လူငယ်တွေ အမေးအများဆုံးမေးခွန်းများ – ၂
ကျွန်တော့်ဆီကို လူငယ်တွေ လာလာမေးကြတဲ့ မေးခွန်းတွေထဲက အမေးများတာတွေ၊ တခြားလူငယ်တွေလည်း သိသင့်တဲ့ အကြောင်းအရာလေးတွေကို ဆောင်းပါးပြန်ရေးပြီး ဝေမျှပေးနေတာပါ။ ပြီးခဲ့တဲ့တစ်ပုဒ်မှာ မေးခွန်း ၃ ခု ဖြေပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း နောက်ထပ် ၃ ခုကို ဖြေပေးချင်ပါတယ်။
၄။ ချစ်သူနဲ့အတူနေပြီး အရေးပေါ်ဆေးကတ် သောက်လိုက်တယ်၊ အခု ရာသီပေါ်ရမယ့်အချိန်မှာ မပေါ်ဘူး၊ အဲဒါ ကိုယ်ဝန်များ ရသွားတာလား ဆရာ
အရင်ဦးဆုံး ဖြေချင်တာက အရေးပေါ်ဆေးကတ်ဆိုတာ မရည်ရွယ်ဘဲ အကာအကွယ်မဲ့ ဆက်ဆံမိသွားပြီး နာရီ ၁၂၀ အတွင်းမှာ သောက်ရတဲ့ဆေး ဖြစ်ပါတယ်။ ဒါဆို ကိုယ်ဝန်ရနိုင်ချေကို ၈၇ % လျော့ကျစေတယ်။ ဘယ်လိုအမျိုးသမီးနဲ့မဆို သင့်တော်တယ်။ အသုံးမပြုသင့်ဘူးဆိုတဲ့ အခြေအနေ၊ မတည့်ဘူးဆိုတဲ့ ရောဂါ မရှိဘူး။ နေ့စဉ်သုံးနေရတာလို မဟုတ်ဘဲ အရေးပေါ်အနေနဲ့မှ သောက်ရတာလည်း ဖြစ်တာကိုး။ ဒါပေမယ့် ဒီဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေတော့ ရှိပါတယ်။
ဟော်မုန်းပါတာမို့ ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ရင်သားတွေ တင်းပြီး နာတာ၊ ပျို့အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်တယ်။ ဆေးသောက်ပြီးစ ရက်တွေမှာလည်း သွေးဆင်းတတ်တယ်။ အဲဒါက ရာသီပေါ်တာ မဟုတ်ဘူး။ ဆေးသောက်လိုက်လို့ သွေးဆင်းတာ။ စိတ်ပူစရာလည်း မလိုဘူး။ နောက်ပြီးတော့ ပုံမှန်ရာသီလာရမယ့်ရက်မှာ မပေါ်ဘဲ နောက်ကျနေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ ဒီဆေးက မမျိုးဥကြွေတာကို နှေးအောင် လုပ်လိုက်တာကိုး။ ပုံမှန်အားဖြင့် မမျိုးဥလေးက တစ်လကိုတစ်ခါ ကြွေမယ်၊ ကြွေပြီးသွားရင် အဖိုသုက်ပိုးကို စောင့်မယ်၊ မျိုးပွားဖို့။ တကယ်လို့ သုက်ပိုးက ဝင်မလာရင် အဲ့ဒီမျိုးဥလေးက ကြေပျက်ပြီး အပြင်ကိုသွေးအဖြစ်နဲ့ ဆင်းလာမယ်။ ဒါကို ရာသီလာတယ်လို့ ခေါ်ကြတယ်။ အခုက ဒီဆေးရဲ့ အာနိသင်ကြောင့် မမျိုးဥကြွေတာ နှေးသွားရင် အဖိုသုက်ပိုးနဲ့ မဆုံနိုင်တော့ဘူး။ ဒီလိုနည်းနဲ့ ကိုယ်ဝန်တားပေးတာ။ အဲဒီအတွက် အပြင်ကို ရာသီသွေးအဖြစ်နဲ့ ဆင်းလာတာလည်း နှေးသွားမယ်။ ဒါကြောင့် ရာသီနောက်ကျတတ်တာ။
ဒါကို သိမထားတဲ့အခါ တအားစိတ်ပူကြတယ်၊ ကိုယ်ဝန်များ ရသွားပြီလားပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ရဲ့ ထိရောက်မှုက တခြားနေ့စဉ်သောက်ဆေးတို့၊ ထိုးဆေးတို့နဲ့ယှဉ်ရင် နည်းတာမို့ ကိုယ်ဝန်ရသွားတယ် ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဆေးကြောင့် ရာသီလာတာ နောက်ကျတာလား၊ ကိုယ်ဝန်ရသွားတာလား သိဖို့ကတော့ တစ်နည်းပဲရှိတယ်။ အဲဒါက ဆီးစစ်ကြည့်တာပဲ။ ဆီးစစ်ကြည့်လို့မှ တစ်ကြောင်းတည်း ပေါ်တယ်ဆိုရင်တော့ အဲဒါ ကိုယ်ဝန်ရသွားတာ မဟုတ်ဘူး။ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီနောက်ကျနေတာသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းလေး သိစေချင်ပါတယ်။
၅။ ကျွန်တော့်ကောင်မလေးနဲ့ တစ်ယောက်ကိုတစ်ယောက် လက်နဲ့လုပ်ပေးကြတယ်၊ အဲဒါ ကိုယ်ဝန်ရနိုင်လား
တကယ်တော့ ကိုယ်ဝန်ရတယ်ဆိုတာ ယောကျာ်းလေးရဲ့ သုက်ပိုးနဲ့ မိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ကြွေနေတဲ့ မမျိုးဥနဲ့ ပေါင်းမိတော့မှ ဖြစ်တာပါ။ တကယ်လို့ မိန်းမကိုယ်ထဲ ထိုးသွင်းဆက်ဆံမှု မရှိဘူး၊ ယောကျာ်းလေးရဲ့ သုက်ရည်က မိန်းကလေးဆီ လုံး၀၀င်မသွားဘူးဆိုရင် ကိုယ်ဝန်ရသွားမှာ စိတ်ပူစရာ မလိုဘူး။
ဒီနေရာမှာ ဆက်စပ်လို့ပြောရရင် သမီးရည်းစားတွေ သွေးသားတောင်းဆိုမှုအရ စိတ်ဆန္ဒတွေ ဖြစ်လာတာမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာ ထိုးသွင်းဆက်ဆံတာတစ်ခုတည်း ထွက်ပေါက်ပေးစရာ ရှိတာမဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် လက်နဲ့လုပ်ပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါဆို ကိုယ်ဝန်ရမှာလည်း စိတ်ပူစရာ မလိုသလို၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေရမှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။ ဒီလိုလုပ်ပါလို့ မြှောက်ပေးတာမဟုတ်ပေမယ့် ထိုးသွင်းဆက်ဆံတာထက်စာရင်တော့ နောက်ဆက်တွဲပြဿနာ တော်တော်နည်းတဲ့ ချစ်တင်းနှီးနှောမှုမျိုးမို့ သိထားစေချင်တာပါ။ တစ်ခု သတိထားရမှာက ဒီနည်းဟာ ဘယ်လိုမှ ကိုယ်ဝန်ရမသွားနိုင်ဘူး ဆိုပေမယ့် လက်ချောင်းမှာ သုက်ရည်ပေနေတာမျိုး ဖြစ်မယ်၊ အဲဒီလက်ချောင်းနဲ့ ထိုးသွင်းမိမယ်ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ချေ ရှိတယ် ဆိုတာပါပဲ။
၆။ အတူနေတဲ့အခါ မပြီးခင် အပြင်ဆွဲထုတ်ပြီး သုက်ရည်ကို စွန့်မယ်ဆို ကိုယ်ဝန်ရနိုင်လား
အဲ့ဒီလို သုက်ရည်အပြင်ထုတ်တဲ့နည်းက သုံးလို့ရတဲ့ ကိုယ်ဝန်တားနည်းတစ်ခု ဖြစ်ပါတယ်။ သဘာဝနည်းပဲ ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ ဆရာဝန် ဆရာမဆီလည်း သွားနေစရာ မလိုဘူး။ ဒါပေမယ့်လည်း ကိုယ်ဝန်ရနိုင်ချေကတော့ များတာမို့ သိပ်စိတ်မချရဘူး။ ဘာလို့လဲဆိုရင် သုက်ရည်က လိင်ဆက်ဆံပြီးမှ ထွက်တာမျိုးမဟုတ်ဘဲ ဆက်ဆံနေတဲ့အချိန်မှာလည်း နည်းနည်းထွက်တတ်တယ်။ အဲဒီကနေတစ်ဆင့်လည်း ကိုယ်ဝန်ရသွားနိုင်တယ်။ နောက်ပြီး ဒီနည်းကို သုံးမယ်ဆိုရင် ယောကျာ်းလေးက အချိန်အဆ ကျွမ်းကျင်ဖို့လိုတယ်။ မဟုတ်လို့ အချိန်မီဆွဲမထုတ်လိုက်နိုင်ရင် ကိုယ်ဝန်ရသွားတတ်လို့ပါပဲ။
ခုခေတ်လူငယ်စုံတွဲတွေ လုပ်နေကြတဲ့ အတူနေပြီးတိုင်း အရေးပေါ်ဆေး သောက်လိုက်မယ် ဆိုတာလိုမျိုး အင်မတန်ကို ကိုယ်ဝန်ရသွားနိုင်ချေများတဲ့ အပြုအမူမျိုးထက်စာရင်တော့ ဒီနည်းက အဆင်ပြေပါတယ်။ သို့သော်လည်း သေချာစနစ်တကျတော့ သုံးဖို့ လိုပါမယ်။ ကိုယ်ဝန်ရနိုင်ချေ များတယ်ဆိုတာကိုလည်း သိထားရပါမယ်။
ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ
လူငယ္ေတြ အေမးအမ်ားဆံုးေမးခြန္းမ်ား – ၂
ကၽြန္ေတာ့္ဆီကုိ လူငယ္ေတြ လာလာေမးၾကတဲ့ ေမးခြန္းေတြထဲက အေမးမ်ားတာေတြ၊ တျခားလူငယ္ေတြလည္း သိသင့္တဲ့ အေၾကာင္းအရာေလးေတြကို ေဆာင္းပါးျပန္ေရးျပီး ေ၀မွ်ေပးေနတာပါ။ ျပီးခဲ့တဲ့တစ္ပုဒ္မွာ ေမးခြန္း ၃ ခု ေျဖေပးခဲ့ပါတယ္။ ဒီတစ္ပတ္မွာလည္း ေနာက္ထပ္ ၃ ခုကို ေျဖေပးခ်င္ပါတယ္။
၄။ ခ်စ္သူနဲ႕အတူေနျပီး အေရးေပၚေဆးကတ္ ေသာက္လုိက္တယ္၊ အခု ရာသီေပၚရမယ့္အခ်ိန္မွာ မေပၚဘူး၊ အဲဒါ ကုိယ္၀န္မ်ား ရသြားတာလား ဆရာ
အရင္ဦးဆံုး ေျဖခ်င္တာက အေရးေပၚေဆးကတ္ဆုိတာ မရည္ရြယ္ဘဲ အကာအကြယ္မဲ့ ဆက္ဆံမိသြားျပီး နာရီ ၁၂၀ အတြင္းမွာ ေသာက္ရတဲ့ေဆး ျဖစ္ပါတယ္။ ဒါဆုိ ကုိယ္၀န္ရႏုိင္ေခ်ကို ၈၇ % ေလ်ာ့က်ေစတယ္။ ဘယ္လုိအမ်ိဳးသမီးနဲ႕မဆုိ သင့္ေတာ္တယ္။ အသံုးမျပဳသင့္ဘူးဆုိတဲ့ အေျခအေန၊ မတည္႕ဘူးဆုိတဲ့ ေရာဂါ မရွိဘူး။ ေန႕စဥ္သံုးေနရတာလို မဟုတ္ဘဲ အေရးေပၚအေနနဲ႕မွ ေသာက္ရတာလည္း ျဖစ္တာကုိး။ ဒါေပမယ့္ ဒီေဆးမွာလည္း ေဘးထြက္ဆုိးက်ိဳးေတြေတာ့ ရွိပါတယ္။
ေဟာ္မုန္းပါတာမို႕ ေဟာ္မုန္းရဲ႕ေဘးထြက္ဆုိးက်ိဳးေတြျဖစ္တဲ့ ရင္သားေတြ တင္းျပီး နာတာ၊ ပ်ိဳ႕အန္တာ၊ ေခါင္းမူးတာေတြ ျဖစ္တတ္တယ္။ ေဆးေသာက္ျပီးစ ရက္ေတြမွာလည္း ေသြးဆင္းတတ္တယ္။ အဲဒါက ရာသီေပၚတာ မဟုတ္ဘူး။ ေဆးေသာက္လိုက္လို႕ ေသြးဆင္းတာ။ စိတ္ပူစရာလည္း မလိုဘူး။ ေနာက္ျပီးေတာ့ ပံုမွန္ရာသီလာရမယ့္ရက္မွာ မေပၚဘဲ ေနာက္က်ေနတာမ်ိဳးလည္း ျဖစ္ႏုိင္တယ္။ ဘာလို႕ဆုိေတာ့ ဒီေဆးက မမ်ိဳးဥေၾကြတာကုိ ေႏွးေအာင္ လုပ္လုိက္တာကုိး။ ပံုမွန္အားျဖင့္ မမ်ိဳးဥေလးက တစ္လကုိတစ္ခါ ေၾကြမယ္၊ ေၾကြျပီးသြားရင္ အဖုိသုက္ပုိးကုိ ေစာင့္မယ္၊ မ်ိဳးပြားဖုိ႕။ တကယ္လုိ႕ သုက္ပုိးက ၀င္မလာရင္ အဲ့ဒီမ်ိဳးဥေလးက ေၾကပ်က္ျပီး အျပင္ကိုေသြးအျဖစ္နဲ႕ ဆင္းလာမယ္။ ဒါကို ရာသီလာတယ္လို႕ ေခၚၾကတယ္။ အခုက ဒီေဆးရဲ႕ အာနိသင္ေၾကာင့္ မမ်ိဳးဥေၾကြတာ ေႏွးသြားရင္ အဖုိသုက္ပုိးနဲ႕ မဆံုႏုိင္ေတာ့ဘူး။ ဒီလိုနည္းနဲ႕ ကုိယ္၀န္တားေပးတာ။ အဲဒီအတြက္ အျပင္ကို ရာသီေသြးအျဖစ္နဲ႕ ဆင္းလာတာလည္း ေႏွးသြားမယ္။ ဒါေၾကာင့္ ရာသီေနာက္က်တတ္တာ။
ဒါကို သိမထားတဲ့အခါ တအားစိတ္ပူၾကတယ္၊ ကုိယ္၀န္မ်ား ရသြားျပီလားေပါ့။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ သူ႕ရဲ႕ ထိေရာက္မႈက တျခားေန႕စဥ္ေသာက္ေဆးတုိ႕၊ ထိုးေဆးတုိ႕နဲ႕ယွဥ္ရင္ နည္းတာမို႕ ကုိယ္၀န္ရသြားတယ္ ဆုိတာလည္း ျဖစ္ႏုိင္ပါတယ္။ ေဆးေၾကာင့္ ရာသီလာတာ ေနာက္က်တာလား၊ ကုိယ္၀န္ရသြားတာလား သိဖို႕ကေတာ့ တစ္နည္းပဲရွိတယ္။ အဲဒါက ဆီးစစ္ၾကည္႕တာပဲ။ ဆီးစစ္ၾကည္႕လို႕မွ တစ္ေၾကာင္းတည္း ေပၚတယ္ဆုိရင္ေတာ့ အဲဒါ ကုိယ္၀န္ရသြားတာ မဟုတ္ဘူး။ ဒီေဆးရဲ႕ ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ ရာသီေနာက္က်ေနတာသာ ျဖစ္တယ္ဆုိတဲ့ အေၾကာင္းေလး သိေစခ်င္ပါတယ္။
၅။ ကၽြန္ေတာ့္ေကာင္မေလးနဲ႕ တစ္ေယာက္ကိုိတစ္ေယာက္ လက္နဲ႕လုပ္ေပးၾကတယ္၊ အဲဒါ ကိုယ္၀န္ရႏုိင္လား
တကယ္ေတာ့ ကုိယ္၀န္ရတယ္ဆုိတာ ေယာက်ာ္းေလးရဲ႕ သုက္ပိုးနဲ႕ မိန္းကေလးရဲ႕ ခႏၶာကုိယ္ထဲမွာ ေၾကြေနတဲ့ မမ်ိဳးဥနဲ႕ ေပါင္းမိေတာ့မွ ျဖစ္တာပါ။ တကယ္လို႕ မိန္းမကုိယ္ထဲ ထုိးသြင္းဆက္ဆံမႈ မရွိဘူး၊ ေယာက်ာ္းေလးရဲ႕ သုက္ရည္က မိန္းကေလးဆီ လံုး၀၀င္မသြားဘူးဆိုရင္ ကုိယ္၀န္ရသြားမွာ စိတ္ပူစရာ မလုိဘူး။
ဒီေနရာမွာ ဆက္စပ္လုိ႕ေျပာရရင္ သမီးရည္းစားေတြ ေသြးသားေတာင္းဆိုမႈအရ စိတ္ဆႏၵေတြ ျဖစ္လာတာမ်ိဳး ရွိတတ္ပါတယ္။ ဒီအခါမွာ ထုိးသြင္းဆက္ဆံတာတစ္ခုတည္း ထြက္ေပါက္ေပးစရာ ရွိတာမဟုတ္ပါဘူး။ တစ္ေယာက္ကုိတစ္ေယာက္ လက္နဲ႕လုပ္ေပးတာမ်ိဳးလည္း လုပ္ႏုိင္ပါတယ္။ ဒါဆုိ ကိုယ္၀န္ရမွာလည္း စိတ္ပူစရာ မလုိသလို၊ လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြရမွာလည္း မစုိးရိမ္ရေတာ့ဘူးေပါ့။ ဒီလိုလုပ္ပါလုိ႕ ေျမွာက္ေပးတာမဟုတ္ေပမယ့္ ထုိးသြင္းဆက္ဆံတာထက္စာရင္ေတာ့ ေနာက္ဆက္တြဲျပႆနာ ေတာ္ေတာ္နည္းတဲ့ ခ်စ္တင္းႏွီးေႏွာမႈမ်ိဳးမုိ႕ သိထားေစခ်င္တာပါ။ တစ္ခု သတိထားရမွာက ဒီနည္းဟာ ဘယ္လုိမွ ကုိယ္၀န္ရမသြားႏုိင္ဘူး ဆုိေပမယ့္ လက္ေခ်ာင္းမွာ သုက္ရည္ေပေနတာမ်ိဳး ျဖစ္မယ္၊ အဲဒီလက္ေခ်ာင္းနဲ႕ ထိုးသြင္းမိမယ္ဆုိရင္ေတာ့ ကိုယ္၀န္ရသြားႏုိင္ေခ် ရွိတယ္ ဆုိတာပါပဲ။
၆။ အတူေနတဲ့အခါ မျပီးခင္ အျပင္ဆြဲထုတ္ျပီး သုက္ရည္ကို စြန္႕မယ္ဆုိ ကုိယ္၀န္ရႏုိင္လား
အဲ့ဒီလုိ သုက္ရည္အျပင္ထုတ္တဲ့နည္းက သံုးလုိ႕ရတဲ့ ကုိယ္၀န္တားနည္းတစ္ခု ျဖစ္ပါတယ္။ သဘာ၀နည္းပဲ ျဖစ္္လုိ႕ ေဘးထြက္ဆုိးက်ိဳးလည္း မရွိဘူး။ ဆရာ၀န္ ဆရာမဆီလည္း သြားေနစရာ မလိုဘူး။ ဒါေပမယ့္လည္း ကိုယ္၀န္ရႏုိ္င္ေခ်ကေတာ့ မ်ားတာမုိ႕ သိပ္စိတ္မခ်ရဘူး။ ဘာလုိ႕လဲဆုိရင္ သုက္ရည္က လိင္ဆက္ဆံျပီးမွ ထြက္တာမ်ိဳးမဟုတ္ဘဲ ဆက္ဆံေနတဲ့အခ်ိ္န္မွာလည္း နည္းနည္းထြက္တတ္တယ္။ အဲဒီကေနတစ္ဆင့္လည္း ကုိယ္၀န္ရသြားႏုိင္တယ္။ ေနာက္ျပီး ဒီနည္းကို သံုးမယ္ဆုိရင္ ေယာက်ာ္းေလးက အခ်ိန္အဆ ကၽြမ္းက်င္ဖုိ႕လိုတယ္။ မဟုတ္လို႕ အခ်ိန္မီဆြဲမထုတ္လိုက္ႏုိင္ရင္ ကုိယ္၀န္ရသြားတတ္လို႕ပါပဲ။
ခုေခတ္လူငယ္စံုတြဲေတြ လုပ္ေနၾကတဲ့ အတူေနျပီးတုိင္း အေရးေပၚေဆး ေသာက္လုိက္မယ္ ဆုိတာလိုမ်ိဳး အင္မတန္ကို ကုိယ္၀န္ရသြားႏုိင္ေခ်မ်ားတဲ့ အျပဳအမူမ်ိဳးထက္စာရင္ေတာ့ ဒီနည္းက အဆင္ေျပပါတယ္။ သုိ႕ေသာ္လည္း ေသခ်ာစနစ္တက်ေတာ့ သံုးဖို႕ လိုပါမယ္။ ကုိယ္၀န္ရႏုိင္ေခ် မ်ားတယ္ဆုိတာကုိလည္း သိထားရပါမယ္။
ေရးသားသူ – ေဒါက္တာ ျဖိဳးသီဟ