ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ
မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ ပြုလုပ်ခြင်းတို့ဖြင့် မိခင်ရော ကလေးပါ ကျန်းမာစွာမွေးဖွားစေဖို့ ကူညီပေးပါတယ်။
စစ်တမ်းကောက်ချက်တွေအရ ပုံမှန်ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မခံယူတဲ့ အမျိုးသမီးတွေရဲ့ ၄၀% ဟာ မွေးကင်းစကလေး သေဆုံးမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု မခံယူတဲ့ မိခင်တွေမှာ ရေမွှာအိတ်စောပေါက်ခြင်း၊ အချင်းရှေ့ရောက်ခြင်း၊ ဝမ်းထဲရှိ ကလေးငယ် ကြီးထွားမှု နှောင့်နှေးခြင်း တွေနဲ့လည်းကြုံတွေ့ရနိုင်ပါတယ်။
ကိုယ်ဝန်စောင့်ရှောက်မှု မခံယူခြင်းကြောင့် မိခင်အနေဖြင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်း၊ သွေးအားနည်းခြင်း တို့ကို စမ်းစစ်ခြင်း၊ ကာကွယ်ကုသမှုခံယူခြင်းတို့ကို မပြုလုပ်နိုင်တဲ့အတွက် သွေးဆိပ်တက်ခြင်း၊ ကလေးမွေးဖွားရ ခက်ခဲခြင်း၊ အသက်အန္တရာယ်ထိ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း မေးခိုင်ကာကွယ်ဆေးထိုးရန် ပျက်ကွက်ခြင်းကလည်း မွေးဖွားစဉ် ကလေးငယ်ရော၊ မိခင်အတွက်ပါ မေးခိုင်ရောဂါမှ မကာကွယ်နိုင်ပါဘူး။ Folic acid ကဲ့သို့ ကိုယ်ဝန်ဆောင် အားဆေးများ မသောက်သုံးခြင်းကလည်း မွေးဖွားလာမယ့် ကလေးငယ်ကို ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်များဖြစ်နိုင်ချေ ပိုစေနိုင်ပါတယ်။
လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ၊ Ultrasound ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း စတဲ့ ကျန်းမာရေးစစ်ဆေးမှုများမှ ရေမွှာရေလုံလောက်ခြင်းရှိ မရှိ၊ ကလေးအနေအထားမှန်မမှန်၊ အချင်းအနေအထားတို့ကို ကြိုတင်သိရှိပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ပါတယ်။ သွေးစစ်ချက်အဖြေများမှလည်း HIV ကဲ့သို့ ကူးစက်ရောဂါဝေဒနာရှင်မိခင်များကို ဗိုက်ခွဲမွေးခြင်း၊ မိခင်နို့တိုက်ခြင်းကိုရှောင်ရှားခြင်း၊ ART ဆေးများ တိုက်ကျွေးခြင်းတို့ဖြင့် မိခင်မှကလေးသို့ ရောဂါကူးစက်ခြင်းကို တတ်နိုင်သမျှ အနည်းဆုံး ဖြစ်စေရန် စီစဉ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြစေရန် တိုက်တွန်းလျက်
ပွင့်ရည်(ဆေး၂)
ကိုယ္ဝန္မအပ္ျခင္းရဲ႕ ျပႆနာမ်ား
မိမိရင္ေသြးေလးေတြ က်န္းက်န္းမာမာနဲ႔ ေမြးဖြားႀကီးျပင္းလာေစခ်င္တာ မိဘတိုင္းရဲ႕ ဆႏၵတစ္ခုပဲျဖစ္ပါတယ္။ က်န္းမာသန္စြမ္းတဲ့ ကေလးငယ္ေတြအျဖစ္ ႀကီးျပင္းလာေစဖို႔ ကိုယ္ဝန္ေဆာင္စဥ္ အခ်ိန္တည္းက ဂ႐ုစိုက္သင့္ပါတယ္။ တတ္ကြၽမ္းနားလည္တဲ့ က်န္းမာေရး ေစာင့္ေ႐ွာက္သူမ်ားနဲ႔ ေစာလ်င္စြာ ကိုယ္ဝန္အပ္ျခင္း၊ ၫႊန္ၾကားခ်က္မ်ား လိုက္နာျခင္း၊ စနစ္တက် ကိုယ္ဝန္ေစာင့္ေ႐ွာက္မႈမ်ား ျပဳလုပ္ျခင္းတို႔ျဖင့္ မိခင္ေရာ ကေလးပါ က်န္းမာစြာေမြးဖြားေစဖို႔ ကူညီေပးပါတယ္။
စစ္တမ္းေကာက္ခ်က္ေတြအရ ပံုမွန္ကိုယ္ဝန္ေဆာင္ေစာင့္ေ႐ွာက္မႈ မခံယူတဲ့ အမ်ိဳးသမီးေတြရဲ႕ ၄၀% ဟာ ေမြးကင္းစကေလး ေသဆံုးမႈေတြနဲ႔ ဆက္စပ္ေနပါတယ္။ ကိုယ္ဝန္ေဆာင္ က်န္းမာေရး ေစာင့္ေ႐ွာက္မႈ မခံယူတဲ့ မိခင္ေတြမွာ ေရမႊာအိတ္ေစာေပါက္ျခင္း၊ အခ်င္းေ႐ွ႕ေရာက္ျခင္း၊ ဝမ္းထဲရိွ ကေလးငယ္ ႀကီးထြားမႈ ေႏွာင့္ေႏွးျခင္း ေတြနဲ႔လည္းၾကံဳေတြ႔ရႏိုင္ပါတယ္။
ကိုယ္ဝန္ေစာင့္ေ႐ွာက္မႈ မခံယူျခင္းေၾကာင့္ မိခင္အေနျဖင့္ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ေသြးတိုးျခင္း၊ ဆီးခ်ိဳတက္ျခင္း၊ ေသြးအားနည္းျခင္း တို႔ကို စမ္းစစ္ျခင္း၊ ကာကြယ္ကုသမႈခံယူျခင္းတို႔ကို မျပဳလုပ္ႏိုင္တဲ့အတြက္ ေသြးဆိပ္တက္ျခင္း၊ ကေလးေမြးဖြားရ ခက္ခဲျခင္း၊ အသက္အႏၱရာယ္ထိ ရင္ဆိုင္ရႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလအတြင္း ေမးခိုင္ကာကြယ္ေဆးထိုးရန္ ပ်က္ကြက္ျခင္းကလည္း ေမြးဖြားစဥ္ ကေလးငယ္ေရာ၊ မိခင္အတြက္ပါ ေမးခိုင္ေရာဂါမွ မကာကြယ္ႏိုင္ပါဘူး။ Folic acid ကဲ့သို႔ ကိုယ္ဝန္ေဆာင္ အားေဆးမ်ား မေသာက္သံုးျခင္းကလည္း ေမြးဖြားလာမယ့္ ကေလးငယ္ကို ဦးေႏွာက္ႏွင့္ အာရံုေၾကာဆိုင္ရာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္မ်ားျဖစ္ႏိုင္ေခ် ပိုေစႏိုင္ပါတယ္။
လိုအပ္ေသာ စမ္းသပ္စစ္ေဆးမႈမ်ား၊ Ultrasound ဓာတ္မွန္႐ိုက္ျခင္း၊ ေသြးစစ္ျခင္း၊ ဆီးစစ္ျခင္း စတဲ့ က်န္းမာေရးစစ္ေဆးမႈမ်ားမွ ေရမႊာေရလံုေလာက္ျခင္းရိွ မရိွ၊ ကေလးအေနအထားမွန္မမွန္၊ အခ်င္းအေနအထားတို႔က္ို ႀကိဳတင္သိရိွၿပီး လိုအပ္ေသာ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္ႏိုင္ပါတယ္။ ေသြးစစ္ခ်က္အေျဖမ်ားမွလည္း HIV ကဲ့သို႔ ကူးစက္ေရာဂါေဝဒနာ႐ွင္မိခင္မ်ားကို ဗိုက္ခြဲေမြးျခင္း၊ မိခင္ႏို႔တိုက္ျခင္းကိုေ႐ွာင္႐ွားျခင္း၊ ART ေဆးမ်ား တိုက္ေကြၽးျခင္းတို႔ျဖင့္ မိခင္မွကေလးသို႔ ေရာဂါကူးစက္ျခင္းကို တတ္နိုင္သမ်ွ အနည္းဆံုး ျဖစ္ေစရန္ စီစဥ္ႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္မိခင္တိုင္း က်န္းမာေရးေစာင့္ေ႐ွာက္မႈ ခံယူၾကေစရန္ တိုက္တြန္းလ်က္
ပြင့္ရည္(ေဆး၂)