ငယ်ရွယ်စဉ်ခါ မမိုက်မဲမိဖို့ရာ
” ခေတ်ဆိုတာလဲ တယ်ခက်သကိုး ” … နည်းပညာတွေ အသိပညာတွေ တိုးတက်လာတာက တဖက်…ဒီလို နည်းပညာတွေရဲ့နောက်ကွယ်မှာလဲ ကောင်းကျိုးရော ဆိုးကျိုးရော ဒွန်တွဲနေတာက တဖက်… လူငယ်တွေဆိုတာ အတုမြင် အတတ်သင်ကြတာ.. သဘာဝ…ဒါကြောင့် တခါတလေမှာ မဖြစ်သင့်မဖြစ်ထိုက်တာတွေကို တားမြစ်ဖို့ရာက လူကြီးတွေရဲ့တာဝန်ပါ…
– ပြောချင်တာက ခုခေတ်လူငယ် ဆယ့်သုံးဆယ့်လေးအရွယ်… မြီးကောင်ပေါက်လေးတွေဖို့ သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်စအရွယ်… ပြောခဲ့သလို နည်းပညာတွေက တိုးတက်နေတော့… ခုခေတ် online ပေါ် facebook ၊ viber ၊ beetalk ဒီလို social media တွေအပြင် .. အတုယူမှာကာ အရက် ၊ မှုးယစ်ဆေးတွေသုံးပြီး ရည်းစားသူငယ်ထားကြ၊ အပြင်မှာတွေ့.. အကဲစမ်းကြ…လွန်ကြူးမိကြတဲ့အခါ… ပြသနာတွေ သောင်းခြောက်ထောင် ကြုံရတတ်ကြပါတယ်…ဒါကတော့ ငယ်ရွယ်စဉ်မှာ လိင်မှုကိစ္စကို ပြုမိကြခြင်းရယ်ပါ….
– ချွင်းချက်အနေဖြင့် တချို့သော မျိုးနွယ်စုတွေရဲ့ ဓလေ့ ထုံးထမ်းတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်ရတာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်.. ဒီအခါမှာ အိမ်ထောင်မှုဘဝကိုသေချာ မသိသေးခြင်း၊ ရင့်ကျက်မှု နည်းပါးခြင်း၊ ကိုယ်ဝန်စောလွယ်ရခြင်း စတာတွေ ကြုံရတဲ့အခါ အိမ်ထောင်ဖက်အချင်းချင်း စိတ်မရှည်၊ ဒေါသထွက်လွယ်ခြင်း၊ နားလည်မှုလွဲခြင်း၊ အိမ်ထောင်ရေးမသာယာခြင်းတွေ ကြုံရနိုင်ပါတယ်
– ဒီလို ရှုထောင့်တွေ မျိုးစုံထဲကမှ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားပြီး နောက်ပိုင်းမှာ အပျော်လွန်ပြီး မှားတတ်ကြတာကို.. ကျန်းမာရေး ရှုထောင့်လေးကနေ ပြောပြချင်ပါတယ်…
– ငယ်ရွယ်သေးတဲ့အချိန်မှာ sex ကိစ္စကို ကြုံကြတဲ့အခါ…
– လိင်မှုကိစ္စနဲ့ ပတ်သတ်လို့ ကာကွယ်နည်းတွေကို သေချာလေ့လာ မသိရှိခြင်းကြောင့် ကိုယ်ဝန်ရသွားနိုင်ခြင်း၊ လိင်မှ တဆင့် ရောဂါများ ပိုမိုကူးစက်နိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်
– ငယ်ရွယ်သေး၍ ကိုယ်ဝန်ဆောင်ရန် မသင့်တော်ဟု ဆိုကာ ကိုယ်ဝန် ဖျက်ချရာတွင် သွေးထွက်လွန်ခြင်း၊ ရောဂါပိုးဝင်ခြင်းကြောင့်မိခင်အသက်ပါ ဆုံးရှုံးရနိုင်ခြင်း
– ကလေးမွေးဖွားရာတွင် လမစေ့ပဲမွေးခြင်း၊ ပေါင်မပြည့်ခြင်း
– ကိုယ်ဝန်ဆောင်ရာတွင် သွေးနှင့်သံဓာတ်အားနည်းသော ရောဂါဖြစ်နိုင်ခြင်း
– ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပြသနာများ ကြုံတွေရခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း
– ဒါပြင် အသက်ငယ်လွန်းကြီးလွန်းတဲ့သူတွေဟာ ကိုယ်ဝန်ဆောင်တဲ့အခါမှာ ပုံမှန် အရွယ်ရောက်ပြီး အမျိုးသမီးထက် အန္တရာယ် ပိုတွေ့ရတတ်ပါတယ်… နောက်ပိုင်းမှာလဲ မီးယပ်နဲ့ဆိုင်သော ရောဂါများကို ပိုမိုခံစားရနိုင်ပါတယ်…
– မိမိဟာ ကိုယ်ဝန်လွယ်နေရခြင်း(သို့) ပျက်ကျထားခြင်းကြောင့် ကျောင်းကိစ္စ၊ အလုပ်ကိစ္စများ နားနေရခြင်း
– မိမိကိုယ်တိုင်က ငယ်ရွယ်သေးသော မိဘ(teenage parents ) ဖြစ်ရာ မိမိသားသမီးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်မှု မရှိခြင်းဒီလိုများ မဖြစ်ရလေအောင် လောကကြီး၏ အကြောင်းကို သေချာစွာ မသိသေးခင် လမ်းမှား မရောက်စေရန်၊ အသိပညာများ တိုးပွားစေရန် လူကြီးမိဘများက သွန်သင်ဆုံးမရန် လိုအပ်သကဲ့သို့ လူငါ်များကိုယ်တိုင်ကလည်း ထိုက်လျောက်သော ကျန်းမာရေး၊ လူမှုရေး အသိများ ရှိဖို့ လိုအပ်လှပါတယ်….
ဆင်ခြင်တုံတရားကင်းသော လူငယ်လူရွယ်များ မဖြစ်ကြဖို့ တိုက်တွန်းမေတ္တာပြုလျက်
ပိုင်နီမောင်
ငယ္ရြယ္စဥ္ခါ မမိုက္မဲမိဖို႔ရာ
" ေခတ္ဆိုတာလဲ တယ္ခက္သကိုး " ... နည္းပညာေတြ အသိပညာေတြ တိုးတက္လာတာက တဖက္...ဒီလို နည္းပညာေတြရဲ႕ေနာက္ကြယ္မွာလဲ ေကာင္းက်ိဳးေရာ ဆိုးက်ိဳးေရာ ဒြန္တဲြေနတာက တဖက္... လူငယ္ေတြဆိုတာ အတုျမင္ အတတ္သင္ၾကတာ.. သဘာဝ...ဒါေၾကာင့္ တခါတေလမွာ မျဖစ္သင့္မျဖစ္ထိုက္တာေတြကို တားျမစ္ဖို႔ရာက လူႀကီးေတြရဲ႕တာဝန္ပါ...
- ေျပာခ်င္တာက ခုေခတ္လူငယ္ ဆယ့္သံုးဆယ့္ေလးအရြယ္... ၿမီးေကာင္ေပါက္ေလးေတြဖို႔ သစ္ရြက္လႈပ္ရင္ေတာင္ ရင္ခုန္တတ္စအရြယ္... ေျပာခဲ့သလို နည္းပညာေတြက တိုးတက္ေနေတာ့... ခုေခတ္ online ေပၚ facebook ၊ viber ၊ beetalk ဒီလို social media ေတြအျပင္ .. အတုယူမွာကာ အရက္ ၊ မႈးယစ္ေဆးေတြသံုးၿပီး ရည္းစားသူငယ္ထားၾက၊ အျပင္မွာေတြ႔.. အကဲစမ္းၾက...လြန္ၾကဴးမိၾကတဲ့အခါ... ျပသနာေတြ ေသာင္းေျခာက္ေထာင္ ၾကံဳရတတ္ၾကပါတယ္...ဒါကေတာ့ ငယ္ရြယ္စဥ္မွာ လိင္မႈကိစၥကို ျပဳမိၾကျခင္းရယ္ပါ....
- ခြၽင္းခ်က္အေနျဖင့္ တခ်ိဳ႕ေသာ မ်ိဳးႏြယ္စုေတြရဲ႕ ဓေလ့ ထံုးထမ္းေတြေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ အိမ္ေထာင္ျပဳလိုက္ရတာမ်ိဳးေတြလည္း ၾကံဳေတြ႔ရတတ္ပါတယ္.. ဒီအခါမွာ အိမ္ေထာင္မႈဘဝကိုေသခ်ာ မသိေသးျခင္း၊ ရင့္က်က္မႈ နည္းပါးျခင္း၊ ကုိယ္ဝန္ေစာလြယ္ရျခင္း စတာေတြ ၾကံဳရတဲ့အခါ အိမ္ေထာင္ဖက္အခ်င္းခ်င္း စိတ္မ႐ွည္၊ ေဒါသထြက္လြယ္ျခင္း၊ နားလည္မႈလဲြျခင္း၊ အိမ္ေထာင္ေရးမသာယာျခင္းေတြ ၾကံဳရႏိုင္ပါတယ္
- ဒီလို ႐ႈေထာင့္ေတြ မ်ိဳးစံုထဲကမွ ငယ္ငယ္ရြယ္ရြယ္နဲ႔ ရည္းစားထားၿပီး ေနာက္ပိုင္းမွာ အေပ်ာ္လြန္ၿပီး မွားတတ္ၾကတာကုိ.. က်န္းမာေရး ႐ႈေထာင့္ေလးကေန ေျပာျပခ်င္ပါတယ္...
- ငယ္ရြယ္ေသးတဲ့အခ်ိန္မွာ sex ကိစၥကို ၾကံဳၾကတဲ့အခါ...
- လိင္မႈကိစၥနဲ႔ ပတ္သတ္လို႔ ကာကြယ္နည္းေတြကို ေသခ်ာေလ့လာ မသိ႐ွိျခင္းေၾကာင့္ ကုိယ္ဝန္ရသြားႏိုင္ျခင္း၊ လိင္မွ တဆင့္ ေရာဂါမ်ား ပိုမိုကူးစက္ႏိုင္ျခင္းေတြ ျဖစ္ႏိုင္ပါတယ္
- ငယ္ရြယ္ေသး၍ ကုိယ္ဝန္ေဆာင္ရန္ မသင့္ေတာ္ဟု ဆိုကာ ကုိယ္ဝန္ ဖ်က္ခ်ရာတြင္ ေသြးထြက္လြန္ျခင္း၊ ေရာဂါပိုးဝင္ျခင္းေၾကာင့္မိခင္အသက္ပါ ဆံုးရံႈးရႏိုင္ျခင္း
- ကေလးေမြးဖြားရာတြင္ လမေစ့ပဲေမြးျခင္း၊ ေပါင္မျပည့္ျခင္း
- ကုိယ္ဝန္ေဆာင္ရာတြင္ ေသြးႏွင့္သံဓာတ္အားနည္းေသာ ေရာဂါျဖစ္ႏိုင္ျခင္း
- ကုိယ္ဝန္ပ်က္က်ၿပီးေနာက္ပိုင္း စိတ္ပိုင္းဆိုင္ရာ ျပသနာမ်ား ၾကံဳေတြရျခင္း၊ စိတ္ဓာတ္က်ျခင္း၊ စိတ္ဂဏာမၿငိမ္ျဖစ္ျခင္း
- ဒါျပင္ အသက္ငယ္လြန္းႀကီးလြန္းတဲ့သူေတြဟာ ကုိယ္ဝန္ေဆာင္တဲ့အခါမွာ ပံုမွန္ အရြယ္ေရာက္ၿပီး အမ်ိဳးသမီးထက္ အႏၱရာယ္ ပိုေတြ႔ရတတ္ပါတယ္... ေနာက္ပိုင္းမွာလဲ မီးယပ္နဲ႔ဆိုင္ေသာ ေရာဂါမ်ားကို ပိုမိုခံစားရႏိုင္ပါတယ္...
- မိမိဟာ ကုိယ္ဝန္လြယ္ေနရျခင္း(သို႔) ပ်က္က်ထားျခင္းေၾကာင့္ ေက်ာင္းကိစၥ၊ အလုပ္ကိစၥမ်ား နားေနရျခင္း
- မိမိကုိယ္တိုင္က ငယ္ရြယ္ေသးေသာ မိဘ(teenage parents ) ျဖစ္ရာ မိမိသားသမီးကို ေကာင္းမြန္စြာ ျပဳစုပ်ိဳးေထာင္ႏိုင္မႈ မရိွျခင္းဒီလိုမ်ား မျဖစ္ရေလေအာင္ ေလာကႀကီး၏ အေၾကာင္းကို ေသခ်ာစြာ မသိေသးခင္ လမ္းမွား မေရာက္ေစရန္၊ အသိပညာမ်ား တိုးပြားေစရန္ လူႀကီးမိဘမ်ားက သြန္သင္ဆံုးမရန္ လိုအပ္သကဲ့သို႔ လူငၚမ်ားကိုယ္တိုင္ကလည္း ထို္က္ေလ်ာက္ေသာ က်န္းမာေရး၊ လူမႈေရး အသိမ်ား ႐ွိဖို႔ လိုအပ္လွပါတယ္....
ဆင္ျခင္တံုတရားကင္းေသာ လူငယ္လူရြယ္မ်ား မျဖစ္ၾကဖို႔ တိုက္တြန္းေမတၱာျပဳလ်က္
ပိုင္နီေမာင္