မေ့မေ့ မှတ်စု (၂) ကလေးနှင့် ဖြည့်စွက်စာ

ဖြည့်စွက်စာဆိုသည်မှာ ကလေးကြီးထားလာသည်နှင့်အမျှ မိခင်နို့တစ်ခုထဲနှင့် မလုံလောက်တော့ဘဲ ခန္တာကိုယ်လိုအပ်ချက်အရ အာဟာရမျှတအောင် အစားအသောက်ပုံစံပြောင်းခြင်းဖြစ်ပါသည်

ဖြည့်စွက်စာကို စနစ်တကျ ကျွေးပါက မိမိရင်သွေးလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးနိုင်မည် ဖြစ်သည်၊ ဖြည့်စွက်စာ စနစ်တကျ မကျွေးပါက
ကလေး ညှက်ခြင်း၊ အာဟာရချို့တဲ့ ခြင်းဖြစ်တတ်ပါသည်

ဖြည့်စွက်စာ ကျွေးနေစဉ်လည်း မိခင်နို့ကို ကလေးအသ် ၂နှစ်အထိ တိုကိကျွေးရပါမည်။

မည်သည့်အချိန်တွင်ဖြည့်စွက်စာ စတင်ကျွေးနိုင်သနည်း?
ကလေးအသက် ၆လတွင် စတင်ကျွေးနိုင်သည်။ ကလေးအသက် ၆ လမတိုင်ခင် မကျွေးသင့်ပါ၊ ကလေး၏ အစာအိမ်အူလမ်းကြောင်း အသင့် မဖြစ်သေးခင်တွင် မိခင်နို့တစ်မျိုးသာ တိုက်သင့်ပါသည်။

မည်သည့် အစားအစာများကျွေးနိုင်သနည်း?
အစားအစားများသည် ကလေးအသက်ပေါ်မူတည်၍ ကွာခြားပါသည်။ ကလေး အသက် ၆လမှ ၈လ အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရပါမည်။

ပုံမှန်ချက်သော ထမင်းကို ဇွန်းကြီးတစ်ဇွန်းခန့်ယူ၍ ရေထပ်ထည့်၍ ပြုတ်ပါ။ ထို့နောက် ကြိတ်ထားသော(သို့) ထောင်းထားသော ပဲနီလေး အမှုန့်၊ဆီ တစ်ဇွန်းထည့်၍ ဆူအောင်တည်ပါ၊ အာဟာရပြည့်ဝသော ဆန်ပြုတ်ကို ကလေးအား စားပွဲတင်ဇွန်း ၂ ဇွန်းခန့် တစ်နေ့ ၂ကြိမ် ကျွေးနိုင်ပါသည်။

ကလေး အသက် ၈လ မှ ၁၂လ ထိ ထမင်း ခပ်ပျော့ပျော့ကို ဆီ၊ ကြက်ဥ(သို့) နူးနေသော အသား(သို့) ငါး နှင့် ပဲတို့ကိုရော၍ ကလေးအားကျွေးနိုင်ပါသည်
ပါးပါးလှီးထားသော အရွက် တို့ကို လည်း ထည့်ကျွေးနိုင်ပါသည်။

ပျော့အောင်ခြေထားသော သရက်သီး၊ငှက်ပျောသီး၊ သင်္ဘောသီးတို့ကို လည်းအဆာပြေ အနေနှင့်ကျွေးနိုင်ပါသည်။

နို့တိုက်နေသော ကလေးများအတွက် တစ်နေ့လျှင် ၃ကြိမ်၊ နို့ မတိုက်တော့သော ကလေးများအတွက် တစ်နေ့လျှင် ၅ကြိမ် ကျွေးနိုင်သည်။

ကလေးအသက် ၂ နှစ်အထိ မိခင်နို့ချို တိုက်ကျွေးရန်လိုအပ်ပါသည်။ ဤ အရွယ်တွင်မူ မိသားစုချက်သည့် ဟင်းထမင်းအတိုင်း ကလေးအားကျွေူးနိုင်ပါသည်
တစ်နေ့လျှင် ၃နပ် ကျွေး၍ ကြားတွင် အဆာပြေ ကျွေူးနိုင်ပါသည်။

အဆာပြေ အာဟာရ ဖြစ်အောင် မည်သည်များကျွေးနိုင်သနည်း?
ကန်စွန်းဥပြုတ်၊ ကြက်ဥပြုတ်၊ မြေပဲပြုတ် များ၊ သန့်ရှင်းလတ်ဆက်သော ရာသီပေါ်အသီးအနှံများကျွေးနိုင်ပါသည်။

မယ်တင် (ဆေး ၁)













မယ်တင် (ဆေး ၁)

MyDoctor Telemedicine Application
Related posts
ကလေးကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

👶 ကလေးလှုပ်တာ မှတ်သားစရာ

1 Mins read
ဒီဆောင်းပါးမှာတော့ မေမေတို့သိသင့်တဲ့ ကလေးလှုပ်ခြင်းအကြောင်းကို အမေးအဖြေလေးတွေနဲ့ ရေးသားပေးသွားမှာဖြစ်ပါတယ်။*Fetal kick counting/ကလေးလှုပ်တာကိုမှတ်ရမယ် ဆိုတာဘာလဲ ❓ ကလေးလှုပ်ခြင်းကို မှတ်တာဟာ အသက်မပါတဲ့ကလေး (Still birth) တွေမွေးခြင်းကို ကာကွယ်တဲ့နည်းတစ်မျိုးပါပဲ။ ကိုယ်ဝန် ၂၈ပတ်ကနေ ကလေးမွေးတဲ့အထိ ကြားထဲမှာ နေ့စဉ်ကလေးလှုပ်ရှားမှုကို မှတ်သားထားရပါတယ်။…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

🤷 လွဲမှားနေသော ရှေးရိုးစွဲအယူအဆများနှင့် မမ ဗိုက်များ 🤰

1 Mins read
ကျွန်တော် special talk တွေလိုက်ပြောတိုင်း မေးနေကြမေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မိန်းမတယောက်ရဲ့ အလှဆုံးအချိန်က ဘယ်အချိန်လဲ ဆိုတာပါ။ ဖြေကြပါတယ် ရေချိုးပြီးတဲ့အချိန်၊ အိပ်နေတဲ့အချိန်၊ မင်္ဂလာဆောင်တဲ့အချိန်၊ (တချို့က ပါလိုက်သေးတယ် ရာသီလာတဲ့အချိန်တဲ့ ဟဟ) အမျိုးမျိုးပဲ။ မှန်အောင်ဖြေ နိုင်တဲ့သူ အင်မတန်ရှားပါတယ်။…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

How soon after pregnancy will it appear on the urine HCG test ?

1 Mins read
ကိုယ်ဝန်ရပြီး ဘယ်လောက်အကြာမှာ ဆီးစစ်တံမှာ ပေါ်မလဲ ❓ အမျိုးသမီးတွေကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေဟာ နောက်ပိုင်းမှာလွယ်ကူပြီး ရိုးရှင်းလာသလို မြန်မြန်ဆန်ဆန် လဲ သိနိုင်လာပါတယ်။ ယခင်က ကိုယ်ဝန်ရှိနေမှန်း မသေချာတာ၊ ရာသီမလာတဲ့ လတွေများလာတော့မှ ကိုယ်ဝန်ရှိမှန်းသိနိုင်တဲ့ အခြေအနေကနေ…

Leave a Reply

Your email address will not be published. Required fields are marked *