စအိုဖြင့် လိင်ဆက်ဆံခြင်း
သင်ဟာ စအိုနဲ့ လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်သူတစ်ယောက်လား? ဒီလိုဆိုရင် သင်သိထားသင့်တဲ့ အချက်တချို့တော့ရှိပါတယ်..။ စအိုနဲ့ လိင်ဆက်ဆံခြင်းက သင့်ဆီကို ဆိုးကျိူးတစ်ချို့ကို ယူဆောင်ပေးနိုင်ပါတယ်..။ အဲဒါတွေကတော့….
img
(၁) စအိုပြဲတာ ဖြစ်နိုင်တယ်..
အမျိူးသမီးတွေရဲ့ မိန်းမကိုယ်နဲ့ မတူတဲ့အချက်က စအိုဟာ သဘာဝချောဆီမရှိပါဘူး..။ ဒါကြောင့် စအိုနဲ့ လိင်ဆက်ဆံတဲ့အခါ စအိုစုတ်ပြဲတာ…သွေးထွက်တာ… ဒဏ်ရာရတာတွေဖြစ်နိုင်ပါတယ်..။ ဒဏ်ရာအများစုဟာ သဘာဝအလျောက် သူ့ဖာသာသူ သက်သာသွားတာများတယ်ဆိုပေမယ့် ဒီဒဏ်ရာတွေကတဆင့် သွေးထဲကို ပိုးဝင်ရင်တော့ ဆိုးဝါးတဲ့ နောက်ဆက်တွဲတွေဖြစ်နိုင်ပါတယ်..။
(၂) HIV အပါအဝင် လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ပိုကူးလွယ်တယ်
အကာအကွယ် သေချာယူမထားတဲ့ ဘယ်လို လိင်ဆက်ဆံမှူမျိူးမှာမဆို ဒီရောဂါပိုးတွေ ကူးစက်နိုင်တယ် ဆိုပေမယ့်… စအိုနဲ့ ဆက်ဆံသူတွေမှာ သမရိုးကျ ဆက်ဆံသူတွေထက် အဆသုံးဆယ်ပိုပြီး ရောဂါကူးစက်နိုင်ချေများတယ်လို့ သုတေသနတွေက ဆိုပါတယ်..။
(၃) စအိုကင်ဆာဖြစ်နိုင်ချေလည်းရှိတယ်
အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့အဆိုအရ စအိုနဲ့လိင်ဆက်ဆံသူတွေမှာ စအိုကင်ဆာဖြစ်ဖို့ ပိုအခွင့်အလမ်းများပါတယ်…။ ဘာကြောင့်လဲဆိုရင် HPV လို့ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ပိုး ကူးနိုင်ချေပိုများပြီး ဒီကြွက်နို့ပိုးက ကင်ဆာဖြစ်စေတတ်လို့ပါပဲ..။
(၄) တခြားရောဂါပိုးတွေလဲ ပိုကူးနိုင်တယ်…
စအိုဆိုတာ များပြားလှတဲ့ ဘက်တီးရီးယားတွေ ခိုအောင်းနေထိုင်တဲ့နေရာပါ…။ တကယ်လို့ သင်က စအိုကိုဆက်ဆံပြီးတဲ့ အချိန်မှာ သေသေချာချာ ဆေးကြောသန့်စင်တာတွေမလုပ်ဘဲ မိန်းမကိုယ်ထဲကို ပြန်ထည့်ပြီး ဆက်ဆံမယ်ဆိုရင် သင့်ပါတနာအမျိူးသမီးဟာ ဆီးလမ်းကြောင်းပိုးဝင်တာအပါအဝင် တခြားရောဂါတွေ ကူးလာနိုင်တော့မှာပါပဲ..။
(၅) စအိုကျွံနိုင်တယ်..
စအိုနဲ့ လိင်ဆက်ဆံတဲ့အခါ စအိုကျွံကျခြင်းဟာလဲ ရေရှည်မှာဖြစ်နိုင်တဲ့ အချက်တစ်ချက်ပါ..။
img
(၆) ဝမ်းမထိန်းနိုင်ဖြစ်စေတယ်….
လေ့လာမှူတစ်ခုအရ စအိုနဲ့ လိင်ဆက်ဆံတဲ့ အမျိူးသား အမျိူးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ.. တစ်လမှာ တစ်ကြိမ်လောက်အနည်းဆုံး ဝမ်းထွက်ကျတာဖြစ်ပါသတဲ့….။ ဒါဟာ အင်မတန်ကသိကအောက်နိုင်ပြီး လူမှူရေးမှာလဲ ပြသနာတွေကြုံနိုင်စေတာမျိူးပါ..။
ဒါ့အပြင် ခုချိန်ထိ မြန်မာနိုင်ငံမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ…တရားဥပဒေနဲ့မညီပါဘူး…။ တရားစွဲဆိုမှူတွေတော့ မကြားဖူးပေမယ့်… ဘယ်လိုပဲ ဖြစ်ဖြစ် လူမှူရေးအရရော.. အရေးကြီးတဲ့ ကျန်းမာရေးရှူထောင့်အရပါ ဆိုးကျိူးတွေပေးနိုင်တဲ့ အရာမို့ သတိထားသင့်တဲ့ ဆက်ဆံမှူတစ်ခုအနေနဲ့ သိထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်…။
img
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
img
အကာအကွယ် သေချာယူမထားတဲ့ ဘယ်လို လိင်ဆက်ဆံမှူမျိုးမှာမဆို ဒီရောဂါပိုးတွေ ကူးစက်နိုင်တယ် ဆိုပေမယ့်… စအိုနဲ့ ဆက်ဆံသူတွေမှာ သမရိုးကျ ဆက်ဆံသူတွေထက် အဆသုံးဆယ်ပိုပြီး ရောဂါကူးစက်နိုင်ချေများတယ်လို့ သုတေသနတွေက ဆိုပါတယ်..။
(၅) စအိုကျွံနိုင်တယ်..
img
လေ့လာမှူတစ်ခုအရ စအိုနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ.. တစ်လမှာ တစ်ကြိမ်လောက်အနည်းဆုံး ၀မ်းထွက်ကျတာဖြစ်ပါသတဲ့….။ ဒါဟာ အင်မတန်ကသိကအောက်နိုင်ပြီး လူမှူရေးမှာလဲ ပြသနာတွေကြုံနိုင်စေတာမျိုးပါ..။
img
မေတ္တာဖြင့်
ဒေါက်တာ စိမ်းမိုးစက်
Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး
ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)
1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Complication of lack of antenatal care
1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး
Fertilization (သန္ဓေအောင်ခြင်း)
1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
Leave a Reply
Your email address will not be published. Required fields are marked *