ကလေး ဂျီကြတဲ့ နွေဦး
ကမ္ဘာကြီးပူနွေးလာတဲ့နောက် ရာသီဥတုတွေပြင်းထန်လာပါတယ်။ လူကြီးတွေတောင်ရာသီဥတုဓာတ်ကိုမနည်းအံတုနေရချိန်မှာ ကလေးငယ်လေးတွေရော နွေနေပူမှာအဆင်ပြေနိုင်ဖို့ ဆိုတာ စဉ်းစားစရာပါပဲ။
တစ်ချို့နည်းလမ်းလေးတွေက မေမေရောကလေးအတွက်ပါ သိထားတော့ အဆင်ပြေလွယ်ကူစေပါတယ်။
နွေရာသီမှာ ကလေးတွေဟာရေဓာတ်ပိုလိုပါတယ်။ နို့တိုက်တဲ့ကလေးငယ်ဆို ချွေးထွက်တာနဲ့ ကာမိအောင် အမေနို့ကို အကြိမ်ရေများများပိုတိုက်ပေးပါ။
ဖြည့်စွက်စာကျွေးတဲ့ကလေးဆိုလည်း နို့ဖျော်တိုက်ခြင်းနှင့် ရေဓာတ်ပြန်ဖြည့်နိုင်ပါတယ်။
နွေရာသီမို့ နွားနို့ထက်၊ နို့မှုန့်ဟာ အချည်ပေါက်ခြင်းမဖြစ်စေလို့ ရွေးချယ်သင့်ပါတယ်။
နွေရာသီနဲ့ မိတ်
ကလေးတွေ ငိုရ ဂျီကျရတဲ့အဓိက တရားခံဟာလဲ မိတ်ပါပဲ။ အနီအဖုသေးသေးလေးတွေ ထွက်လာပြီဆို ကလေးဟာ ယားပြီးစူးလာတာမို့ နေရခက်ပါတယ်။ မိတ်မဖြစ်အောင်ဆိုရင် ပွတဲ့အကျီၤလေးတွေဝတ်ပေးမယ်။ ပရုတ်ပါတဲ့ ပေါင်ဒါလေးတွေလိမ်းပေးမယ်။ လျှားစောင်းလတ်ပတ်လေးတွေလိမ်းပေးလို့ရပါတယ်။
အနှီးပူလောင်ခြင်း မဖြစ်ရလေအောင်
ပူတဲ့ရာသီဥတုမှာ သေးခံအဝတ်( Diaper) ကို အတတ်နိုင်ဆုံး မဝတ်ပေးပါနဲ့။ ဝတ်ဖို့လိုမယ်ဆိုရင်လည်း ကလေးကို အေးတဲ့အခန်းမှာထားပေးပါ။ Air con ဖွင့်ထားပြီး အခန်းအပူချိန် ၂၅°C လောက်ဟာ အနေတော်ပါဘဲ။ အနီကွက်ဖြစ်လာပြီဆိုတာနဲ့ Zinc Oxide cream ဘေးလိမ်းထားပေးပါ။
အကျီၤရွေးချယ်ပေးပါ
နွေရာသီနဲ့ချည်သားဟာခွဲလို့မရပါဘူး။ အရောင်ဖျော့ဖျော့လေးတွေ ပွပွလေးတွေကိုသာ ကလေးကိုရွေးချယ်ဝတ်ပေးသင့်ပါတယ်။ အပြင်ခေါ်သွားမယ်ဆိုရင်လည်း ကလေးချီဖို့ သိုင်းတဲ့ အဝတ်တွေကို မသုံးသင့်ပါဘူး။
ဒီလိုကြတော့လည်း နွေရာသီဟာ အလွယ်လေးပါ။
မယ်တင်( ဆေး ၁)
ကေလး ဂ်ီၾကတဲ့ ေႏြဦး
ကမာၻႀကီးပူေႏြးလာတဲ့ေနာက္ ရာသီဥတုေတြျပင္းထန္လာပါတယ္။ လူႀကီးေတြေတာင္ရာသီဥတုဓာတ္ကိုမနည္းအံတုေနရခ်ိန္မွာ ကေလးငယ္ေလးေတြေရာ ေႏြေနပူမွာအဆင္ေျပႏိုင္ဖို႔ ဆိုတာ စဥ္းစားစရာပါပဲ။
တစ္ခ်ိဳ႕နည္းလမ္းေလးေတြက ေမေမေရာကေလးအတြက္ပါ သိထားေတာ့ အဆင္ေျပလြယ္ကူေစပါတယ္။
ေႏြရာသီမွာ ကေလးေတြဟာေရဓာတ္ပိုလိုပါတယ္။ ႏို႔တိုက္တဲ့ကေလးငယ္ဆို ေခၽြးထြက္တာနဲ႔ ကာမိေအာင္ အေမႏို႔ကို အႀကိမ္ေရမ်ားမ်ားပိုတိုက္ေပးပါ။
ျဖည့္စြက္စာေကၽြးတဲ့ကေလးဆိုလည္း ႏို႔ေဖ်ာ္တိုက္ျခင္းႏွင့္ ေရဓာတ္ျပန္ျဖည့္ႏိုင္ပါတယ္။
ေႏြရာသီမို႔ ႏြားႏို႔ထက္၊ ႏို႔မႈန္႔ဟာ အခ်ည္ေပါက္ျခင္းမျဖစ္ေစလို႔ ေရြးခ်ယ္သင့္ပါတယ္။
ေႏြရာသီနဲ႔ မိတ္
ကေလးေတြ ငိုရ ဂ်ီက်ရတဲ့အဓိက တရားခံဟာလဲ မိတ္ပါပဲ။ အနီအဖုေသးေသးေလးေတြ ထြက္လာၿပီဆို ကေလးဟာ ယားၿပီးစူးလာတာမို႔ ေနရခက္ပါတယ္။ မိတ္မျဖစ္ေအာင္ဆိုရင္ ပြတဲ့အက်ီၤေလးေတြဝတ္ေပးမယ္။ ပရုတ္ပါတဲ့ ေပါင္ဒါေလးေတြလိမ္းေပးမယ္။ လၽွားေစာင္းလတ္ပတ္ေလးေတြလိမ္းေပးလို႔ရပါတယ္။
အႏွီးပူေလာင္ျခင္း မျဖစ္ရေလေအာင္
ပူတဲ့ရာသီဥတုမွာ ေသးခံအဝတ္( Diaper) ကို အတတ္ႏိုင္ဆံုး မဝတ္ေပးပါနဲ႔။ ဝတ္ဖို႔လိုမယ္ဆိုရင္လည္း ကေလးကို ေအးတဲ့အခန္းမွာထားေပးပါ။ Air con ဖြင့္ထားၿပီး အခန္းအပူခ်ိန္ ၂၅°C ေလာက္ဟာ အေနေတာ္ပါဘဲ။ အနီကြက္ျဖစ္လာၿပီဆိုတာနဲ႔ Zinc Oxide cream ေဘးလိမ္းထားေပးပါ။
အက်ီၤေရြးခ်ယ္ေပးပါ
ေႏြရာသီနဲ႔ခ်ည္သားဟာခြဲလို႔မရပါဘူး။ အေရာင္ေဖ်ာ့ေဖ်ာ့ေလးေတြ ပြပြေလးေတြကိုသာ ကေလးကိုေရြးခ်ယ္ဝတ္ေပးသင့္ပါတယ္။ အျပင္ေခၚသြားမယ္ဆိုရင္လည္း ကေလးခ်ီဖို႔ သိုင္းတဲ့ အဝတ္ေတြကို မသံုးသင့္ပါဘူး။
ဒီလိုၾကေတာ့လည္း ေႏြရာသီဟာ အလြယ္ေလးပါ။
မယ္တင္( ေဆး ၁)