All Articlesသွားကျန်းမာရေး

Common Dental Problems in elderly people (Part-I)

1 Mins read

သက်ကြီးရွယ်အိုများတွင်အဖြစ်များသော သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးပြဿနာများ (အပိုင်း-၁)

၁။ သွားများပျက်စီးဆုံးရှုံးခြင်း

ဇရာကို ဖော်ပြတဲ့စကားပုံတစ်ခုကို ပြောပြပါဆိုရင် ဆံဖြူသွားကျိုး ဆိုတဲ့စကားပုံကို လူတိုင်းလိုလို ပြေးမြင်မိကြပါလိမ့်မယ်။ ဆံပင်ဖြူတာရယ် သွားကျိုးတာ၊ သွားတွေမရှိတော့တာရယ်က အသက်ကြီးရင့်အိုမင်းခြင်းရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေပါတယ်။ ဆံပင်ဖြူနေတာက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုမို့လို့ ရှောင်လွှဲလို့မရပေမယ့် သွားကျိုးတာ၊ နှုတ်ပစ်လိုက်ရလို့ သွားတွေမရှိတော့တာက တကယ်တမ်းငယ်ရွယ်စဉ်ကတည်းက သေချာ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့လို့ပါ။ ငယ်စဉ်ကတည်းက သေချာဂရုတစိုက်စောင့်ရှောက်ပေးနိုင်မှသာ ၈၀း၂၀ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အသက် ၈၀ မှာ သွားအချောင်း ၂၀ ကျန်နိုင်မှာပါ။

၂။ အံသွားများမရှိတော့သည့်အတွက် ရုပ်ရည်ပိုမိုအိုမင်းရင့်ရော်ခြင်း

အံသွားတွေဟာ အစားအစာတွေကို ဝါးစားတဲ့နေရာမှာ အဓိက အသုံးဝင်သလို လူတစ်ယောက်ရဲ့ ရုပ်ဆင်းသွင်ပြင်ကိုလည်း ထိန်းညှိပေးပါတယ်။ အံသွားတွေဟာ ရှိနေတုန်းတော့ မသိသာပေမယ့် အံသွားတွေမရှိတော့တဲ့အခါ ပါးတွေချိုင့်လာ ပါးရိုးတွေပိုပေါ်လာပြီး ရုပ်ကပိုမိုအိုမင်းသွားတဲ့ ပုံစံပေါက်သွားပါတယ်။ သွားအတုပြန်စိုက်ခြင်း၊ အံကပ်တပ်ဆင်ခြင်းတို့ပြုလုပ် ကုသမှုခံယူမှသာ ရုပ်ဆင်းအင်္ဂါကို ပြန်ထိန်းသိမ်းပေးနိုင်ရုံမက စားသမျှအစားအစာတိုင်းကိုလဲ ကြေညက်စွာ ဝါးနိုင်ပြီး အာဟာရဓာတ်ပြည့်ဝစွာ ရရှိနိုင်မှာပါ။

၃။ သွားပိုးစားခြင်း

အသက်အရွယ်ကြီးရင့်သူတွေမှာ သွားတွေမနှုတ်ပစ်ရသည့်တိုင် သွားပိုးစားရောဂါတွေရှိနေတတ်ပါတယ်။ မြင်ရတဲ့အစာဝါးတဲ့မျက်နှာပြင်မှာရော မမြင်ရတဲ့သွားနှစ်ချောင်းကြားနေရာတွေ တစ်နေရာမဟုတ်တစ်နေရာ ပိုးစားနေတတ်ကြပါတယ်။ စနစ်မှန်သွားတိုက်နည်းနဲ့တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ခြင်း၊ သွားနှစ်ချောင်းကြားနေရာကို သွားကြားပွတ်ကြိုးသုံးပြီး နေ့စဉ်သန့်ရှင်းရေးလုပ်ပေးခြင်းတို့ကို အမြဲပြုလုပ်ပေးမှသာ သွားပိုးစားခြင်းကို ကာကွယ်နိုင်မှာပါ။

၄။ အံသွားမျက်နှာပြင်များ ပြုန်းတီးခြင်း

လူအပြောများတဲ့ စကားတစ်ခုဖြစ်တဲ့ အံတိုတယ်၊ အံတိုနေပြီ ဆိုတာ ဒီအံသွားမျက်နှာပြင်များ ပွန်းပဲ့ပြုန်းတီးခြင်းကို ဆိုလိုတာပါ။ အံတိုတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့ ကာလကြာခြင်း၊ သက်တမ်းကြာခြင်းလိုပဲ အံသွားမျက်နှာပြင်တွေ ပွန်းပဲ့ပြုန်းတီးတာက အသက်အရွယ်ကြီးတဲ့သူတွေမှာ အတွေ့ရများတဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတစ်ရပ်ပါ။ အံသွားတွေဟာ စားနေဝါးနေတဲ့အချိန်မှာအထက်သွားနဲ့ အောက်သွား ထိတွေ့ပွတ်တိုက်မှုဖြစ်ပေါ်နေပြီး ကာလကြာရှည်လာတဲ့အခါမှာ ပွန်းပဲ့ပြုန်းတီးလာတာပါ။ အခြေအနေမဆိုးဝါးသေးတဲ့ အံသွားမျက်နှာပြင်တွေဟာ ချိုင့်ခွက်တွေဖြစ်ပေါ်နေတတ်ပြီး ရေအေးသောက်ရင် ကျင်တာတွေခံစားရတတ်ပါတယ်။ အဆိုပါချိုင့်ခွက်ကို ပြန်ဖာထေးလိုက်ရင် အဆိုပါပြဿနာပြေလည်သွားနိုင်ပေမယ့် ကာလကြာရှည်တိုက်စားခံရလို့ အံတိုနေတဲ့ ငုတ်ကလေးတွေဖြစ်နေတဲ့ အံသွားကျတော့ အပေါ်ကနေသွားအစွပ်စွပ်ပြီး ကုသမှုခံယူရနိုင်ပါတယ်။

၅။ သွားအခြေပွန်းပဲ့ပြုန်းတီးခြင်း

ဒီနေရာမှာ သွားအခြေဆိုတာက သွားနဲ့သွားဖုံးသားနဲ့ထိစပ်နေတဲ့နေရာကိုဆိုလိုတာပါ။ သွားအခြေပွန်းပဲ့ပြုန်းတီးစေတဲ့ အဓိကတရားခံကတော့ သွားတိုက်နည်းစနစ်မမှန်လို့ပါ။ ငယ်စဉ်ကတည်းက သွားကို ကန့်လန့်ဖြတ်တိုက်တဲ့သူတွေဟာ လူလတ်ပိုင်းအရွယ်မှာတင် သွားအခြေမှာ လခြမ်းပုံစံ ချိုင့်ခွက်တွေပေါ်နေတတ်ပြီး တစ်ခါတစ်ရံ ရေအေးသောက်ရင် ကျင်တတ်ပါတယ်။ မကုသဘဲထားရင် ကြာလာတဲ့အခါ ပွန်းပဲ့ပြုန်းတီးတဲ့နေရာပိုကျယ်ပြန့်လာပြီး သွားများခါးပြတ်ကာ ထက်ပိုင်းကျိုးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ကာကွယ်ဖို့ရန်က သွားတိုက်တဲ့အခါမှာ ကန့်လန့်ဖြတ်မတိုက်ဘဲ အထက်အောက်တိုက်ရပါမယ်။

သုဈာန်

သက္ႀကီး႐ြယ္အိုမ်ားတြင္အျဖစ္မ်ားေသာ သြားႏွင့္ခံတြင္းဆိုင္ရာက်န္းမာေရးျပႆနာမ်ား (အပိုင္း-၁)

၁။ သြားမ်ားပ်က္စီးဆုံးရႈံးျခင္း

ဇရာကို ေဖာ္ျပတဲ့စကားပုံတစ္ခုကို ေျပာျပပါဆိုရင္ ဆံျဖဴသြားက်ိဳး ဆိုတဲ့စကားပုံကို လူတိုင္းလိုလို ေျပးျမင္မိၾကပါလိမ့္မယ္။ ဆံပင္ျဖဴတာရယ္ သြားက်ိဳးတာ၊ သြားေတြမရွိေတာ့တာရယ္က အသက္ႀကီးရင့္အိုမင္းျခင္းရဲ႕ သေကၤတ တစ္ခုလိုျဖစ္ေနပါတယ္။ ဆံပင္ျဖဴေနတာက ခႏၶာကိုယ္ရဲ႕ဇီဝကမၼျဖစ္စဥ္တစ္ခုမို႔လို႔ ေရွာင္လႊဲလို႔မရေပမယ့္ သြားက်ိဳးတာ၊ ႏႈတ္ပစ္လိုက္ရလို႔ သြားေတြမရွိေတာ့တာက တကယ္တမ္းငယ္႐ြယ္စဥ္ကတည္းက ေသခ်ာ ထိန္းသိမ္းေစာင့္ေရွာက္မႈ အားနည္းခဲ့လို႔ပါ။ ငယ္စဥ္ကတည္းက ေသခ်ာဂ႐ုတစိုက္ေစာင့္ေရွာက္ေပးႏိုင္မွသာ ၈၀း၂၀ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အညီ အသက္ ၈၀ မွာ သြားအေခ်ာင္း ၂၀ က်န္ႏိုင္မွာပါ။

၂။ အံသြားမ်ားမရွိေတာ့သည့္အတြက္ ႐ုပ္ရည္ပိုမိုအိုမင္းရင့္ေရာ္ျခင္း

အံသြားေတြဟာ အစားအစာေတြကို ဝါးစားတဲ့ေနရာမွာ အဓိက အသုံးဝင္သလို လူတစ္ေယာက္ရဲ႕ ႐ုပ္ဆင္းသြင္ျပင္ကိုလည္း ထိန္းညႇိေပးပါတယ္။ အံသြားေတြဟာ ရွိေနတုန္းေတာ့ မသိသာေပမယ့္ အံသြားေတြမရွိေတာ့တဲ့အခါ ပါးေတြခ်ိဳင့္လာ ပါး႐ိုးေတြပိုေပၚလာၿပီး ႐ုပ္ကပိုမိုအိုမင္းသြားတဲ့ ပုံစံေပါက္သြားပါတယ္။ သြားအတုျပန္စိုက္ျခင္း၊ အံကပ္တပ္ဆင္ျခင္းတို႔ျပဳလုပ္ ကုသမႈခံယူမွသာ ႐ုပ္ဆင္းအဂၤါကို ျပန္ထိန္းသိမ္းေပးႏိုင္႐ုံမက စားသမွ်အစားအစာတိုင္းကိုလဲ ေၾကညက္စြာ ဝါးႏိုင္ၿပီး အာဟာရဓာတ္ျပည့္ဝစြာ ရရွိႏိုင္မွာပါ။

၃။ သြားပိုးစားျခင္း

အသက္အ႐ြယ္ႀကီးရင့္သူေတြမွာ သြားေတြမႏႈတ္ပစ္ရသည့္တိုင္ သြားပိုးစားေရာဂါေတြရွိေနတတ္ပါတယ္။ ျမင္ရတဲ့အစာဝါးတဲ့မ်က္ႏွာျပင္မွာေရာ မျမင္ရတဲ့သြားႏွစ္ေခ်ာင္းၾကားေနရာေတြ တစ္ေနရာမဟုတ္တစ္ေနရာ ပိုးစားေနတတ္ၾကပါတယ္။ စနစ္မွန္သြားတိုက္နည္းနဲ႔တစ္ေန႔ႏွစ္ႀကိမ္ပုံမွန္သြားတိုက္ျခင္း၊ သြားႏွစ္ေခ်ာင္းၾကားေနရာကို သြားၾကားပြတ္ႀကိဳးသုံးၿပီး ေန႔စဥ္သန႔္ရွင္းေရးလုပ္ေပးျခင္းတို႔ကို အၿမဲျပဳလုပ္ေပးမွသာ သြားပိုးစားျခင္းကို ကာကြယ္ႏိုင္မွာပါ။

၄။ အံသြားမ်က္ႏွာျပင္မ်ား ျပဳန္းတီးျခင္း

လူအေျပာမ်ားတဲ့ စကားတစ္ခုျဖစ္တဲ့ အံတိုတယ္၊ အံတိုေနၿပီ ဆိုတာ ဒီအံသြားမ်က္ႏွာျပင္မ်ား ပြန္းပဲ့ျပဳန္းတီးျခင္းကို ဆိုလိုတာပါ။ အံတိုတယ္ဆိုတဲ့အဓိပၸာယ္ျဖစ္တဲ့ ကာလၾကာျခင္း၊ သက္တမ္းၾကာျခင္းလိုပဲ အံသြားမ်က္ႏွာျပင္ေတြ ပြန္းပဲ့ျပဳန္းတီးတာက အသက္အ႐ြယ္ႀကီးတဲ့သူေတြမွာ အေတြ႕ရမ်ားတဲ့ သြားႏွင့္ခံတြင္းဆိုင္ရာ ျပႆနာတစ္ရပ္ပါ။ အံသြားေတြဟာ စားေနဝါးေနတဲ့အခ်ိန္မွာအထက္သြားနဲ႔ ေအာက္သြား ထိေတြ႕ပြတ္တိုက္မႈျဖစ္ေပၚေနၿပီး ကာလၾကာရွည္လာတဲ့အခါမွာ ပြန္းပဲ့ျပဳန္းတီးလာတာပါ။ အေျခအေနမဆိုးဝါးေသးတဲ့ အံသြားမ်က္ႏွာျပင္ေတြဟာ ခ်ိဳင့္ခြက္ေတြျဖစ္ေပၚေနတတ္ၿပီး ေရေအးေသာက္ရင္ က်င္တာေတြခံစားရတတ္ပါတယ္။ အဆိုပါခ်ိဳင့္ခြက္ကို ျပန္ဖာေထးလိုက္ရင္ အဆိုပါျပႆနာေျပလည္သြားႏိုင္ေပမယ့္ ကာလၾကာရွည္တိုက္စားခံရလို႔ အံတိုေနတဲ့ ငုတ္ကေလးေတြျဖစ္ေနတဲ့ အံသြားက်ေတာ့ အေပၚကေနသြားအစြပ္စြပ္ၿပီး ကုသမႈခံယူရႏိုင္ပါတယ္။

၅။ သြားအေျခပြန္းပဲ့ျပဳန္းတီးျခင္း

ဒီေနရာမွာ သြားအေျခဆိုတာက သြားနဲ႔သြားဖုံးသားနဲ႔ထိစပ္ေနတဲ့ေနရာကိုဆိုလိုတာပါ။ သြားအေျခပြန္းပဲ့ျပဳန္းတီးေစတဲ့ အဓိကတရားခံကေတာ့ သြားတိုက္နည္းစနစ္မမွန္လို႔ပါ။ ငယ္စဥ္ကတည္းက သြားကို ကန႔္လန႔္ျဖတ္တိုက္တဲ့သူေတြဟာ လူလတ္ပိုင္းအ႐ြယ္မွာတင္ သြားအေျခမွာ လျခမ္းပုံစံ ခ်ိဳင့္ခြက္ေတြေပၚေနတတ္ၿပီး တစ္ခါတစ္ရံ ေရေအးေသာက္ရင္ က်င္တတ္ပါတယ္။ မကုသဘဲထားရင္ ၾကာလာတဲ့အခါ ပြန္းပဲ့ျပဳန္းတီးတဲ့ေနရာပိုက်ယ္ျပန႔္လာၿပီး သြားမ်ားခါးျပတ္ကာ ထက္ပိုင္းက်ိဳးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ ကာကြယ္ဖို႔ရန္က သြားတိုက္တဲ့အခါမွာ ကန႔္လန႔္ျဖတ္မတိုက္ဘဲ အထက္ေအာက္တိုက္ရပါမယ္။

သုဈာန္

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
သွားကျန်းမာရေး

သွားပိုးစားခြင်း ဆိုတာ (Tooth Decay/Caries)

1 Mins read
သွားပိုးစားခြင်း (သို့) သွားအခေါင်းပေါက်များဖြစ်ခြင်းဟာ ကလေးသူငယ်များတွင်သာမက အချို့သောလူကြီးများမှာပါ ကြုံတွေ့ရတတ်တဲ့ သွားရောဂါတစ်မျိုးပါ။ ဒါကြောင့် သွားပိုးစားခြင် ဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ရသလဲဆိုတာကို ဗဟုသုတအဖြစ်ဝေမျှပေးချင်ပါတယ်။ ဘာကြောင့်သွားပိုးစားရသလိုဆိုရင် …. ခံတွင်းထဲကိုရောက်ရှိလာတဲ့ ဘက်တီးရီးယားတွေကနေ သွားကိုထိခိုက်စေတဲ့အက်ဆစ်ဓာတ်တစ်မျိုးကို ထုတ်လုပ်လိုက်တဲ့အတွက်ကြောင့်ပါ။ ဒီလိုဘက်တီးရီးယားတွေဘာကြောင့်ဝင်လာရသလဲဆိုတော့… – သွားတိုက်တဲ့အခါ သွားကိုနှံ့စပ်အောင်မတိုက်ခြင်းကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *