ရွှေရင်မထိတ်အောင် ကြိုတင်ကာကွယ် ပဋိသန္ဓေတားနည်းအသွယ်သွယ်တားဆေး သောက်ဆေးများ

အရေးပေါ်တားဆေး Emergency Oral Contraceptives

ဒီဆောင်းပါးမှာတော့ လုံမငယ်တို့ အသုံးများတဲ့ တားဆေး သောက်ဆေးများထဲမှ အရေးပေါ်တားဆေး Emergency Oral Contraceptive Pillsအကြောင်း ပြောပြပါ့မယ် ။

လုံမငယ်တို့ ကိုယ်ထဲမှာ ပင်ကိုယ် သဘာဝအရ ထွက်တဲ့ ဟိုမုန်းဓာတ်တွေဖြစ်တဲ့ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျပ်စတိုဂျင် (Progestogen) တို့နည်း တူ ပြင်ပမှ ဖော်စပ်ထားတဲ့ အလားတူ ဟိုမုန်းတွေ ပါဝင်တဲ့ တားဆေးသောက်ဆေး
၊ဒါမှမဟုတ် ပရိုဂျပ်စတိုဂျင်သာ သီးသန့်ပါတဲ့ အရေးပေါ်တားဆေးရယ်လို့ အမျိုးမျိုးရှိပါတယ်။ တို့ မြန်မာနိုင်ငံမှာတော့ အီးစီ တူး Ecee 2 ဆေးကတ်ရယ်လို့ လူသိများတယ်။တခြား ဆေးနာမည် အမျိုးမျိုးနဲ့လည်း ဝယ်လို့ရပါတယ် ။ဘယ်လို နည်းနဲ့ ပဋိသန္ဓေကို တားသလဲ ။

တားဆေး ဟိုမုန်းဆေး တွေသည် လုံမငယ်တို့ ခန္ဓာကိုယ်ထဲရောက်တာနဲ့ လုံမငယ်တို့ရဲ့ သားဥအိမ် (Ovary) မှ သားဥများ (ovum) မထွက်အောင် တားပေးပါတယ် ။ဒီလိုနဲ့ ပဋိသန္ဓေကို တားပါတယ်ကွယ် ။သတိထားရမှာသည်
ကိုယ်ဝန်ရှိပြီးသွားက မတားနိုင်တော့ပါ ။ဘယ်လောက် အာနိသင် ရှိသလဲ ။

အာနိသင် ဘယ်လောက်ရှိသလဲ ဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။အဓိက ကတော့ သုံးစွဲသူ အပေါ် များစွာ မူတည်ပါတယ် ။ဘယ်အချိန်တွေမှာ အာနိသင် လျော့တတ်လဲ ဆိုရင် ဆေးသောက်ပုံမမှန်ရင်( ၇၂ နာရီ အတွင်း ဆေးမသောက်ဘဲ နောက်ကျခဲ့ရင်) ၊တားဆေး အာနိသင်ကျစေတဲ့ တခြားဆေးဝါးများနဲ့အတူ တွဲသောက်မိရင် ဖြစ်တတ်တယ် ။ ပုံမှန်အားဖြင့် ဆေးပုံမှန် စနစ်တကျသောက်ရင် တားဆေးသောက်တဲ့ ၁၀၀ သော လုံမပျိုတွေထဲမှာ ကိုယ်ဝန်ရနိုင်ခြေ က ၁-၂ ယာက်လောက်ပဲရှိပါတယ် ။ကျန်တဲ့ ၉၈-၉၉ ယောက်က ကိုယ်ဝန်မရဘူးပေါ့ ။ဘေးထွက် အာနိသင်များ

-ရာသီ မမှန်တာ(လာတာ ပမာဏာ နည်းသွားတာ ၊လာတဲ့ ရက်နည်းသွားတာ၊ရာသီ ရက်မမှန်တော့တာ ၊ရာသီထိန်သွားတာ)

-ခေါင်းကိုက်တာ

-ခေါင်းမူးတာ

-ရင်သားတင်းရင်းတာ ၊နာတတ်တာ

သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ

-ပဋိသန္ဓေကို တားတယ်ဆေးဘယ်လိုသောက်မလဲ။

-Ecee 2 ကို အတူနေပြီး ၇၂ နာရီ အတွင်း ပထမဆေးတောင့်ကို သောက်ပါ ။

-နောက် ဒုတိယတစ်တောင့်ကို ၁၂ နာရီခြားပြီးမှ သောက်ပါ ။

-တချို့ အမျိုးအစားတွေသည် ၇၂ နာရီအတွင်း တစ်ကြိမ်တည်းသောက်ရတတ် ပါသည် ။

တားဆေးသောက်ေ ဆးနဲ့ ပတ်သက်သည့် လုံမတို့၏ အယူအဆမှားများ

-တားဆေး ဟိုမုန်းဓာတ်တွေသည် လုံမတို့ ကိုယ်ထဲမှာ စုမနေပါ ။

-ကိုယ်ဝန် မတော်တဆရခဲ့ရင်လည်း ပျက်ကျခြင်းကို မဖြစ်စေပါ ။

-ကလေး အမြွှာကိုလည်း မမွေးစေပါ ။

-အခန့်မသင့်လို့ ကိုယ်ဝန်ဆောင်နေစဉ် သောက်မိရင်လည်း လုံမတို့ ရင်သွေးကို မထိခိုက်ပါ ။

-တားဆေးသောက်ဆေး သောက်လို့ မြုံသွားခြင်း မရှိပါ။ ဆေးမသောက်တော့တာ နဲ့ ကလေးရနိုင်ပါတယ် ။

-အရေးပေါ်တားဆေးသည် အမြဲ စွဲသောက်ရသော ဆေးမဟုတ်ပါ ။ အရေးပေါ်မှသောက်ရတဲ့ တားဆေးပါ ။

ခေတ်သစ် ဇီဝက

ေရႊရင္မထိတ္ေအာင္ ႀကိဳတင္ကာကြယ္ ပဋိသေႏၶတားနည္းအသြယ္သြယ္တားေဆး ေသာက္ေဆးမ်ား

အေရးေပၚတားေဆး Emergency Oral Contraceptives

ဒီေဆာင္းပါးမွာေတာ့ လုံမငယ္တို႕ အသုံးမ်ားတဲ့ တားေဆး ေသာက္ေဆးမ်ားထဲမွ အေရးေပၚတားေဆး Emergency Oral Contraceptive Pillsအေႀကာင္း ေျပာျပပါ့မယ္ ။

လုံမငယ္တို႕ ကိုယ္ထဲမွာ ပင္ကိုယ္ သဘာ၀အရ ထြက္တဲ့ ဟိုမုန္းဓာတ္ေတြျဖစ္တဲ့ အီစထရုိဂ်င္ (Estrogen) နဲ႕ ပရုိဂ်ပ္စတိုဂ်င္ (Progestogen) တို႕နည္း တူ ျပင္ပမွ ေဖာ္စပ္ထားတဲ့ အလားတူ ဟိုမုန္းေတြ ပါ၀င္တဲ့ တားေဆးေသာက္ေဆး
၊ဒါမွမဟုတ္ ပရုိဂ်ပ္စတိုဂ်င္သာ သီးသန္႕ပါတဲ့ အေရးေပၚတားေဆးရယ္လို႕ အမ်ိဳးမ်ိဳးရွိပါတယ္။ တို႕ ျမန္မာႏိုင္ငံမွာေတာ့ အီးစီ တူး Ecee 2 ေဆးကတ္ရယ္လို႕ လူသိမ်ားတယ္။တျခား ေဆးနာမည္ အမ်ိဳးမ်ိဳးနဲ႕လည္း ၀ယ္လို႕ရပါတယ္ ။ဘယ္လို နည္းနဲ႕ ပဋိသေႏၶကို တားသလဲ ။

တားေဆး ဟိုမုန္းေဆး ေတြသည္ လုံမငယ္တို႕ ခႏၶာကိုယ္ထဲေရာက္တာနဲ႕ လုံမငယ္တို႕ရဲ႕ သားဥအိမ္ (Ovary) မွ သားဥမ်ား (ovum) မထြက္ေအာင္ တားေပးပါတယ္ ။ဒီလိုနဲ႕ ပဋိသေႏၶကို တားပါတယ္ကြယ္ ။သတိထားရမွာသည္
ကိုယ္၀န္ရွိျပီးသြားက မတားႏိုင္ေတာ့ပါ ။ဘယ္ေလာက္ အာနိသင္ ရွိသလဲ ။

အာနိသင္ ဘယ္ေလာက္ရွိသလဲ ဆိုတာ အတိအက် ေျပာဖို႕ေတာ့ ခက္ပါတယ္ ။အဓိက ကေတာ့ သုံးစဲြသူ အေပၚ မ်ားစြာ မူတည္ပါတယ္ ။ဘယ္အခ်ိန္ေတြမွာ အာနိသင္ ေလ်ာ႕တတ္လဲ ဆိုရင္ ေဆးေသာက္ပုံမမွန္ရင္( ၇၂ နာရီ အတြင္း ေဆးမေသာက္ဘဲ ေနာက္က်ခဲ႕ရင္) ၊တားေဆး အာနိသင္က်ေစတဲ့ တျခားေဆး၀ါးမ်ားနဲ႕အတူ တဲြေသာက္မိရင္ ျဖစ္တတ္တယ္ ။ ပုံမွန္အားျဖင့္ ေဆးပုံမွန္ စနစ္တက်ေသာက္ရင္ တားေဆးေသာက္တဲ႕ ၁၀၀ ေသာ လုံမပ်ိဳေတြထဲမွာ ကိုယ္၀န္ရႏိုင္ေျခ က ၁-၂ ယာက္ေလာက္ပဲရွိပါတယ္ ။က်န္တဲ႕ ၉၈-၉၉ ေယာက္က ကိုယ္၀န္မရဘူးေပါ့ ။ေဘးထြက္ အာနိသင္မ်ား

-ရာသီ မမွန္တာ(လာတာ ပမာဏာ နည္းသြားတာ ၊လာတဲ့ ရက္နည္းသြားတာ၊ရာသီ ရက္မမွန္ေတာ့တာ ၊ရာသီထိန္သြားတာ)

-ေခါင္းကိုက္တာ

-ေခါင္းမူးတာ

-ရင္သားတင္းရင္းတာ ၊နာတတ္တာ

သိသာသည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

-ပဋိသေႏၶကို တားတယ္ေဆးဘယ္လုိေသာက္မလဲ။

-Ecee 2 ကို အတူေနျပီး ၇၂ နာရီ အတြင္း ပထမေဆးေတာင့္ကို ေသာက္ပါ ။

-ေနာက္ ဒုတိယတစ္ေတာင့္ကို ၁၂ နာရီျခားျပီးမွ ေသာက္ပါ ။

-တခ်ိဳ႕ အမ်ိဳးအစားေတြသည္ ၇၂ နာရီအတြင္း တစ္ႀကိမ္တည္းေသာက္ရတတ္ ပါသည္ ။

တားေဆးေသာက္ေ ဆးနဲ႕ ပတ္သက္သည့္ လုံမတို႕၏ အယူအဆမွားမ်ား

-တားေဆး ဟိုမုန္းဓာတ္ေတြသည္ လုံမတို႕ ကိုယ္ထဲမွာ စုမေနပါ ။

-ကိုယ္၀န္ မေတာ္တဆရခဲ့ရင္လည္း ပ်က္က်ျခင္းကို မျဖစ္ေစပါ ။

-ကေလး အျမႊာကိုလည္း မေမြးေစပါ ။

-အခန္႕မသင့္လို႕ ကိုယ္၀န္ေဆာင္ေနစဥ္ ေသာက္မိရင္လည္း လုံမတို႕ ရင္ေသြးကို မထိခိုက္ပါ ။

-တားေဆးေသာက္ေဆး ေသာက္လို႕ ျမဳံသြားျခင္း မရွိပါ။ ေဆးမေသာက္ေတာ့တာ နဲ႕ ကေလးရႏိုင္ပါတယ္ ။

-အေရးေပၚတားေဆးသည္ အျမဲ စဲြေသာက္ရေသာ ေဆးမဟုတ္ပါ ။ အေရးေပၚမွေသာက္ရတဲ့ တားေဆးပါ ။

ေခတ္သစ္ ဇီ၀က

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *