All Articlesသွားကျန်းမာရေး

Common Dental Problems in elderly people (Part-II)

1 Mins read

သက်ကြီးရွယ်အိုများတွင်အဖြစ်များသော သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးပြဿနာများ (အပိုင်း-2)

၆။ သွားကျောက်တည်ခြင်း

အသက်ကြီးပေမယ့်လည်း သွားတွေကျန်နေသေးတဲ့သူတွေရဲ့သွားအခြေမှာ သွားချေးကျောက်တွေ အနည်းနဲ့အများတွေ့ရတတ်ပါတယ်။ သွားချေးကျောက်တွေဟာ ခံတွင်းသန့်ရှင်းရေးအားနည်းလို့ ကျန်နေရစ်တဲ့ စားကြွင်းစားကျန်နဲ့ တံတွေးထဲကထုံးဓာတ်တွေပေါင်းပြီးဖြစ်ပေါ်လာတာဖြစ်ပြီး မဖယ်ထုတ်ရင် ကုသမှုမခံယူရင် အချိန်ကြာလာတာနဲ့အမျှ ခံတွင်းအနံ့ဆိုးလာခြင်း၊ ရေစီးကမ်းပြိုရောဂါဖြစ်လာခြင်း အစရှိတဲ့ နောက်ဆက်တွဲပြဿနာတွေ ကြုံရတတ်ပါတယ်။ သွားကျောက်တည်ခြင်းကို ကာကွယ်ဖို့ရန်က သွားကိုနေ့စဉ်ပုံမှန်တိုက်ပေးဖို့နဲ့ သွားကျောက်အတည်များတဲ့နေရာတွေဖြစ်တဲ့ အောက်ဘက်ရှေ့သွားတွေရဲ့အတွင်းမျက်နှာပြင်နဲ့ အပေါ်အံသွားပါးစောင်ဘက်မျက်နှာပြင်တွေကို သေချာဂရုတစိုက်တိုက်ပေးဖို့လိုပါမယ်။ ခံတွင်းအနံ့ဆိုးခြင်း၊ သွားတိုက်လျှင်သွေးထွက်ခြင်း၊ သွားအခြေတွေမှာ သွားအရောင်နဲ့မတူတဲ့ နို့နှစ်ရောင် အဝါရောင်အဖတ်များကို သတိထားမိခြင်းတို့ရှိလာခဲ့ရင်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

၇။ သွားဖုံးရောဂါများဖြစ်ပွားခြင်း

သွားကျောက်တွေကြောင့် သွားဖုံးသားနိမ့်ကျတာ ရေစီးကမ်းပြိုရောဂါဖြစ်တာတွေအပြင် သွားဖုံးသားနဲ့သွားအမြစ်ကြားအိတ် (Gingiva Pocket) ရဲ့အတိမ်အနက်များနေတာနဲ့ သွားဖုံးသားနိမ့်ကျပြီး သွားအမြစ်တွေပေါ်နေတာတွေဟာလည်း အသက်ကြီးတဲ့သူတွေမှာ အတွေ့ရများတဲ့ သွားဖုံးရောဂါတွေဖြစ်ပါတယ်။ အဆိုပါရောဂါတွေဟာ သွားကိုခိုင်မြဲအောင် ထောက်ပံ့ပေးထားတဲ့သွားမြစ်ဝန်းကျင်တစ်ရှူးတွေကို ဒုက္ခပေးဖယ်ရှားပစ်တာမို့ သွားတွေဟာ နဲ့လာပြီး မနှုတ်ရဘဲနဲ့ သွားတွေ အလိုအလျောက်ကျွတ်ထွက်သွားနိုင်ပါတယ်။ ငယ်စဉ်ကတည်းက သွားနှင့်ခံတွင်းကို စနစ်တကျ ဂရုစိုက်ပြီး သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ခြောက်လတစ်ကြိမ်ပုံမှန်ပြသစစ်ဆေးခြင်းအားဖြင့် အဆိုပါ သွားနှင့်ခံတွင်းရောဂါများကို ကာကွယ်ကုသနိုင်ပါတယ်။

၈။ အံကပ်များမမြဲခြင်း

အံကပ်ဆိုတာက သက်ကြီးရွယ်အိုတွေရဲ့ Assessories လို့ဆိုရလောက်အောင် အသက်အရွယ်ကြီးရင့်ပြီး သဘာဝသွားတွေ ပျက်စီးဆုံးရှုံးကုန်တဲ့သူအများစုက အံကပ်ကိုယ်စီတပ်လေ့ရှိကြပါတယ်။ တစ်ချို့ဆိုရင် အပိုတွေဘာတွေပါ ပြုလုပ်ပြီးဆောင်ထားတတ်ကြပါတယ်။ အံကပ်တပ်ဆင်ခြင်းဟာ အစားဝါးတဲ့နေရာနဲ့ ရုပ်ဆင်းအင်္ဂါကို ပြည့်ဖြိုးအောင်ကူညီပေးသော်ငြား တစ်ခါတစ်လေ အံကပ်မမြဲခြင်းကို ကြုံရတတ်ပါတယ်။ ဘာလို့အံကပ်မမြဲသလဲဆိုရင် အံကပ်ကိုပုံမှန်တပ်ဆင်ခြင်းမရှိဘဲ ချွတ်ထားတဲ့အချိန်က ပိုများနေတာတို့၊ ချွတ်ထားတဲ့အချိန်မှာလည်း ရေမစိမ်ထားတာတာကြောင့် အံကပ်အနည်းငယ်ကျုံ့သွားတာတို့၊ အကြောင်းအမျိုးမျိုးကြောင့် မူလပုံစံကနေတွန့်လိမ်ပုံပြောင်းသွားတာတို့၊ လူရဲ့ဇီဝကမ္မဖြစ်စဉ်အရ ခံတွင်းထဲရှိ တစ်ရှူးများ ပုံစံပြောင်းလဲသွားပြီး အံကပ်ကနဂိုအတိုင်းရှိနေခဲ့လို့ တပ်ဆင်ရာမှာ အံမကျတော့တာတို့ ကြောင့် အံကပ်မမြဲခြင်းဖြစ်ပေါ်တတ်ပါတယ်။

၉။ ခံတွင်းခြောက်ခြင်း

အသက်ကြီးတဲ့သူတွေမှာ တံတွေးအကျိတ်တွေကောင်းကောင်း အလုပ်မလုပ်တော့တာကြောင့် တံတွေးအထွက်နည်းပြီး ခံတွင်းခြောက်တာတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျတော့ သောက်နေကြဆေးတွေကြောင့်လည်း တံတွေးအထွက်နည်းပြီး ခံတွင်းခြောက်တာ ဖြစ်တတ်ပါတယ်။ ခံတွင်းခြောက်ခြင်းဟာ သွားပိုးစားရောဂါကို ပိုမိုဖြစ်ပွားစေတာမို့ သေချာဂရုစိုက်သင့်ပါတယ်။ ရေများများသောက်ခြင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန်ထံ ခြောက်လတစ်ကြိမ် ပုံမှန်ပြသပြီး စစ်ဆေးကုသမှု ခံယူခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

၁၀။ ခံတွင်းကင်ဆာ

ခံတွင်းကင်ဆာဟာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှန်းမှာပါ အသက်ကြီးတဲ့သူတွေဆီမှာ တွေ့ရများတဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါဆိုးတစ်ခုဖြစ်နေပါတယ်။ လူနေမှုပုံစံပြောင်းလဲလာခြင်း၊ ကွမ်းစား ဆေးလိပ်သောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံတွင်းကင်ဆာရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ရုံသာမက ကုသမယ်ဆိုရင်လည်း ပေးဆပ်ရမှုကများတာမို့ ငယ်စဉ်ကတည်းက မကောင်းတဲ့ ကျန်းမာရေးဆိုင်ရာ အမူအကျင့်တွေကို ပယ်ရှားပြီး ခန္ဓာကိုယ်ကျန်းမာရေးအလေ့အကျင့်ကောင်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

အသက်ရှည်ရှည်နေရခြင်းဟာ ဆုလာဘ်တစ်ခုဖြစ်သော်ငြား အနာရောဂါထူပြောနေခြင်းဟာ ပြစ်ဒဏ်တစ်ရပ်ဖြစ်တာမို့ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုလာဘ်ကောင်းကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ မိမိအပေါ်မှာပဲ မူတည်ပါတယ်လို့ စေတနာနဲ့ သတိပေးလိုက်ပါရစေခင်ဗျာ။

Dr. သုဈာန်

သက္ႀကီး႐ြယ္အိုမ်ားတြင္အျဖစ္မ်ားေသာ သြားႏွင့္ခံတြင္းဆိုင္ရာက်န္းမာေရးျပႆနာမ်ား (အပိုင္း-2)

၆။ သြားေက်ာက္တည္ျခင္း

အသက္ႀကီးေပမယ့္လည္း သြားေတြက်န္ေနေသးတဲ့သူေတြရဲ႕သြားအေျခမွာ သြားေခ်းေက်ာက္ေတြ အနည္းနဲ႔အမ်ားေတြ႕ရတတ္ပါတယ္။ သြားေခ်းေက်ာက္ေတြဟာ ခံတြင္းသန႔္ရွင္းေရးအားနည္းလို႔ က်န္ေနရစ္တဲ့ စားႂကြင္းစားက်န္နဲ႔ တံေတြးထဲကထုံးဓာတ္ေတြေပါင္းၿပီးျဖစ္ေပၚလာတာျဖစ္ၿပီး မဖယ္ထုတ္ရင္ ကုသမႈမခံယူရင္ အခ်ိန္ၾကာလာတာနဲ႔အမွ် ခံတြင္းအနံ႔ဆိုးလာျခင္း၊ ေရစီးကမ္းၿပိဳေရာဂါျဖစ္လာျခင္း အစရွိတဲ့ ေနာက္ဆက္တြဲျပႆနာေတြ ႀကဳံရတတ္ပါတယ္။ သြားေက်ာက္တည္ျခင္းကို ကာကြယ္ဖို႔ရန္က သြားကိုေန႔စဥ္ပုံမွန္တိုက္ေပးဖို႔နဲ႔ သြားေက်ာက္အတည္မ်ားတဲ့ေနရာေတြျဖစ္တဲ့ ေအာက္ဘက္ေရွ႕သြားေတြရဲ႕အတြင္းမ်က္ႏွာျပင္နဲ႔ အေပၚအံသြားပါးေစာင္ဘက္မ်က္ႏွာျပင္ေတြကို ေသခ်ာဂ႐ုတစိုက္တိုက္ေပးဖို႔လိုပါမယ္။ ခံတြင္းအနံ႔ဆိုးျခင္း၊ သြားတိုက္လွ်င္ေသြးထြက္ျခင္း၊ သြားအေျခေတြမွာ သြားအေရာင္နဲ႔မတူတဲ့ ႏို႔ႏွစ္ေရာင္ အဝါေရာင္အဖတ္မ်ားကို သတိထားမိျခင္းတို႔ရွိလာခဲ့ရင္ေတာ့ သြားဘက္ဆိုင္ရာ ဆရာဝန္နဲ႔ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္။

၇။ သြားဖုံးေရာဂါမ်ားျဖစ္ပြားျခင္း

သြားေက်ာက္ေတြေၾကာင့္ သြားဖုံးသားနိမ့္က်တာ ေရစီးကမ္းၿပိဳေရာဂါျဖစ္တာေတြအျပင္ သြားဖုံးသားနဲ႔သြားအျမစ္ၾကားအိတ္ (Gingiva Pocket) ရဲ႕အတိမ္အနက္မ်ားေနတာနဲ႔ သြားဖုံးသားနိမ့္က်ၿပီး သြားအျမစ္ေတြေပၚေနတာေတြဟာလည္း အသက္ႀကီးတဲ့သူေတြမွာ အေတြ႕ရမ်ားတဲ့ သြားဖုံးေရာဂါေတြျဖစ္ပါတယ္။ အဆိုပါေရာဂါေတြဟာ သြားကိုခိုင္ၿမဲေအာင္ ေထာက္ပံ့ေပးထားတဲ့သြားျမစ္ဝန္းက်င္တစ္ရႉးေတြကို ဒုကၡေပးဖယ္ရွားပစ္တာမို႔ သြားေတြဟာ နဲ႔လာၿပီး မႏႈတ္ရဘဲနဲ႔ သြားေတြ အလိုအေလ်ာက္ကြၽတ္ထြက္သြားႏိုင္ပါတယ္။ ငယ္စဥ္ကတည္းက သြားႏွင့္ခံတြင္းကို စနစ္တက် ဂ႐ုစိုက္ၿပီး သြားဘက္ဆိုင္ရာ ဆရာဝန္နဲ႔ ေျခာက္လတစ္ႀကိမ္ပုံမွန္ျပသစစ္ေဆးျခင္းအားျဖင့္ အဆိုပါ သြားႏွင့္ခံတြင္းေရာဂါမ်ားကို ကာကြယ္ကုသႏိုင္ပါတယ္။

၈။ အံကပ္မ်ားမၿမဲျခင္း

အံကပ္ဆိုတာက သက္ႀကီး႐ြယ္အိုေတြရဲ႕ Assessories လို႔ဆိုရေလာက္ေအာင္ အသက္အ႐ြယ္ႀကီးရင့္ၿပီး သဘာဝသြားေတြ ပ်က္စီးဆုံးရႈံးကုန္တဲ့သူအမ်ားစုက အံကပ္ကိုယ္စီတပ္ေလ့ရွိၾကပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ အပိုေတြဘာေတြပါ ျပဳလုပ္ၿပီးေဆာင္ထားတတ္ၾကပါတယ္။ အံကပ္တပ္ဆင္ျခင္းဟာ အစားဝါးတဲ့ေနရာနဲ႔ ႐ုပ္ဆင္းအဂၤါကို ျပည့္ၿဖိဳးေအာင္ကူညီေပးေသာ္ျငား တစ္ခါတစ္ေလ အံကပ္မၿမဲျခင္းကို ႀကဳံရတတ္ပါတယ္။ ဘာလို႔အံကပ္မၿမဲသလဲဆိုရင္ အံကပ္ကိုပုံမွန္တပ္ဆင္ျခင္းမရွိဘဲ ခြၽတ္ထားတဲ့အခ်ိန္က ပိုမ်ားေနတာတို႔၊ ခြၽတ္ထားတဲ့အခ်ိန္မွာလည္း ေရမစိမ္ထားတာတာေၾကာင့္ အံကပ္အနည္းငယ္က်ဳံ႕သြားတာတို႔၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မူလပုံစံကေနတြန႔္လိမ္ပုံေျပာင္းသြားတာတို႔၊ လူရဲ႕ဇီဝကမၼျဖစ္စဥ္အရ ခံတြင္းထဲရွိ တစ္ရႉးမ်ား ပုံစံေျပာင္းလဲသြားၿပီး အံကပ္ကနဂိုအတိုင္းရွိေနခဲ့လို႔ တပ္ဆင္ရာမွာ အံမက်ေတာ့တာတို႔ ေၾကာင့္ အံကပ္မၿမဲျခင္းျဖစ္ေပၚတတ္ပါတယ္။

၉။ ခံတြင္းေျခာက္ျခင္း

အသက္ႀကီးတဲ့သူေတြမွာ တံေတြးအက်ိတ္ေတြေကာင္းေကာင္း အလုပ္မလုပ္ေတာ့တာေၾကာင့္ တံေတြးအထြက္နည္းၿပီး ခံတြင္းေျခာက္တာေတြျဖစ္တတ္ပါတယ္။ တစ္ခါတစ္ေလက်ေတာ့ ေသာက္ေနၾကေဆးေတြေၾကာင့္လည္း တံေတြးအထြက္နည္းၿပီး ခံတြင္းေျခာက္တာ ျဖစ္တတ္ပါတယ္။ ခံတြင္းေျခာက္ျခင္းဟာ သြားပိုးစားေရာဂါကို ပိုမိုျဖစ္ပြားေစတာမို႔ ေသခ်ာဂ႐ုစိုက္သင့္ပါတယ္။ ေရမ်ားမ်ားေသာက္ျခင္း၊ သြားဘက္ဆိုင္ရာ ဆရာဝန္ထံ ေျခာက္လတစ္ႀကိမ္ ပုံမွန္ျပသၿပီး စစ္ေဆးကုသမႈ ခံယူျခင္းတို႔ကို ျပဳလုပ္သင့္ပါတယ္။

၁၀။ ခံတြင္းကင္ဆာ

ခံတြင္းကင္ဆာဟာ ျမန္မာႏိုင္ငံမွာသာမက ကမာၻတစ္ဝွန္းမွာပါ အသက္ႀကီးတဲ့သူေတြဆီမွာ ေတြ႕ရမ်ားတဲ့ သြားႏွင့္ခံတြင္းဆိုင္ရာ ေရာဂါဆိုးတစ္ခုျဖစ္ေနပါတယ္။ လူေနမႈပုံစံေျပာင္းလဲလာျခင္း၊ ကြမ္းစား ေဆးလိပ္ေသာက္ျခင္းတို႔ေၾကာင့္ ျဖစ္ေပၚလာတဲ့ ခံတြင္းကင္ဆာေရာဂါဟာ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္႐ုံသာမက ကုသမယ္ဆိုရင္လည္း ေပးဆပ္ရမႈကမ်ားတာမို႔ ငယ္စဥ္ကတည္းက မေကာင္းတဲ့ က်န္းမာေရးဆိုင္ရာ အမူအက်င့္ေတြကို ပယ္ရွားၿပီး ခႏၶာကိုယ္က်န္းမာေရးအေလ့အက်င့္ေကာင္းေတြကို လိုက္နာေဆာင္႐ြက္သင့္ပါတယ္။

အသက္ရွည္ရွည္ေနရျခင္းဟာ ဆုလာဘ္တစ္ခုျဖစ္ေသာ္ျငား အနာေရာဂါထူေျပာေနျခင္းဟာ ျပစ္ဒဏ္တစ္ရပ္ျဖစ္တာမို႔ အသက္ရွည္ရာ အနာမဲ့ေၾကာင္း ဆုလာဘ္ေကာင္းကို ပိုင္ဆိုင္ႏိုင္ဖို႔ဆိုတာ မိမိအေပၚမွာပဲ မူတည္ပါတယ္လို႔ ေစတနာနဲ႔ သတိေပးလိုက္ပါရေစခင္ဗ်ာ။

Dr. သုဈာန္

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *