ကလေးဖျားခဲ့လျှင်

ကိုယ်အပူချိန်တက်တယ်ဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။ ရောဂါတစ်ခုခုရဲ့ လက္ခဏာသာဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ ပုံမှန်ထက်မြင့်တက်လာတာဖြစ်ပါတယ်။ စအိုကနေတိုင်းတဲ့အပူချိန်နဲ့ နားထဲကိုတိုင်းတဲ့အပူချိန်ဟာ 100.4’F သို့မဟုတ် 38’C ထက်များနေရင်၊ ချိုင်းကနေတိုင်းတဲ့အပူချိန်ဟာ 99’F သို့မဟုတ် 37.2’C ထက်များနေရင်၊ ပါးစပ်ထဲကိုတိုင်းတဲ့အပူချိန်ဟာ 100’F သို့မဟုတ် 37.8’C ထက်များနေရင် အဖျားရှိနေပြီ၊ကိုယ်ပူနေပြီလို့သတ်မှတ်ပါတယ်။

တကယ်တော့ အသက်နှစ်လအထက်ကလေးငယ်တွေမှာ အဖျားရှိတယ်ဆိုတာဟာ လူတွေထင်ကြသလို အသက်အန္တရာယ်မပေးပါဘူး။ကိုယ်အပူချိန်တက်လာတဲ့အခါမှာ နုံးခွေခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူမြန်ခြင်း နဲ့ နှလုံးခုန်မြန်လာခြင်းတို့ဟာ တွဲပြီးဖြစ်လာပါတယ်။ ကိုယ်အပူချိန်ကျသွားအောင် ဆေးတွေသောက်တဲ့အခါမှာ အဲဒီလက္ခဏာတွေလည်းလျော့သွားပါတယ်။

ဘာကြောင့်ကိုယ်အပူချိန်တက်ရသလဲ?ဘာကြောင့်ဖျားရသလဲ?

ရောဂါပိုးတစ်ခုခုကူးစက်ခြင်း(infection)ကြောင့် ကိုယ်ပူချိန်တက်ရပါတယ်။ဒါပေမယ့် အခြားနာတာရှည်ရောဂါတွေ၊ အပူနဲ့ပတ်သက်တဲ့မတော်တဆမှုတွေ၊ တချို့ဆေးဝါးတွေကြောင့်လည်း ကိုယ်ပူနိုင်ပါတယ်။ ပိုးကူးစက်ခြင်းမှာလည်း အမျိုးမျိုးရှိပါတယ်။ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနဲ့ ကပ်ပါးပိုးတွေကူးစက်ခြင်းရှိပါတယ်။ နဂိုကျန်းမာတဲ့ကလေးတွေမှာဆိုရင် ကိုယ်ပူချိန်တက်ရတဲ့အဓိကအကြောင်းရင်းက ဗိုင်းရပ်စ်ပိုးတစ်ခုခုကူးစက်ရခြင်းကြောင့်ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးကူးစက်လို့ဖျားခဲ့ရင် ဘယ်လိုရောဂါလက္ခဏာတွေခံစားရမလဲ?

ကိုယ်အပူချိန်တက်ခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း တို့ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်ရင် ပဋိဇီဝပိုးသတ်ဆေးတွေက ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကြောင့် ဖျားနေတဲ့ကလေးကို မကုသနိုင်ပါဘူး။ ကြိုတင်ကာကွယ်ခြင်းဖြစ်တဲ့ ကလေးကို ကာကွယ်ဆေးထိုးပေးထားခြင်း(ဥပမာ တုပ်ကွေးကာကွယ်ဆေး)၊ ချောင်းဆိုးနှာချေရင် လက်ကိုင်ပုဝါအုပ်ခြင်း၊ ကလေးရဲ့လက်ကိုစင်ကြယ်အောင်ဆေးကြောပေးခြင်း၊ ဖျားနာနေတဲ့လူတွေရဲ့ အနားမှာ ကလေးကိုမထားခြင်းနဲ့ ကိုယ်ပူချိန်ကျစေတဲ့ဆေးတိုက်ခြင်း၊ အနားယူစေခြင်း၊ အစားများများ၊ရေများများတိုက်ခြင်းတို့ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ကလေးဖျားခဲ့ရင် သွေးစစ်၊ဓာတ်မှန်ရိုက်ခြင်းတွေပြုလုပ်ရမှာလား?

များသောအားဖြင့် နဂိုကလည်းကျန်းမာတဲ့ အသက်နှစ်လအထက်ကလေးတွေဖျားခဲ့ရင် သွေးစစ်ဖို့၊ဓာတ်မှန်ရိုက်ဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် အသက်နှစ်လအောက်ကလေးငယ်တွေ၊ ခုခံအားစနစ်မကောင်းတဲ့ကလေးငယ်တွေ၊ chemotherapy ယူထားရတဲ့ကလေးတွေ၊ သရက်ရွက်မကောင်းသောကလေးငယ်တွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုအစားထိုးထားရတဲ့ကလေးတွေ၊နာတာရှည်ရောဂါတစ်ခုခုဖြစ်နေတဲ့ကလေးတွေမှာ ကိုယ်ပူချိန်တက်နေပြီဆိုရင်တော့ သွေးစစ်၊ဓာတ်မှန်ရိုက်စတဲ့ စမ်းသပ်မှုတွေလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘတ်တီးရီးယားပိုးပြင်းထန်စွာကူးစက်ခြင်းဖြစ်နိုင်လို့ပါ။

ကလေးဖျားရင်ဘယ်လိုပြုစုရမလဲ?

မိဘတစ်ယောက်အနေနဲ့ ကလေးငယ်ဖျားတဲ့အခါမှာ ကိုယ်ပူချိန်ကျစေတဲ့ဆေးကို ဆရာဝန်ညွှန်ကြားတဲ့ ပမာဏအတိုင်းတိုက်ပေးရပါမယ်။ အစားအသောက်များများကျွေးပြီး အရည်များများတိုက်ရပါမယ်။ အိမ်မှာအပြည့်အဝအနားယူစေရပါမယ်။
ကလေးငယ်မှာ နာတာရှည်ရောဂါတစ်ခုခုရှိမယ် ၊အသည်း၊ကျောက်ကပ်ရောဂါတစ်ခုခုရှိမယ်ဆိုရင်တော့ မပေါ့ဆဘဲ ကလေးအထူးကုဆရာဝန်နဲ့ ချက်ချင်းပြသရမှာဖြစ်ပါတယ်။

ကလေးငယ်တစ်ယောက် ကိုယ်ပူချိန်တက်ခြင်း၊ဖျားနာခြင်းဖြစ်တဲ့အခါ

  • အဖျားနဲ့အတူခေါင်းကိုက်ခြင်း
  • ခန္ဓာကိုယ်မှာအနီစက်များထွက်လာခြင်း
  • ကော်ဖီရောင်အရည်များအန်ခြင်း
  • အမူအကျင့်များပြောင်းလဲလာခြင်း
  • ဇက်တောင့်တင်းလာခြင်း
  • အသက်ရှူရခက်ခဲခြင်း၊မောခြင်း
  • ဝမ်းအရည်များသွားခြင်း
  • မျက်ကွင်းညိုခြင်း၊ ရေကိုအငမ်းမရသောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးသည့်လက္ခဏာများဖြစ်လာခြင်း စတဲ့ လက္ခဏာတွေနဲ့တွဲနေရင်တော့ ချက်ချင်းဆေးရုံ၊ဆေးခန်းသွားရောက်ရမှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *