အမျိုးသမီးအများစု စိတ်ဓာတ်ကျလေ့ရှိတဲ့ အခြေအနေအကြောင်းတရားများ
အရွယ်ရောက်ပြီးအမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဓာတ်ကျဆင်းတဲ့ဝေဒနာကို နှစ်ဆပိုမိုခံစားရလေ့ရှိပါတယ်။စိတ်ကျအမျိုးသမီးတွေဟာ သတ်သေဖို့မအောင်မြင်သည့်တိုင် အကြိမ်ကြိမ်ကြိုးစားလေ့ရှိကြပါတယ်။
ဘယ်လိုအမျိုးသမီးတွေမှာစိတ်ကျဝေဒနာပိုဖြစ်တတ်သလဲ?
-မိသားစုထဲမှာ စိတ်ရောဂါရှိသူရှိတာ
-အသက် ၁၀ နှစ်မတိုင်ခင် မိဘတွေကိုဆုံးရှုံးလိုက်ရတာ
-ရောဂါကြောင့်ဟော်မုန်းဆေးဝါးတွေ သောက်သုံးနေရတာ
-ကလေးဘဝက စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံခဲ့ရတာ စသဖြင့်ပါ။
ဒါတွေဘာကြောင့်ဖြစ်ရသလဲ။
(၁)Biological cause(ဇီဝဗေဒဆိုင်ရာ အကြောင်းတရား)
အမျိုးသမီးတွေဟာ ဘဝတစ်လျှောက်လုံး ဟော်မုန်းအပြောင်းအလဲကို ခါးစည်းခံရပါတယ်။အပျိုဖော်ဝင်ချိန်မှစ ရာသီလာချိန် ကလေးမွေးချိန် သွေးဆုံးချိန် စသဖြင့် ဟော်မုန်းအတက်အကျတွေများတာဟာ စိတ်အပြောင်းအလဲတွေဖြစ်ဖို့တွန်းအားပေးပြီး စိတ်ကျဝေဒနာကို ဖြစ်စေပါတယ်။
တစ်ချို့သော မျိုးရိုးဗီဇတွေဟာလည်း စိတ်ကျဝေဒနာကိုဖြစ်စေတဲ့ gene တွေပါဝင်တယ်လို့ဆိုပါတယ်။
နာတာရှည်ရောဂါ မသန်စွမ်း တစ်ခုခုခံစားရတဲ့ အမျိုးသမီးတွေဟာလည်း စိတ်ကျဝေဒနာခံစားရနိုင်ပါတယ်။
(၂)Psychological cause(စိတ်ပိုင်းဆိုင်ရာအကြောင်းတရားများ)
အမျိုးသမီးတွေဟာ စိတ်ထိခိုက်ခံစားလွယ်တာနဲ့အညီ အမျိုးသားတွေထက်ပိုပြီးတော့ စိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။
(၃)Social causes(လူမှုရေးဆိုင်ရာ အကြောင်းတရားများ)
- ချစ်သူ အိမ်ထောင်ဖက် မိသားစုနဲ့အဆင်မပြေတာ
- ကွာရှင်းထားတာ
- အလုပ်အကိုင်အဆင်မပြေတာ
- ငွေကြေးအဆင်မပြေတာ
- ချစ်ခင်ရင်းနှီးရသူတစ်ယောက်ဆုံးရှုံးလိုက်ရတာ စတာတွေဟာစိတ်ကျဝေဒနာကို ဖြစ်ပေါ်စေပါတယ်။
- အမျိုးသမီးအပေါ်ဖိနှိပ်ခွဲခြားဆက်ဆံတတ်တဲ့ ပတ်ဝန်းကျင်တွေဟာလည်း အမျိုးသမီးတွေ စိတ်ကျဝေဒနာခံစားရဖို့ တွန်းအားပိုပေးပါတယ်။
အမျိုးသမီးတွေဟာ မိသားစုတစ်ခုမှာ ကဏ္ဍအမျိုးမျိုးကနေ ပါဝင်ဆောင်ရွက်နေရသူတွေဖြစ်တဲ့အတွက် စိတ်ကျဝေဒနာခံစားရတဲ့အခါချစ်ခင်ရင်းနှီးသူတွေရဲ့ ဖေးမကူညီမှုကို လိုအပ်ပါတယ်။
Dr.ပွင့်ဖြိုးကျော်
အမ်ိဳးသမီးအမ်ားစု စိတ္ဓာတ္က်ေလ့ရွိတဲ႔ အေျခအေနအေၾကာင္းတရားမ်ား
အရြယ္ေရာက္ျပီးအမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ စိတ္ဓာတ္က်ဆင္းတဲ႔ေဝဒနာကို ႏွစ္ဆပိုမိုခံစားရေလ့ရွိပါတယ္။စိတ္က်အမ်ိဳးသမီးေတြဟာ သတ္ေသဖို႔မေအာင္ျမင္သည့္တိုင္ အၾကိမ္ၾကိမ္ၾကိဳးစားေလ့ရွိၾကပါတယ္။
ဘယ္လိုအမ်ိဳးသမီးေတြမွာစိတ္က်ေဝဒနာပိုျဖစ္တတ္သလဲ?
-မိသားစုထဲမွာ စိတ္ေရာဂါရွိသူရွိတာ
-အသက္ ၁၀ ႏွစ္မတိုင္ခင္ မိဘေတြကိုဆံုးရႈံးလိုက္ရတာ
-ေရာဂါေၾကာင့္ေဟာ္မုန္းေဆးဝါးေတြ ေသာက္သံုးေနရတာ
-ကေလးဘဝက စိတ္ပိုင္း ရုပ္ပိုင္းဆုိင္ရာ အနိုင္က်င့္ေစာ္ကားခံခဲ႔ရတာ စသျဖင့္ပါ။
ဒါေတြဘာေၾကာင့္ျဖစ္ရသလဲ။
(၁)Biological cause(ဇီဝေဗဒဆိုင္ရာ အေၾကာင္းတရား)
အမ်ိဳးသမီးေတြဟာ ဘဝတစ္ေလွ်ာက္လံုး ေဟာ္မုန္းအေျပာင္းအလဲကို ခါးစည္းခံရပါတယ္။အပ်ိဳေဖာ္ဝင္ခ်ိန္မွစ ရာသီလာခ်ိန္ ကေလးေမြးခ်ိန္ ေသြးဆံုးခ်ိန္ စသျဖင့္ ေဟာ္မုန္းအတက္အက်ေတြမ်ားတာဟာ စိတ္အေျပာင္းအလဲေတြျဖစ္ဖို႔တြန္းအားေပးျပီး စိတ္က်ေဝဒနာကို ျဖစ္ေစပါတယ္။
တစ္ခ်ိဳ႕ေသာ မ်ိဳးရုိးဗီဇေတြဟာလည္း စိတ္က်ေဝဒနာကိုျဖစ္ေစတဲ့ gene ေတြပါဝင္တယ္လို႔ဆိုပါတယ္။
နာတာရွည္ေရာဂါ မသန္စြမ္း တစ္ခုခုခံစားရတဲ႔ အမ်ိဳးသမီးေတြဟာလည္း စိတ္က်ေဝဒနာခံစားရႏိုင္ပါတယ္။
(၂)Psychological cause(စိတ္ပိုင္းဆိုင္ရာအေၾကာင္းတရားမ်ား)
အမ်ိဳးသမီးေတြဟာ စိတ္ထိခိုက္ခံစားလြယ္တာနဲ႔အညီ အမ်ိဳးသားေတြထက္ပိုျပီးေတာ့ စိတ္က်ေဝဒနာခံစားရေလ႔ရွိပါတယ္။
(၃)Social causes(လူမႈေရးဆိုင္ရာ အေၾကာင္းတရားမ်ား)
- ခ်စ္သူ အိမ္ေထာင္ဖက္ မိသားစုနဲ႔အဆင္မေျပတာ
- ကြာရွင္းထားတာ
- အလုပ္အကုိင္အဆင္မေျပတာ
- ေငြေၾကးအဆင္မေျပတာ
- ခ်စ္ခင္ရင္းႏွီးရသူတစ္ေယာက္ဆံုးရႈံးလိုက္ရတာ စတာေတြဟာစိတ္က်ေဝဒနာကို ျဖစ္ေပၚေစပါတယ္။
- အမ်ိဳးသမီးအေပၚဖိႏွိပ္ခြဲျခားဆက္ဆံတတ္တဲ႔ ပတ္ဝန္းက်င္ေတြဟာလည္း အမ်ိဳးသမီးေတြ စိတ္က်ေဝဒနာခံစားရဖို႔ တြန္းအားပိုေပးပါတယ္။
အမ်ိဳးသမီးေတြဟာ မိသားစုတစ္ခုမွာ က႑အမ်ိဳးမ်ိဳးကေန ပါဝင္ေဆာင္ရြက္ေနရသူေတြျဖစ္တဲ႔အတြက္ စိတ္က်ေဝဒနာခံစားရတဲ႔အခါခ်စ္ခင္ရင္းႏွီးသူေတြရဲ႕ ေဖးမကူညီမႈကို လိုအပ္ပါတယ္။
Dr.ပြင့္ၿဖိဳးေက်ာ္