ကလေးကိုဖြည့်စွက်စာကျွေးတဲ့အခါရှောင်သင့်သည်များ
ကလေးငယ်တွေကို ဘယ်အချိန်မှာဖြည့်စွက်စာကျွေးမလဲ?
ဘာတွေရှောင်ရမလဲ ဆိုတာလေးပြောပြချင်ပါတယ်။ ကလေးငယ် အသက် ၆လ ပြည့်ပြီးတာနဲ့ အမေနို့လည်းတိုက်ပြီး ဖြည့်စွက်စာပါအတူတကွကျွေးရပါတယ်။
ဒါမှ သူ့ရဲ့ကြီးထွားလာတဲ့ ဖွံဖြိုးလာတဲ့ ခန္တာကိုယ်က လိုအပ်တဲ့ဓာတ်တွေအလုံအလောက်ရမှာပေါ့နော်။ဘာလို့ကလေး ၆လ မှစပြီးဖြည့်စွက်စာကျွေးရလည်းဆိုရင်
၁) ကလေးငယ်ရဲ့အစာအိမ်ဟာပြင်ပအစားအစာအတွက်ကိုယ်ခံအား ၆လမှထွက်လို့ပါ
၂) ကလေးငယ်ရဲ့အစာအိမ်ဟာ ၆လကျော်မှ အစာကိုချေဖျက်စုပ်ယူနိုင်လို့ပါ။
၃) ကလေးငယ်ရဲ့ကျော်ကပ်က အသားဓာတ်တွေကို ၆လကျော်မှစွန့်ထုတ်နိုင်လို့ပါ။
တကယ်လို့ ၆ လမတိုက်ခင်ဖြည့်စွက်စာကျွေးမယ်ဆိုရင်
* အမေအနေနဲ့နို့မထွက်တော့တာ
* ကလေး အူလမ်းကြောင်းပြသနာဖြစ်တာ
* ကလေးမှာသံဓာတ်ချို့တဲ့တာတွေဖြစ်တတ်ပါတယ်။
နောက်ကျမှကျွေးမယ်ဆိုရင်တော့
* ကလေ းင ယ်က နို့သာသောက်ချင်ပြီး အစားမစားချင်တာတွေဖြစ်လာပါတယ်။မကျွေးသင့်တဲ့အစားအစာတွေက
* ကြက်ဥအနှစ် အသားဓာတ်အရမ်းများပြီး ကလေးတစ်နှစစ်အောက်ဆိုမကျွေးသင့်ပါဘူး။ ကြက်ဥအနှစ်မှာပါတဲ့ ဘက်တီးရီးယားတွေက ကလေးကို မအမသာဖြစ်စေနိုင်ပါတယ်။
* မြေပဲထောပတ်( Peanut Butter) ကလေးတွေအရမ်းကြိုက်တဲ့အစားအစာပါ။ ဒါပေမယ့် သူရဲ့ စေးကပ်တဲ့အာနိသင်ကြောင့်ကလေးငယ်သွားတွေမှာအနည်ထိုင်ပြီး သွားပျက်စီးစေပါတယ်။
* အစေ့အဆံများ တကယ်တော့မြေပဲဟာကလေးအတွက်အာဟာရရှိပါတယ်။ သူ့အရွယ်အစားလေးဟာ သေးလွန်းတော့မြေပဲစားပြီး အစာနင်တဲ့ကလေးတွေ အတော်များများတွေ့ရတတ်လို့ အစေ့အဆံ အသေးလေးတွေကျွေးရင်အလွန်သတိထားသင့်ပါတယ်။
* စည်သွတ်ဘူးများစည်သွတ်ဘူးတွေဟာတာရှည်ခံအောင်လုပ်ထားလို့ ကလေးငယ်တွေမှာ အစာအဆိပ်သင့်အန်တာ၊ ဝမ်းပျက်တာတွေဖြစ်နိုင်ပါတယ်။
* ပျားရည် ပျားရည် ဟာဆေးဖက်ဝင်တာမှန်ပေမယ့် ကလေးတွေအတွက်မဟုတ်ပါဘူး။ ပျားရည်မှာ တစ်ခါတစ်လေ မှိုလေးတွေပါတတ်ပြီး ကလေးကို ပိုးဝင်စေတတ်ပါတယ်။
* ချဉ်သောအသီးအနှံများ အသီးအနှံတွေဟာ ကျန်းမာရေးအတွက်ကောင်းမွန်ပေမယ့် ချဉ်တဲ့အသီးအမျိုးမျိုးဟာအစာအိမ် အက်ဆစ်များစေပါတယ်။ကလေးငယ်တွေဟာ ဒီဒဏ်ကိုမခံနိုင်တတ်ပါဘူး။ကျွေးချင်ရင်တောင်ကလေးတစ်နှစ်ကျော်မှ ကျွေးသင့်ပါတယ်။
မယ်တင်( ဆေး ၁)
မယ်တင်( ဆေး ၁)