လူငယ်တွေ အမေးအများဆုံးမေးခွန်းများ – ၃
ရှေ့က ၂ ပိုင်းမှာ မေးခွန်း ၆ ခုကို ဖြေပေးခဲ့ပါတယ်။ လူငယ်တွေ ကျွန်တော့်ဆီ အမေးများတဲ့မေးခွန်းတွေထဲက တချို့ကို ထပ်ဖြေပေးလိုပါတယ်။
၇။ ပါးစပ်နဲ့ဆက်ဆံလို့ ပါးစပ်ထဲ သုက်ရည်ဝင်သွားရင် ကိုယ်ဝန်ရသွားနိုင်လား
သိနေတဲ့သူတွေအတွက်တော့ ရယ်စရာကောင်းတဲ့ မေးခွန်းပေါ့။ ဒါပေမယ့်လည်း သေသေချာချာ သိမနေတဲ့ လူငယ်တွေကတော့ စိတ်ပူတတ်ကြပါတယ်။ ဒီအတွက် ကိုယ်ဝန်ဆိုတာ ဘာကြောင့် ရလာသလဲဆိုတာကို ရှင်းပြချင်ပါတယ်။
မိန်းကလေးတစ်ယောက် အပျိုဖြစ်ပြီဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ တစ်လကိုတစ်ကြိမ် မမျိုးဥကြွေပါတယ်။ အဲဒီမမျိုးဥလေးက သားဥအိမ်ထဲကနေ ကြွေလာပြီးရင် သားဥပြွန်ထဲမှာ စောင့်နေပါတယ်၊ သုက်ပိုးရောက်အလာကိုပေါ့။ တကယ်လို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုရှိလိုက်ရင် သုက်ပိုးက မွေးလမ်းကြောင်းကနေ သားအိမ်၊ သားအိမ်ကနေမှ သားဥပြွန်ထဲကို ရောက်လာပြီး မမျိုးဥလေးနဲ့ ပေါင်းစပ်မယ်။ ဒါဆို ကိုယ်ဝန်ရသွားမယ်။
ပါးစပ်နဲ့ဆက်ဆံလို့ သုက်ရည်က ပါးစပ်ထဲရောက်သွားပြီး မျိုချမိမယ်ဆိုရင်တော့ ဒါက အစာအိမ်နဲ့ အူလမ်းကြောင်းထဲကိုပဲ ရောက်သွားတာမို့ ဘယ်လိုနည်းနဲ့မှ သားအိမ်ဆီ မရောက်နိုင်ပါဘူး။ ဒီအတွက် လုံးဝကို ကိုယ်ဝန်မရနိုင်ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ အဲ့လိုမရနိုင်လို့လည်း တချို့စုံတွဲတွေဆို ပါးစပ်နဲ့ဆက်ဆံတဲ့ Oral sex ကို ပိုလုပ်ကြတယ်။ ကိုယ်ဝန်အတွက် စိတ်ချရတယ်လေ။
အဲ့လို ကိုယ်ဝန်မရနိုင်ဘူး ဆိုပေမယ့်လည်း ဒီလို ပါးစပ်နဲ့ဆက်ဆံတာဟာ စိတ်ချရတဲ့ လိင်ဆက်ဆံမှုပုံစံတော့ မဟုတ်ပါဘူး။ ဒီကနေတစ်ဆင့် ရောဂါပိုးတွေ ကူးစက်နိုင်လို့ပါပဲ။ ဒါကြောင့် ပါးစပ်နဲ့ဆက်ဆံမယ်ဆိုရင်တောင်မှ လိင်အင်္ဂါအစွပ်ဖြစ်တဲ့ ကွန်ဒုံးကို သုံးပြီး ဆက်ဆံဖို့ လိုပါမယ်။
၈။ HIV က တံတွေးကနေတဆင့် ကူးနိုင်လား
ဒါကတော့ HIV ပိုးရှိသူနဲ့ နမ်းမိတဲ့အခါ၊ နောက်ပြီး အပေါ်မှာပြောခဲ့သလို ပါးစပ်နဲ့ အကာအကွယ်မဲ့ ဆက်ဆံမှု လုပ်မိတဲ့အခါ စိတ်ပူကြပြီး လာလာမေးကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဖြေရရင်တော့ HIV ပိုးဟာ တံတွေးကနေ ကူးစက်နိုင်ချေ အင်မတန်နည်းပါတယ်။ ဒါကြောင့် သာမန်နမ်းရှုံ့တာက ပြဿနာမရှိပါဘူး။ ပြင်းပြင်းထန်ထန်နမ်းမယ်၊ နှုတ်ခမ်းတွေ ပါးစပ်တွေမှာလည်း အနာတွေရှိခဲ့မယ်ဆိုရင်တော့ ကူးစက်နိုင်ချေ ရှိပါတယ်။
ပါးစပ်နဲ့ လိင်ဆက်ဆံမယ်ဆိုရင်လည်း ဒီလိုပါပဲ။ ကူးစက်နိုင်ချေ နည်းပါတယ်။ သို့သော် ဆက်ဆံမှုလုပ်ပေးတဲ့သူရဲ့ ပါးစပ်မှာ အနာဖြစ်နေတာ၊ ပေါက်ပြဲနေတာ၊ သွားဖုံးသွေးယိုနေတာမျိုး၊ ဆက်ဆံမှုလုပ်ခံရသူရဲ့ လိင်အင်္ဂါမှာ အနာဖြစ်နေတာ၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတခုခု ရှိနေတာမျိုးဆိုရင်တော့ ကူးစက်နိုင်ချေ ပိုများသွားပါလိမ့်မယ်။
ဒီလိုမျိုး တံတွေးကနေတဆင့် HIV ပိုးကူးစက်မှု မရှိသလောက် နည်းတယ်ဆိုလို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလို့တော့ မမြင်စေချင်ပါဘူး။ ဒီလိုပါးစပ်နဲ့ လိင်ဆက်ဆံရာကတစ်ဆင့် တခြားသော ရောဂါပိုးတွေ ကူးစက်နိုင်ချေ ရှိပါသေးတယ်။ ဒါကြောင့် အပေါ်မှာဖြေခဲ့သလိုပဲ ပါးစပ်နဲ့ လိင်ဆက်ဆံရင်လည်း လိင်အင်္ဂါအစွပ်ကိုသုံးပြီး ဆက်ဆံတာ နှစ်ဖက်စလုံးအတွက် အန္တရာယ်အကင်းဆုံးပါပဲ။
၉။ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေး ၃ ရက်လောက် ခရီးအတူထွက်မှာ။ ဟိုမှာ အတူနေဖြစ်မယ်ပေါ့။ ၃ ရက်လောက်ပဲဆိုတော့ ဘာနည်းလမ်းသုံးရမလဲ အစ်ကို
ဒီမေးခွန်းမျိုးကျ လှေနံဓါးထစ် ဘာနည်းသုံးပါဆိုပြီး ဖြေရခက်ပါတယ်။ ရွေးလို့ရတဲ့နည်းတွေပဲ ပြောပြပေးမယ်။ ကောင်လေးနဲ့ကောင်မလေး ခရီးထွက်မယ်။ ပုံမှန်အတူနေတာ မဟုတ်ဘူး။ ဒီခရီးထွက်တုန်းလေးပဲ နေဖြစ်မယ်။ ပြီးရင်လည်း နေတော့မှာမဟုတ်ဘူး။ ဒီလိုမျိုး ရက်ပိုင်းလောက်အတွက်ဆို ဘာတွေသုံးလို့ရသလဲဆို စိတ်အချရဆုံးကတော့ မိန်းကလေးက နေ့စဉ်သောက်ဆေးကတ်ကို တစ်ပတ်လောက် ကြိုတင်ပြီး အသုံးပြုထားတာပဲ။ ဒါဆို ခရီးထွက်တဲ့ရက်ရောက်ရင် အဆင်သင့်ဖြစ်နေမယ်။ ခရီးက ပြန်လာပြီးနောက်ပိုင်း အတူနေဖြစ်တာတွေရှိရင်လည်း ကာကွယ်ပြီးသားဖြစ်မယ်။
ဒီ ၃ ရက်လေးပဲ နေမှာမို့ အဲ့လောက်ထိ ဆေးတွေမသောက်ချင်ဘူးဆိုရင်တော့ ကွန်ဒုံးသုံးပြီး နေလို့ရမယ်။ အတူနေတိုင်း ကွန်ဒုံးသုံး။ ဒါဆို တခြားဘာနည်းမှ သုံးစရာမလိုတော့ဘူး။ ကွန်ဒုံးကျ
ဝယ်ရလွယ်တယ်၊ သယ်ရလွယ်တယ်၊ အသုံးပြုရလည်း လွယ်တယ်။
အဲ့လိုလည်း မသုံးချင်ပြန်ဘူးဆို လုပ်လို့ရတာတစ်ခုက ခရီးသွားတဲ့ရက်ကို မိန်းကလေးရဲ့ ရာသီလာရက်နဲ့ချိန်ပြီး စီစဉ်လို့ရတယ်။ ရက်ရှောင်တာမျိုးပေါ့။ မိန်းကလေးတစ်ယောက်ဟာ ရာသီစပေါ်တဲ့ရက်ကနေ ၇ ရက်အတွင်း ကိုယ်ဝန်ရနိုင်ချေ တအားနည်းတယ်။ ဥပမာ မိန်းကလေးက အောက်တိုဘာ ၃ ရက်နေ့မှာ ရာသီစပေါ်မယ်ဆို ၁၀ ရက်နေ့ထိသည် စိတ်ချလက်ချ အတူနေလို့ရတယ်။ ဒါကြောင့် အဲ့ကြားကာလကို ခရီးထွက်လိုက်ကြ၊ အတူနေလိုက်ကြပေါ့။ ဒါဆို ဘာနည်းမှသုံးစရာ မလိုဘူး။ သို့သော်လည်း ဒီလိုရက်တွက်ပြီး အတူနေဖို့က မိန်းကလေးက ရာသီမှန်နေဖို့ လိုတယ်၊ နောက်ပြီး အမှားအယွင်းဖြစ်ပြီး ကိုယ်ဝန်ရသွားနိုင်ချေ ရှိတယ်ဆိုတာတွေကိုတော့ သိထားရပါမယ်။
နောက်ဆုံးတစ်ခုကတော့ အရေးပေါ်ဆေးကတ် သုံးတာပေါ့။ ဒါကိုတော့ သိပ်အားမပေးချင်ဘူး။ ၃ ရက်နေမယ်၊ နေပြီးတိုင်း ဆေးသောက်မယ်၊ ဒါမှမဟုတ်လည်း နေလို့ပြီးသွားပြီဆိုမှ (၃ ရက်ပြည့်မှ) အရေးပေါ်ဆေးသောက်မယ်ဆိုလည်း ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရနိုင်ချေတော့ များတယ်။ ဒါကြောင့် ဒီနည်းကိုတော့ အပေါ်မှာပြောခဲ့တဲ့နည်းတွေ ဘယ်လိုမှ အဆင်မပြေဘူး၊ ဒါမှမဟုတ် အပေါ်ကနည်းတွေ သုံးနေရင်း တခုခုမှားသွားတယ် (ဥပမာ ကွန်ဒုံးပေါက်သွားတာလိုမျိုး) ဆိုမှပဲ အသုံးပြုစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
လူငယ္ေတြ အေမးအမ်ားဆံုးေမးခြန္းမ်ား – ၃
ေရွ႕က ၂ ပုိင္းမွာ ေမးခြန္း ၆ ခုကို ေျဖေပးခဲ့ပါတယ္။ လူငယ္ေတြ ကၽြန္ေတာ့္ဆီ အေမးမ်ားတဲ့ေမးခြန္းေတြထဲက တခ်ိဳ႕ကုိ ထပ္ေျဖေပးလိုပါတယ္။
၇။ ပါးစပ္နဲ႕ဆက္ဆံလို႕ ပါးစပ္ထဲ သုက္ရည္၀င္သြားရင္ ကုိယ္၀န္ရသြားႏုိင္လား
သိေနတဲ့့သူေတြအတြက္ေတာ့ ရယ္စရာေကာင္းတဲ့ ေမးခြန္းေပါ့။ ဒါေပမယ့္လည္း ေသေသခ်ာခ်ာ သိမေနတဲ့ လူငယ္ေတြကေတာ့ စိတ္ပူတတ္ၾကပါတယ္။ ဒီအတြက္ ကုိယ္၀န္ဆုိတာ ဘာေၾကာင့္ ရလာသလဲဆုိတာကုိ ရွင္းျပခ်င္ပါတယ္။
မိန္းကေလးတစ္ေယာက္ အပ်ိဳျဖစ္ျပီဆုိရင္ သူ႕ရဲ႕ခႏၶာကုိယ္ထဲမွာ တစ္လကုိတစ္ၾကိမ္ မမ်ိဳးဥေၾကြပါတယ္။ အဲဒီမမ်ိဳးဥေလးက သားဥအိမ္ထဲကေန ေၾကြလာျပီးရင္ သားဥျပြန္ထဲမွာ ေစာင့္ေနပါတယ္၊ သုက္ပုိးေရာက္အလာကိုေပါ့။ တကယ္လုိ႕ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈရွိလုိက္ရင္ သုက္ပုိးက ေမြးလမ္းေၾကာင္းကေန သားအိမ္၊ သားအိမ္ကေနမွ သားဥျပြန္ထဲကို ေရာက္လာျပီး မမ်ိဳးဥေလးနဲ႕ ေပါင္းစပ္မယ္။ ဒါဆုိ ကိုယ္၀န္ရသြားမယ္။
ပါးစပ္နဲ႕ဆက္ဆံလို႕ သုက္ရည္က ပါးစပ္ထဲေရာက္သြားျပီး မ်ိဳခ်မိမယ္ဆိုရင္ေတာ့ ဒါက အစာအိမ္နဲ႕ အူလမ္းေၾကာင္းထဲကိုပဲ ေရာက္သြားတာမို႕ ဘယ္လုိနည္းနဲ႕မွ သားအိမ္ဆီ မေရာက္ႏုိင္ပါဘူး။ ဒီအတြက္ လံုး၀ကုိ ကုိယ္၀န္မရႏုိင္ဘူးလို႕ပဲ ဆုိရမွာျဖစ္ပါတယ္။ အဲ့လိုမရႏုိင္လုိ႕လည္း တခ်ိဳ႕စံုတြဲေတြဆို ပါးစပ္နဲ႕ဆက္ဆံတဲ့ Oral sex ကုိ ပုိလုပ္ၾကတယ္။ ကုိယ္၀န္အတြက္ စိတ္ခ်ရတယ္ေလ။
အဲ့လို ကုိယ္၀န္မရႏုိင္ဘူး ဆိုေပမယ့္လည္း ဒီလို ပါးစပ္နဲ႕ဆက္ဆံတာဟာ စိတ္ခ်ရတဲ့ လိင္ဆက္ဆံမႈပံုစံေတာ့ မဟုတ္ပါဘူး။ ဒီကေနတစ္ဆင့္ ေရာဂါပုိးေတြ ကူးစက္ႏုိင္လို႔ပါပဲ။ ဒါေၾကာင့္ ပါးစပ္နဲ႕ဆက္ဆံမယ္ဆုိရင္ေတာင္မွ လိင္အဂၤါအစြပ္ျဖစ္တဲ့ ကြန္ဒံုးကုိ သံုးျပီး ဆက္ဆံဖို႕ လိုပါမယ္။
၈။ HIV က တံေတြးကေနတဆင့္ ကူးႏုိင္လား
ဒါကေတာ့ HIV ပုိးရွိသူနဲ႕ နမ္းမိတဲ့အခါ၊ ေနာက္ျပီး အေပၚမွာေျပာခဲ့သလို ပါးစပ္နဲ႕ အကာအကြယ္မဲ့ ဆက္ဆံမႈ လုပ္မိတဲ့အခါ စိတ္ပူၾကျပီး လာလာေမးၾကတဲ့ ေမးခြန္းတစ္ခုျဖစ္ပါတယ္။ ေယဘုယ်အားျဖင့္ ေျဖရရင္ေတာ့ HIV ပုိးဟာ တံေတြးကေန ကူးစက္ႏုိင္ေခ် အင္မတန္နည္းပါတယ္။ ဒါေၾကာင့္ သာမန္နမ္းရံႈ႕တာက ျပႆနာမရွိပါဘူး။ ျပင္းျပင္းထန္ထန္နမ္းမယ္၊ ႏႈတ္ခမ္းေတြ ပါးစပ္ေတြမွာလည္း အနာေတြရွိခဲ့မယ္ဆုိရင္ေတာ့ ကူးစက္ႏုိင္ေခ် ရွိပါတယ္။
ပါးစပ္နဲ႕ လိင္ဆက္ဆံမယ္ဆုိရင္လည္း ဒီလိုပါပဲ။ ကူးစက္ႏုိင္ေခ် နည္းပါတယ္။ သို႕ေသာ္ ဆက္ဆံမႈလုပ္ေပးတဲ့သူရဲ႕ ပါးစပ္မွာ အနာျဖစ္ေနတာ၊ ေပါက္ျပဲေနတာ၊ သြားဖံုးေသြးယုိေနတာမ်ိဳး၊ ဆက္ဆံမႈလုပ္ခံရသူရဲ႕ လိင္အဂၤါမွာ အနာျဖစ္ေနတာ၊ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါတခုခု ရွိေနတာမ်ိဳးဆုိရင္ေတာ့ ကူးစက္ႏုိင္ေခ် ပုိမ်ားသြားပါလိမ့္မယ္။
ဒီလိုမ်ိဳး တံေတြးကေနတဆင့္ HIV ပုိးကူးစက္မႈ မရွိသေလာက္ နည္းတယ္ဆုိလို႕ လုပ္သင့္လုပ္ထုိက္တဲ့ ကိစၥလို႕ေတာ့ မျမင္ေစခ်င္ပါဘူး။ ဒီလိုပါးစပ္နဲ႕ လိင္ဆက္ဆံရာကတစ္ဆင့္ တျခားေသာ ေရာဂါပိုးေတြ ကူးစက္ႏုိင္ေခ် ရွိပါေသးတယ္္။ ဒါေၾကာင့္ အေပၚမွာေျဖခဲ့သလိုပဲ ပါးစပ္နဲ႕ လိင္ဆက္ဆံရင္လည္း လိင္အဂၤါအစြပ္ကုိသံုးျပီး ဆက္ဆံတာ ႏွစ္ဖက္စလံုးအတြက္ အႏၱရာယ္အကင္းဆံုးပါပဲ။
၉။ ကၽြန္ေတာ္နဲ႕ ကၽြန္ေတာ့္ေကာင္မေလး ၃ ရက္ေလာက္ ခရီးအတူထြက္မွာ။ ဟုိမွာ အတူေနျဖစ္မယ္ေပါ့။ ၃ ရက္ေလာက္ပဲဆုိေတာ့ ဘာနည္းလမ္းသံုးရမလဲ အစ္ကုိ
ဒီေမးခြန္းမ်ိဳးက် ေလွနံဓါးထစ္ ဘာနည္းသံုးပါဆုိျပီး ေျဖရခက္ပါတယ္။ ေရြးလို႕ရတဲ့နည္းေတြပဲ ေျပာျပေပးမယ္။ ေကာင္ေလးနဲ႕ေကာင္မေလး ခရီးထြက္မယ္။ ပံုမွန္အတူေနတာ မဟုတ္ဘူး။ ဒီခရီးထြက္တုန္းေလးပဲ ေနျဖစ္မယ္။ ျပီးရင္လည္း ေနေတာ့မွာမဟုတ္ဘူး။ ဒီလုိမ်ိဳး ရက္ပုိင္းေလာက္အတြက္ဆုိ ဘာေတြသံုးလုိ႕ရသလဲဆုိ စိတ္အခ်ရဆံုးကေတာ့ မိန္းကေလးက ေန႕စဥ္ေသာက္ေဆးကတ္ကုိ တစ္ပတ္ေလာက္ ၾကိဳတင္ျပီး အသံုးျပဳထားတာပဲ။ ဒါဆုိ ခရီးထြက္တဲ့ရက္ေရာက္ရင္ အဆင္သင့္ျဖစ္ေနမယ္။ ခရီးက ျပန္လာျပီးေနာက္ပုိင္း အတူေနျဖစ္တာေတြရွိရင္လည္း ကာကြယ္ျပီးသားျဖစ္မယ္။
ဒီ ၃ ရက္ေလးပဲ ေနမွာမို႕ အဲ့ေလာက္ထိ ေဆးေတြမေသာက္ခ်င္ဘူးဆုိရင္ေတာ့ ကြန္ဒံုးသံုးျပီး ေနလို႕ရမယ္။ အတူေနတုိင္း ကြန္ဒံုးသံုး။ ဒါဆုိ တျခားဘာနည္းမွ သံုးစရာမလုိေတာ့ဘူး။ ကြန္ဒံုးက်
၀ယ္ရလြယ္တယ္၊ သယ္ရလြယ္တယ္၊ အသံုးျပဳရလည္း လြယ္တယ္။
အဲ့လုိလည္း မသံုးခ်င္ျပန္ဘူးဆုိ လုပ္လုိ႕ရတာတစ္ခုက ခရီးသြားတဲ့ရက္ကုိ မိန္းကေလးရဲ႕ ရာသီလာရက္နဲ႕ခ်ိန္ျပီး စီစဥ္လုိ႕ရတယ္။ ရက္ေရွာင္တာမ်ိဳးေပါ့။ မိန္းကေလးတစ္ေယာက္ဟာ ရာသီစေပၚတဲ့ရက္ကေန ၇ ရက္အတြင္း ကုိယ္၀န္ရႏုိင္ေခ် တအားနည္းတယ္။ ဥပမာ မိန္းကေလးက ေအာက္တုိဘာ ၃ ရက္ေန႕မွာ ရာသီစေပၚမယ္ဆို ၁၀ ရက္ေန႕ထိသည္ စိတ္ခ်လက္ခ် အတူေနလုိ႕ရတယ္။ ဒါေၾကာင့္ အဲ့ၾကားကာလကုိ ခရီးထြက္လိုက္ၾက၊ အတူေနလိုက္ၾကေပါ့။ ဒါဆုိ ဘာနည္းမွသံုးစရာ မလိုဘူး။ သို႕ေသာ္လည္း ဒီလိုရက္တြက္ျပီး အတူေနဖုိ႕က မိန္းကေလးက ရာသီမွန္ေနဖို႕ လိုတယ္၊ ေနာက္ျပီး အမွားအယြင္းျဖစ္ျပီး ကုိယ္၀န္ရသြားႏုိင္ေခ် ရွိတယ္ဆုိတာေတြကိုေတာ့ သိထားရပါမယ္။
ေနာက္ဆံုးတစ္ခုကေတာ့ အေရးေပၚေဆးကတ္ သံုးတာေပါ့။ ဒါကိုေတာ့ သိပ္အားမေပးခ်င္ဘူး။ ၃ ရက္ေနမယ္၊ ေနျပီးတုိင္း ေဆးေသာက္မယ္၊ ဒါမွမဟုတ္လည္း ေနလို႕ျပီးသြားျပီဆုိမွ (၃ ရက္ျပည္႕မွ) အေရးေပၚေဆးေသာက္မယ္ဆုိလည္း ရႏုိင္ပါတယ္။ ဒါေပမယ့္ ကိုယ္၀န္ရႏုိင္ေခ်ေတာ့ မ်ားတယ္။ ဒါေၾကာင့္ ဒီနည္းကိုေတာ့ အေပၚမွာေျပာခဲ့တဲ့နည္းေတြ ဘယ္လိုမွ အဆင္မေျပဘူး၊ ဒါမွမဟုတ္ အေပၚကနည္းေတြ သံုးေနရင္း တခုခုမွားသြားတယ္ (ဥပမာ ကြန္ဒံုးေပါက္သြားတာလိုမ်ိဳး) ဆုိမွပဲ အသံုးျပဳေစခ်င္ပါတယ္။
ေဒါက္တာ ျဖိဳးသီဟ