အအေးမိရုံလား တုပ်ကွေးဖြစ်တာလား ?
မိုးမိတဲ့ နောက်တစ်နေ့မှာ နှာစေးချောင်းဆိုးပြီး ကိုက်ခဲ ပြီး ထလာမယ်ဆိုရင် အအေးမိပြီပေါ့။ရိုးရိုးအအေးမိတာလား တုပ်ကွေးလား ဆိုတာ ဘယ်လို ခွဲခြားရပါ့မလဲ။တကယ်တော့ အအေးမိတဲ့ရောဂါလက္ခဏာတွေက တုပ်ကွေးလောက် မပြင်းထန်ပါဘူး။ အအေးမိတာက တုပ်ကွေးထက် ရက်တိုပါတယ်။တုပ်ကွေးကတော့ နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပြီး အဆုတ်ရောင်တာတွေအထိ ခံစားရနိုင်ပါတယ်။
အအေးမိတဲ့အခါ နှာစေးချောင်းဆိုးမယ်။ကလေးတွေမှာဆို အဖျား အနည်းငယ်ရှိနိုင်ပါတယ်။
Flu လို့ခေါ်တဲ့ တုပ်ကွေးကတော့ အအေးမိတာထက် ရောဂါ လက္ခဏာ ပိုပြီးပြင်းထန်ပါတယ်။လည်ချောင်းနာတယ်။ ဖျားတယ်။ ကြွက်သားတွေကိုက်ခဲမယ်ပေါ့။နှာရည်ယိုမယ်။ swine flu လို့ ခေါ်တဲ့ ဝက်တုပ်ကွေးမှာတော့ ဝမ်းလျှောခြင်း အော့အန်ခြင်းတွေဖြစ်နိုင်ပါတယ်။ တုပ်ကွေးကလည်း တစ်ပတ်လောက်ထိ ရောဂါ ဝေဒနာ ပြင်းထန်နိုင်သလို ခုနက ပြောတဲ့ အတိုင်း နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့က နမိုးနီးယားလို အဆုတ်ရောင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ငယ်လွန်းတဲ့ ကလေးတွေ ၊အသက်ကြီးလွန်းတဲ့ နှလုံးနဲ့ အဆုတ်မှာ ပြသနာ ရှိနိုင်တဲ့ လူကြီးတွေက နမိုးနီးယားကို ပိုကြုံတွေ့နိုင်ပါတယ်။
Cold virus ဖြစ်စေ flu virus ဖြစ်စေ မျက်လုံး နှာခေါင်း ပါးစပ်စတဲ့ mucous membranes ခေါ်အလွှာပါးလေးရှိတဲ့နေရာကနေ ဝင်ရောက်တာဖြစ်တဲ့အတွက် အဲဒီနေရာတွေကိုလက်နဲ့ ထိတွေ့ကိုင်ရာကနေ ကူးစက်တာပါပဲ။ အဲဒီအတွက် အအေးမိတာတွေ တုပ်ကွေးတွေကို ကာကွယ်ဖို့ အတွက် လက်ကို သေချာဆေးဖို့ တိုက်တွန်းကြပါတယ်။
အဲဒီတော့ အအေးမိတာနဲ့ တုပ်ကွေးနဲ့ကို အကြမ်းဖျင်းအားဖြင့် ဘယ်လို ခွဲခြားကြမလဲ ?
ဘယ်အချိန်မှာ ဆရာဝန်ရဲ့ ကုသမှုကိုခံယူမလဲ?
အဖျားက ၃ရက်ထက်ပိုကြာခဲ့ရင်၊ လည်ချောင်းနာတာ ပိုမိုဆိုးရွားလာခဲ့ရင်(Bacteria ပိုးတစ်ခုခုဝင်နေပြီလို့ ယူဆရတဲ့အတွက် ပြသသင့်တာပါ)၊ ချောင်းဆိုးတာ ဆက်တိုက်ဖြစ်နေရင်(လေပြွန်ရောင်နေတာလား သံသယရှိရပါတယ်)၊ နှာခေါင်းပိတ် နှာရည်ယိုတာ၊ ခေါင်းကိုက်တာတွေ ဆက်တိုက်ဖြစ်နေရင်၊ ရင်ဘတ်အောင့်တာ အသက်ရှုမဝတာ၊ ကလေးတွေမှာဆိုရင် အထက်ပါ လက္ခဏာတွေ အပြင် ဆက်တိုက်အန်နေတာ ၊လုံလောက်တဲ့ ဓာတ်ဆားရည်စတဲ့ အရည်တွေ သောက်သုံးမှု မရှိတာ စတာတွေပဲ ဖြစ်ပါတယ်။
တုပ်ကွေးကို ဘယ်လို ကာကွယ်မလဲ?
မကြာခဏ လက်ကို သန့်စင်အောင်ဆေးကြောပေးဖို့ပါပဲ။ ဆပ်ပြာနဲ့ ရေခပ်နွေးနွေးမှာ စက္ကန့်၂၀လောက်အနည်းဆုံးအချိန်ယူပြီး လက်ဆေးပေးခြင်းက ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။
လက်ဆေးတဲ့အပြင် ရာသီတုပ်ကွေးအတွက် တစ်ချို့သော တုပ်ကွေးအမျိုးအစားများကို ကာကွယ်နိုင်တဲ့ တုပ်ကွေး ကာကွယ်ဆေးများကိုလည်း ထိုးထားပေးလို့ရပါတယ်။
ဒေါက်တာခွန်းညိုသွေး
အေအးမိရံုလား တုပ္ေကြးျဖစ္တာလား ?
မိုးမိတဲ့ ေနာက္တစ္ေန႔မွာ ႏွာေစးေခ်ာင္းဆိုးၿပီး ကိုက္ခဲ ၿပီး ထလာမယ္ဆိုရင္ အေအးမိၿပီေပါ့။႐ိုး႐ိုးအေအးမိတာလား တုပ္ေကြးလား ဆိုတာ ဘယ္လို ခြဲျခားရပါ့မလဲ။တကယ္ေတာ့ အေအးမိတဲ့ေရာဂါလကၡဏာေတြက တုပ္ေကြးေလာက္ မျပင္းထန္ပါဘူး။ အေအးမိတာက တုပ္ေကြးထက္ ရက္တိုပါတယ္။တုပ္ေကြးကေတာ့ ေနာက္ဆက္တြဲေရာဂါေတြျဖစ္ႏိုင္ၿပီး အဆုတ္ေရာင္တာေတြအထိ ခံစားရႏိုင္ပါတယ္။
အေအးမိတဲ့အခါ ႏွာေစးေခ်ာင္းဆိုးမယ္။ကေလးေတြမွာဆို အဖ်ား အနည္းငယ္ရွိႏိုင္ပါတယ္။
Flu လို႔ေခၚတဲ့ တုပ္ေကြးကေတာ့ အေအးမိတာထက္ ေရာဂါ လကၡဏာ ပိုၿပီးျပင္းထန္ပါတယ္။လည္ေခ်ာင္းနာတယ္။ ဖ်ားတယ္။ ႂကြက္သားေတြကိုက္ခဲမယ္ေပါ့။ႏွာရည္ယိုမယ္။ swine flu လို႔ ေခၚတဲ့ ဝက္တုပ္ေကြးမွာေတာ့ ဝမ္းေလွ်ာျခင္း ေအာ့အန္ျခင္းေတြျဖစ္ႏိုင္ပါတယ္။ တုပ္ေကြးကလည္း တစ္ပတ္ေလာက္ထိ ေရာဂါ ေဝဒနာ ျပင္းထန္ႏိုင္သလို ခုနက ေျပာတဲ့ အတိုင္း ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနနဲ႔က နမိုးနီးယားလို အဆုတ္ေရာင္တာေတြပါ ျဖစ္လာႏိုင္ပါတယ္။ ငယ္လြန္းတဲ့ ကေလးေတြ ၊အသက္ႀကီးလြန္းတဲ့ ႏွလံုးနဲ႔ အဆုတ္မွာ ျပသနာ ရွိႏိုင္တဲ့ လူႀကီးေတြက နမိုးနီးယားကို ပိုၾကံဳေတြ႕ႏိုင္ပါတယ္။
Cold virus ျဖစ္ေစ flu virus ျဖစ္ေစ မ်က္လံုး ႏွာေခါင္း ပါးစပ္စတဲ့ mucous membranes ေခၚအလႊာပါးေလးရွိတဲ့ေနရာကေန ဝင္ေရာက္တာျဖစ္တဲ့အတြက္ အဲဒီေနရာေတြကိုလက္နဲ႔ ထိေတြ႕ကိုင္ရာကေန ကူးစက္တာပါပဲ။ အဲဒီအတြက္ အေအးမိတာေတြ တုပ္ေကြးေတြကို ကာကြယ္ဖို႔ အတြက္ လက္ကို ေသခ်ာေဆးဖို႔ တိုက္တြန္းၾကပါတယ္။
အဲဒီေတာ့ အေအးမိတာနဲ႔ တုပ္ေကြးနဲ႔ကို အၾကမ္းဖ်င္းအားျဖင့္ ဘယ္လို ခြဲျခားၾကမလဲ ?
ဘယ္အခ်ိန္မွာ ဆရာဝန္ရဲ႕ ကုသမႈကိုခံယူမလဲ?
အဖ်ားက ၃ရက္ထက္ပိုၾကာခဲ့ရင္၊ လည္ေခ်ာင္းနာတာ ပိုမိုဆိုးရြားလာခဲ့ရင္(Bacteria ပိုးတစ္ခုခုဝင္ေနၿပီလို႔ ယူဆရတဲ့အတြက္ ျပသသင့္တာပါ)၊ ေခ်ာင္းဆိုးတာ ဆက္တိုက္ျဖစ္ေန႐င္(ေလႁပြန္ေရာင္ေနတာလား သံသယရွိရပါတယ္)၊ ႏွာေခါင္းပိတ္ ႏွာရည္ယိုတာ၊ ေခါင္းကိုက္တာေတြ ဆက္တိုက္ျဖစ္ေနရင္၊ ရင္ဘတ္ေအာင့္တာ အသက္ရႈမဝတာ၊ ကေလးေတြမွာဆိုရင္ အထက္ပါ လကၡဏာေတြ အျပင္ ဆက္တိုက္အန္ေနတာ ၊လံုေလာက္တဲ့ ဓာတ္ဆားရည္စတဲ့ အရည္ေတြ ေသာက္သံုးမႈ မရွိတာ စတာေတြပဲ ျဖစ္ပါတယ္။
တုပ္ေကြးကို ဘယ္လို ကာကြယ္မလဲ?
မၾကာခဏ လက္ကို သန္႔စင္ေအာင္ေဆးေၾကာေပးဖို႔ပါပဲ။ ဆပ္ျပာနဲ႔ ေရခပ္ေႏြးေႏြးမွာ စကၠန္႔၂၀ေလာက္အနည္းဆံုးအခ်ိန္ယူၿပီး လက္ေဆးေပးျခင္းက ေရာဂါပိုးေတြကို ကာကြယ္ေပးပါတယ္။
လက္ေဆးတဲ့အျပင္ ရာသီတုပ္ေကြးအတြက္ တစ္ခိ်ဳ႕ေသာ တုပ္ေကြးအမ်ိဳးအစားမ်ားကို ကာကြယ္ႏိုင္တဲ့ တုပ္ေကြး ကာကြယ္ေဆးမ်ားကိုလည္း ထိုးထားေပးလို႔ရပါတယ္။
ေဒါက္တာခြန္းညိဳေသြး