All Articlesမျိုးဆက်ပွားကျန်းမာရေး

Complications of having sex partners

1 Mins read

အတူနေအဖော်ရှိခြင်းနှင့် သတိပြုဖွယ်ရာများ

အတူနေအဖော်ရှိတယ်ဆိုတာ ဒီနေ့ခေတ်မှာတော့ အရမ်းမထူးဆန်းတော့တဲ့ အကြောင်းအရာတစ်ခုဖြစ်လာပါပြီ။ လူတိုင်းမှာ အတူနေအဖော်မရှိကြပေမယ့် ရှိနေသူတွေလည်း ရှိနိုင်ပါတယ်။ အတူနေအဖော်ရှိသူတွေဟာ အဖော်မရှိသူတွေထက် အန္တရာယ်ပိုများတာကို သိရှိထားရမှာပါ။ ထို့အတူ အဖော်အရေအတွက်များလေ ရောဂါရနိုင်တဲ့ အခြေအနေ၊သတိပြုဖွယ်ရာလည်းများလေလေပါပဲ။

img

အရင်ဦးဆုံးဖြစ်နိုင်တာကတော့ ရောဂါရနိုင်တာပါ။ မျိုးပွားအင်္ဂါကနေ ကူးစက်နိုင်တာတွေကတော့ ကိုယ်ခံအားကျဆင်းမှုရောဂါ၊ ဆီးပူညောင်းကျရောဂါ၊ ကာလသားရောဂါ၊ လိင်အင်္ဂါကြွက်နို့ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာ စတဲ့ရောဂါအမျိုးမျိုးရနိုင်ပါတယ်။ ကုသလို့ပျောက်ကင်းတဲ့ရောဂါရှိသလို မပျောက်တဲ့ရောဂါလည်းရှိပါတယ်။ ရောဂါဖြစ်လာရင်တော့ ကုလို့ပျောက်သည်ဖြစ်စေ မပျောက်သည်ဖြစ်စေ ဝေဒနာတော့ခံစားရမှာဖြစ်ပါတယ်။

အိမ်ထောင်သည်တွေကော အိမ်ထောင်မရှိသူတွေမှာပါ အတူနေအဖော်ရှိတာဟာ ကျန်းမာရေးကိပိုဂရုစိုက်သင့်တဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ အတူနေအဖော်ရှိရင် စိတ်ညစ်တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ကယောင်ချောက်ချားဖြစ်တာ၊ ဂဏာမငြိမ်တာတွေ ခံစားရနိုင်တဲ့အပြင် စိတ်ကျရောဂါခံစားရနိုင်ခြေလည်း ပိုမိုများပြားပါတယ်။ ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်နိုင်တာကို သိထားရပါမယ်။

img

စိတ်ဖိစီးမှုများလာတာနဲ့အမျှ စိတ်ထွက်ပေါက်ရှာဖို့ကြိုးစားလာပါတယ်။ စိတ်ထွက်ပေါက်ရှာတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ရှာတာမဟုတ်ပဲ ကျန်းမာရေးကိုထိခိုက်စေမယ့် နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာမိခဲ့ရင်တော့ ဆိုးကျိုးတွေသာရရှိမှာပါ။
စိတ်သက်သာရာရစေဖို့အတွက် ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိတ်ကြွဆေးသုံးစွဲတာတွေဟာ လွဲမှားတဲ့အယူအဆတွေဖြစ်ပါတယ်။

ဒါ့အပြင်နောက်ထပ်ဖြစ်လာနိုင်တဲ့ရောဂါတွေရှိနိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ရောဂါပိုးကူးစက်နိုင်ပါတယ်။ အဆိုပါရောဂါပိုးဟာ အမျိုးသားတွေမှာလည်း လိင်အင်္ဂါကြွက်နို့ရောဂါလည်းဖြစ်စေနိုင်ပါတယ်။

img

အကောင်းဆုံးကတော့ အတူနေအဖော်ကို တစ်ဦးတည်းထားတာဖြစ်ပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့လည်း တစ်လင်တစ်မယားစနစ်သာကျင့်သုံးသင့်ပါတယ်။ မကျင့်သုံးနိုင်ရင်လည်း အကာအကွယ်သုံးတာမျိုးပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် မူမမှန်တဲ့ဝေဒနာတစ်ခုခံစားရတာနဲ့ ကုသမှုကိုအမြန်ခံယူသင့်ပါတယ်။ စောစောသိပြီးစောစောကုသမှသာ ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

Dr. ZZ

အတူေနအေဖာ္ရိွျခင္းႏွင့္ သတိျပဳဖြယ္ရာမ်ား

အတူေနအေဖာ္ရိွတယ္ဆိုတာ ဒီေန႔ေခတ္မွာေတာ့ အရမ္းမထူးဆန္းေတာ့တဲ့ အေျကာင္းအရာတစ္ခုျဖစ္လာပါၿပီ။ လူတိုင္းမွာ အတူေနအေဖာ္မရိွျကေပမယ့္ ရိွေနသူေတြလည္း ရိွႏိုင္ပါတယ္။ အတူေနအေဖာ္ရိွသူေတြဟာ အေဖာ္မရိွသူေတြထက္ အႏၲရာယ္ပိုမ်ားတာကို သိရိွထားရမွာပါ။ ထို႔အတူ အေဖာ္အေရအတြက္မ်ားေလ ေရာဂါရႏိုင္တဲ့ အေျခအေန၊သတိျပဳဖြယ္ရာလည္းမ်ားေလေလပါပဲ။

img

အရင္ဦးဆံုးျဖစ္ႏိုင္တာကေတာ့ ေရာဂါရႏိုင္တာပါ။ မ်ဳိးပြားအဂၤါကေန ကူးစက္ႏိုင္တာေတြကေတာ့ ကိုယ္ခံအားက်ဆင္းမႈေရာဂါ၊ ဆီးပူေညာင္းက်ေရာဂါ၊ ကာလသားေရာဂါ၊ လိင္အဂၤါႂကြက္ႏို႔ေရာဂါ၊ ဆီးလမ္းေၾကာင္းပိုးဝင္တာ စတဲ့ေရာဂါအမ်ဳိးမ်ဳိးရႏိုင္ပါတယ္။ ကုသလို႔ေပ်ာက္ကင္းတဲ့ေရာဂါရိွသလို မေပ်ာက္တဲ့ေရာဂါလည္းရိွပါတယ္။ ေရာဂါျဖစ္လာရင္ေတာ့ ကုလို႔ေပ်ာက္သည္ျဖစ္ေစ မေပ်ာက္သည္ျဖစ္ေစ ေဝဒနာေတာ့ခံစားရမွာျဖစ္ပါတယ္။

အိမ္ေထာင္သည္ေတြေကာ အိမ္ေထာင္မရိွသူေတြမွာပါ အတူေနအေဖာ္ရိွတာဟာ က်န္းမာေရးကိပိုဂ႐ုစိုက္သင့္တဲ့ အေၾကာင္းတစ္ခုျဖစ္ပါတယ္။ အတူေနအေဖာ္ရိွရင္ စိတ္ညစ္တာ၊ စိတ္ဖိစီးမႈမ်ားတာ၊ စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္တာ၊ ဂဏာမၿငိမ္တာေတြ ခံစားရႏိုင္တဲ့အျပင္ စိတ္က်ေရာဂါခံစားရႏိုင္ေျခလည္း ပိုမိုမ်ားျပားပါတယ္။ ျဖစ္ခဲတယ္ဆိုေပမယ့္ ျဖစ္ႏိုင္တာကို သိထားရပါမယ္။

img

စိတ္ဖိစီးမႈမ်ားလာတာနဲ႔အမွ် စိတ္ထြက္ေပါက္ရွာဖို႔ႀကိဳးစားလာပါတယ္။ စိတ္ထြက္ေပါက္ရွာတဲ့ေနရာမွာ မွန္ကန္တဲ့နည္းလမ္းနဲ႔ရွာတာမဟုတ္ပဲ က်န္းမာေရးကိုထိခိုက္ေစမယ့္ နည္းလမ္းေတြနဲ႔ ထြက္ေပါက္ရွာမိခဲ့ရင္ေတာ့ ဆိုးက်ဳိးေတြသာရရိွမွာပါ။
စိတ္သက္သာရာရေစဖို႔အတြက္ ေဆးလိပ္ေသာက္တာ၊ အရက္ေသာက္တာ၊ မူးယစ္ေဆးဝါးသံုးစြဲတာ၊ စိတ္ႂကြေဆးသံုးစြဲတာေတြဟာ လြဲမွားတဲ့အယူအဆေတြျဖစ္ပါတယ္။

ဒါ့အျပင္ေနာက္ထပ္ျဖစ္လာႏိုင္တဲ့ေရာဂါေတြရိွႏိုင္ပါတယ္။ အမ်ဳိးသမီးေတြမွာဆိုရင္ သားအိမ္ေခါင္းကင္ဆာျဖစ္ေစႏိုင္တဲ့ေရာဂါပိုးကူးစက္ႏိုင္ပါတယ္။ အဆိုပါေရာဂါပိုးဟာ အမ်ဳိးသားေတြမွာလည္း လိင္အဂၤါႂကြက္ႏို႔ေရာဂါလည္းျဖစ္ေစႏိုင္ပါတယ္။

img

အေကာင္းဆံုးကေတာ့ အတူေနအေဖာ္ကို တစ္ဦးတည္းထားတာျဖစ္ပါတယ္။ အိမ္ေထာင္သည္ေတြအေနနဲ႔လည္း တစ္လင္တစ္မယားစနစ္သာက်င့္သံုးသင့္ပါတယ္။ မက်င့္သံုးႏိုင္ရင္လည္း အကာအကြယ္သံုးတာမ်ဳိးျပဳလုပ္သင့္ပါတယ္။ ဒါ့အျပင္ မူမမွန္တဲ့ေဝဒနာတစ္ခုခံစားရတာနဲ႔ ကုသမႈကိုအျမန္ခံယူသင့္ပါတယ္။ ေစာေစာသိၿပီးေစာေစာကုသမွသာ ေရာဂါရဲ႕ေနာက္ဆက္တြဲဆိုးက်ဳိးေတြကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။

Dr. ZZ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *