“အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ လိင်မှုဆိုင်ရာ ပြဿနာ ၄ ခု”
လိင်မှုကိစ္စ ဆိုတာက အရွယ်ရောက်လာပြီဆိုရင် မလွဲမသွေ ကြုံလာရတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါ သဘာဝပါပဲ။ ကျွန်တော်တို့ဆီမှာတော့ ဒါကို ရှက်စရာတစ်ခုလိုမျိုး မြင်နေတတ်ကြပါတယ်။ ထုတ်ပြီးတော့ မပြောကြဘူး၊ မဆွေးနွေးကြဘူး၊ မမေးမြန်းကြဘူး။ တော်တော်ကြီး အဆင်မပြေမှသာ လာမေးကြတာ။ ဒါတောင် ဆေးခန်းသွားပြဖို့ လိုမယ်ဆို အများစုက တွန့်ဆုတ်နေတတ်ကြပါသေးတယ်။
ပိုပြီးဆိုးတာက အမျိုးသမီးတွေပေါ့။ ငယ်ငယ်ကတည်းက အုပ်ထိန်းသွန်သင်လာတာတွေကြောင့် အရှက်အကြောက် သိပ်ကြီးတယ်။ ဒီတော့ လိင်မှုဆိုင်ရာပြဿနာတခုခု ကြုံလာရရင် ဖွင့်ဟပြောဖို့၊ မေးမြန်းဖို့ရာ သိပ်ခက်တယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် သူတို့အမျိုးသားကိုတောင်မှ ဖွင့်မပြောကြဘူး။ ဒါကြောင့်မို့ အဲ့လိုမေးရခက်နေတဲ့ အမျိုးသမီးတွေအပါအဝင် ချစ်သူစုံတွဲ၊ အိမ်ထောင်သည်တွေအားလုံး သိထားနိုင်ဖို့ ဒီဆောင်းပါးလေးကတစ်ဆင့် ဝေမျှချင်ပါတယ်။
အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ လိင်မှုဆိုင်ရာ ပြဿနာ ၄ ခုရှိပါတယ်။
၁။ လိင်ဆန္ဒနည်းပါးခြင်း (Desire disorders)
အမျိုးသားနဲ့ အတူနေဖို့ စိတ်မပါတာမျိုးပါ။ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ အသက်အရွယ်၊ ဟော်မုန်းပြဿနာ၊ ရောဂါတခုခုရှိနေတာ၊ စိတ်ဖိစီးမှုတခုခု ကြုံနေရတာ၊ နောက်ပြီး အိမ်ထောင်သက်ကြာလာလို့ ပုံမှန်ဆက်ဆံနေရတာကို ငြီးငွေ့လာတာ၊ သူနဲ့ကိုယ်နဲ့ အိမ်ထောင်ရေး အဆင်မပြေတာ၊ ကလေးမွေးပြီးစမို့ စိတ်မပါတာ စသဖြင့် အကြောင်းရင်းတွေ ရှိနိုင်ပါတယ်။ အဲ့ဒီလိုများ ဖြစ်နေခဲ့ရင် ခုပြောခဲ့တဲ့ အကြောင်းရင်းတွေအပြင် တခြားဘာတွေရော ရှိနိုင်သေးလဲ တစ်ချက်စဉ်းစားကြည့်ပြီး အဖြေရှာလို့ ရပါတယ်။
၂။ လိင်ဆက်ဆံမှု အဆင်မပြေခြင်း (Arousal disorders)
လိင်စိတ်ထကြွမှုအပိုင်းမှာ ပြဿနာဖြစ်တာပါ။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ လိင်စိတ်ဖြစ်လာပြီဆိုရင် သူ့ရဲ့ မိန်းမကိုယ်ကနေ အရည်တွေထွက်လာပါတယ်။ ဒါက လိင်ဆက်ဆံတဲ့အခါမှာ ချောမွေ့ဖို့ သဘာဝက ဖန်တီးပေးထားတာပါ။ ခု အဲ့လိုမဖြစ်ဘဲ သူ့ရဲ့ မိန်းမကိုယ်က ခြောက်သွေ့နေတာမျိုးပေါ့။ ဒီတော့ ဆက်ဆံရတာ အဆင်မပြေဘူး။ နာတယ်။ ကျင်တယ်။ ဖြစ်နိုင်တာကတော့ ပထမပြဿနာလို စိတ်မပါတာ၊ စိတ်ဖိစီးမှုဖြစ်နေတာ၊ ဒါမှမဟုတ်လည်း နှိုးဆွမှု အားနည်းတာကြောင့်လည်း ဖြစ်တတ်တယ်။ အမျိုးသမီးရဲ့ သဘာဝက အမျိုးသားလိုမျိုး ချက်ချင်းလက်ငင်း စိတ်ထကြွလာတာမျိုး မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း သွားတယ်။ အချိန်နည်းနည်းလေး ပေးရတယ်။ အင်္ဂလိပ်လိုတော့ Foreplay လုပ်တယ်ခေါ်တာပေါ့။ စကားလေးတွေ ပြောပေးတာ၊ ပွတ်သပ်ပေးတာ စသဖြင့် အချိန်တစ်ခုယူပြီး သူ့ဘက်က စိတ်ပါလာတဲ့အထိ နှုးပေးဖို့ လိုပါလိမ့်မယ်။ ဘယ်လိုမှမရခဲ့ရင်လည်း ချောဆီ (Lubricant) တခုခုကို ရေတိုနည်းအနေနဲ့ အသုံးပြုနိုင်တယ်။ အကောင်းဆုံးကတော့ ဘာကြောင့်ဖြစ်တယ် ဆိုတာကို အဖြေရှာနိုင်ဖို့ပါပဲ။ ဒါကို သဘောမပေါက်ဘဲ အတင်းအကြပ်လုပ်မိရင် အမျိုးသမီးက ပိုနာကျင်မယ်။ ဒီတော့ အတူနေဖို့ကို ပိုတွန့်ဆုတ်မယ်။ ကြောက်လာမယ်။ အဲ့ဒီတော့ အခြေအနေက ပိုဆိုးပြီး သံသရာလည်နေပါလိမ့်မယ်။
၃။ ဆန္ဒမပြီးမြောက်ခြင်း (Orgasmic disorders)
ဒါကတော့ အတူနေတယ်၊ ဒါပေမယ့် ဆန္ဒပြီးမြောက်မှု မရှိတာပေါ့။ အတူနေတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမတည့်လို့ ဖြစ်တာကြောင့်လည်း ရှိသလို၊ အမျိုးသမီးက ရှက်ကြောက်ပြီး ပွင့်ပွင့်လင်းလင်း မဆက်ဆံတာ၊ သူ့ခံစားချက်တွေကို ချုပ်တည်းထားတာပေါ့၊ နောက် စိတ်ဖိစီးမှုရှိနေတာ၊ ဒီလိုဆက်ဆံမှုအတွက် အပြစ်ရှိသလို ခံစားနေရတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဖြစ်တတ်တယ်။ နောက်ပြီး အရင်တုန်းက လိင်အကြမ်းဖက်မှုတခုခု ကြုံတွေ့ထားရဖူးလို့ ဒီလိုအတူနေတိုင်း အဲဒီခံစားချက်ကြီးက ပြန်ပြန်ပေါ်လာပြီး ဆန္ဒမပြီးမြောက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
၄။ လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Sexual pain disorders)
ဒီပြဿနာကတော့ ရှေ့ပြောခဲ့တဲ့ ပြဿနာတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ဥပမာ စိတ်မပါဘူး၊ သူ့ရဲ့ မိန်းမကိုယ်က ခြောက်သွေ့နေမယ်၊ ဒီတော့ ဆက်ဆံရင် နာကျင်တယ်။ နောက်ပြီး သားအိမ်မှာ အလုံးဖြစ်နေတာ၊ အရည်အိတ်တည်နေတာ၊ နောက် ပိုးဝင်နေတာ စတဲ့ ရောဂါတခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့အမျိုးသမီးတွေမှာဆို လိင်ဆက်ဆံရင် နာကျင်မှာဆိုတဲ့ အစွဲတစ်ခု ရှိနေတတ်တယ်။ ဒါမှမဟုတ် ပထမဆုံးအတွေ့အကြုံမှာ ဆိုးဆိုးရွားရွား နာကျင်ခဲ့လို့ ဒီလိုကြောက်လန့်နေတာမျိုးလည်း ရှိတယ်။ သူတို့မှာဆို ဒီလိုဆက်ဆံလိုက်တိုင်း နာကျင်နေတယ်ဆိုတဲ့ ပြဿနာမျိုး တွေ့ရတတ်ပါတယ်။
ဒါတွေကတော့ တွေ့ရများတဲ့ ပြဿနာတွေကို ပြောပြခဲ့တာပါ။ ဖြေရှင်းနည်းတချို့ကိုလည်း ထည့်ရေးပေးခဲ့ပါတယ်။ ဒီလိုမျိုး ကိုယ့်ဟာကိုယ်အဖြေရှာလို့ မရ ဖြစ်နေတယ်ဆိုရင်တော့ ဆေးခန်းပြပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
အချက်အလက်တွေအရ အမျိုးသမီးတွေရဲ့ ၄၃ ရာခိုင်နှုန်းဟာ ဒီလိုပြဿနာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ ထုတ်ပြောခြင်းမရှိပါဘူး။ ကိုယ့်အိမ်ထောင်ဘက် အမျိုးသားကိုတောင်မှ မပြောပါဘူး။ ဘာလို့ဆိုတော့ အဲ့လိုပြောလိုက်ရင် အထင်သေးသွားမလား၊ ဒီလိုကိစ္စမျိုးမှာ စိတ်အားထက်သန်တယ် ထင်သွားမလား စတဲ့ မလုံမလဲစိတ်တွေကြောင့်ပါ။ နောက်ပြီး ဒီလိုပြဿနာမျိုး ကြုံတွေ့နေရသူတွေဟာ သူတို့ကိုယ်သူတို့ အပြစ်ရှိသလို ခံစားနေရပါတယ်။ အိမ်ထောင်ရေးမှာ တာဝန်မကျေဘူး ဆိုတာမျိုးပေါ့။ နောက် သူတို့အမျိုးသားက ဖောက်ပြန်မှာ၊ နောက်တစ်ယောက်နဲ့ တွေ့သွားမှာ စိတ်ပူတယ်။ တချို့ဆို အဲ့လိုဖြစ်မှာလည်း ပူ၊ ဖြစ်လာရင်လည်း ပြဿနာမရှာရက်၊ ဖြစ်လည်းမဖြစ်စေချင်နဲ့ တော်တော်လေးကိုမှ စိတ်ပင်ပန်းရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အပြင်ပန်းကြည့်လိုက်ရင်တော့ ဘာမှဖြစ်မနေဘူးပေါ့။
ဒါကြောင့်မို့ ဒီလိုပြဿနာတွေ ရှိနိုင်တာကို အမျိုးသားရော အမျိုးသမီးပါ သိထားဖို့ လိုပါတယ်။ အရေးကြီးဆုံး အကြံပြုချင်တာတစ်ခုကတော့ အပြန်အလှန် ဖေးမကူညီပေးဖို့၊ နားလည်ပေးဖို့၊ အားပေးဖို့ သိပ်လိုအပ်တယ် ဆိုတာပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တာမို့ အဲ့လိုစိတ်ရှည်ရှည်ထားပြီး အတူဖြေရှင်းခြင်းက အမျိုးသမီးရဲ့ စိတ်ပိုင်းဆိုင်ရာကို အထောက်အကူပေးမှာ ဖြစ်ပါတယ်။
ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ
“အမ်ိဳးသမီးေတြမွာ အေတြ႕ရမ်ားတဲ့ လိင္မႈဆုိင္ရာ ျပႆနာ ၄ ခု”
လိင္မႈကိစၥ ဆိုတာက အရြယ္ေရာက္လာျပီဆုိရင္ မလြဲမေသြ ၾကံဳလာရတဲ့ ကိစၥတစ္ခု ျဖစ္ပါတယ္။ ဒါ သဘာ၀ပါပဲ။ ကၽြန္ေတာ္တုိ႕ဆီမွာေတာ့ ဒါကို ရွက္စရာတစ္ခုလိုမ်ိဳး ျမင္ေနတတ္ၾကပါတယ္။ ထုတ္ျပီးေတာ့ မေျပာၾကဘူး၊ မေဆြးေႏြးၾကဘူး၊ မေမးျမန္းၾကဘူး။ ေတာ္ေတာ္ၾကီး အဆင္မေျပမွသာ လာေမးၾကတာ။ ဒါေတာင္ ေဆးခန္းသြားျပဖို႕ လိုမယ္ဆုိ အမ်ားစုက တြန္႕ဆုတ္ေနတတ္ၾကပါေသးတယ္။
ပိုျပီးဆုိးတာက အမ်ိဳးသမီးေတြေပါ့။ ငယ္ငယ္ကတည္းက အုပ္ထိန္းသြန္သင္လာတာေတြေၾကာင့္ အရွက္အေၾကာက္ သိပ္ၾကီးတယ္။ ဒီေတာ့ လိင္မႈဆုိင္ရာျပႆနာတခုခု ၾကံဳလာရရင္ ဖြင့္ဟေျပာဖုိ႕၊ ေမးျမန္းဖုိ႕ရာ သိပ္ခက္တယ္။ ေနာက္ဆံုးကုန္ကုန္ေျပာရရင္ သူတို႕အမ်ိဳးသားကိုေတာင္မွ ဖြင့္မေျပာၾကဘူး။ ဒါေၾကာင့္မို႕ အဲ့လုိေမးရခက္ေနတဲ့ အမ်ိဳးသမီးေတြအပါအ၀င္ ခ်စ္သူစံုတြဲ၊ အိမ္ေထာင္သည္ေတြအားလံုး သိထားႏုိင္ဖုိ႕ ဒီေဆာင္းပါးေလးကတစ္ဆင့္ ေ၀မွ်ခ်င္ပါတယ္။
အမ်ိဳးသမီးေတြမွာ အေတြ႕ရမ်ားတဲ့ လိင္မႈဆုိင္ရာ ျပႆနာ ၄ ခုရွိပါတယ္။
၁။ လိင္ဆႏၵနည္းပါးျခင္း (Desire disorders)
အမ်ိဳးသားနဲ႕ အတူေနဖို႕ စိတ္မပါတာမ်ိဳးပါ။ အေၾကာင္းအရင္းမ်ိဳးစံုေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ အသက္အရြယ္၊ ေဟာ္မုန္းျပႆနာ၊ ေရာဂါတခုခုရွိေနတာ၊ စိတ္ဖိစီးမႈတခုခု ၾကံဳေနရတာ၊ ေနာက္ျပီး အိမ္ေထာင္သက္ၾကာလာလို႕ ပံုမွန္ဆက္ဆံေနရတာကို ျငီးေငြ႕လာတာ၊ သူနဲ႕ကုိယ္နဲ႕ အိမ္ေထာင္ေရး အဆင္မေျပတာ၊ ကေလးေမြးျပီးစမို႕ စိတ္မပါတာ စသျဖင့္ အေၾကာင္းရင္းေတြ ရွိႏုိင္ပါတယ္။ အဲ့ဒီလိုမ်ား ျဖစ္ေနခဲ့ရင္ ခုေျပာခဲ့တဲ့ အေၾကာင္းရင္းေတြအျပင္ တျခားဘာေတြေရာ ရွိႏုိင္ေသးလဲ တစ္ခ်က္စဥ္းစားၾကည္႕ျပီး အေျဖရွာလို႕ ရပါတယ္။
၂။ လိင္ဆက္ဆံမႈ အဆင္မေျပျခင္း (Arousal disorders)
လိင္စိတ္ထၾကြမႈအပုိင္းမွာ ျပႆနာျဖစ္တာပါ။ ပံုမွန္အားျဖင့္ အမ်ိဳးသမီးတစ္ေယာက္ဟာ လိင္စိတ္ျဖစ္လာျပီဆုိရင္ သူ႕ရဲ႕ မိန္းမကုိယ္ကေန အရည္ေတြထြက္လာပါတယ္။ ဒါက လိင္ဆက္ဆံတဲ့အခါမွာ ေခ်ာေမြ႕ဖုိ႕ သဘာ၀က ဖန္တီးေပးထားတာပါ။ ခု အဲ့လိုမျဖစ္ဘဲ သူ႕ရဲ႕ မိန္းမကုိယ္က ေျခာက္ေသြ႕ေနတာမ်ိဳးေပါ့။ ဒီေတာ့ ဆက္ဆံရတာ အဆင္မေျပဘူး။ နာတယ္။ က်င္တယ္။ ျဖစ္ႏုိင္တာကေတာ့ ပထမျပႆနာလို စိတ္မပါတာ၊ စိတ္ဖိစီးမႈျဖစ္ေနတာ၊ ဒါမွမဟုတ္လည္း ႏိႈးဆြမႈ အားနည္းတာေၾကာင့္လည္း ျဖစ္တတ္တယ္။ အမ်ိဳးသမီးရဲ႕ သဘာ၀က အမ်ိဳးသားလိုမ်ိဳး ခ်က္ခ်င္းလက္ငင္း စိတ္ထၾကြလာတာမ်ိဳး မဟုတ္ပါဘူး။ ျဖည္းျဖည္းခ်င္း သြားတယ္။ အခ်ိန္နည္းနည္းေလး ေပးရတယ္။ အဂၤလိပ္လိုေတာ့ Foreplay လုပ္တယ္ေခၚတာေပါ့။ စကားေလးေတြ ေျပာေပးတာ၊ ပြတ္သပ္ေပးတာ စသျဖင့္ အခ်ိန္တစ္ခုယူျပီး သူ႕ဘက္က စိတ္ပါလာတဲ့အထိ ႏႈးေပးဖို႕ လိုပါလိမ့္မယ္။ ဘယ္လိုမွမရခဲ့ရင္လည္း ေခ်ာဆီ (Lubricant) တခုခုကို ေရတုိနည္းအေနနဲ႕ အသံုးျပဳႏုိင္တယ္။ အေကာင္းဆံုးကေတာ့ ဘာေၾကာင့္ျဖစ္တယ္ ဆုိတာကုိ အေျဖရွာႏုိင္ဖုိ႕ပါပဲ။ ဒါကို သေဘာမေပါက္ဘဲ အတင္းအၾကပ္လုပ္မိရင္ အမ်ိဳးသမီးက ပိုနာက်င္မယ္။ ဒီေတာ့ အတူေနဖုိ႕ကို ပိုတြန္႕ဆုတ္မယ္။ ေၾကာက္လာမယ္။ အဲ့ဒီေတာ့ အေျခအေနက ပိုဆုိးျပီး သံသရာလည္ေနပါလိမ့္မယ္။
၃။ ဆႏၵမျပီးေျမာက္ျခင္း (Orgasmic disorders)
ဒါကေတာ့ အတူေနတယ္၊ ဒါေပမယ့္ ဆႏၵျပီးေျမာက္မႈ မရွိတာေပါ့။ အတူေနတ့ဲအခါ တစ္ေယာက္နဲ႕တစ္ေယာက္ အေပးအယူမတည္႕လို႕ ျဖစ္တာေၾကာင့္လည္း ရွိသလို၊ အမ်ိဳးသမီးက ရွက္ေၾကာက္ျပီး ပြင့္ပြင့္လင္းလင္း မဆက္ဆံတာ၊ သူ႕ခံစားခ်က္ေတြကုိ ခ်ဳပ္တည္းထားတာေပါ့၊ ေနာက္ စိတ္ဖိစီးမႈရွိေနတာ၊ ဒီလိုဆက္ဆံမႈအတြက္ အျပစ္ရွိသလို ခံစားေနရတာ စတဲ့ စိတ္ပုိင္းဆုိင္ရာ ျပႆနာေတြေၾကာင့္လည္း ျဖစ္တတ္တယ္။ ေနာက္ျပီး အရင္တုန္းက လိင္အၾကမ္းဖက္မႈတခုခု ၾကံဳေတြ႕ထားရဖူးလုိ႕ ဒီလိုအတူေနတုိင္း အဲဒီခံစားခ်က္ၾကီးက ျပန္ျပန္ေပၚလာျပီး ဆႏၵမျပီးေျမာက္တာမ်ိဳးလည္း ျဖစ္ႏုိ္င္ပါတယ္။
၄။ လိင္ဆက္ဆံစဥ္ နာက်င္ျခင္း (Sexual pain disorders)
ဒီျပႆနာကေတာ့ ေရွ႕ေျပာခဲ့တဲ့ ျပႆနာေတြနဲ႕လည္း ဆက္စပ္ေနႏုိင္ပါတယ္။ ဥပမာ စိတ္မပါဘူး၊ သူ႕ရဲ႕ မိန္းမကုိယ္က ေျခာက္ေသြ႕ေနမယ္၊ ဒီေတာ့ ဆက္ဆံရင္ နာက်င္တယ္။ ေနာက္ျပီး သားအိမ္မွာ အလံုးျဖစ္ေနတာ၊ အရည္အိတ္တည္ေနတာ၊ ေနာက္ ပိုး၀င္ေနတာ စတဲ့ ေရာဂါတခုခုေၾကာင့္လည္း ျဖစ္ႏို္င္ပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြမွာဆုိ လိင္ဆက္ဆံရင္ နာက်င္မွာဆုိတဲ့ အစြဲတစ္ခု ရွိေနတတ္တယ္။ ဒါမွမဟုတ္ ပထမဆံုးအေတြ႕အၾကံဳမွာ ဆုိးဆိုးရြားရြား နာက်င္ခဲ့လုိ႕ ဒီလိုေၾကာက္လန္႕ေနတာမ်ိဳးလည္း ရွိတယ္။ သူတို႕မွာဆုိ ဒီလုိဆက္ဆံလုိက္တုိင္း နာက်င္ေနတယ္ဆုိတဲ့ ျပႆနာမ်ိဳး ေတြ႕ရတတ္ပါတယ္။
ဒါေတြကေတာ့ ေတြ႕ရမ်ားတဲ့ ျပႆနာေတြကို ေျပာျပခဲ့တာပါ။ ေျဖရွင္းနည္းတခ်ိဳ႕ကိုလည္း ထည္႕ေရးေပးခဲ့ပါတယ္။ ဒီလုိမ်ိဳး ကုိယ့္ဟာကိုယ္အေျဖရွာလို႕ မရ ျဖစ္ေနတယ္ဆုိရင္ေတာ့ ေဆးခန္းျပျပီး စစ္ေဆးၾကည္႕တာ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။
အခ်က္အလက္ေတြအရ အမ်ိဳးသမီးေတြရဲ႕ ၄၃ ရာခုိင္ႏႈန္းဟာ ဒီလိုျပႆနာေတြ ၾကံဳေတြ႕ေနရတယ္လို႕ ဆုိပါတယ္။ ဒါေပမယ့္ ဘယ္သူ႕ကုိမွ ထုတ္ေျပာျခင္းမရွိပါဘူး။ ကုိယ့္အိမ္ေထာင္ဘက္ အမ်ိဳးသားကုိေတာင္မွ မေျပာပါဘူး။ ဘာလို႕ဆုိေတာ့ အဲ့လိုေျပာလိုက္ရင္ အထင္ေသးသြားမလား၊ ဒီလုိကိစၥမ်ိဳးမွာ စိတ္အားထက္သန္တယ္ ထင္သြားမလား စတဲ့ မလံုမလဲစိတ္ေတြေၾကာင့္ပါ။ ေနာက္ျပီး ဒီလိုျပႆနာမ်ိဳး ၾကံဳေတြ႕ေနရသူေတြဟာ သူတုိ႕ကုိယ္သူတုိ႕ အျပစ္ရွိသလို ခံစားေနရပါတယ္။ အိမ္ေထာင္ေရးမွာ တာ၀န္မေက်ဘူး ဆုိတာမ်ိဳးေပါ့။ ေနာက္ သူတို႕အမ်ိဳးသားက ေဖာက္ျပန္မွာ၊ ေနာက္တစ္ေယာက္နဲ႕ ေတြ႕သြားမွာ စိတ္ပူတယ္။ တခ်ိဳ႕ဆုိ အဲ့လိုျဖစ္မွာလည္း ပူ၊ ျဖစ္လာရင္လည္း ျပႆနာမရွာရက္၊ ျဖစ္လည္းမျဖစ္ေစခ်င္နဲ႕ ေတာ္ေတာ္ေလးကိုမွ စိတ္ပင္ပန္းရတဲ့ ျပႆနာေတြ ျဖစ္ပါတယ္။ အျပင္ပန္းၾကည္႕လုိက္ရင္ေတာ့ ဘာမွျဖစ္မေနဘူးေပါ့။
ဒါေၾကာင့္မို႕ ဒီလုိျပႆနာေတြ ရွိႏုိ္င္တာကို အမ်ိဳးသားေရာ အမ်ိဳးသမီးပါ သိထားဖုိ႕ လိုပါတယ္။ အေရးၾကီးဆံုး အၾကံျပဳခ်င္တာတစ္ခုကေတာ့ အျပန္အလွန္ ေဖးမကူညီေပးဖုိ႕၊ နားလည္ေပးဖို႕၊ အားေပးဖုိ႕ သိပ္လိုအပ္တယ္ ဆုိတာပါပဲ။ စိတ္ပုိင္းဆုိင္ရာ ျပႆနာေတြေၾကာင့္လည္း ျဖစ္ႏုိင္တာမို႕ အဲ့လုိစိတ္ရွည္ရွည္ထားျပီး အတူေျဖရွင္းျခင္းက အမ်ိဳးသမီးရဲ႕ စိတ္ပုိင္းဆုိင္ရာကို အေထာက္အကူေပးမွာ ျဖစ္ပါတယ္။
ေရးသားသူ – ေဒါက္တာ ျဖိဳးသီဟ