ ပိုးမႊား ၊မွက္တို႕ ၊အိမ္ေမြးတိရိစာၦန္မ်ားရဲ႕ အေမႊးအမွ်င္ေတြ ၊အိုင္းရွဲဒိုး ၊မက္စ္ကာရာ စတဲ့ အလွျခယ္ပစၥည္းေတြ မတည္႕လို႕ ျဖစ္တတ္တယ္ ။တခ်ိဳ႕က် ေတာ့ မ်က္စဥ္းမတည့္တာေတြေႀကာင့္ ျဖစ္ႏိုင္တယ္ ။အေအးမိ ၊ႏွာေစးျခင္းတို႕နဲ႕ လည္း တဲြေတြ႕ရတတ္တယ္ ။ရာသီ အလိုက္ျဖစ္တတ္တယ္ ။
မ်က္စိနာရင္ ဘယ္လို သိမလဲ
မ်က္လုံးနီရဲမယ္ ။ယားယံမယ္ ။ခုိးလို႕ ခုလုနဲ႕ နာမယ္ ။မ်က္၀တ္ထြက္ မယ္ ။မ်က္လုံးႏွစ္ဖက္ အိပ္ရာထတြင္ မဖြင့္ႏို္င္ေလာက္ေအာင္ ေစးကပ္ေနသည္ အထိ ထြက္တတ္တယ္ ။မ်က္စိ ၂ ဖက္စလုံး ျပိဳင္ျဖစ္ေလ့ေတာ့ မရွိ ။တစ္ဖက္ျဖစ္ ျပီးမွ တစ္ဖက္ျဖစ္တယ္ ။
မိမိဘာသာ ဘာလုပ္လို႕ ရလဲ
-နံနက္ အိပ္ရာထ မ်က္၀တ္မ်ားျဖင့္ ပိတ္ေနက ညင္ညင္သာသာ သန္႕စင္ေဆး ေႀကာပါ ။
-ေန႕ခင္းဘက္တြင္ ေရေအးေအးျဖင့္ မႀကာခဏ ေဆးေပးပါ ။
-ေနပူထဲ မထြက္ပါနဲ႕ ။မေရွာင္ႏိုင္က ေနကာမ်က္မွန္ေဆာင္ပါ ။
-မ်က္စိ အားစိုက္ရတဲ့ အလုပ္ေတြ နားထားပါ ။ဥပမာ-တီဗီြႀကည့္တာ ၊ဖုန္းကြန္ပ်ဴ တာႀကည့္တာ ။
-မ်က္ကပ္မွန္သမားေတြ မ်က္ကန္မွန္ကို မ်က္စိနာေနစဥ္ ခြ်တ္ထားပါ ။
မ်က္စိနာ အရွင္းေပ်ာက္ျပီး ၂ ရက္ႀကာမွ ျပန္တပ္ပါ ။
-မ်က္ႏွာသုတ္ပု၀ါ ၊သဘက္ကို မွ်မသုံးပါနဲ႕ ။ ေသခ်ာ ျပဳတ္ေလွ်ာ္ပါ ။
-အိပ္ရာခင္း ၊ေခါင္းအုံးစြပ္ ၊ေစာင္ေတြကို ေသခ်ာ ျပဳတ္ေလွ်ာ္ပါ ။
-မ်က္စိကို အရမ္းမပြတ္ပါနဲ႕ ။
-မ်က္စိနာျခင္းကို ပိုဆိုးေစေသာ အရာမ်ား ၊အျပဳအမူမ်ားကို ေရွာင္ပါ ။ ဥပမာ-အလွျခယ္ပစၥည္းမ်ား ၊အိမ္ေမြး တိရိစာၦန္တိို႕ရဲ႕ အေမႊးအမွ်င္မ်ား
-မ်က္စိနာ သက္သာေစရန္ မ်က္လုံးမွိတ္ကာ မ်က္ခြံေပၚတြင္ ေရေအးပတ္ ကပ္ေပး ႏိုင္တယ္ ။
-အယားသက္သာေစတဲ့ ေဆးေတြ Anti-Histamine ပါေသာ ဘာမီတြန္ စတာေတြ ေသာက္ေပးႏိုင္တယ္ ။
ဘယ္အခ်ိန္မွာ မိသားစုဆရာ၀န္နဲ႕ ျပမလဲ
-မ်က္စိနာတာအျပင္ အျမင္အာရုံ ေ၀၀ါးက
-မ်က္စိနာ ၂ရက္ႀကာသည့္တိုင္ မသက္သာက
-မ်က္စိနာ ပိုဆုိးက
မိမိ မိသားစုဆရာ၀န္နဲ႕ တိုင္ပင္ပါ ။လိုအပ္လွ်င္ မ်က္စဥ္းေဆး ညႊန္းပါလိမ့္မယ္ ။
ခတ္သစ္ဇီဝက