ဆီးကျောက်တည်ခြင်းဟာ ပြသနာတစ်ခုလား?
ဆီးလမ်းကြောင်း ကျောက်တွေဟာ ကျောက်ကပ်ထဲမှာ အမြဲမနေပါဘူး။ကျောက်ကပ်ကတစ်ဆင့် ဆီးပို့ပြွန်လို့ခေါ်တဲ့ ပြွန်အသေးလေးကိုဖြတ်ပြီး ဆီးအိမ်ဆီကို လိမ့်ဆင်းလာပါတယ်။ ဆင်းလာတဲ့အခါ ကျောက်ကကြီးပြီး ပြွန်လေးကသေးနေတတ်လို့ ဆီးကျောက်ဆင်းလာတဲ့လမ်းကြောင်းတစ်လျှောက်နာတာ၊ အောင့်တာ၊ ဆီးသွားရင်သွေးပါတာတွေဖြစ်စေပါတယ်။ဒါတွေအပြင် ဆင်းလာတဲ့ပြွန်မှာ ဆက်ပြီးမဆင်းနိုင်တော့ဘဲ ပိတ်သွားမယ်ဆိုရင်ဆီးလမ်းကြောင်းပိတ်ဆို့ခြင်းကို ဖြစ်စေတာကြောင့် နောက်ဆက်တွဲ ကျောက်ကပ်ပျက်စီးတာ၊ ကျောက်ကပ်ယောင်တာတွေထိဖြစ်စေပါတယ်။ဆီးကျောက်တည်တာကို ကုသဖို့ဆိုရင် ဆီးကျောက်အမျိုးအစားပေါ်မူတည်ပြီးကုသမှုကွာခြားနိုင်ပါတယ်။
_ နာနေတာအတွက် အနာသက်သာမယ့်ဆေးတွေပေးနိုင်ပါတယ်
_ ဆီးကျောက် အသေးမျိုးဆိုရင်တော့ ကျောက်ကြေဆေးပေးတာ မျိုးနဲ့ကုသနိုင်ပါတယ်။ကြီးတဲ့ကျောက်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေနဲ့ကုသနိုင်ပါတယ်။
_ Lithotripsy လို့ခေါ်တဲ့ အသံလှိုင်းနဲ့ကျောက်ခြေခြင်းအသံလှိုင်းကို အသုံးပြုပြီး ကျောက်အကြီးတွေကနေ အသေးလေးတွေဖြစ်အောင်ခြေပေးလိုက်တာပါ။ ကျောက်အသေးလေးတွေက ဆီးလမ်းကြောင်းမှာလွယ်ကူစွာဆင်းသွားနိုင်ပါတယ်။ခြေတဲ့နေရာမှာ ညိုတာ၊ ကျောက်ကပ်နားတစ်ဝှိက်မှာ သွေးထွက် ်တာတွေဖြစ်နိုင်ပေမယ့် ကျွမ်းကျင်တဲ့ဆရာဝန် ပြုလုပ်ပေးမယ်ဆိုဖြစ်နိုင်ခြေနည်းပါတယ်။ကျောက်ကပ်ကနေ တိုက်ရိုက်ပိုက်ထုတ်တာ( Percutaneous Nephrolithotomy)
_ ကျောက်ကပ်ထဲကို ပိုက်သေးသေးလေးတပ်ပေးထားပြီး ဒီပိုက်ကလေးကို ကျောကုန်းအနောက်ဘက်မှာ အရေပြားကိုဖောက်ပြီး ပြန်ထုတ်ပေးထားတာမျိုးပါ။
ဒီလို ကုသမှုမျိုးဟာ အဓိကအားဖြင့်
_ ဆီးကျောက်က လုံးဝ ပိတ်နေပြီး ပိုးဝင်နေတာ၊
_ ကျောက်ကပ်ပျက်စီးနေတာ
_ ကျောက်ကကြီးလွန်းလို့ ဆီးပြွန်ကို မဖြတ်နိုင်တာ
_ နာလွန်းလို့ မခံနိုင်ဘူးဆိုတဲ့ အနေအထားတွေမှာကုသလေ့ရှိပါတယ်။
_ ဆီးပြွန်ထဲသို့ပိုက်ဖည့်၍ ဆီးကျောက်ဖယ်ရှားခြင်း( Ureteroscopy)ဆီးကျောက်ဟာဆီးပို့ပြွန်ထဲမှာရှိနေမယ် ဆက်လည်းမဆင်းနိုက်ဘူးဆိုရင်ဆရာဝန်က Ureteroscope ကို သုံးပြီးဖယ်ရှားပေးပါလိမ့်မယ်။ Ureteroscope ဆိုတာဆီးလမ်းကြောင်းထဲကြည့်လို့ရတဲ့ကင်မရာ ၊ ညှပ်လေးတွေပါပြီး ဆီးကျောက်ကိုတွေ့တာနဲ့ ညှပ်နဲ့ ဆွဲထုတ်ယူပေးနိုင်ပါတယ်။
မယ်တင်( ဆေး၁ )
ဆီးေက်ာက္တည္ျခင္းဟာ ျပသနာတစ္ခုလား?
ဆီးလမ္းေၾကာင္း ေက်ာက္ေတြဟာ ေက်ာက္ကပ္ထဲမွာ အျမဲမေနပါဘူး။ေက်ာက္ကပ္ကတစ္ဆင့္ ဆီးပို႔ႁပြန္လို႔ေခၚတဲ့ ႁပြန္အေသးေလးကိုျဖတ္ၿပီး ဆီးအိမ္ဆီကို လိမ့္ဆင္းလာပါတယ္။ ဆင္းလာတဲ့အခါ ေက်ာက္ကႀကီးၿပီး ႁပြန္ေလးကေသးေနတတ္လို႔ ဆီးေက်ာက္ဆင္းလာတဲ့လမ္းေၾကာင္းတစ္ေလၽွာက္နာတာ၊ ေအာင့္တာ၊ ဆီးသြားရင္ေသြးပါတာေတြျဖစ္ေစပါတယ္။ဒါေတြအျပင္ ဆင္းလာတဲ့ႁပြန္မွာ ဆက္ၿပီးမဆင္းႏိုင္ေတာ့ဘဲ ပိတ္သြားမယ္ဆိုရင္ဆီးလမ္းေၾကာင္းပိတ္ဆို႔ျခင္းကို ျဖစ္ေစတာေၾကာင့္ ေနာက္ဆက္တြဲ ေက်ာက္ကပ္ပ်က္စီးတာ၊ ေက်ာက္ကပ္ေယာင္တာေတြထိျဖစ္ေစပါတယ္။ဆီးေက်ာက္တည္တာကို ကုသဖို႔ဆိုရင္ ဆီးေက်ာက္အမ်ိဳးအစားေပၚမူတည္ၿပီးကုသမႈကြာျခားႏိုင္ပါတယ္။
_ နာေနတာအတြက္ အနာသက္သာမယ့္ေဆးေတြေပးႏိုင္ပါတယ္
_ ဆီးေက်ာက္ အေသးမ်ိဳးဆိုရင္ေတာ့ ေက်ာက္ေၾကေဆးေပးတာ မ်ိဳးနဲ႔ကုသႏိုင္ပါတယ္။ႀကီးတဲ့ေက်ာက္ဆိုရင္ေတာ့ ေအာက္ပါနည္းလမ္းေတြနဲ႔ကုသႏိုင္ပါတယ္။
_ Lithotripsy လို႔ေခၚတဲ့ အသံလႈိင္းနဲ႔ေက်ာက္ေျချခင္းအသံလႈိင္းကို အသံုးျပဳၿပီး ေက်ာက္အႀကီးေတြကေန အေသးေလးေတြျဖစ္ေအာင္ေျခေပးလိုက္တာပါ။ ေက်ာက္အေသးေလးေတြက ဆီးလမ္းေၾကာင္းမွာလြယ္ကူစြာဆင္းသြားႏိုင္ပါတယ္။ေျခတဲ့ေနရာမွာ ညိဳတာ၊ ေက်ာက္ကပ္နားတစ္ဝွိက္မွာ ေသြးထြက္ ္တာေတြျဖစ္ႏိုင္ေပမယ့္ ကၽြမ္းက်င္တဲ့ဆရာဝန္ ျပဳလုပ္ေပးမယ္ဆိုျဖစ္ႏိုင္ေျခနည္းပါတယ္။ေက်ာက္ကပ္ကေန တိုက္ရိုက္ပိုက္ထုတ္တာ( Percutaneous Nephrolithotomy)
_ ေက်ာက္ကပ္ထဲကို ပိုက္ေသးေသးေလးတပ္ေပးထားၿပီး ဒီပိုက္ကေလးကို ေက်ာကုန္းအေနာက္ဘက္မွာ အေရျပားကိုေဖာက္ၿပီး ျပန္ထုတ္ေပးထားတာမ်ိဳးပါ။
ဒီလို ကုသမႈမ်ိဳးဟာ အဓိကအားျဖင့္
_ ဆီးေက်ာက္က လံုးဝ ပိတ္ေနၿပီး ပိုးဝင္ေနတာ၊
_ ေက်ာက္ကပ္ပ်က္စီးေနတာ
_ ေက်ာက္ကႀကီးလြန္းလို႔ ဆီးႁပြန္ကုိ မျဖတ္ႏိုင္တာ
_ နာလြန္းလို႔ မခံႏိုင္ဘူးဆိုတဲ့ အေနအထားေတြမွာကုသေလ့ရွိပါတယ္။
_ ဆီးႁပြန္ထဲသို႔ပိုက္ဖည့္၍ ဆီးေက်ာက္ဖယ္ရွားျခင္း( Ureteroscopy)ဆီးေက်ာက္ဟာဆီးပို႔ႁပြန္ထဲမွာရွိေနမယ္ ဆက္လည္းမဆင္းႏိုက္ဘူးဆိုရင္ဆရာဝန္က Ureteroscope ကို သံုးၿပီးဖယ္ရွားေပးပါလိမ့္မယ္။ Ureteroscope ဆိုတာဆီးလမ္းေၾကာင္းထဲၾကည့္လို႔ရတဲ့ကင္မရာ ၊ ညႇပ္ေလးေတြပါၿပီး ဆီးေက်ာက္ကိုေတြ႕တာနဲ႔ ညႇပ္နဲ႔ ဆြဲထုတ္ယူေပးႏိုင္ပါတယ္။
မယ္တင္( ေဆး၁ )