ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ
မျက်စိပွင့် တားပွင့်ဖြစ်လာတဲ့ခေတ်ကြီးမှာ ဆယ်ကျော်သက်တွေအတွက် အခွင့်အလမ်းတွေ အခွင့်အရေးတွေပိုရလာသလို လူမှုပေါင်းသင်းဆက်ဆံရေးတွေပွင့်လင်းလာပါတယ်။ဆယ်ကျော်သက်အရွယ်မှာ တဒင်္ဂ ဆုံးဖြတ်ချက်ကြောင့်ပဲဖြစ်ဖြစ်အခြေအနေအကြောင်းကြောင့်ကြောင့် ကိုယ်ဝန်ရသွားတဲ့ဆယ်ကျော်သက်တွေများရှိရင် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းရဲ့နောက်ဆက်တွဲအနေအထားတွေကိုသိထားစေလိုပါတယ်။
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တဲ့အခါ
– ကိုယ်ဝန်ဆောင်တာဟာ ဘယ်အရွယ်မှာဘဲ ကိုယ်ဝန်ဆောင်ဆောင် ကလေးကို ကိုးလလွယ်ဆယ်လဖွား မွေးဖွားရတာခြင်းတော့ အတူတူပါပဲ။ဒါပေမယ့် မတူတာက ကိုယ်ဝန်ဆောင်ချိန် ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးပြသနာတွေ၊ ကလေး ပြုစုစောင့်ရှောက်ပုံတွေပါပဲ။ဖြစ်နိုင်ခြေ ကျန်းမာရေးပြသနာတွေကို အရင်ပြောရမယ်ဆိုရင်ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်တွေဟာ
၁) ကိုယ်ဝန်ဆိပ်တက်နိုင်ခြေပိုများပါတယ်။
၂) သွေးအားနည်းခြင်းပိုဖြစ်တတ်ပါတယ်။
၃) ကလေး လမစေ့ဘဲမွေးတာဖြစ်နိုင်ပါတယ်။
၄) ကလေးပေါင်မပြည့်ဘဲမွေးတာလည်းဖြစ်န်ုင်ပါတယ်။
၅) လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေဖြစ်နိုင်ခြေလည်းပိုများပါတယ်။
စိတ်ပိုင်းဆိုင်ရာကိုပြောမယ်ဆိုရင်
အများစုက မိဘ ဆွေမျိုးအသိုင်းအဝိုင်းက သိပ်ပြီးပံ့ပိုးလေ့မရှိပါဘူး။မွေးဖွားပြီးလို့ Baby Blues လို့ခေါ်တဲ့ မီးဖွားပြီး စိတ်ဓာတ်ကျဝေဒနာ ခံစားရနိုင်ခြေ အခြားကိုယ်ဝန်ဆောင်တွေထက်၂ ဆ ပိုများပါတယ်။စိုးရိမ်ပူပန်တာ၊ အစားအသောက်၊ အအိပ်အနေနည်းတာ၊ အလိုလို ဝမ်းနည်းတတ်တာတွေကဆယ်ကျော်သက်ကိုယ်ဝန်တွေမှာ ပိုအတွေ့များပါတယ်။အရမ်းပြင်းထန်တဲ့ စိတ်ဓာတ်ကျမှုမျိုးမှာ မိမိကိုယ်ကိုရော မိမိရင်သွေးကိုရော ထိခိုက်အောင်လုပ်တာမျိုးတွေ ရှိလာတတ်ပါတယ်။
ကလေးမွေးပြီးတဲ့အခါမှာလည်း
– အသက်အရွယ်ငယ်ရွယ်သေးတာကြောင့် ရင်သွေးငယ်လေးကိုမပြုစုတတ်တာ၊ မစောင့်ရှောက်တတ်တာတွေ တွေ့ရပါတယ်။
– ကလေးငယ်အတွက် အိပ်ရေးပျက်ရတဲ့ညတွေ ဖြတ်သန်းတဲ့အခါ ခံနိုင်ရည်မရှိတာတွေဖြစ်တတ်ပါတယ်။ဆယ်ကျော်သက်မိခင်တိုင်း ဒါမျိုးတွေဖြစ်လိမ့်မယ်လို့မဆိုလိုပါဘူးနော်။ကြံ့ခိုင်စွာနဲ့ဖြတ်သန်းပြီး ပျော်ရွှင်နေတဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်တွေလည်း အများကြီးမို့ မိန်းကလေးတိုင်း ကျန်းမာပျော်ရွှင်ပါစေလို့
ဆန္ဒပြုရင်း
မယ်တင်( ဆေး၁ )
ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ျခင္းရဲ႕ ေနာက္ဆက္တြဲ
မ်က္စိပြင့္ တားပြင့္ျဖစ္လာတဲ့ေခတ္ႀကီးမွာ ဆယ္ေက်ာ္သက္ေတြအတြက္ အခြင့္အလမ္းေတြ အခြင့္အေရးေတြပိုရလာသလို လူမႈေပါင္းသင္းဆက္ဆံေရးေတြပြင့္လင္းလာပါတယ္။ဆယ္ေက်ာ္သက္အရြယ္မွာ တဒဂၤ ဆံုးျဖတ္ခ်က္ေၾကာင့္ပဲျဖစ္ျဖစ္အေျခအေနအေၾကာင္းေၾကာင့္ေၾကာင့္ ကိုယ္ဝန္ရသြားတဲ့ဆယ္ေက်ာ္သက္ေတြမ်ားရွိရင္ ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ျခင္းရဲ႕ေနာက္ဆက္တြဲအေနအထားေတြကိုသိထားေစလိုပါတယ္။
ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္တဲ့အခါ
– ကုိယ္ဝန္ေဆာင္တာဟာ ဘယ္အရြယ္မွာဘဲ ကိုယ္ဝန္ေဆာင္ေဆာင္ ကေလးကို ကိုးလလြယ္ဆယ္လဖြား ေမြးဖြားရတာျခင္းေတာ့ အတူတူပါပဲ။ဒါေပမယ့္ မတူတာက ကိုယ္ဝန္ေဆာင္ခ်ိန္ ျဖစ္ႏိုင္ေျခရွိတဲ့ က်န္းမာေရးျပသနာေတြ၊ ကေလး ျပဳစုေစာင့္ေရွာက္ပံုေတြပါပဲ။ျဖစ္ႏိုင္ေျခ က်န္းမာေရးျပသနာေတြကို အရင္ေျပာရမယ္ဆိုရင္ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ေတြဟာ
၁) ကိုယ္ဝန္ဆိပ္တက္ႏိုင္ေျခပိုမ်ားပါတယ္။
၂) ေသြးအားနည္းျခင္းပိုျဖစ္တတ္ပါတယ္။
၃) ကေလး လမေစ့ဘဲေမြးတာျဖစ္ႏိုင္ပါတယ္။
၄) ကေလးေပါင္မျပည့္ဘဲေမြးတာလည္းျဖစ္ႏ္ုင္ပါတယ္။
၅) လိင္ကတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြျဖစ္ႏိုင္ေျခလည္းပိုမ်ားပါတယ္။
စိတ္ပိုင္းဆိုင္ရာကိုေျပာမယ္ဆိုရင္
အမ်ားစုက မိဘ ေဆြမ်ိဳးအသိုင္းအဝိုင္းက သိပ္ၿပီးပံ့ပိုးေလ့မရွိပါဘူး။ေမြးဖြားၿပီးလို႔ Baby Blues လို႔ေခၚတဲ့ မီးဖြားၿပီး စိတ္ဓာတ္က်ေဝဒနာ ခံစားရႏိုင္ေျခ အျခားကိုယ္ဝန္ေဆာင္ေတြထက္၂ ဆ ပုိမ်ားပါတယ္။စိုးရိမ္ပူပန္တာ၊ အစားအေသာက္၊ အအိပ္အေနနည္းတာ၊ အလိုလို ဝမ္းနည္းတတ္တာေတြကဆယ္ေက်ာ္သက္ကိုယ္ဝန္ေတြမွာ ပိုအေတြ႕မ်ားပါတယ္။အရမ္းျပင္းထန္တဲ့ စိတ္ဓာတ္က်မႈမ်ိဳးမွာ မိမိကိုယ္ကိုေရာ မိမိရင္ေသြးကိုေရာ ထိခိုက္ေအာင္လုပ္တာမ်ိဳးေတြ ရွိလာတတ္ပါတယ္။
ကေလးေမြးၿပီးတဲ့အခါမွာလည္း
– အသက္အရြယ္ငယ္ရြယ္ေသးတာေၾကာင့္ ရင္ေသြးငယ္ေလးကိုမျပဳစုတတ္တာ၊ မေစာင့္ေရွာက္တတ္တာေတြ ေတြ႕ရပါတယ္။
– ကေလးငယ္အတြက္ အိပ္ေရးပ်က္ရတဲ့ညေတြ ျဖတ္သန္းတဲ့အခါ ခံႏိုင္ရည္မရွိတာေတြျဖစ္တတ္ပါတယ္။ဆယ္ေက်ာ္သက္မိခင္တိုင္း ဒါမ်ိဳးေတြျဖစ္လိမ့္မယ္လို႔မဆိုလိုပါဘူးေနာ္။ၾကံ့ခိုင္စြာနဲ႔ျဖတ္သန္းၿပီး ေပ်ာ္ရႊင္ေနတဲ့ ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ေတြလည္း အမ်ားႀကီးမို႔ မိန္းကေလးတိုင္း က်န္းမာေပ်ာ္ရႊင္ပါေစလို႔
ဆနၵျပဳရင္း
မယ္တင္( ေဆး၁ )