အဝလွန်ခြင်းရဲ့ ဆိုးကျိုး ( 10 )ချက်
(1) အဝတ်အစားရွေးချယ်ရခက်ခြင်း
– ကိုယ်ဝတ်ချင်တဲ့ အဝတ်အစားဝတ်လို့မရဘဲ ကိုယ်နဲ့တော်တဲ့အဝတ်အစားပဲဝတ်ရတယ်။
(2) မေးနှစ်ထပ်ဖြစ်ခြင်း ၊လက်မောင်းများ ဗိုက်ခေါက်များတွဲကျခြင်း
– ကြည့်လို့ သိပ်မလှဘူးပေါ့။
(3) ကိုယ်နံ့ နံခြင်း
– အခြားသူများနဲ့ယှဉ်လျှင် အဆီပိုများ အခေါက်အထစ်များကြောင့် ခန္ဓာကိုယ်တွင်း လေဝင်လေထွက် အလဲအလှယ်လုပ်ရတဲ့ ခန္ဓာကိုယ်မျက်နှာပြင် ဧရိယာနည်းသွားလို့ ဖြစ်ပါတယ်။
(4) နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ရန် အခွင့်အလမ်းများခြင်း
– သွေးကြောထဲမှာ အဆီအပိုတွေ စုပုံလာလို့ဖြစ်ပါတယ်။
(5) ဆီးချိုရောဂါဖြစ်ဖို့ သေချာသလောက်ရှိ
– အဝလွန်တဲ့လူတွေဟာ အသက် ၄၀ ကျော်လာရင် ဆီးချိုရောဂါဖြစ်ဖို့ ရာခိုင်နှုန်းအတော်များပါတယ်။
(6) အသက်ရှူရခက်ခဲခြင်းပြဿနာများဖြစ်ပွားခြင်းနှင့် အမောမခံနိုင်ခြင်း
– ခန္ဓာကိုယ်က အဆီပိုတွေ နေရာယူထားတာကြောင့် အသက်ရှူရာမှာ ရင်ခေါင်းနဲ့ အသက်ရှူအထောက်အကူပြုကြွက်သားတွေ ကျုံ့ရာဆန့်ရာမှာ အတားအဆီးဖြစ်စေတာကြောင့် အသက်ရှူရာမှာ အခက်အခဲဖြစ်တာပါ။
– ထိုအခါ ခန္ဓာကိုယ်အတွက် လုံလေက်တဲ့ အောက်စီဂျင်မရဘဲ လမ်းကြာကြာလျှောက်တာ၊လှေကားတက်တာ တို့မှာ အမောမခံနိုင်ဖြစ်လာပါတယ်။
(7) လမ်းလျှောက်ရာတွင် အားစိုက်ရခြင်း နှင့် ဒူးနာ ခါးနာလွယ်ခြင်း
– ကိုယ်အလေးချိန်ကများနေတော့ ကိုယ့်ခန္ဓာကိုယ် ကိုယ်မနည်းသယ်နေရတာကိုးးး
– တကိုယ်လုံးက အလေးချိန်ကို ဒူးနဲ့ခါးက ညှိနှုင်းပြီး လှုပ်ရှားသွားလာရတော့ ကိုယ်အလေးချိန်များလေ ဒူးနဲ့ခါးက ခံရလေပဲပေါ့။
(8) နေရာယူခြင်း
– ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်တာမျိုး၊ bus ကားစီးတာမျိုး၊ကျောင်းမှာ ခုံတန်းမျှထိုင်ရတာမျိုးဆို ကိုယ်တိုင်အတွက်ရော ဘေးလူအတွက်ပါ အဆင်မပြေဖြစ်ရတယ်။
(9) စိတ်ဓာတ်ကျခြင်း
– ရွယ်တူတွေလိုဝတ်ချင်တာမဝတ်နိုင်၊ ပြင်လို့ဆင်လို့အဆင်မပြေတော့ စိတ်ဓာတ်ကျပြီပေါ့။
(10) သက်တမ်းတိုနိုင်ခြင်း
– အပေါ်ကအချက်တွေအတိုင်းပဲ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာမလိုမကျမှု စိတ်ဓာတ်ကျဆင်းမှု၊နှလုံး ဆီးချိုစတဲ့ ရောဂါဖြစ်နိုင်ခြေများပြားမှုတွေကြောင့်သက်တမ်းတိုနိုင်ပါတယ်။
မေ (ဆေး ၂)
အဝလြန္ျခင္းရဲ႕ ဆိုးက်ိဳး ( 10 )ခ်က္
(1) အဝတ္အစားေရြးခ်ယ္ရခက္ျခင္း
– ကိုယ္ဝတ္ခ်င္တဲ့ အဝတ္အစားဝတ္လို႔မရဘဲ ကိုယ္နဲ႔ေတာ္တဲ့အဝတ္အစားပဲဝတ္ရတယ္။
(2) ေမးႏွစ္ထပ္ျဖစ္ျခင္း ၊လက္ေမာင္းမ်ား ဗိုက္ေခါက္မ်ားတြဲက်ျခင္း
– ၾကည့္လို႔ သိပ္မလွဘူးေပါ့။
(3) ကိုယ္နံ႔ နံျခင္း
– အျခားသူမ်ားနဲ႔ယွဥ္လၽွင္ အဆီပိုမ်ား အေခါက္အထစ္မ်ားေၾကာင့္ ခႏၶာကိုယ္တြင္း ေလဝင္ေလထြက္ အလဲအလွယ္လုပ္ရတဲ့ ခႏၶာကိုယ္မ်က္ႏွာျပင္ ဧရိယာနည္းသြားလို႔ ျဖစ္ပါတယ္။
(4) ႏွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ရန္ အခြင့္အလမ္းမ်ားျခင္း
– ေသြးေၾကာထဲမွာ အဆီအပိုေတြ စုပံုလာလို႔ျဖစ္ပါတယ္။
(5) ဆီးခ်ိဳေရာဂါျဖစ္ဖို႔ ေသခ်ာသေလာက္ရွိ
– အဝလြန္တဲ့လူေတြဟာ အသက္ ၄၀ ေက်ာ္လာရင္ ဆီးခ်ိဳေရာဂါျဖစ္ဖို႔ ရာခိုင္ႏႈန္းအေတာ္မ်ားပါတယ္။
(6) အသက္ရွဴရခက္ခဲျခင္းျပႆနာမ်ားျဖစ္ပြားျခင္းႏွင့္ အေမာမခံႏိုင္ျခင္း
– ခႏၶာကိုယ္က အဆီပိုေတြ ေနရာယူထားတာေၾကာင့္ အသက္ရွဴရာမွာ ရင္ေခါင္းနဲ႔ အသက္ရွဴအေထာက္အကူျပဳႂကြက္သားေတြ က်ံဳ႕ရာဆန႔္ရာမွာ အတားအဆီးျဖစ္ေစတာေၾကာင့္ အသက္ရွဴရာမွာ အခက္အခဲျဖစ္တာပါ။
– ထိုအခါ ခႏၶာကိုယ္အတြက္ လံုေလက္တဲ့ ေအာက္စီဂ်င္မရဘဲ လမ္းၾကာၾကာေလၽွာက္တာ၊ေလွကားတက္တာ တို႔မွာ အေမာမခံႏိုင္ျဖစ္လာပါတယ္။
(7) လမ္းေလၽွာက္ရာတြင္ အားစိုက္ရျခင္း ႏွင့္ ဒူးနာ ခါးနာလြယ္ျခင္း
– ကိုယ္အေလးခ်ိန္ကမ်ားေနေတာ့ ကိုယ့္ခႏၶာကိုယ္ ကိုယ္မနည္းသယ္ေနရတာကိုးးး
– တကိုယ္လံုုးက အေလးခ်ိန္ကို ဒူးနဲ႔ခါးက ညႇိႏႈင္းၿပီး လႈပ္ရွားသြားလာရေတာ့ ကိုယ္အေလးခ်ိန္မ်ားေလ ဒူးနဲ႔ခါးက ခံရေလပဲေပါ့။
(8) ေနရာယူျခင္း
– ရုပ္ရွင္ရံုမွာ ရုပ္ရွင္ၾကည့္တာမ်ိဳး၊ bus ကားစီးတာမ်ိဳး၊ေက်ာင္းမွာ ခံုတန္းမၽွထိုင္ရတာမ်ိဳးဆို ကိုယ္တိုင္အတြက္ေရာ ေဘးလူအတြက္ပါ အဆင္မေျပျဖစ္ရတယ္။
(9) စိတ္ဓာတ္က်ျခင္း
– ရြယ္တူေတြလိုဝတ္ခ်င္တာမဝတ္ႏိုင္၊ ျပင္လို႔ဆင္လို႔အဆင္မေျပေတာ့ စိတ္ဓာတ္က်ၿပီေပါ့။
(10) သက္တမ္းတိုႏိုင္ျခင္း
– အေပၚကအခ်က္ေတြအတိုင္းပဲ ရုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာမလိုမက်မႈ စိတ္ဓာတ္က်ဆင္းမႈ၊ႏွလံုး ဆီးခ်ိဳစတဲ့ ေရာဂါျဖစ္ႏိုင္ေျခမ်ားျပားမႈေတြေၾကာင့္သက္တမ္းတိုႏိုင္ပါတယ္။
ေမ (ေဆး ၂)