ကလေးအဝလွန်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ
ကလေးဆို ဗိုက်ပူပါးဖောင်း ဝကစ်ကစ်လေးတွေဟာ အင်မတန်မှ ချစ်စရာပါ။
ဆွဲညှစ်ချင်စရာ၊ အာဘွားပေးချင်စရာ၊ ပါးဆွဲလိမ်ချင်စရာလေးတွေ ရယ်ပေါ့….
သို့ပေမယ့် သူ့အသက်အရွယ်နဲ့သူ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက်ပိုနေပြီဆိုရင်တော့ ဒါဟာ ရေရှည်မှာ ကလေးအတွက်ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြသနာတွေ ပေးနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာအနေနဲ့
- ဆီးချိုရောဂါ
- သွေးတိုးရောဂါ
- သွေးတွင်းကိုလက်စထရောများခြင်း
- ပန်းနာရင်ကြပ်အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာများ
- မောပန်းပင်ပန်းလွယ်ခြင်း
- အသည်းရောဂါ
- အရိုးအဆစ်ဆိုင်ရာရောဂါများ
- အရွယ်မတိုင်မီ အပျိုဖော် လူပျိုဖော်စောဝင်ခြင်း
စတာတွေဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာပြသနာအနေနဲ့
- အခြားရွယ်တူကလေးများရဲ့ စနောက်လှောင်ပြောင်မှုခံရခြင်း
- မိမိကိုယ်ကို ယုံကြည်မှုလျော့ပါးလာခြင်း
- ပိုထွား၊အားပိုကြီးသဖြင့် အခြားကလေးများအပေါ် အနိုင်ယူဗိုလ်ကျခြင်းများ
- ရွယ်တူကလေးများထက် အရွယ်ပိုထွားနေတာကြောင့် အခြားကလေးများနဲ့ တန်းတူပေါင်းသင်းဖို့ခက်ခဲပြီး အထီးကျန်ခြင်း
- စိတ်ဓာတ်ကျခြင်း၊စိတ်ဖိဆီးမှုများခြင်း၊စိုးရိမ်ပူပန်မှုလွန်ကဲခြင်း
စတာတွေ ဖြစ်နိုင်ချေရှပါတယ်။
အဝလွန်တဲ့ကလေးတွေဟာ အဝလွန်ခြင်းပြသနာမှ ရုန်းထွက်ဖို့ ခက်ခဲတတ်ပြီး အရွယ်ရောက် အသက်ကြီးတဲ့အထိ ဆက်လက် အဝလွန်နိုင်ချေများတာကြောင့်…. အဝလွန်ခြင်းရဲ့ဘေးထွက် ဆိုးကျိုးဖြစ်တဲ့ ကျန်းမာရေးပြသနာတွေကို ကြီးတဲ့အထိ ဆက်လက်ခံစားရနိုင်ချေများပါတယ်။
ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ မိမိကလေး အဝလွန်နေပြီလားဆန်းစစ်ပါ။ အဝလွန်နေပြီဆိုတာနဲ့ အဝလွန်ခြင်းကိုဖြေရှင်းဖို့ကြိုးစားပါ။လိုအပ်ပါက သက်ဆိုင်ရာ
ဆရာဝန်နဲ့တိုင်ပင်ပြီး စနစ်တကျ ကုသမှုခံယူသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။
မေ (ဆေး၂)