mydoctor-top-telemedicine

All Articlesအခြားရောဂါများအထွေထွေရောဂါများ

Complication and treatment for gall stone

1 Mins read

သည်းခြေကျောက် ကိုဘယ်လိုကုသမလဲ?

သည်းခြေမှာကျောက်တည်တယ်လို့သိလိုက်တဲ့အခါ လူနာတော်တော်များများ ပြောလေ့ရှိတာက ” မခွဲခြင်ဘူးနော် ဆရာမ” ” မခွဲဘဲပျောက်အောင်လုပ်ပေးပါ” ” ခွဲရမယ်ဆို ဆက်မကုတော့ဘူးနော် ဆရာမ” လို့ပြောလေ့ရှိပါတယ်။

သည်းခြေကျောက်ကမကုဘဲထားရင် ဘာတွေဖြစ်မလဲ? ခွဲစိတ်တာအပြင်အခြားမရှိတော့ဘူးလား? ဆက်ဖတ်ကြည့်ပါနော်။ သည်းခြေကျောက်ဟာ တစ်ခါတစ်ခါ ဗိုက်ထဲမှာရှိနေပေမယ့် မနာမကျင် ဒုက္ခမပေးတတ်ပါဘူး။ သည်းခြေကျောက်ဟာ သည်းခြေပြွန်ကိုပိတ်မိသွားတယ်ဆိုရင်တော့

၁)ရေတိုသည်းခြေအိတ်ယောင်ယမ်းခြင်း ဖြစ်စေပြီး အရေးပေါ်ကုသမှုလိုအပ်န်ုင်ပါတယ်။

သည်းခြေအိတ်ယောင်ယမ်းရင်ပြလေ့ရှိတဲ့လက္ခဏာတွေကတော့

_ ချမ်းတုန်ပြီးဖျားတာ

_ ပါးစပ်ပျက်တာ

_ ပျ်ု့အန်တာ

_ ချက်အပေါ်နား ဗိုက်အလည်တည့်တည့်မှာ အရမ်းစူးပြီးအောင့်တာ တွေဖြစ်တတ်ပါတယ်။

၂) အသားဝါတာ၊ မျက်လုံးဝါတာ

၃) သည်းခြေပြွန်ယောင်တာ

၄) ပိုးဆိပ်ပြန့်တာ

၅) မုန့်ချိုအိတ်ယောင်ပြီး မခံမရပ်နိုင်အောင်ဗိုက်အောင့်တာ

၆) နာတာရှည် သည်းခြေအိတ်ယောင်တာ

၇) သည်းခြေအိတ်ကင်ဆာတွေ အထိဖြစ်န်ုင်ပါတယ်။

ဒီလိုနောက်ဆက်တွဲတွေအရမ်းများတာမို့ သည်းခြေကျောက်အများစုကို ခွဲစိတ်ကုသရလေ့ရှိပါတယ်။ ခွဲစိတ်ကုသတဲ့နေရာမှာ

_ ခေတ်မှီခွဲစိတ်နည်းပညာနဲ့ သေးငယ်တဲ့ ခွဲစိတ်မှုမျိုးလုပ်ပြီး ( Laproscopic Removal) ဗိုက်အတွင်းက သည်းခြေအိတ်ကို အလွယ်တကူဖယ်ထုတ်လို့ရတာမို့ ခွဲစိတ်ရမှာကို အရမ်း ကြီးအကြောက်ပါနဲ့လို့ပြောချင်ပါတယ်။ ခွဲစိတ်ပြီး ပြသနာမစှိဘူးဆိုရင် ၃ရက်လောက်ဆ်ုဆေးရုံကဆင်းလို့တောင်ရနိုင်ပါတယ်။ ဒီလို ခွဲစိတ်ပြီးသည်းခြေအိတ်ထုတ်တာရဲ့နောက်ဆက်တလဲကတော့ ဝမ်းပျော့ပျော့သွားနိုင်ပါတယ်။ဒါကလည်း ဝမ်းပျော့စေတဲ့အစားအစာရှောင်ပြီးစားမယ် ဆိုရင်အဆင်ပြေမှာပါ။

မခွဲမစိတ်ဘဲဆေးသောက်မယ်ဆိုရင်တော့

_ ကျောက်ကြေစေတဲ့ဆေးတွေရှ်ပါတယ်။ ဆရာဝန်က ဆေးပဲသောက်ဖို့လိုရင်ဆေးသောက်ဖို့ ပြောပါလိမ့်မယ်။ ဆေးသောက်ရင်တော့ ကျောက်ကြေဖို့ကြာသလို၊ ပြန်လည်းဖြစ်တတ်ပါတယ်။ သည်းခြေကျောက်ဖြစ်နေတဲ့လူတွေသိဖို့အတွက် ဆောင်းပါးလေးကိူ မျှဝေပေးနိုင်ပါတယ်။

မယ်တင်( ဆေး ၁)

သည္းေျခေက်ာက္ ကိုဘယ္လိုကုသမလဲ?

သည္းေျခမွာေက်ာက္တည္တယ္လို႔သိလိုက္တဲ့အခါ လူနာေတာ္ေတာ္မ်ားမ်ား ေျပာေလ့ရွိတာက ” မခြဲျခင္ဘူးေနာ္ ဆရာမ” ” မခြဲဘဲေပ်ာက္ေအာင္လုပ္ေပးပါ” ” ခြဲရမယ္ဆို ဆက္မကုေတာ့ဘူးေနာ္ ဆရာမ” လို႔ေျပာေလ့ရွိပါတယ္။

သည္းေျခေက်ာက္ကမကုဘဲထားရင္ ဘာေတြျဖစ္မလဲ? ခြဲစိတ္တာအျပင္အျခားမရွိေတာ့ဘူးလား? ဆက္ဖတ္ၾကည့္ပါေနာ္။ သည္းေျခေက်ာက္ဟာ တစ္ခါတစ္ခါ ဗိုက္ထဲမွာရွိေနေပမယ့္ မနာမက်င္ ဒုကၡမေပးတတ္ပါဘူး။ သည္းေျခေက်ာက္ဟာ သည္းေျခႁပြန္ကိုပိတ္မိသြားတယ္ဆိုရင္ေတာ့

၁)ေရတိုသည္းေျခအိတ္ေယာင္ယမ္းျခင္း ျဖစ္ေစၿပီး အေရးေပၚကုသမႈလိုအပ္ႏ္ုင္ပါတယ္။

သည္းေျခအိတ္ေယာင္ယမ္းရင္ျပေလ့ရွိတဲ့လကၡဏာေတြကေတာ့

_ ခ်မ္းတုန္ၿပီးဖ်ားတာ

_ ပါးစပ္ပ်က္တာ

_ ပ်္ဳ႕အန္တာ

_ ခ်က္အေပၚနား ဗိုက္အလည္တည့္တည့္မွာ အရမ္းစူးၿပီးေအာင့္တာ ေတြျဖစ္တတ္ပါတယ္။

၂) အသားဝါတာ၊ မ်က္လံုးဝါတာ

၃) သည္းေျခႁပြန္ေယာင္တာ

၄) ပိုးဆိပ္ျပန္႔တာ

၅) မုန္႔ခ်ိဳအိတ္ေယာင္ၿပီး မခံမရပ္ႏိုင္ေအာင္ဗိုက္ေအာင့္တာ

၆) နာတာရွည္ သည္းေျခအိတ္ေယာင္တာ

၇) သည္းေျခအိတ္ကင္ဆာေတြ အထိျဖစ္ႏ္ုင္ပါတယ္။

ဒီလိုေနာက္ဆက္တြဲေတြအရမ္းမ်ားတာမို႔ သည္းေျခေက်ာက္အမ်ားစုကို ခြဲစိတ္ကုသရေလ့ရွိပါတယ္။ ခြဲစိတ္ကုသတဲ့ေနရာမွာ

_ ေခတ္မွီခြဲစိတ္နည္းပညာနဲ႔ ေသးငယ္တဲ့ ခြဲစိတ္မႈမ်ိဳးလုပ္ၿပီး ( Laproscopic Removal) ဗိုက္အတြင္းက သည္းေျခအိတ္ကို အလြယ္တကူဖယ္ထုတ္လို႔ရတာမို႔ ခြဲစိတ္ရမွာကို အရမ္း ႀကီးအေၾကာက္ပါနဲ႔လို႔ေျပာခ်င္ပါတယ္။ ခြဲစိတ္ၿပီး ျပသနာမစွိဘူးဆိုရင္ ၃ရက္ေလာက္ဆ္ုေဆးရံုကဆင္းလို႔ေတာင္ရႏိုင္ပါတယ္။ ဒီလို ခြဲစိတ္ၿပီးသည္းေျခအိတ္ထုတ္တာရဲ႕ေနာက္ဆက္တလဲကေတာ့ ဝမ္းေပ်ာ့ေပ်ာ့သြားႏိုင္ပါတယ္။ဒါကလည္း ဝမ္းေပ်ာ့ေစတဲ့အစားအစာေရွာင္ၿပီးစားမယ္ ဆိုရင္အဆင္ေျပမွာပါ။

မခြဲမစိတ္ဘဲေဆးေသာက္မယ္ဆိုရင္ေတာ့

_ ေက်ာက္ေၾကေစတဲ့ေဆးေတြရွ္ပါတယ္။ ဆရာဝန္က ေဆးပဲေသာက္ဖို႔လိုရင္ေဆးေသာက္ဖို႔ ေျပာပါလိမ့္မယ္။ ေဆးေသာက္ရင္ေတာ့ ေက်ာက္ေၾကဖို႔ၾကာသလို၊ ျပန္လည္းျဖစ္တတ္ပါတယ္။ သည္းေျခေက်ာက္ျဖစ္ေနတဲ့လူေတြသိဖို႔အတြက္ ေဆာင္းပါးေလးကိူ မၽွေဝေပးႏိုင္ပါတယ္။

မယ္တင္( ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *