မေမေ့နို့ဦးရည်
အတော်များများသိပြီးဖြစ်လောက်ပေမယ့် အရေးကြီးတဲ့အကြောင်းအရာလေးဖြစ်လို့် အခြားမသိသေးတဲ့မေမေများပါသိရအောင် ထပ်မံရေးသားဖော်ပြလိုက်ပါတယ်။
‘ နို့ဦးရည် ‘ ဆိုတာ မေမေတို့ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီး ပထမရက်အနည်းငယ်အတွင်း ထွက်ရှိတဲ့ နို့ရည်ဖြစ်ပါတယ်။
(နို့ဦးရည်ကို မေမေတို့ကိုယ်ဝန်သုံးလ လေးလလောက်ကတည်းက နို့ရည်ပြုဂလန်းများမှ စတင်ထုတ်လုပ်ပေးပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အခါ နို့ဦးရည်များစိမ့်ထွက်လာတတ်တာကို လည်း အချို့သတိပြုမိကြမှာပါ။)မီးဖွားပြီး ရက်အတန်ငယ်ကြာလာတဲ့အခါ နို့ဦးရည်မှ ပုံမှန်နို့ရည်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွပါတယ်။
ပုံမှန်နို့ရည်နဲ့ နို့ဦးရည်ဟာ အရောင်၊အပျစ်အကျဲ နဲ့ ပါဝင်တဲ့အာဟာရဓာတ်များ အနည်းငယ်ကွာခြားမှာရှိပါတယ်။
နို့ဦးရည်ရဲ့ရောင်ဟာ အဝါဖျော့ဖျော့ရောင်ရှိပြီး ပိုပျစ်ပါတယ်။အဆီပါဝင်မှုနည်းပြီး ပရိုတင်း (ခေါ်) အသားဓာတ်နဲ့ အင်အားဖြစ်စေတဲ့ ကာဗိုဟိုက်ဒြိတ်ဓာတ်များ အဓိကပါဝင်လို့ ဘေဘီလေးကို အာဟာရဖြစ်စေပါတယ်။
ဒါ့အပြင် မွေးကင်းစဘေဘီလေးအတွက် လိုအပ်တဲ့ကိုယ်ခံအားတွေများစွာပါဝင်လို့ ဘေဘီလေးကို ပြင်ပပိုးမွှား ဘက်တီးရီးယား ဗိုင်းရပ်စ်များဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။
နို့ဦးရည်မှာပါဝင်တဲ့ ရောဂါခုခံနိုင်စွမ်းအားပမာဏက ပုံမှန်နို့ရည်ထက် အဆတစ်ရာခန့်ပိုများပါတယ်။
ဒါတင်မကျသေး….နို့ဦးရည်ဟာ မွေးကင်းစလေးကို ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပြီး ဝမ်းမှန်စေပါတယ်။
လေ့လာတွေ့ရှိချက်များအရ နို့ဦးရည်သောက်ခွင့်ရသော ကလေးငယ်များသည် အကြောင်းကြောင်းကြောင့်နို့ဦးရည်မသောက်လိုက်ရသော ကလေးများနဲ့ယှဉ်လျှင် ကိုယ်ခံအားပိုမိုကောင်းမွန်ပြီး တုပ်ကွေးအပါအဝင် ရောဂါပိုးဝင်ရောက်ခြင်းများမှ ပိုမိုကာကွယ်နိုင်ကြောင်းတွေ့ရပါတယ်။နို့ဦးရည်ကို များများသောက်ရလေ ကိုယ်ခံအားများများပိုရလေဖြစ်တာကြောင့် ဒီအချက်လေးကို သတိတရရှိပြီး မိမိတို့ရဲ့ ဘေဘီလေးတွေကို နို့ဦးရည်မမေ့မလျော့ ဂရုထားပြီးတိုက်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။
ဒေါက်တာမျိုး (UM 1)
ေမေမ့နိဳ႕ဦးရည္
အေတာ္မ်ားမ်ားသိၿပီးျဖစ္ေလာက္ေပမယ့္ အေရးႀကီးတဲ့အေၾကာင္းအရာေလးျဖစ္လို္႔ အျခားမသိေသးတဲ့ေမေမမ်ားပါသိရေအာင္ ထပ္မံေရးသားေဖာ္ျပလိုက္ပါတယ္။
‘ ႏို႔ဦးရည္ ‘ ဆိုတာ ေမေမတို႔ကိုယ္ဝန္ေဆာင္စဥ္နဲ႔ ကေလးေမြးဖြားၿပီး ပထမရက္အနည္းငယ္အတြင္း ထြက္႐ွိတဲ့ ႏို႔ရည္ျဖစ္ပါတယ္။
(နို့ဦးရည္ကို ေမေမတို႔ကိုယ္ဝန္သံုးလ ေလးလေလာက္ကတည္းက ႏို႔ရည္ျပဳဂလန္းမ်ားမွ စတင္ထုတ္လုပ္ေပးပါတယ္။ ကိုယ္ဝန္ရင့္လာတဲ့အခါ ႏို႔ဦးရည္မ်ားစိမ့္ထြက္လာတတ္တာကို လည္း အခ်ိဳ႕သတိျပဳမိျကမွာပါ။)မီးဖြားၿပီး ရက္အတန္ငယ္ၾကာလာတဲ့အခါ ႏို႔ဦးရည္မွ ပံုမွန္ႏို႔ရည္အျဖစ္ တျဖည္းျဖည္းေျပာင္းလဲသြပါတယ္။
ပံုမွန္ႏို႔ရည္နဲ႔ ႏို႔ဦးရည္ဟာ အေရာင္၊အပ်စ္အက်ဲ နဲ့ ပါဝင္တဲ့အာဟာရဓာတ္မ်ား အနည္းငယ္ကြာျခားမွာ႐ွိပါတယ္။
ႏို႔ဦးရည္ရဲ႕ေရာင္ဟာ အဝါေဖ်ာ့ေဖ်ာ့ေရာင္႐ွိၿပီး ပိုပ်စ္ပါတယ္။အဆီပါဝင္မႈနည္းၿပီး ပ႐ုိတင္း (ေခၚ) အသားဓာတ္နဲ႔ အင္အားျဖစ္ေစတဲ့ ကာဗိုဟိုက္ၿဒိတ္ဓာတ္မ်ား အဓိကပါဝင္လို႔ ေဘဘီေလးကို အာဟာရျဖစ္ေစပါတယ္။
ဒါ့အျပင္ ေမြးကင္းစေဘဘီေလးအတြက္ လိုအပ္တဲ့ကိုယ္ခံအားေတြမ်ားစြာပါဝင္လို႔ ေဘဘီေလးကို ျပင္ပပိုးမႊား ဘက္တီးရီးယား ဗိုင္းရပ္စ္မ်ားဝင္ေရာက္ျခင္းမွ ကာကြယ္ေပးပါတယ္။
ႏို႔ဦးရည္မွာပါဝင္တဲ့ ေရာဂါခုခံႏိုင္စြမ္းအားပမာဏက ပံုမွန္ႏို႔ရည္ထက္ အဆတစ္ရာခန္႔ပိုမ်ားပါတယ္။
ဒါတင္မက်ေသး….ႏို႔ဦးရည္ဟာ ေမြးကင္းစေလးကို ဝမ္းခ်ဳပ္ျခင္းမွကာကြယ္ေပးၿပီး ဝမ္းမွန္ေစပါတယ္။
ေလ့လာေတြ႔႐ွိခ်က္မ်ားအရ ႏို႔ဦးရည္ေသာက္ခြင့္ရေသာ ကေလးငယ္မ်ားသည္ အေၾကာင္းေၾကာင္းေၾကာင့္ႏို႔ဦးရည္မေသာက္လိုက္ရေသာ ကေလးမ်ားနဲ႔ယွဥ္လ်ွင္ ကိုယ္ခံအားပိုမိုေကာင္းမြန္ၿပီး တုပ္ေကြးအပါအဝင္ ေရာဂါပိုးဝင္ေရာက္ျခင္းမ်ားမွ ပိုမိုကာကြယ္ႏိုင္ေၾကာင္းေတြ႔ရပါတယ္။ႏို႔ဦးရည္ကို မ်ားမ်ားေသာက္ရေလ ကိုယ္ခံအားမ်ားမ်ားပိုရေလျဖစ္တာေၾကာင့္ ဒီအခ်က္ေလးကို သတိတရ႐ွိၿပီး မိမိတို႔ရဲ႕ ေဘဘီေလးေတြကို ႏို႔ဦးရည္မေမ့မေလ်ာ့ ဂ႐ုထားၿပီးတိုက္ေပးဖို႔ တိုက္တြန္းလိုက္ပါရေစ။
ေဒါက္တာမ်ိဳး (UM 1)