ကလေးတွေမှာ စအိုကိုမကြာခဏဆေးတောင့်ထည့်ခြင်း
ဆေးရုံဆေးခန်းတွေမှာ တစ်ခါတစ်လေကျရင် ကလေးကအဖျားမကျလို့ စအိုထဲဆေးထည့်ရတယ်လို့ကြားဖူးကြပါလိမ့်မယ်။ ဆေးခဲဆေးရည်ဘယ်လိုမှတိုက်မရတာ၊ ဆေးတိုက်ပေမယ့်မဝင်ပဲအန်ထုတ်နေတာ၊ ဂျီကျနေတာ၊ ရေပတ်တိုက်ပေးပေမယ့် အဖျားမကျတာတွေရှိလာပြီဆိုရင်တော့ စအိုထဲကိုဆေးတောင့်ထည့်ပြီး အဖျားကျအောင်ကြိုးစားရပါတယ်။ ဆေးထည့်ပြီးမကြာခင်မှာပဲ အဖျားကျပြီးနေသာထိုင်သာရှိလာနိုင်ပါတယ်။ အဖျားကျဆေးတင်မဟုတ်ပဲ အနာသက်သာတဲ့ဆေးတွေကိုလည်း စအိုကနေထည့်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ရင်လည်း။ ဝမ်းသွားရတာလွယ်ကူအောင် စအိုထဲကိုဆေးတောင့်ထည့်ပေးနိုင်ပါတယ်။
ဒီလိုနဲ့ပဲ နောက်တစ်ခါဖျားနာလာပြီဆိုရင် ပါးစပ်ကနေဝင်အောင်တိုက်ဖို့၊ ရေပတ်နိုင်နိုင်တိုက်ဖို့မလုပ်တော့ပဲ စအိုကနေဆေးထည့်တာကို ပိုပြီးအားသန်လာတတ်ပါတယ်။ စိတ်ရှည်လက်ရှည်ချော့မော့ပြီး တိုက်နေစရာမလိုပဲ ကလေးကိုချုပ်ပြီးစအိုထဲဆေးထည့်၊ ခဏနေသက်သာသွားတယ်ဆိုတဲ့အချက်နဲ့တင် တော်တော်သဘောကျစရာဖြစ်နေတာကြောင့် စအိုကနေထည့်ဖို့ပဲရွေးချယ်နေမယ်ဆိုရင်တော့ မလိုလားအပ်တာတွေဖြစ်လာနိုင်ပါတယ်။
အရင်ဆုံးတော့ စအိုမှာအနာတရရသွားနိုင်ပါတယ်။ ဆေးထည့်မယ်ဆိုတာနဲ့ ငြိမ်ငြိမ်လေးနာခံတဲ့ကလေးရှိနိုင်သလို ရုန်းကန်ငိုယိုနေတဲ့ကလေးလည်းရှိနိုင်ပါတယ်။ ရုန်းကန်နေရင် စအိုထဲကိုဆေးထည့်ရတာပိုမိုခက်ခဲတတ်သလို စအိုထဲတန်းတန်းမတ်မတ်မရောက်ပဲ မကြာခဏပြန်ထည့်ရင်းနဲ့ စအိုမှာအနာဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ စအိုထဲဆေးထည့်ရင်းနဲ့ ဆေးကောထည့်တဲ့လက်ချောင်းပါစအိုထဲရောက်သွားတာဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေထည့်တာက မဖြစ်နိုင်ပေမယ့်မကြာခဏထည့်နေရမယ်ဆိုရင်တော့ မတော်တဆဝင်သွားနိုင်ပြီး ဒဏ်ရာရနိုင်ပါတယ်။
ထည့်လိုက်တဲ့ဆေးက စအိုတစ်လျှောက်သွားဆွသလိုလည်းဖြစ်နိုင်ပါတယ်။ အဲစီလိုဖြစ်လာရင်လမ်းကြောင်းတစ်လျှောက်ပွန်းပဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ထည့်တဲ့အကြိမ်များလေပိုပွန်းလေဖြစ်လို့ ခဏခဏမထည့်ဖို့လိုပါလိမ့်မယ်။ ပွန်းတာများလာရင် စအိုတစ်လျှောက်နာတာ၊ သွေးထွက်တာ၊ အနာဖြစ်တာ၊ ဝမ်းသွားရင်သွေးပါတာတွေဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်လေကျရင် ဗိုက်နာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းသွးရခက်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းမှာအချွဲတွေပါတာမျိုးလည်းကြုံတတ်ပါတယ်။
စအိုကိုဆေးတောင့်ထည့်တာကတော့ များသောအားဖြင့်ဘေးကင်းတဲ့ကုသနည်းဖြစ်သလို ဘေးထွက်ဆိုးကျိူးလည်းနည်းပါးတတ်ပါတယ်။ သို့သော်နုနယ်တဲ့နေရာဖြစ်လို့ ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင်ပါးစပ်ကနေဝင်နေသရွေ့စအိုထဲကိုဆေးတောင့်ထည့်တာကို ရှောင်ကြဉ်သင့်ပါတယ်။
Dr. ZZ
ကေလးေတြမွာ စအိုကိုမၾကာခဏေဆးေတာင့္ထည့္ျခင္း
ေဆး႐ံုေဆးခန္းေတြမွာ တစ္ခါတစ္ေလက်ရင္ ကေလးကအဖ်ားမက်လို႔ စအိုထဲေဆးထည့္ရတယ္လို႔ၾကားဖူးၾကပါလိမ့္မယ္။ ေဆးခဲေဆးရည္ဘယ္လိုမွတိုက္မရတာ၊ ေဆးတိုက္ေပမယ့္မဝင္ပဲအန္ထုတ္ေနတာ၊ ဂ်ီက်ေနတာ၊ ေရပတ္တိုက္ေပးေပမယ့္ အဖ်ားမက်တာေတြရိွလာၿပီဆိုရင္ေတာ့ စအိုထဲကိုေဆးေတာင့္ထည့္ၿပီး အဖ်ားက်ေအာင္ႀကိဳးစားရပါတယ္။ ေဆးထည့္ၿပီးမၾကာခင္မွာပဲ အဖ်ားက်ၿပီးေနသာထိုင္သာရိွလာႏိုင္ပါတယ္။ အဖ်ားက်ေဆးတင္မဟုတ္ပဲ အနာသက္သာတဲ့ေဆးေတြကိုလည္း စအိုကေနထည့္ေပးႏိုင္ပါတယ္။ ဝမ္းခ်ဳပ္ရင္လည္း။ ဝမ္းသြားရတာလြယ္ကူေအာင္ စအိုထဲကိုေဆးေတာင့္ထည့္ေပးႏိုင္ပါတယ္။
ဒီလိုနဲ႔ပဲ ေနာက္တစ္ခါဖ်ားနာလာၿပီဆိုရင္ ပါးစပ္ကေနဝင္ေအာင္တိုက္ဖို့၊ ေရပတ္ႏိုင္ႏိုင္တိုက္ဖို႔မလုပ္ေတာ့ပဲ စအိုကေနေဆးထည့္တာကို ပိုၿပီးအားသန္လာတတ္ပါတယ္။ စိတ္ရွည္လက္ရွည္ေခ်ာ့ေမာ့ၿပီး တိုက္ေနစရာမလိုပဲ ကေလးကိုခ်ဳပ္ၿပီးစအိုထဲေဆးထည့္၊ ခဏေနသက္သာသြားတယ္ဆိုတဲ့အခ်က္နဲ႔တင္ ေတာ္ေတာ္သေဘာက်စရာျဖစ္ေနတာေၾကာင့္ စအိုကေနထည့္ဖို႔ပဲေရြးခ်ယ္ေနမယ္ဆိုရင္ေတာ့ မလိုလားအပ္တာေတြျဖစ္လာႏို္င္ပါတယ္။
အရင္ဆံုးေတာ့ စအိုမွာအနာတရရသြားႏိုင္ပါတယ္။ ေဆးထည့္မယ္ဆိုတာနဲ႔ ၿငိမ္ၿငိမ္ေလးနာခံတဲ့ကေလးရိွႏိုင္သလို ႐ုန္းကန္ငိုယိုေနတဲ့ကေလးလည္းရိွႏိုင္ပါတယ္။ ႐ုန္းကန္ေနရင္ စအိုထဲကိုေဆးထည့္ရတာပိုမိုခက္ခဲတတ္သလို စအိုထဲတန္းတန္းမတ္မတ္မေရာက္ပဲ မၾကာခဏျပန္ထည့္ရင္းနဲ႔ စအိုမွာအနာျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ စအိုထဲေဆးထည့္ရင္းနဲ႔ ေဆးေကာထည့္တဲ့လက္ေခ်ာင္းပါစအိုထဲေရာက္သြားတာျဖစ္ႏိုင္ပါတယ္။ တစ္ခါတစ္ေလထည့္တာက မျဖစ္ႏိုင္ေပမယ့္မၾကာခဏထည့္ေနရမယ္ဆိုရင္ေတာ့ မေတာ္တဆဝင္သြားႏိုင္ၿပီး ဒဏ္ရာရႏိုင္ပါတယ္။
ထည့္လိုက္တဲ့ေဆးက စအိုတစ္ေလွ်ာက္သြားဆြသလိုလည္းျဖစ္ႏိုင္ပါတယ္။ အဲစီလိုျဖစ္လာရင္လမ္းေၾကာင္းတစ္ေလွ်ာက္ပြန္းပဲ့တာေတြျဖစ္လာႏိုင္ပါတယ္။ ထည့္တဲ့အႀကိမ္မ်ားေလပိုပြန္းေလျဖစ္လို႔ ခဏခဏမထည့္ဖို႔လိုပါလိမ့္မယ္။ ပြန္းတာမ်ားလာရင္ စအိုတစ္ေလွ်ာက္နာတာ၊ ေသြးထြက္တာ၊ အနာျဖစ္တာ၊ ဝမ္းသြားရင္ေသြးပါတာေတြျဖစ္လာႏို္င္ပါတယ္။ တစ္ခါတစ္ေလက်ရင္ ဗိုက္နာတာ၊ ဗိုက္ေအာင့္တာ၊ ဝမ္းသြးရခက္တာ၊ ဝမ္းခ်ဳပ္တာ၊ ဝမ္းေလွ်ာတာ၊ ဝမ္းမွာအခြၽဲေတြပါတာမ်ဳိးလည္းႀကံဳတတ္ပါတယ္။
စအိုကိုေဆးေတာင့္ထည့္တာကေတာ့ မ်ားေသာအားျဖင့္ေဘးကင္းတဲ့ကုသနည္းျဖစ္သလို ေဘးထြက္ဆိုးက်ဴိးလည္းနည္းပါးတတ္ပါတယ္။ သို႔ေသာ္ႏုနယ္တဲ့ေနရာျဖစ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ဒါ့အျပင္ပါးစပ္ကေနဝင္ေနသေရြ႕စအိုထဲကိုေဆးေတာင့္ထည့္တာကို ေရွာင္ၾကဥ္သင့္ပါတယ္။
Dr. ZZ