All Articlesမျိုးဆက်ပွားကျန်းမာရေး

“လူငယ်တွေ အမေးအများဆုံးမေးခွန်းများ”

1 Mins read

“လူငယ်တွေ အမေးအများဆုံးမေးခွန်းများ”

ကျွန်တော်က မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ အရေးများပါတယ်။ ဟောပြောပွဲတွေလည်း လုပ်တယ်။ ဒီအခါ ကျွန်တော့်ကို လူကိုယ်တိုင်ဖြစ်ဖြစ် မက်ဆေ့ကနေဖြစ်ဖြစ် လူငယ်တွေက မေးခွန်းတွေ မကြာခဏ လာမေးလေ့ရှိပါတယ်။ အဲဒီထဲက တော်တော်လေး အမေးများတဲ့ မေးခွန်းလေးတွေကို စုပြီးတော့မှ ပြန်ရေးထားတာပါ။ တခြားလူငယ်တွေလည်း သိနိုင်စေဖို့ ရည်ရွယ်ပါတယ်။

၁။ ဆရာ ကျွန်တော့်ကောင်မလေးကို အတူနေပြီး နောက်ရက်မှာ အရေးပေါ်ဆေး တိုက်လိုက်တယ်၊ ဆေးတိုက်ပြီး တစ်ပတ်လောက်နေတော့ ထပ်နေဖြစ်တယ်၊ အဲဒါ ဆေးထပ်သောက်ဖို့ လိုသလား။

တကယ်တော့ အရေးပေါ်ဆေးကတ်ဆိုတာ သူ့နာမည်အတိုင်းပဲ အရေးပေါ် အခြေအနေမှ သုံးသင့်တာမျိုးပါ။ မရည်ရွယ်ထားဘဲ အကာအကွယ်မဲ့ ဆက်ဆံမိလိုက်ပြီး နာရီ ၁၂၀ အတွင်းမှာ သောက်ရပါတယ်။ ဒါဆို ကိုယ်ဝန်ရနိုင်ချေကို ၈၇% လျှော့ချပေးတယ်။

သဘောက ဒီဆေးသည် ဆက်ဆံပြီး ကိုယ်ဝန်မရအောင်သာ တားပေးတာပါ။ ဆေးသောက်ပြီးသွားမှ တားပေးတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ထပ်သောက်ဖို့ လိုမှာလားဆိုရင် တိတိကျကျ ဖြေရခက်ပါတယ်။ မသောက်ဘဲနေပြန်ရင်လည်း အန္တရာယ်များလွန်းပါတယ်။ သောက်လိုက်ပြန်ရင်လည်း ဒီဆေးမှာ ပါဝင်တဲ့ ဟော်မုန်းပမာဏများတာမို့ တချို့ဆရာဝန်တွေကတော့ အဲ့လို အကြိမ်အရေအတွက် များများသုံးတာကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအရ အဲ့ဒီလိုနောက်ထပ်တစ်ကြိမ် ထပ်တိုက်တာမျိုး လုပ်လို့ရတယ် ဆိုထားပါတယ်။ ဒါကြောင့် စိတ်ချချင်ရင် ထပ်တိုက်ပါ။

မဖြစ်မနေ မှာချင်တာကတော့ ဒီဆေးဟာ အရေးပေါ်အခြေအနေမှာပဲ သုံးသင့်တာမို့ ထပ်ကာထပ်ကာ သောက်နေမယ်ဆိုရင် တစ်ကြိမ်မဟုတ်တစ်ကြိမ်မှာ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါကြောင့် အတူနေပြီးတိုင်း သောက်နေရမယ့်ဆေးမျိုး မဟုတ်ဘဲ ကိုယ်က ပုံမှန်ဆက်ဆံမှုရှိနေမယ်ဆိုရင်တော့ ဒီဆေးအစား ပုံမှန်အသုံးပြုလို့ရတဲ့ နည်းတစ်ခု (ဥပမာ ကွန်ဒုံးသုံးတာ၊ ရက်ရှောင်တာ၊ နေ့စဉ်သောက်ဆေးကတ်စားတာတို့လို) ကို အသုံးပြုစေချင်ပါတယ်။

၂။ ပြည့်တန်ဆာနဲ့ ဆက်ဆံနေတုန်း ကွန်ဒုံးက လိင်တံထိပ်ပိုင်းနားမှာ ပေါက်သွားတယ်၊ ကျွန်တော်လည်း သတိမထားမိလိုက်ဘူး၊ အဲဒါ ဘာဆက်ဖြစ်နိုင်လဲ ဆရာ

အရင်ဆုံး သိသင့်တာက ကွန်ဒုံးသုံးတာ သိပ်ကောင်းတယ်၊ ဒါပေမယ့် အကြောက်လွန်ပြီး နှစ်ထပ်စွပ်လိုက်တာမျိုးဆို ရာဘာချင်း ပွတ်တိုက်ပြီး ကွန်ဒုံးက ပေါက်လွယ်သွားတယ်။ ဒါကြောင့် အဲ့ဒါမျိုး သုံးမိလိုက်လို့ ပေါက်တာဆို နောက်ကို သတိထားသင့်တယ်။

ပြည့်တန်ဆာဆိုတဲ့အတွက် လိင်ဆက်ဆံဖက်များမယ်။ ဒီတော့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါ ရသွားဖို့တော့ ဖြစ်နိုင်ချေရှိတယ်ပေါ့။ ဒါက ဘယ်လိုမှလည်း မျက်စိနဲ့ကြည့်ရုံနဲ့ မသိနိုင်ဘူးလေ။ ဒါကြောင့် ကိုယ့်မှာ ကာလသားရောဂါလက္ခဏာတွေ ရှိလာသလား သတိထားကြည့်သင့်တယ်။ ဆီးပူတာ၊ လိင်တံကနေ ပြည်ထွက်တာ၊ အနာပေါက်တာ၊ ရေယုန်၊ ကြွက်နို့၊ ဒါတွေပေါက်လာသလား ကြည့်ရမယ်။ ဖြစ်လာရင် အမြန်ဆုံး ဆေးခန်းသွားပြ။ ဒါတွေက စောစောသာသိမယ်ဆိုရင် ပျောက်ကင်းအောင် အလွယ်တကူ ကုသလို့ရတယ်။

နောက်တစ်ခု အရေးကြီးတာ၊ ပိုလည်း စိတ်ပူကြတာက HIV ပိုး။ သူကတော့ ရောဂါလက္ခဏာ ချက်ချင်းမပြတတ်ဘူး။ နှစ်တွေကြာလာမှ ခုခံအားက တဖြည်းဖြည်းနဲ့ ကျလာပြီး လက္ခဏာစပြတာ။ ဒီကြားထဲ သိဖို့ကတော့ သွေးစစ်ကြည့်မှပဲ သိမယ်။ အဲလိုသွေးထဲမှာ ပေါ်ဖို့ကလည်း အနည်းဆုံး ၃ လနေမှ သေချာမယ်။ အစောပိုင်းမှာ သွားစစ်လိုက်ရင် ပိုးမရှိဘူးဆိုတဲ့ အဖြေပဲထွက်မှာ။ ဒါကြီးကို စိတ်ချပြီး ငါ့မှာ ပိုးမရှိဘူး ထင်သွားရင် ပြဿနာကြီးတယ်။ ဘာလို့ဆိုတော့ သွေးလိုရင် သူ လှူတော့မယ်၊ ရည်းစားရှိရင် ရည်းစားနဲ့နေဖြစ်မယ်၊ အိမ်ထောင်ရှိရင် အိမ်ထောင်နဲ့နေဖြစ်မယ်၊ သူ့ဆီကတစ်ဆင့် အဲဒီအိမ်ထောင်ဖက်ဆီ ကူးမယ်။ ဒါကြောင့် ၃ လနေမှ သွေးစစ်ကြည့်၊ အဲဒီမတိုင်ခင်ကိုတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု လုံးဝမလုပ်ဖို့၊ သွေးမလှူဖို့ ဆိုတဲ့ တာဝန်ယူမှုတွေတော့ လုပ်ရလိမ့်မယ်။

HIV ပိုးကတော့ ကုရာနတ္ထိ ဆေးမရှိ ဆိုတဲ့အတိုင်း အရှင်းပျောက်အောင်တော့ ကုလို့မရသေးပါဘူး။ ဒါပေမယ့် ဆေးသာပုံမှန်သောက်သွားမယ်ဆိုရင် လူ့သက်တမ်းစေ့နေလို့ ရနေပါပြီ။ ဒါကြောင့် ဖြစ်လာမယ့်ကိစ္စတွေကို တအားကြီး တုန်လှုပ်နေတာမျိုး မဖြစ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

၃။ ရာသီလာပြီး ၇ ရက်အတွင်း အတူနေရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ ဟုတ်လား ဆရာ

ဒါကိုမဖြေခင် အရင်ဆုံး ဘာကြောင့်ရာသီလာတယ်၊ ကိုယ်ဝန်ရတယ်ဆိုတာကို ပြောပြချင်တယ်။ မိန်းကလေးတစ်ယောက် အပျိုဖြစ်ပြီဆိုတာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်လကိုတစ်ခါ မမျိုးဥလေး ကြွေတယ်။ အဲဒီမျိုးဥလေးက အဖိုသုက်ပိုးနဲ့ ပေါင်းစပ်မိရင် ကိုယ်ဝန်ရသွားမယ်။ မပေါင်းစပ်မိဘူးဆို ကြေပျက်ပြီး အပြင်ကို သွေးအဖြစ်နဲ့ ဆင်းလာမယ်။ ဒါကို ရာသီလာတယ်ခေါ်တာပေါ့။

ဒါကြောင့် ကိုယ်ဝန်မရချင်ဘူးဆိုရင် အဲဒီမမျိုးဥကြွေတဲ့ရက်မှာ အတူမနေမိဖို့ လိုတယ်။ ဒါကို ရက်ရှောင်တယ်လို့ ပြောကြတာ။ ဒါဖြင့် ဘယ်ရက်မှာ အဲဒီမမျိုးဥက ကြွေတာလဲဆိုတော့ သိနိုင်တဲ့နည်းတွေ ရှိတယ်။ ရာသီစက်ဝန်းပေါ် အခြေခံ တွက်ချက်လို့ရတယ်၊ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာလည်းရှိတယ်၊ သားအိမ်ခေါင်းချွဲ အကျဲအပြစ်ကို လက်နဲ့စမ်းကြည့်ပြီး ခန့်မှန်းတာလည်း ရှိတယ်။ နည်းအမျိုးမျိုးပေါ့။ တစ်နည်းချင်းစီမှာလည်း ဆောင်ရန်ရှောင်ရန် ရှိတယ်။ အများဆုံးသုံးကြတဲ့ ရာသီစက်ဝန်းပေါ် အခြေခံတွက်ချက်တာမှာတော့ ရာသီစပေါ်ပြီး ၇ ရက်နဲ့၊ ရာသီမလာခင် ၇ ရက်မှာ အတူနေရင် ကိုယ်ဝန်ရဖို့ အင်မတန်ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ သတိထားရမှာက အဲ့ဒီလိုရက်ရှောင်ပြီး အတူနေတော့မယ်ဆိုရင် မိန်းကလေးက ဓမ္မတာလစဉ်ပေါ်နေတဲ့သူ ဖြစ်ဖို့လိုတယ်။ တစ်လတည်း နှစ်ကြိမ်ပေါ်တာ၊ သုံး လေးလနေမှ တစ်ခါပေါ်တာမျိုးဆို မရဘူး။ မိန်းကလေးက ရောဂါတခုခုဖြစ်နေမယ်၊ ဆေးတခုခုသောက်နေရမယ်၊ ဒီအတွက် ဓမ္မတာက မမှန်ဘူးဆိုရင်လည်း ဒီနည်းကို သုံးလို့မရဘူး။ နောက်ပြီး ရာသီပေါ်ပြီး ၇ ရက်မဟုတ်ဘူး၊ စပေါ်တဲ့ရက်ကနေမှ ၇ ရက်။ ဒါလေးတွေတော့ သတိထားရမယ်။ အဲဒီအတိုင်း စနစ်တကျ မှန်မှန်ကန်ကန်သုံးမယ်ဆိုရင်တောင် ကိုယ်ဝန်ရနိုင်ချေက တခြားသောက်ဆေး၊ ထိုးဆေးတွေနဲ့ယှဉ်ရင် များပါသေးတယ်။ ဒါပေမယ့်လည်း အိမ်ထောင်မကျသေးတဲ့သူတွေအနေနဲ့ ဒီလိုသောက်ဆေး၊ ထိုးဆေးတွေ သုံးဖို့ခက်မယ်ဆိုရင်တော့ ဒီလိုရက်တွက်ပြီးမှ အတူနေတာကလည်း သုံးလို့ရတဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အတူနေပြီးတိုင်း အရေးပေါ်ဆေး သောက်နေတာထက်စာရင်တော့ အများကြီးစိတ်ချရပါတယ်။

ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ

“လူငယ္ေတြ အေမးအမ်ားဆံုးေမးခြန္းမ်ား”

ကၽြန္ေတာ္က မ်ိဳးဆက္ပြားက်န္းမာေရးနဲ႕ ပတ္သက္ျပီး ေဆာင္းပါးေတြ အေရးမ်ားပါတယ္။ ေဟာေျပာပြဲေတြလည္း လုပ္တယ္။ ဒီအခါ ကၽြန္ေတာ့္ကို လူကုိယ္တုိင္ျဖစ္ျဖစ္ မက္ေဆ့ကေနျဖစ္ျဖစ္ လူငယ္ေတြက ေမးခြန္းေတြ မၾကာခဏ လာေမးေလ့ရွိပါတယ္။ အဲဒီထဲက ေတာ္ေတာ္ေလး အေမးမ်ားတဲ့ ေမးခြန္းေလးေတြကို စုျပီးေတာ့မွ ျပန္ေရးထားတာပါ။ တျခားလူငယ္ေတြလည္း သိႏုိင္ေစဖို႕ ရည္ရြယ္ပါတယ္။

၁။ ဆရာ ကၽြန္ေတာ့္ေကာင္မေလးကို အတူေနျပီး ေနာက္ရက္မွာ အေရးေပၚေဆး တုိက္လုိက္တယ္၊ ေဆးတုိက္ျပီး တစ္ပတ္ေလာက္ေနေတာ့ ထပ္ေနျဖစ္တယ္၊ အဲဒါ ေဆးထပ္ေသာက္ဖို႕ လုိသလား။

တကယ္ေတာ့ အေရးေပၚေဆးကတ္ဆုိတာ သူ႕နာမည္အတုိင္းပဲ အေရးေပၚ အေျခအေနမွ သံုးသင့္တာမ်ိဳးပါ။ မရည္ရြယ္ထားဘဲ အကာအကြယ္မဲ့ ဆက္ဆံမိလိုက္ျပီး နာရီ ၁၂၀ အတြင္းမွာ ေသာက္ရပါတယ္။ ဒါဆုိ ကုိယ္၀န္ရႏုိင္ေခ်ကို ၈၇% ေလွ်ာ့ခ်ေပးတယ္။

သေဘာက ဒီေဆးသည္ ဆက္ဆံျပီး ကုိယ္၀န္မရေအာင္သာ တားေပးတာပါ။ ေဆးေသာက္ျပီးသြားမွ တားေပးတာမ်ိဳး မဟုတ္ပါဘူး။ ဒါေၾကာင့္ ထပ္ေသာက္ဖုိ႕ လိုမွာလားဆိုရင္ တိတိက်က် ေျဖရခက္ပါတယ္။ မေသာက္ဘဲေနျပန္ရင္လည္း အႏၱရာယ္မ်ားလြန္းပါတယ္။ ေသာက္လိုက္ျပန္ရင္လည္း ဒီေဆးမွာ ပါ၀င္တဲ့ ေဟာ္မုန္းပမာဏမ်ားတာမို႕ တခ်ိဳ႕ဆရာ၀န္ေတြကေတာ့ အဲ့လုိ အၾကိမ္အေရအတြက္ မ်ားမ်ားသံုးတာကို မၾကိဳက္ၾကပါဘူး။ ဒါေပမယ့္ ကမာၻ႕က်န္းမာေရးအဖြဲ႕က ထုတ္ျပန္ထားတဲ့ ညႊန္ၾကားခ်က္ေတြအရ အဲ့ဒီလုိေနာက္ထပ္တစ္ၾကိမ္ ထပ္တုိက္တာမ်ိဳး လုပ္လုိ႕ရတယ္ ဆုိထားပါတယ္။ ဒါေၾကာင့္ စိတ္ခ်ခ်င္ရင္ ထပ္တုိက္ပါ။

မျဖစ္မေန မွာခ်င္တာကေတာ့ ဒီေဆးဟာ အေရးေပၚအေျခအေနမွာပဲ သံုးသင့္တာမို႕ ထပ္ကာထပ္ကာ ေသာက္ေနမယ္ဆုိရင္ တစ္ၾကိမ္မဟုတ္တစ္ၾကိမ္မွာ ကိုယ္၀န္ရသြားႏုိင္ပါတယ္။ ဒါေၾကာင့္ အတူေနျပီးတုိင္း ေသာက္ေနရမယ့္ေဆးမ်ိဳး မဟုတ္ဘဲ ကုိယ္က ပံုမွန္ဆက္ဆံမႈရွိေနမယ္ဆုိရင္ေတာ့ ဒီေဆးအစား ပံုမွန္အသံုးျပဳလုိ႕ရတဲ့ နည္းတစ္ခု (ဥပမာ ကြန္ဒံုးသံုးတာ၊ ရက္ေရွာင္တာ၊ ေန႕စဥ္ေသာက္ေဆးကတ္စားတာတုိ႕လို) ကုိ အသံုးျပဳေစခ်င္ပါတယ္။

၂။ ျပည္႕တန္ဆာနဲ႕ ဆက္ဆံေနတုန္း ကြန္ဒံုးက လိင္တံထိပ္ပုိင္းနားမွာ ေပါက္သြားတယ္၊ ကၽြန္ေတာ္လည္း သတိမထားမိလိုက္ဘူး၊ အဲဒါ ဘာဆက္ျဖစ္ႏုိင္လဲ ဆရာ

အရင္ဆံုး သိသင့္တာက ကြန္ဒံုးသံုးတာ သိပ္ေကာင္းတယ္၊ ဒါေပမယ့္ အေၾကာက္လြန္ျပီး ႏွစ္ထပ္စြပ္လိုက္တာမ်ိဳးဆုိ ရာဘာခ်င္း ပြတ္တုိက္ျပီး ကြန္ဒံုးက ေပါက္လြယ္သြားတယ္။ ဒါေၾကာင့္ အဲ့ဒါမ်ိဳး သံုးမိလုိက္လို႕ ေပါက္တာဆုိ ေနာက္ကို သတိထားသင့္တယ္။

ျပည္႕တန္ဆာဆုိတဲ့အတြက္ လိင္ဆက္ဆံဖက္မ်ားမယ္။ ဒီေတာ့ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါ ရသြားဖို႕ေတာ့ ျဖစ္ႏုိင္ေခ်ရွိတယ္ေပါ့။ ဒါက ဘယ္လုိမွလည္း မ်က္စိနဲ႕ၾကည္႕ရံုနဲ႕ မသိႏုိင္ဘူးေလ။ ဒါေၾကာင့္ ကုိယ့္မွာ ကာလသားေရာဂါလကၡဏာေတြ ရွိလာသလား သတိထားၾကည္႕သင့္တယ္။ ဆီးပူတာ၊ လိင္တံကေန ျပည္ထြက္တာ၊ အနာေပါက္တာ၊ ေရယုန္၊ ၾကြက္ႏုိ႕၊ ဒါေတြေပါက္လာသလား ၾကည္႕ရမယ္။ ျဖစ္လာရင္ အျမန္ဆုံး ေဆးခန္းသြားျပ။ ဒါေတြက ေစာေစာသာသိမယ္ဆိုရင္ ေပ်ာက္ကင္းေအာင္ အလြယ္တကူ ကုသလို႕ရတယ္။

ေနာက္တစ္ခု အေရးၾကီးတာ၊ ပုိလည္း စိတ္ပူၾကတာက HIV ပိုး။ သူကေတာ့ ေရာဂါလကၡဏာ ခ်က္ခ်င္းမျပတတ္ဘူး။ ႏွစ္ေတြၾကာလာမွ ခုခံအားက တျဖည္းျဖည္းနဲ႕ က်လာျပီး လကၡဏာစျပတာ။ ဒီၾကားထဲ သိဖုိ႕ကေတာ့ ေသြးစစ္ၾကည္႕မွပဲ သိမယ္။ အဲလိုေသြးထဲမွာ ေပၚဖုိ႕ကလည္း အနည္းဆံုး ၃ လေနမွ ေသခ်ာမယ္။ အေစာပုိင္းမွာ သြားစစ္လုိက္ရင္ ပိုးမရွိဘူးဆုိတဲ့ အေျဖပဲထြက္မွာ။ ဒါၾကီးကို စိတ္ခ်ျပီး ငါ့မွာ ပိုးမရွိဘူး ထင္သြားရင္ ျပႆနာၾကီးတယ္။ ဘာလို႕ဆုိေတာ့ ေသြးလိုရင္ သူ လွဴေတာ့မယ္၊ ရည္းစားရွိရင္ ရည္းစားနဲ႕ေနျဖစ္မယ္၊ အိမ္ေထာင္ရွိရင္ အိမ္ေထာင္နဲ႕ေနျဖစ္မယ္၊ သူ႕ဆီကတစ္ဆင့္ အဲဒီအိမ္ေထာင္ဖက္ဆီ ကူးမယ္။ ဒါေၾကာင့္ ၃ လေနမွ ေသြးစစ္ၾကည္႕၊ အဲဒီမတုိင္ခင္ကိုေတာ့ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈ လံုး၀မလုုပ္ဖုိ႕၊ ေသြးမလွဴဖို႕ ဆုိတဲ့ တာ၀န္ယူမႈေတြေတာ့ လုပ္ရလိမ့္မယ္။

HIV ပုိးကေတာ့ ကုရာနတၳိ ေဆးမရွိ ဆိုတဲ့အတုိင္း အရွင္းေပ်ာက္ေအာင္ေတာ့ ကုလို႕မရေသးပါဘူး။ ဒါေပမယ့္ ေဆးသာပံုမွန္ေသာက္သြားမယ္ဆိုရင္ လူ႕သက္တမ္းေစ့ေနလို႕ ရေနပါျပီ။ ဒါေၾကာင့္ ျဖစ္လာမယ့္ကိစၥေတြကုိ တအားၾကီး တုန္လႈပ္ေနတာမ်ိဳး မျဖစ္ဘဲ တည္တည္ျငိမ္ျငိမ္နဲ႕ ရင္ဆုိင္ေျဖရွင္းႏုိင္ဖုိ႕ လုိပါတယ္။

၃။ ရာသီလာျပီး ၇ ရက္အတြင္း အတူေနရင္ ကိုယ္၀န္မရႏုိင္ဘူးဆိုတာ ဟုတ္လား ဆရာ

ဒါကုိမေျဖခင္ အရင္ဆံုး ဘာေၾကာင့္ရာသီလာတယ္၊ ကုိယ္၀န္ရတယ္ဆုိတာကို ေျပာျပခ်င္တယ္။ မိန္းကေလးတစ္ေယာက္ အပ်ိဳျဖစ္ျပီဆုိတာနဲ႕ သူ႕ရဲ႕ ခႏၶာကုိယ္ထဲမွာ တစ္လကိုတစ္ခါ မမ်ိဳးဥေလး ေၾကြတယ္။ အဲဒီမ်ိဳးဥေလးက အဖုိသုက္ပုိးနဲ႕ ေပါင္းစပ္မိရင္ ကုိယ္၀န္ရသြားမယ္။ မေပါင္းစပ္မိဘူးဆို ေၾကပ်က္ျပီး အျပင္ကုိ ေသြးအျဖစ္နဲ႕ ဆင္းလာမယ္။ ဒါကို ရာသီလာတယ္ေခၚတာေပါ့။

ဒါေၾကာင့္ ကုိယ္၀န္မရခ်င္ဘူးဆိုရင္ အဲဒီမမ်ိဳးဥေၾကြတဲ့ရက္မွာ အတူမေနမိဖို႕ လိုတယ္။ ဒါကို ရက္ေရွာင္တယ္လို႕ ေျပာၾကတာ။ ဒါျဖင့္ ဘယ္ရက္မွာ အဲဒီမမ်ိဳးဥက ေၾကြတာလဲဆိုေတာ့ သိႏုိင္တဲ့နည္းေတြ ရွိတယ္။ ရာသီစက္၀န္းေပၚ အေျခခံ တြက္ခ်က္လို႕ရတယ္၊ ခႏၶာကုိယ္အပူခ်ိန္ကုိ တုိင္းတာလည္းရွိတယ္၊ သားအိမ္ေခါင္းခၽြဲ အက်ဲအျပစ္ကုိ လက္နဲ႕စမ္းၾကည္႕ျပီး ခန္႕မွန္းတာလည္း ရွိတယ္။ နည္းအမ်ိဳးမ်ိဳးေပါ့။ တစ္နည္းခ်င္းစီမွာလည္း ေဆာင္ရန္ေရွာင္ရန္ ရွိတယ္။ အမ်ားဆံုးသံုးၾကတဲ့ ရာသီစက္၀န္းေပၚ အေျခခံတြက္ခ်က္တာမွာေတာ့ ရာသီစေပၚျပီး ၇ ရက္နဲ႕၊ ရာသီမလာခင္ ၇ ရက္မွာ အတူေနရင္ ကုိယ္၀န္ရဖို႕ အင္မတန္ျဖစ္ႏုိင္ေခ်နည္းတယ္လုိ႕ ဆုိပါတယ္။

ဒီေနရာမွာ သတိထားရမွာက အဲ့ဒီလုိရက္ေရွာင္ျပီး အတူေနေတာ့မယ္ဆုိရင္ မိန္းကေလးက ဓမၼတာလစဥ္ေပၚေနတဲ့သူ ျဖစ္ဖုိ႕လိုတယ္။ တစ္လတည္း ႏွစ္ၾကိမ္ေပၚတာ၊ သံုး ေလးလေနမွ တစ္ခါေပၚတာမ်ိဳးဆို မရဘူး။ မိန္းကေလးက ေရာဂါတခုခုျဖစ္ေနမယ္၊ ေဆးတခုခုေသာက္ေနရမယ္၊ ဒီအတြက္ ဓမၼတာက မမွန္ဘူးဆိုရင္လည္း ဒီနည္းကို သံုးလုိ႕မရဘူး။ ေနာက္ျပီး ရာသီေပၚျပီး ၇ ရက္မဟုတ္ဘူး၊ စေပၚတဲ့ရက္ကေနမွ ၇ ရက္။ ဒါေလးေတြေတာ့ သတိထားရမယ္။ အဲဒီအတုိင္း စနစ္တက် မွန္မွန္ကန္ကန္သံုးမယ္ဆုိရင္ေတာင္ ကုိယ္၀န္ရႏုိင္ေခ်က တျခားေသာက္ေဆး၊ ထုိးေဆးေတြနဲ႕ယွဥ္ရင္ မ်ားပါေသးတယ္။ ဒါေပမယ့္လည္း အိမ္ေထာင္မက်ေသးတဲ့သူေတြအေနနဲ႕ ဒီလိုေသာက္ေဆး၊ ထိုးေဆးေတြ သံုးဖို႕ခက္မယ္ဆုိရင္ေတာ့ ဒီလိုရက္တြက္ျပီးမွ အတူေနတာကလည္း သံုးလို႕ရတဲ့နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ အတူေနျပီးတုိင္း အေရးေပၚေဆး ေသာက္ေနတာထက္စာရင္ေတာ့ အမ်ားၾကီးစိတ္ခ်ရပါတယ္။

ေရးသားသူ – ေဒါက္တာ ျဖိဳးသီဟ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *