မိုးရာသီမှာအဖြစ်များတဲ့ ကလေးတို့ရဲ့ရောဂါများ
အခုဆိုရင် နွေရာသီကုန်လို့ မိုးရာသီရောက်ပြီဖြစ်တဲ့အတွက် ကလေးတို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါအမျိုးအစားတွေဟာလည်း နွေရာသီနဲ့မတူတော့ပါဘူး။ ဒါကြောင့် မိုးရာသီမှာကလေးတို့ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါနဲ့အန္တရာယ်များကိုဖော်ပြလိုက်ပါတယ်။
၁။ သွေးလွန်တုပ်ကွေး
ထိပ်ဆုံးကနေဖော်ပြရတဲ့ရောဂါဖြစ်သလို အန္တရာယ်လည်းကြီးပါတယ်။ မိုးရာသီမှာ စိုထိုင်းမှုပိုများပြီး ခြင်ပေါက်ပွားရန်နေရာများ( အထူးသဖြင့် သွေးလွန်တုပ်ကွေးခြင်ပေါက်တတ်သည့် ရေကြည်ရေသန့်တင်ကျန်သည့်နေရာများ) ပိုမိုများပြားလာတဲ့အတွက် ခြင်ကောင်ရေပိုများလာပြီး သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာပါတယ်။ ဒါကြောင့် ခြင်အန္တရာယ်ကာကွယ်ရေးကို ဂရုစိုက်ပြုလုပ်ကြရတော့မှာပဲဖြစ်ပါတယ်။
၂။ ဝမ်းရောဂါ
မိုးရွာသွန်းမှုနဲ့အတူ မြစ်ရေတက်ခြင်း၊ အေးမြစိုထိုင်းမှုများသောကြောင့် ဗိုင်းရပ်စ်ပိုးများပိုမိုပေါက်ပွားလွယ်ခြင်းတို့ကြောင့် မသန့်ရှင်းသောရေ၊ မသန့်ရှင်းသောအစားအစာများကိုစားသုံးမိကြတဲ့အခါ ဝမ်းရောဂါအမျိုးမျိုးဖြစ်ပွားလွယ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့အတူ အစားအစာ၊ အစားအစာပြင်ဆင်မှုသန့်ရှင်းဖို့အတွက် အထူးဂရုစိုက်ကြရပါမယ်။ ဝမ်းရောဂါဟာ ကူးစက်ရောဂါဖြစ်တာကြောင့် အိမ်သားတစ်ဦးမှာ ဖြစ်ပွားပါက တစ်အိမ်လုံးဝမ်းရောဂါဖြစ်ပွားနိုင်တာကြောင့် အားလုံးတစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုအပ်ပါတယ်။
၃။ ရာသီတုပ်ကွေး (Flu)
လူကြီးကလေးမရွေးဖြစ်ပွားတတ်တဲ့ ရာသီတုပ်ကွေးလို့ခေါ်ကြတဲ့ တုပ်ကွေးဗိုင်းရပ်စ်များကြောင့်ဖျားနာခြင်းဟာလဲ မိုးရာသီမှာ လူအတော်များများအပေါ် သက်ရောက်မှုရှိနေပါတယ်။ မိုးမိပြီးအအေးပတ်တဲ့အခါ ကိုယ်ခံအားနည်းနေပါက တုပ်ကွေးဗိုင်းရပ်စ်ဝင်ရောက်ပြီး ဖျားနာတတ်တာကြောင့် အအိပ်အစားပုံမှန်စေပြီး ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ဖို့ဟာ အရေးကြီးတဲ့အချက်ဖြစ်လာပါတယ်။
၄။ အသည်းရောင်အသားဝါပိုးတွေ
မိုးတွင်းမှာ မသန့်ရှင်းသောရေ၊အစားအစာတို့ကြောင့်ဖြစ်ပွားတဲ့ နောက်ထပ်ရောဂါတစ်မျိုးကတော့ အသည်းရောင်အသားဝါရောဂါပဲဖြစ်ပါတယ်။ အသည်းရောင်အစားဝါ အေပိုးဟာ အဖြစ်အများဆုံးဖြစ်ပြီး လက်ပ်တိုစပိုင်ရိုးစစ်(Leptospirosis)၊ အသည်းရောင်အသားဝါ အီး( Hepatitis E)ဗိုင်းရပ်တို့ကြောင့်လည်း ရောဂါဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့်တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ခြင်းသည် ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုထိရောက်သည်ဆိုတဲ့ဆောင်ပုဒ်ရဲ့ အကောင်းဆုံးဥပမာတစ်ခုပဲဖြစ်ပါတယ်။
၅။ မိုးရာသီနှင့်ဆက်စပ်သောထိခိုက်ဒဏ်ရာများ
ကလေးငယ်များဟာ ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်စွမ်းနည်းပါးပါတယ်။ ဒါကြောင့် မိုးဦးလေဦးမှာ သစ်ပင်သစ်ကိုင်းကျိုးကျမှု၊ ကားလမ်းချော်ကာစလစ်ဖြစ်မှု၊ ချော်လဲကာထိခိုက်ဒဏ်ရာရခြင်း စသည်တို့ဖြစ်နိုင်တဲ့အတွက် မိဘတို့အနေနဲ့ မိမိတို့ရဲ့သားသမီးကို အသက်အရွယ်အလိုက် ဆင်ခြင်ပြီးနေနိုင်အောင် အရိပ်အခြေကြည့်ကာ သွန်သင်ဂရုစိုက်ဖို့လိုအပ်ပါတယ်။
အထက်ပါအချက်အလက်လေးတွေကိုဆင်ခြင်နိုင်ပြီး ပျော်ရွှင်သောကျောင်းဖွင့်ရာသီဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
မိုးရာသီမွာအျဖစ္မ်ားတဲ့ ကေလးတို႔ရဲ႕ေရာဂါမ်ား
အခုဆိုရင္ ေႏြရာသီကုန္လို႔ မိုးရာသီေရာက္ၿပီျဖစ္တဲ့အတြက္ ကေလးတို႔ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ေရာဂါအမ်ိဳးအစားေတြဟာလည္း ေႏြရာသီနဲ႔မတူေတာ့ပါဘူး။ ဒါေၾကာင့္ မိုးရာသီမွာကေလးတို႔ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ေရာဂါနဲ႔အႏၲရာယ္မ်ားကိုေဖာ္ျပလိုက္ပါတယ္။
၁။ ေသြးလြန္တုပ္ေကြး
ထိပ္ဆံုးကေနေဖာ္ျပရတဲ့ေရာဂါျဖစ္သလို အႏၲရာယ္လည္းႀကီးပါတယ္။ မိုးရာသီမွာ စိုထိုင္းမႈပိုမ်ားၿပီး ျခင္ေပါက္ပြားရန္ေနရာမ်ား( အထူးသျဖင့္ ေသြးလြန္တုပ္ေကြးျခင္ေပါက္တတ္သည့္ ေရၾကည္ေရသန္႔တင္က်န္သည့္ေနရာမ်ား) ပိုမိုမ်ားျပားလာတဲ့အတြက္ ျခင္ေကာင္ေရပိုမ်ားလာၿပီး ေသြးလြန္တုပ္ေကြးေရာဂါ အျဖစ္မ်ားလာပါတယ္။ ဒါေၾကာင့္ ျခင္အႏၲရာယ္ကာကြယ္ေရးကို ဂ႐ုစိုက္ျပဳလုပ္ၾကရေတာ့မွာပဲျဖစ္ပါတယ္။
၂။ ဝမ္းေရာဂါ
မိုးရြာသြန္းမႈနဲ႔အတူ ျမစ္ေရတက္ျခင္း၊ ေအးျမစိုထိုင္းမႈမ်ားေသာေၾကာင့္ ဗိုင္းရပ္စ္ပိုးမ်ားပိုမိုေပါက္ပြားလြယ္ျခင္းတို႔ေၾကာင့္ မသန္႔႐ွင္းေသာေရ၊ မသန္႔႐ွင္းေသာအစားအစာမ်ားကိုစားသံုးမိၾကတဲ့အခါ ဝမ္းေရာဂါအမ်ိဳးမ်ိဳးျဖစ္ပြားလြယ္ပါတယ္။ ဒါေၾကာင့္ တစ္ကိုယ္ေရသန္႔႐ွင္းမႈနဲ႔အတူ အစားအစာ၊ အစားအစာျပင္ဆင္မႈသန္႔႐ွင္းဖို႔အတြက္ အထူးဂ႐ုစိုက္ၾကရပါမယ္။ ဝမ္းေရာဂါဟာ ကူးစက္ေရာဂါျဖစ္တာေၾကာင့္ အိမ္သားတစ္ဦးမွာ ျဖစ္ပြားပါက တစ္အိမ္လံုးဝမ္းေရာဂါျဖစ္ပြားႏိုင္တာေၾကာင့္ အားလံုးတစ္ကိုယ္ေရသန္႔႐ွင္းမႈ႐ွိဖို႔လိုအပ္ပါတယ္။
၃။ ရာသီတုပ္ေကြး (Flu)
လူႀကီးကေလးမေရြးျဖစ္ပြားတတ္တဲ့ ရာသီတုပ္ေကြးလို႔ေခၚၾကတဲ့ တုပ္ေကြးဗိုင္းရပ္စ္မ်ားေၾကာင့္ဖ်ားနာျခင္းဟာလဲ မိုးရာသီမွာ လူအေတာ္မ်ားမ်ားအေပၚ သက္ေရာက္မႈ႐ွိေနပါတယ္။ မိုးမိၿပီးအေအးပတ္တဲ့အခါ ကိုယ္ခံအားနည္းေနပါက တုပ္ေကြးဗိုင္းရပ္စ္ဝင္ေရာက္ၿပီး ဖ်ားနာတတ္တာေၾကာင့္ အအိပ္အစားပံုမွန္ေစၿပီး က်န္းမာေရးနဲ႔ညီၫြတ္စြာေနထိုင္ဖို႔ဟာ အေရးႀကီးတဲ့အခ်က္ျဖစ္လာပါတယ္။
၄။ အသည္းေရာင္အသားဝါပိုးေတြ
မိုးတြင္းမွာ မသန္႔႐ွင္းေသာေရ၊အစားအစာတို႔ေၾကာင့္ျဖစ္ပြားတဲ့ ေနာက္ထပ္ေရာဂါတစ္မ်ိဳးကေတာ့ အသည္းေရာင္အသားဝါေရာဂါပဲျဖစ္ပါတယ္။ အသည္းေရာင္အစားဝါ ေအပိုးဟာ အျဖစ္အမ်ားဆံုးျဖစ္ၿပီး လက္ပ္တိုစပိုင္႐ိုးစစ္(Leptospirosis)၊ အသည္းေရာင္အသားဝါ အီး( Hepatitis E)ဗိုင္းရပ္တို႔ေၾကာင့္လည္း ေရာဂါျဖစ္ပြားႏိုင္ပါတယ္။ ဒါေၾကာင့္တစ္ကိုယ္ေရသန္႔႐ွင္းမႈဂ႐ုစိုက္ျခင္းသည္ ကာကြယ္ျခင္းသည္ကုသျခင္းထက္ပိုမိုထိေရာက္သည္ဆိုတဲ့ေဆာင္ပုဒ္ရဲ႕ အေကာင္းဆံုးဥပမာတစ္ခုပဲျဖစ္ပါတယ္။
၅။ မိုးရာသီႏွင့္ဆက္စပ္ေသာထိခိုက္ဒဏ္ရာမ်ား
ကေလးငယ္မ်ားဟာ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ႏိုင္စြမ္းနည္းပါးပါတယ္။ ဒါေၾကာင့္ မိုးဦးေလဦးမွာ သစ္ပင္သစ္ကိုင္းက်ိဳးက်မႈ၊ ကားလမ္းေခ်ာ္ကာစလစ္ျဖစ္မႈ၊ ေခ်ာ္လဲကာထိခိုက္ဒဏ္ရာရျခင္း စသည္တို႔ျဖစ္ႏိုင္တဲ့အတြက္ မိဘတို႔အေနနဲ႔ မိမိတို႔ရဲ႕သားသမီးကို အသက္အရြယ္အလိုက္ ဆင္ျခင္ၿပီးေနႏိုင္ေအာင္ အရိပ္အေျခၾကည့္ကာ သြန္သင္ဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။
အထက္ပါအခ်က္အလက္ေလးေတြကိုဆင္ျခင္ႏိုင္ၿပီး ေပ်ာ္ရႊင္ေသာေက်ာင္းဖြင့္ရာသီျဖစ္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ