All Articlesမျိုးဆက်ပွားကျန်းမာရေး

“အိမ်ထောင်ပြုတော့မယ့် စုံတွဲတွေ အသိချင်ဆုံးမေးခွန်းများ”

1 Mins read

“အိမ်ထောင်ပြုတော့မယ့် စုံတွဲတွေ အသိချင်ဆုံးမေးခွန်းများ”

လူငယ်တွေ ကျွန်တော့်ကို လာလာမေးတဲ့ မေးခွန်းတွေထဲက အမေးများဆုံးမေးခွန်းတွေကို အခန်းဆက် ဆောင်းပါးရေးပြီး ပြန်ဖြေပေးခဲ့ပါတယ်။ ခုတစ်ခါမှာတော့ ဝါကျွတ်ကာလလည်း ဖြစ်တယ်၊ မင်္ဂလာဆောင်တော့မယ့် စုံတွဲတွေလည်း အများကြီးရှိနေမယ်၊ အဲ့လိုစုံတွဲတွေ လာလာမေးကြတဲ့ မေးခွန်းထဲက တချို့ကို ပြန်ဖြေပေးချင်ပါတယ်။

၁။ ကိုယ်ဝန်တားဆေးတွေက ဘယ်နှရက်နေရင် အာနိသင်ပြတာလဲ

ဒီမေးခွန်းကို မဖြေခင် လက်ထပ်ပြီးစ အမျိုးသမီးတစ်ယောက် သုံးလို့ရတဲ့ သားဆက်ခြားနည်းတွေကို အရင်ပြောပါမယ်။ အကြမ်းအားဖြင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံမှန်အသုံးပြုလို့ ရတဲ့ သားဆက်ခြားနည်း (၅)နည်းရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ။

အဲဒီ (၅)နည်းထဲမှာ ကွန်ဒုံးက အတူနေပြီဆိုမှ အသုံးပြုရင်ရပါတယ်။ မှားတတ်တာလေးတွေ ပြောရရင် ကွန်ဒုံးက အတူစနေကတည်းက သုံးရမယ်။ ပြီးခါနီးမှ စွပ်လို့မရဘူး။ ဒီနည်းက ကိုယ်ဝန်တင်မကဘဲ ရောဂါတွေ မကူးစက်အောင်ပါ ကာကွယ်ပေးတယ်။ သို့သော် အမျိုးသားသုံးကွန်ဒုံးတွေသာ ဝယ်ရလွယ်တာမို့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်။ သူသုံးချင်ဖို့ သုံးတတ်ဖို့ လိုတယ်ပေါ့။

နောက်တစ်နည်း၊ သားအိမ်ထဲပစ္စည်းထည့်တာကလည်း ဟော်မုန်းမပါဘူး။ ဒီတော့ ထည့်လိုက်တာနဲ့ ချက်ချင်းအာနိသင်ပြတယ်။ ဘယ်လောက်တောင်လဲဆို အရေးပေါ်ကိုယ်ဝန်တားတဲ့အနေနဲ့တောင် လိင်ဆက်ဆံမိပြီး ၅ ရက်အတွင်း ထည့်လို့ရသေးတယ်။ ဒီနည်းက အိမ်ထောင်ခုမှကျစ အမျိုးသမီးတွေတော့ သိပ်သုံးလေ့မရှိဘူး။ အရင်ကတော့ ကလေးမမွေးဖူးသေးရင် ထည့်ရခက်တာမို့ မထည့်ပေးကြပေမယ့် နောက်ပိုင်းမှာ အင်မတန်သေးငယ်တဲ့ ပစ္စည်းတွေ ပေါ်လာတာမို့ ထည့်မယ်ဆိုလည်း ထည့်လို့ရပါတယ်။

ကျန်တဲ့ (၃)နည်းကတော့ ဘယ်နှရက်ကြိုသုံးရမလဲဆိုတာဟာ မိန်းကလေးရဲ့ ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။
နေ့စဉ်သောက်ဆေးကဒ်က ရာသီစပေါ်ပြီး (၅)ရက်အတွင်း (ရာသီပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) သောက်ရင် ချက်ချင်းအာနိသင်ပြပါတယ်။ ထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းက ရာသီစပေါ်ပြီး (၇)ရက်အတွင်း သုံးရင် ချက်ချင်းအာနိသင်ပြပါတယ်။ ဒါကြောင့် အဲဒီရက်တွေအတွင်းမှာ စသုံးမယ်ဆိုရင် ဘယ်နှရက်မှ ကြိုလုပ်စရာ မလိုပါဘူး။ နက်ဖြန်မင်္ဂလာဆောင်ဆိုရင် ဒီနေ့ဆေးကဒ်စသောက်လို့ ရပါတယ်။ ထိုးဆေးထိုးလို့ ရပါတယ်။

အကယ်၍များ ရာသီစပေါ်ပြီး (၅)ရက်နောက်ပိုင်းမှ ဆေးကဒ်ကို စသောက်မယ်၊ (၇)ရက်နောက်ပိုင်းမှ ထိုးဆေးထိုးမယ် ဒါမှမဟုတ် လက်မောင်းထဲပစ္စည်း ထည့်မယ်ဆိုရင်တော့ အာနိသင် ချက်ချင်းမပြတော့ဘူး။ (၇)ရက်စောင့်ရမယ်။ ဒီတော့ အမျိုးသားနဲ့ (၇)ရက်ရှောင်၊ ရှောင်ဖို့အဆင်မပြေရင် ကွန်ဒုံးသုံးဖို့ လိုလာပါပြီ။ အိမ်ထောင်သက် ကြာနေသူတွေကို အမျိုးသားနဲ့ (၇)ရက်ရှောင်ပါ လို့ပြောလိုက်ရတာ လွယ်ပေမဲ့ ခုမှ လက်ထပ်မယ့် မောင်နှံတွေအနေနဲ့ကျ အဆင်မပြေနိုင်ပါဘူး။ ကွန်ဒုံးသုံးရင်တော့ ရနိုင်ပေမယ့် အမျိုးသားကများ အမှတ်တရ မင်္ဂလာဦးညမှာ ဒါမျိုးတွေ မသုံးချင်ဘူးဆို အခက်တွေ့နိုင်ပါတယ်။

ဒါကြောင့် အဲဒီလိုအနေအထားမျိုးမှာ ရှိနေမယ်ဆိုရင်တော့ လက်မထပ်ခင် (၇)ရက်ကြိုတင်ပြီး သားဆက်ခြားနည်းတစ်ခုခုကို ကြိုတင်အသုံးပြုထားဖို့ လိုပါလိမ့်မယ်။ ဒါမှ မင်္ဂလာဦးညအတွက် အကာအကွယ်ရပြီးသား ဖြစ်နေမှာပါ။ ပိုပြီး ပြည့်စုံအောင် ပြောရရင်တော့ မင်္ဂလာပွဲကလည်း သေချာနေပြီဆို မင်္ဂလာပွဲမတိုင်မီ လအနည်းငယ် ကြိုသုံးထားဖို့တောင် တချို့ဆရာဝန်တွေက အကြံပေးပါတယ်။ ဘာလို့ဆိုတော့ ဟော်မုန်းပါတဲ့ နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ နောက် ရာသီမမှန်တာတွေ ဖြစ်တတ်တယ်။ အဲဒီတော့ မင်္ဂလာဆောင်ခါနီးမှ ကပ်သုံးလိုက်ရင် ဒါတွေကြုံရတဲ့အခါ ဟန်းနီးမွန်းထွက်တော့ အနှောင့်အယှက်ဖြစ်မယ်။ အေးဆေး မပျော်ရဘူးပေါ့။ လအနည်းငယ်ကတည်းက ကြိုသုံးထားရင်တော့ အသားကျနေလိမ့်မှာမို့ ဒီလိုဘေးထွက်ဆိုးကျိုး ခံစားရတာတွေ အထိုက်အလိုက် နည်းကောင်းနည်းနိုင်မှာ ဖြစ်ပါတယ်။

၂။ ဆေးကတ်တွေက အလုံးမှားသောက်မိရင် ဘယ်လိုဆက်လုပ်ရမလဲ

ဒါကလည်း ဆေးကတ်အသုံးပြုတဲ့ အမျိုးသမီးတွေ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါပဲ။ ဆေးကတ်တွေမှာက မြှားလေးတွေ ပါတတ်တယ်။ ဘယ်အလုံးကနေ စသောက်ရမယ် ဆိုတာကို ပြထားတယ်၊ ပြီးရင် သူ့မြှားပြထားတဲ့အတိုင်း ဆက်သောက်သွားရုံပဲ။ ဒါပေမယ့် တခါတလေမှာ ဖြစ်တတ်တာက ပထမတစ်တန်း ကုန်သွားပြီးရင် ဒုတိယတန်းက မြှားပြထားတဲ့ အလုံးကို မသောက်ဘဲ အတန်းရဲ့ဟိုဘက်က အလုံးကို သောက်မိလိုက်တာမျိုး ရှိတယ်။ ဆေးကတ်ရဲ့နောက်ကျောက မြှားကို မကြည့်မိလိုက်တာပေါ့။ ဒီတော့ မြှားအရဆိုရင် ၁၄ ရက်မြောက်နေ့မှာ သောက်ရမယ့်ဆေးကို ၈ ရက်မြောက်နေ့မှာ သောက်လိုက်တယ် ဆိုရမှာပါ။ အဲ့တော့ ဆေးမှားသောက်မိတယ် ဆိုပြီး စိတ်ပူသွားတတ်ကြတယ်။

တကယ်တော့ အဲဒါက ပြဿနာမရှိပါဘူး။ များသောအားဖြင့် ခုလက်ရှိသောက်နေကြတဲ့ ဆေးကတ်တွေဟာ ဆေးတစ်လုံးချင်းမှာ ပါဝင်တဲ့ ဟော်မုန်းပမာဏချင်း တူတူပါပဲ။ ဒီတော့ တစ်နေ့တစ်လုံး သောက်နေဖို့သာ လိုတာပါ။ မြှားကတော့ သောက်ရလွယ်အောင် ပြထားတဲ့သဘောပါပဲ။ မြှားအတိုင်း မဟုတ်လို့ ကိစ္စမရှိဘူး။ ပုံမှန်အတိုင်းပဲ တစ်နေ့တစ်လုံး ဆက်သောက်သွားလို့ ရပါတယ်။
တချို့ဆေးကတ်တွေကတော့ အဲ့လိုတစ်လုံးနဲ့တစ်လုံးမှာ ဟော်မုန်းပါတာချင်း မတူတတ်တာမို့ ဆေးလုံးတွေကို မြှားပြထားတဲ့အတိုင်း သောက်တာ ပိုကောင်းပါတယ်။ ဒါကြောင့် ဒီဆေးကတ် သောက်တော့မယ်ဆို ဆရာဝန်နဲ့ တိုင်ပင်တဲ့အခါ ကိုယ်သုံးတဲ့ဆေးဟာ ဘယ်လိုအမျိုးအစားလဲ၊ အဲ့လိုအလုံးတွေ အဆင်ပြေသလို သောက်လို့ရလား မေးပြီးမှ သုံးတာတော့ အကောင်းဆုံးပဲလို့ ဖြေချင်ပါတယ်။

၃။ သုံးလခံဆေးထိုးရင် အသားတွေမည်းပြီး ဝလာတယ်ဆိုတာ ဟုတ်သလား

ဒီထိုးဆေးက ဟော်မုန်းပါတယ်။ ဒါကြောင့်မို့ အသားအရည် အပြောင်းအလဲဖြစ်တာ၊ ကိုယ်အလေးချိန် တိုးလာတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းဖြစ်တာ မဟုတ်သလို၊ သိပ်ပြီး ဆိုးဆိုးရွားရွား ကြုံတွေ့ရတာလည်း နည်းပါတယ်။ ဝလာတယ်ဆိုလည်း သူ့ကြောင့် ကိုယ်အလေးချိန် တက်တာက နည်းနည်းပဲ။ အဓိကက ကိုယ့်ရဲ့ အစားအသောက်နဲ့ နေမှုထိုင်မှုပုံစံကြောင့် ဖြစ်ရတာ။ အစားအသောက်ထိန်းမယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်ဆို အဆင်ပြေနိုင်ပါတယ်။ ဒီတော့ စိုးရိမ်နေစရာ မလိုဘဲ ကိုယ်နဲ့သင့်တော်တယ်ထင်ရင် အသုံးပြုလို့ရပါတယ်။
ဒေါက်တာ ဖြိုးသီဟ

“အိမ္ေထာင္ျပဳေတာ့မယ့္ စံုတြဲေတြ အသိခ်င္ဆံုးေမးခြန္းမ်ား”

လူငယ္ေတြ ကၽြန္ေတာ့္ကို လာလာေမးတဲ့ ေမးခြန္းေတြထဲက အေမးမ်ားဆံုးေမးခြန္းေတြကို အခန္းဆက္ ေဆာင္းပါးေရးျပီး ျပန္ေျဖေပးခဲ့ပါတယ္။ ခုတစ္ခါမွာေတာ့ ၀ါကၽြတ္ကာလလည္း ျဖစ္တယ္၊ မဂၤလာေဆာင္ေတာ့မယ့္ စံုတြဲေတြလည္း အမ်ားၾကီးရွိေနမယ္၊ အဲ့လိုစံုတြဲေတြ လာလာေမးၾကတဲ့ ေမးခြန္းထဲက တခ်ိဳ႕ကို ျပန္ေျဖေပးခ်င္ပါတယ္။

၁။ ကုိယ္၀န္တားေဆးေတြက ဘယ္ႏွရက္ေနရင္ အာနိသင္ျပတာလဲ

ဒီေမးခြန္းကို မေျဖခင္ လက္ထပ္ျပီးစ အမ်ိဳးသမီးတစ္ေယာက္ သံုးလုိ႕ရတဲ့ သားဆက္ျခားနည္းေတြကို အရင္ေျပာပါမယ္။ အၾကမ္းအားၿဖင့္ ကေလးတစ္ခါမွ မေမြးဖူးေသးတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ပံုမွန္အသံုးျပဳလို႔ ရတဲ့ သားဆက္ျခားနည္း (၅)နည္းရွိပါတယ္။ ကြန္ဒံုး၊ ေန႔စဥ္ေသာက္ေဆးကဒ္၊ ထိုးေဆး၊ လက္ေမာင္းတြင္းထည္႔ပစၥည္းနဲ႕ သားအိမ္တြင္းထည္႕ပစၥည္းေတြပါ။

အဲဒီ (၅)နည္းထဲမွာ ကြန္ဒံုးက အတူေနၿပီဆုိမွ အသံုးျပဳရင္ရပါတယ္။ မွားတတ္တာေလးေတြ ေျပာရရင္ ကြန္ဒံုးက အတူစေနကတည္းက သံုးရမယ္။ ျပီးခါနီးမွ စြပ္လို႕မရဘူး။ ဒီနည္းက ကုိယ္၀န္တင္မကဘဲ ေရာဂါေတြ မကူးစက္ေအာင္ပါ ကာကြယ္ေပးတယ္။ သို႕ေသာ္ အမ်ိဳးသားသံုးကြန္ဒံုးေတြသာ ၀ယ္ရလြယ္တာမို႕ အမ်ိဳးသားရဲ႕ ပူးေပါင္းပါ၀င္မႈ အေရးၾကီးတယ္။ သူသံုးခ်င္ဖုိ႕ သံုးတတ္ဖုိ႕ လိုတယ္ေပါ့။

ေနာက္တစ္နည္း၊ သားအိမ္ထဲပစၥည္းထည္႕တာကလည္း ေဟာ္မုန္းမပါဘူး။ ဒီေတာ့ ထည္႕လိုက္တာနဲ႕ ခ်က္ခ်င္းအာနိသင္ျပတယ္။ ဘယ္ေလာက္ေတာင္လဲဆုိ အေရးေပၚကို္ယ္၀န္တားတဲ့အေနနဲ႕ေတာင္ လိင္ဆက္ဆံမိျပီး ၅ ရက္အတြင္း ထည္႕လို႕ရေသးတယ္။ ဒီနည္းက အိမ္ေထာင္ခုုမွက်စ အမ်ိဳးသမီးေတြေတာ့ သိပ္သံုးေလ့မရွိဘူး။ အရင္ကေတာ့ ကေလးမေမြးဖူးေသးရင္ ထည္႕ရခက္တာမို႕ မထည္႕ေပးၾကေပမယ့္ ေနာက္ပုိင္းမွာ အင္မတန္ေသးငယ္တဲ့ ပစၥည္းေတြ ေပၚလာတာမို႕ ထည္႕မယ္ဆုိလည္း ထည္႕လုိ႕ရပါတယ္။

က်န္တဲ့ (၃)နည္းကေတာ့ ဘယ္ႏွရက္ၾကိဳသံုးရမလဲဆုိတာဟာ မိန္းကေလးရဲ႕ ရာသီလာတဲ့ရက္ေပၚ မူတည္ပါတယ္။
ေန႔စဥ္ေသာက္ေဆးကဒ္က ရာသီစေပၚၿပီး (၅)ရက္အတြင္း (ရာသီျပီးတဲ့ရက္ မဟုတ္ပါ၊ စေပၚတဲ့ရက္ပါ) ေသာက္ရင္ ခ်က္ခ်င္းအာနိသင္ျပပါတယ္။ ထုိးေဆးနဲ႔ လက္ေမာင္းတြင္းထည္႔ပစၥည္းက ရာသီစေပၚၿပီး (၇)ရက္အတြင္း သံုးရင္ ခ်က္ခ်င္းအာနိသင္ျပပါတယ္။ ဒါေၾကာင့္ အဲဒီရက္ေတြအတြင္းမွာ စသံုးမယ္ဆုိရင္ ဘယ္ႏွရက္မွ ၾကိဳလုပ္စရာ မလိုပါဘူး။ နက္ျဖန္မဂၤလာေဆာင္ဆိုရင္ ဒီေန႔ေဆးကဒ္စေသာက္လုိ႔ ရပါတယ္။ ထုိးေဆးထုိးလို႔ ရပါတယ္။

အကယ္၍မ်ား ရာသီစေပၚၿပီး (၅)ရက္ေနာက္ပိုင္းမွ ေဆးကဒ္ကုိ စေသာက္မယ္၊ (၇)ရက္ေနာက္ပိုင္းမွ ထုိးေဆးထိုးမယ္ ဒါမွမဟုတ္ လက္ေမာင္းထဲပစၥည္း ထည္႔မယ္ဆုိရင္ေတာ့ အာနိသင္ ခ်က္ခ်င္းမျပေတာ့ဘူး။ (၇)ရက္ေစာင့္ရမယ္။ ဒီေတာ့ အမ်ိဳးသားနဲ႔ (၇)ရက္ေရွာင္၊ ေရွာင္ဖုိ႔အဆင္မေျပရင္ ကြန္ဒံုးသံုးဖုိ႔ လိုလာပါၿပီ။ အိမ္ေထာင္သက္ ၾကာေနသူေတြကို အမ်ိဳးသားနဲ႔ (၇)ရက္ေရွာင္ပါ လုိ႔ေျပာလိုက္ရတာ လြယ္ေပမဲ့ ခုမွ လက္ထပ္မယ့္ ေမာင္ႏွံေတြအေနနဲ႔က် အဆင္မေျပႏုိင္ပါဘူး။ ကြန္ဒံုးသံုးရင္ေတာ့ ရႏုိင္ေပမယ့္ အမ်ိဳးသားကမ်ား အမွတ္တရ မဂၤလာဦးညမွာ ဒါမ်ိဳးေတြ မသံုးခ်င္ဘူးဆုိ အခက္ေတြ႕ႏုိင္ပါတယ္။

ဒါေၾကာင့္ အဲဒီလိုအေနအထားမ်ိဳးမွာ ရွိေနမယ္ဆုိရင္ေတာ့ လက္မထပ္ခင္ (၇)ရက္ၾကိဳတင္ၿပီး သားဆက္ျခားနည္းတစ္ခုခုကို ၾကိဳတင္အသံုးျပဳထားဖုိ႔ လိုပါလိမ့္မယ္။ ဒါမွ မဂၤလာဦးညအတြက္ အကာအကြယ္ရၿပီးသား ျဖစ္ေနမွာပါ။ ပိုျပီး ျပည္႕စံုေအာင္ ေျပာရရင္ေတာ့ မဂၤလာပြဲကလည္း ေသခ်ာေနျပီဆုိ မဂၤလာပြဲမတုိင္မီ လအနည္းငယ္ ၾကိဳသံုးထားဖို႕ေတာင္ တခ်ိဳ႕ဆရာ၀န္ေတြက အၾကံေပးပါတယ္။ ဘာလုိ႕ဆုိေတာ့ ေဟာ္မုန္းပါတဲ့ နည္းေတြသံုးရင္ ေဟာ္မုန္းရဲ႕ ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ ေခါင္းမူးတာ၊ ပ်ိဳ႕အန္တာ၊ ေနာက္ ရာသီမမွန္တာေတြ ျဖစ္တတ္တယ္။ အဲဒီေတာ့ မဂၤလာေဆာင္ခါနီးမွ ကပ္သံုးလိုက္ရင္ ဒါေတြၾကံဳရတဲ့အခါ ဟန္းနီးမြန္းထြက္ေတာ့ အေႏွာင့္အယွက္ျဖစ္မယ္။ ေအးေဆး မေပ်ာ္ရဘူးေပါ့။ လအနည္းငယ္ကတည္းက ၾကိဳသံုးထားရင္ေတာ့ အသားက်ေနလိမ့္မွာမို႕ ဒီလိုေဘးထြက္ဆုိးက်ိဳး ခံစားရတာေတြ အထိုက္အလုိက္ နည္းေကာင္းနည္းႏုိင္မွာ ျဖစ္ပါတယ္။

၂။ ေဆးကတ္ေတြက အလံုးမွားေသာက္မိရင္ ဘယ္လုိဆက္လုပ္ရမလဲ

ဒါကလည္း ေဆးကတ္အသံုးျပဳတဲ့ အမ်ိဳးသမီးေတြ ေမးတတ္ၾကတဲ့ ကိစၥတစ္ခုပါပဲ။ ေဆးကတ္ေတြမွာက ျမွားေလးေတြ ပါတတ္တယ္။ ဘယ္အလံုးကေန စေသာက္ရမယ္ ဆုိတာကို ျပထားတယ္၊ ျပီးရင္ သူ႕ျမွားျပထားတဲ့အတုိင္း ဆက္ေသာက္သြားရံုပဲ။ ဒါေပမယ့္ တခါတေလမွာ ျဖစ္တတ္တာက ပထမတစ္တန္း ကုန္သြားျပီးရင္ ဒုတိယတန္းက ျမွားျပထားတဲ့ အလံုးကို မေသာက္ဘဲ အတန္းရဲ႕ဟုိဘက္က အလံုးကုိ ေသာက္မိလိုက္တာမ်ိဳး ရွိတယ္။ ေဆးကတ္ရဲ႕ေနာက္ေက်ာက ျမွားကို မၾကည္႕မိလိုက္တာေပါ့။ ဒီေတာ့ ျမွားအရဆုိရင္ ၁၄ ရက္ေျမာက္ေန႕မွာ ေသာက္ရမယ့္ေဆးကုိ ၈ ရက္ေျမာက္ေန႕မွာ ေသာက္လိုက္တယ္ ဆုိရမွာပါ။ အဲ့ေတာ့ ေဆးမွားေသာက္မိတယ္ ဆုိျပီး စိတ္ပူသြားတတ္ၾကတယ္။

တကယ္ေတာ့ အဲဒါက ျပႆနာမရွိပါဘူး။ မ်ားေသာအားျဖင့္ ခုလက္ရွိေသာက္ေနၾကတဲ့ ေဆးကတ္ေတြဟာ ေဆးတစ္လံုးခ်င္းမွာ ပါ၀င္တဲ့ ေဟာ္မုန္းပမာဏခ်င္း တူတူပါပဲ။ ဒီေတာ့ တစ္ေန႕တစ္လံုး ေသာက္ေနဖုိ႕သာ လိုတာပါ။ ျမွားကေတာ့ ေသာက္ရလြယ္ေအာင္ ျပထားတဲ့သေဘာပါပဲ။ ျမွားအတုိင္း မဟုတ္လုိ႕ ကိစၥမရွိဘူး။ ပံုမွန္အတုိင္းပဲ တစ္ေန႕တစ္လံုး ဆက္ေသာက္သြားလို႕ ရပါတယ္။
တခ်ိဳ႕ေဆးကတ္ေတြကေတာ့ အဲ့လိုတစ္လံုးနဲ႕တစ္လံုးမွာ ေဟာ္မုန္းပါတာခ်င္း မတူတတ္တာမို႕ ေဆးလံုးေတြကို ျမွားျပထားတဲ့အတုိင္း ေသာက္တာ ပိုေကာင္းပါတယ္။ ဒါေၾကာင့္ ဒီေဆးကတ္ ေသာက္ေတာ့မယ္ဆုိ ဆရာ၀န္နဲ႕ တုိင္ပင္တဲ့အခါ ကုိယ္သံုးတဲ့ေဆးဟာ ဘယ္လိုအမ်ိဳးအစားလဲ၊ အဲ့လုိအလံုးေတြ အဆင္ေျပသလို ေသာက္လုိ႕ရလား ေမးျပီးမွ သံုးတာေတာ့ အေကာင္းဆံုးပဲလို႕ ေျဖခ်င္ပါတယ္။

၃။ သံုးလခံေဆးထုိးရင္ အသားေတြမည္းျပီး ၀လာတယ္ဆုိတာ ဟုတ္သလား

ဒီထိုးေဆးက ေဟာ္မုန္းပါတယ္။ ဒါေၾကာင့္မို႕ အသားအရည္ အေျပာင္းအလဲျဖစ္တာ၊ ကုိယ္အေလးခ်ိန္ တုိးလာတာေတြ ရွိႏုိင္ပါတယ္။ ဒါေပမယ့္လည္း လူတုိင္းျဖစ္တာ မဟုတ္သလို၊ သိပ္ျပီး ဆုိးဆုိးရြားရြား ၾကံဳေတြ႕ရတာလည္း နည္းပါတယ္။ ၀လာတယ္ဆုိလည္း သူ႕ေၾကာင့္ ကုိယ္အေလးခ်ိန္ တက္တာက နည္းနည္းပဲ။ အဓိကက ကုိယ့္ရဲ႕ အစားအေသာက္နဲ႕ ေနမႈထုိင္မႈပံုစံေၾကာင့္ ျဖစ္ရတာ။ အစားအေသာက္ထိန္းမယ္၊ ကုိယ္လက္ေလ့က်င့္ခန္းလုပ္မယ္ဆုိ အဆင္ေျပႏုိင္ပါတယ္။ ဒီေတာ့ စိုးရိမ္ေနစရာ မလုိဘဲ ကုိယ္နဲ႕သင့္ေတာ္တယ္ထင္ရင္ အသံုးျပဳလုိ႕ရပါတယ္။
ေဒါက္တာ ျဖိဳးသီဟ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *