စွယ်တော်ရွက်တစ်ခြမ်းရဲ့အရိပ်နဲ့ ချွေးသိပ်ရတဲ့ကလေးငယ်တွေ
ကမ္ဘာပေါ်မှာ လူသားတစ်ဦးရယ်လို့ဖြစ်တည်လာရင် အမေနဲ့အဖေဆိုတဲ့ စွယ်တော်ရွက်နှစ်မွှာရဲ့ မျိုးစေ့ကြောင့် မွေးဖွားလာရတာပါပဲ။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မျိုးစေ့ကလေး လူလားမမြောက်ခင် သဘောထားမတိုက်ဆိုင်မှုတွေကြောင့် စွယ်တော်ရွက်နှစ်ခြမ်းကွဲပြီး မိဘမေတ္တာရည်နို့် ပြည့်ဝအောင်မစို့ရတဲ့ကလေးငယ်တွေမှာ သာမာန်ကလေးငယ်တွေထက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေရှိနေတတ်ပါတယ်။ ကိုယ့်ရဲ့ဝန်းကျင်မှာ ဒီလိုကလေးတွေများရှိနေခဲ့ရင် အားနည်းချက်တွေ မရှိရလေအောင် သူတို့လေးတွေဖြစ်လေ့ဖြစ်တတ်တဲ့ သဘာဝလေးတွေကို တင်ပြပေးချင်ပါတယ်။
ကျန်းမာရေးချို့ယွင်းမှုများ
Divorced(မိဘကွဲခြင်း) ကြောင့် အထီးကျန်ဆန်ဆန်ခံစားရတဲ့ကလေးငယ်တွေမှာ ခေါင်းကိုက်တယ်ဆိုတဲ့ လက္ခဏာကိုအများဆုံးတွေ့ရတတ်ပါတယ်။ ဒါ့အပြင် ဒီလိုကလေးငယ်တွေမှာ ပန်းနာရင်ကြပ်ရောဂါအဖြစ်များတာကိုလည်းလေ့လာချက်တွေအရတွေ့ရှိရပါတယ်။ အိပ်ရေးပျက်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်းဟာလည်း ချန်ထားလို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအားနည်းမှု
စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေအနေနဲ့ကတော့ သာမာန်ထက်ပို၍ ရှက်ရွံ့တတ်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုအားနည်းခြင်း၊ စိတ်ပူတတ်လွန်းခြင်း၊ အလွန်အမင်းကြောက်တတ်ခြင်းတို့ကိုလည်း တွေ့ရနိုင်ပါတယ်။
ဒါ့အပြင်နောက်ထပ်အတွေ့ရများတဲ့ လက္ခဏာကတော့ စိတ်ဓာတ်ကျဆင်းခြင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရနေတဲ့ကလေးငယ်ဟာ အတွေးမှားတွေဝင်လာပြီး မိမိကိုယ်ကို သတ်သေချင်စိတ် (Suicidal Tendency)များလာတတ်ပါတယ်။ ဒါတင်မကဘဲ လွဲမှားတဲ့ထွက်ပေါက်ရှာတဲ့အခါမှာ ဆယ်ကျော်သက်လူငယ်ဘဝမှာ မူးယစ်ဆေးဝါးနဲ့ထိတွေ့မိပြီး မိမိကိုယ်ကို လူညွန့်တုန်းစေယုံသာမကဘဲ ပတ်ဝန်းကျင်ရှိလူအများပါထိခိုက်နစ်နာစေမယ့်အပြုအမူတေိလုပ်မိတတ်ကြတဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်။
ပညာရေးပိုင်းဆိုင်ရာမှာလည်း နှောင့်နှေးမှုတွေရှိလာနိုင်ပြီး စာသင်ကြားရာမှာ စိတ်ပါဝင်စားမှုမရှိခြင်း၊ ဆရာများကိုအရွဲ့တိုက်ခြင်းများရှိလာနိုင်တဲ့အတွက် စာသင်ကြားသူဆရာ၊ဆရာမများအနေဖြင့်လည်း နားမှုထားကာ စာသင်ကြားပေးဖို့လိုအပ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုကတော့ လူကြီးများအားမယုံကြည်တော့ခြင်းဖြစ်ပါတယ်။ သူစိမ်းများအားမယုံကြည်တတ်ခြင်းဟာ မိမိကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် ယုံကြည်ထိုက်တဲ့ဆွေမျိုး၊မိဘ၊ဆရာများအား မယုံကြည်ခြင်း၊ မလေးစားခြင်းများရှိလာတဲ့အခါ ရေလိုက်မှားတတ်ကြတဲ့အတွက် ဒီအချက်ကိုလည်းသတိပြုဖို့လိုအပ်ပါတယ်။
ဒါကြောင့် ကိုယ်တိုင်ပင်ဖြစ်စေ၊ ကိုယ့်ရဲ့ဝန်းကျင်မှာဖြစ်စေ စွယ်တော်ရွက်အချို့ နှစ်ခြမ်းကွဲပြတ်ခဲ့လို့ မေတ္တာရည်ငံ့လင့်နေတဲ့ သားသားမီးမီးလေးများရှိခဲ့ရင် သူတို့အပေါ်မှာ နားလည်ဂရုစိုက်ပြီး မဖြစ်သင့်တာမဖြစ်ရလေအောင် လမ်းမှန်ပေါ်ရောက်ကြစေသား မေတ္တာထားနိုင်အောင်ရည်ရွယ်တိုက်တွန်းကာ ဒီဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
စြယ္ေတာ္ရြက္တစ္ျခမ္းရဲ႕အရိပ္နဲ႔ ေခြၽးသိပ္ရတဲ့ကေလးငယ္ေတြ
ကမၻာေပၚမွာ လူသားတစ္ဦးရယ္လို႔ျဖစ္တည္လာရင္ အေမနဲ႔အေဖဆိုတဲ့ စြယ္ေတာ္ရြက္ႏွစ္မႊာရဲ႕ မ်ိဳးေစ့ေၾကာင့္ ေမြးဖြားလာရတာပါပဲ။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မ်ိဳးေစ့ကေလး လူလားမေျမာက္ခင္ သေဘာထားမတိုက္ဆိုင္မႈေတြေၾကာင့္ စြယ္ေတာ္ရြက္ႏွစ္ျခမ္းကြဲၿပီး မိဘေမတၱာရည္ႏို္႔ ျပည့္ဝေအာင္မစို႔ရတဲ့ကေလးငယ္ေတြမွာ သာမာန္ကေလးငယ္ေတြထက္ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ အားနည္းခ်က္ေတြ႐ွိေနတတ္ပါတယ္။ ကိုယ့္ရဲ႕ဝန္းက်င္မွာ ဒီလိုကေလးေတြမ်ား႐ွိေနခဲ့ရင္ အားနည္းခ်က္ေတြ မ႐ွိရေလေအာင္ သူတို႔ေလးေတြျဖစ္ေလ့ျဖစ္တတ္တဲ့ သဘာဝေလးေတြကို တင္ျပေပးခ်င္ပါတယ္။
က်န္းမာေရးခ်ိဳ႕ယြင္းမႈမ်ား
Divorced(မိဘကြဲျခင္း) ေၾကာင့္ အထီးက်န္ဆန္ဆန္ခံစားရတဲ့ကေလးငယ္ေတြမွာ ေခါင္းကိုက္တယ္ဆိုတဲ့ လကၡဏာကိုအမ်ားဆံုးေတြ႕ရတတ္ပါတယ္။ ဒါ့အျပင္ ဒီလိုကေလးငယ္ေတြမွာ ပန္းနာရင္ၾကပ္ေရာဂါအျဖစ္မ်ားတာကိုလည္းေလ့လာခ်က္ေတြအရေတြ႔႐ွိရပါတယ္။ အိပ္ေရးပ်က္ျခင္း၊ အိပ္မက္ဆိုးမ်ားမက္ျခင္းဟာလည္း ခ်န္ထားလို႔မရတဲ့အခ်က္တစ္ခုျဖစ္ပါတယ္။
စိတ္ပိုင္းဆိုင္ရာအားနည္းမႈ
စိတ္ပိုင္းဆိုင္ရာ အားနည္းခ်က္ေတြအေနနဲ႔ကေတာ့ သာမာန္ထက္ပို၍ ႐ွက္ရြံ႔တတ္ျခင္း၊ မိမိကိုယ္ကို ယံုၾကည္မႈအားနည္းျခင္း၊ စိတ္ပူတတ္လြန္းျခင္း၊ အလြန္အမင္းေၾကာက္တတ္ျခင္းတို႔ကိုလည္း ေတြ႔ရႏိုင္ပါတယ္။
ဒါ့အျပင္ေနာက္ထပ္အေတြ႔ရမ်ားတဲ့ လကၡဏာကေတာ့ စိတ္ဓာတ္က်ဆင္းျခင္းပါပဲ။ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာရေနတဲ့ကေလးငယ္ဟာ အေတြးမွားေတြဝင္လာၿပီး မိမိကိုယ္ကို သတ္ေသခ်င္စိတ္ (Suicidal Tendency)မ်ားလာတတ္ပါတယ္။ ဒါတင္မကဘဲ လြဲမွားတဲ့ထြက္ေပါက္႐ွာတဲ့အခါမွာ ဆယ္ေက်ာ္သက္လူငယ္ဘဝမွာ မူးယစ္ေဆးဝါးနဲ႔ထိေတြ႔မိၿပီး မိမိကိုယ္ကို လူၫြန္႔တုန္းေစယံုသာမကဘဲ ပတ္ဝန္းက်င္႐ွိလူအမ်ားပါထိခိုက္နစ္နာေစမယ့္အျပဳအမူေတ္ိလုပ္မိတတ္ၾကတဲ့ သာဓကေတြ႐ွိခဲ့ဖူးပါတယ္။
ပညာေရးပိုင္းဆိုင္ရာမွာလည္း ေႏွာင့္ေႏွးမႈေတြ႐ွိလာႏိုင္ၿပီး စာသင္ၾကားရာမွာ စိတ္ပါဝင္စားမႈမ႐ွိျခင္း၊ ဆရာမ်ားကိုအရြဲ႔တိုက္ျခင္းမ်ား႐ွိလာႏိုင္တဲ့အတြက္ စာသင္ၾကားသူဆရာ၊ဆရာမမ်ားအေနျဖင့္လည္း နားမႈထားကာ စာသင္ၾကားေပးဖို႔လိုအပ္ပါတယ္။
ေနာက္ထပ္အေရးႀကီးတဲ့ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈတစ္ခုကေတာ့ လူႀကီးမ်ားအားမယံုၾကည္ေတာ့ျခင္းျဖစ္ပါတယ္။ သူစိမ္းမ်ားအားမယံုၾကည္တတ္ျခင္းဟာ မိမိကိုယ္ကို ကာကြယ္ရာေရာက္ေပမယ့္ ယံုၾကည္ထိုက္တဲ့ေဆြမ်ိဳး၊မိဘ၊ဆရာမ်ားအား မယံုၾကည္ျခင္း၊ မေလးစားျခင္းမ်ား႐ွိလာတဲ့အခါ ေရလိုက္မွားတတ္ၾကတဲ့အတြက္ ဒီအခ်က္ကိုလည္းသတိျပဳဖို႔လိုအပ္ပါတယ္။
ဒါေၾကာင့္ ကိုယ္တိုင္ပင္ျဖစ္ေစ၊ ကိုယ့္ရဲ႕ဝန္းက်င္မွာျဖစ္ေစ စြယ္ေတာ္ရြက္အခ်ိဳ႕ ႏွစ္ျခမ္းကြဲျပတ္ခဲ့လို႔ ေမတၱာရည္ငံ့လင့္ေနတဲ့ သားသားမီးမီးေလးမ်ား႐ွိခဲ့ရင္ သူတို႔အေပၚမွာ နားလည္ဂ႐ုစိုက္ၿပီး မျဖစ္သင့္တာမျဖစ္ရေလေအာင္ လမ္းမွန္ေပၚေရာက္ၾကေစသား ေမတၱာထားႏိုင္ေအာင္ရည္ရြယ္တိုက္တြန္းကာ ဒီေဆာင္းပါးေလးကို ေရးသားလိုက္ရပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ