Colostomy Wound care (ဝမ်းလမ်းကြောင်း လွှဲထားသော အပေါက်အား သန့်စင်နည်း)
တစ်ပုံချင်းစီထောက်ြ့ပီး ကြည့်သွားပေးပါ။ မျှဝေပေးကြပါ။
Colostomy Wound ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဝမ်းကို စအိုက မသွားစေပဲ အူကို တိုက်ရိုက်ဖောက်ကာ ဝမ်းဗိုက်အသားနဲ့ တွဲချုပ်ပြီး အညစ်အကြေး စွန့်တဲ့ စနစ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို အူကို တိုက်ရိုက်ဖောက်ကာ အညစ်အကြေးစွန့်ဖို့ ပြင်ဆင် ရတဲ့ အကြောင်းအရင်းတွေက တော့ များစွာ ရှိပါတယ်။ ဥပမာအားဖြင့် Gangrenous Sigmoid Volvulus လို့ခေါ်တဲ့ အူပိတ်ခြင်း၊ အူနှင့် သက်ဆိုင်သော ကင်ဆာများ (colorectal cancer)၊ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါးထိခိုက်မှုများ (severe abdominal injuries)၊ အူထပ်ခြင်း ( Intussusception) စတဲ့အကြောင်းအရင်းတွေကြောင့် colostomy ( ဝမ်းလမ်းကြောင်းလွှဲခြင်း) အများဆုံးလုပ်ရတတ်ပါတယ်။ ဝမ်းလမ်းကြောင်းလွှဲခြင်း (Colostomy) ဆိုတဲ့နေရာမှာ ယာယီဝမ်းလမ်းကြောင်းလွှဲခြင်း ( temporary colostomy) နဲ့ တစ်သက်တာ ဝမ်းလမ်းကြောင်းလွှဲခြင်း ( permanent colostomy) ဆိုပြီးနှစ်မျိုးှရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ပုံမှန် ဝမ်းသွားရမယ့်နေရာဖြစ်တဲ့ စအိုက မသွားပဲ ဝမ်းဗိုက်ကို ဖောက်ထားတာ ဖြစ်တဲ့အတွက် ပိုးဝင်ရအရမ်းလွယ်ကူတာကြောင့် ယင်းအနာကို ဂရုတစို်က် သန့်ရှင်းဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။

Colostomy Pounch (Colostomy အိတ်)
Colostomy အိတ်၊ တစ်နည်းအားဖြင့်ပြောရရင် ဝမ်းစွန့်အိတ်ဟာ Colostomy လူနာများအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပေါက် (stoma) ဖောက်ထားတဲ့ အူကနေ ကျဆင်းလာတဲ့ မစင်တွေကို ခံထားတဲ့ အိတ်ဖြစ်ပါတယ်။ ယင်းအိတ်ဟာ ထူထဲတဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး တပ်ဆင်နည်းသာ မှန်ကန်မယ်ဆိုရင် မစင်အနံ့ မထွက်တတ်ပါဘူး။ ယင်းအိ်တ်ရဲ့ သုံးပုံတစ်ပုံပြည့်တာနဲ့ မစင်တွေကို သွန်ဖို့လိုအပ်ပြီး အနည်းဆုံး ၅ ရက်ခြားတစ်ခါ လဲလှယ်ပေးသင့်ပါတယ်။

Colostomy wound care အတွက် လိုအပ်သော ပစ္စည်းများ
(၁) Colostomy အိတ်အသစ်တစ်လုံး (1 piece or 2 piece system) နှင့် လက်အိတ်တစ်စုံ
(၂) အိတ်ပိတ်သော ကလစ်တစ်ခု
(၃) အနားတုံးသော ကတ်ကြေးခုုံး (blunt curved scissor)
(၄) စနစ်တကျ သန့်စင်ထားသော တာဝါ ( towel ) နှစ်ခု ( တစ်ခုကို ရေနွေးနွေးဖြင့် စိမ်ထားရန်၊ တစ်ခုကို အခြောက်ခံထားရန်)
(၅) အပေါက်တိုင်းရန် စက်ဝိုင်းတစ်ခု

သန့်စင်နည်း
(၁) ပထမဦးစွာ သန့်စင်ပေးမည့် လက်တစ်စုံကို ရေ၊ ဆပ်ပြာနှင့်သော်လည်းကောင်း ၊ လက်သန့်ဆေး ရည်ဖြင့် သော်လည်းကောင်း သေချာစွာ ဆေးကြောပါ။ ထို့နောက်လက်အိတ်ဝတ်ပါ။ (၂) ထို့နောက် ဝမ်းစွန့်ပေါက် ( stoma) ကို အုပ်၍ကပ်ထားသော ဝမ်းစွန့်အိတ် (Colostomy pounch) အဟောင်းကို ဖယ်ပါ။ ဖယ်ရာတွင် လက်တစ်ကို ဝမ်းဗိုက်တွင် ညင်သာစွာထိန်းထားပြီး လက်တစ်ဖက် ဖြင့် ဆွဲခွာပါ။ ခွာရခက်နေလျှင် အရမ်းဆွဲမခွာပဲ ကော်ဖယ်ရှားသော ပစ္စည်းများ အသုံးပြုနိုင်ပါသည်။

Colostomy အနာအား ကြည့်ရှု စစ်ဆေးခြင်း
(၁) အနာနှင့် ပတ်ဝန်းကျင်ရှိ အရေပြားသည် ပုံမှန် အသားရောင်ဖြစ်နေရပါမည်။ နီရဲနေခြင်း၊ ညိုနေခြင်း ဖြစ်နေလျှင် ကောင်းသောလက္ခဏာ မဟုတ်ပါ။
(၂) သွေးအနည်းငယ် ထွက်နိုင်ပါသည်။ သို့သော် မများတက်ပါ။ (၃) Colostomy အပေါက်ရှိသော mucosa သည် ပန်းရောင်သန်းနေပြီး ဝမ်းဗိုက်အပြင်ဘက်သို့ ပြူထွက်နေရပါမည်။

အနာအား သန့်စင်ခြင်း
(၁) ပထမဦးစွာ အနာ၏ပတ်လည်ကို ရေနွေး စိမ်ထားသော တာဝါဖြင့် နူးညံ့ နှံစပ်စွာ သုတ်သင်ပါ။ ထို့နောက် Colostomy အနာပေါက်အတွင်းတွင် ရှိသော မစင်များကိုပါ သန့်စင်ပါ (ပုံမှန်အားဖြင့် အနာပေါက်ကို သန့်စင်လျှင် မနာကျင်တတ်ပါ။ သို့သော် ရောင်ရမ်းနေလျှင်၊ ပိုးဝင်နေလျှင်တော့ နာကျင်နိုင်ပါသည်)။
(၂) ထို့နောက် တာဝါအခြောက်ဖြင့် ခြောက်သွေ့နေအောင် သုတ်ပါ။ အခြောက်မြန်စေရန်၊ အရေပြား ထိန်းသိမ်းရန်နှင့် အိတ်ပိုမို မြဲမြံစွာ ကပ်စေရန်အတွက် Stoma powder ကို အသုံးပြုနိုင်ပါသည်( Stoma powder ကို အနာ၏ ပတ်ဝန်းကျင်တွင်သာ အသုံးပြုရမည်ဖြစ်ပြီး အနာပေါ်တွင် လုံးဝမသုံးရပါ။ ထို့နောက် နှစ်မိနစ်ခန့် အခြောက်ခံပါ။
(၃) ဝမ်းအိတ်အသစ်မကိုင်တွယ်ခင် လက်အိတ်အဟောင်းကို လွှင့်ပစ်ပြီး အသစ်ဝတ်ဆင်ပါ။ ထို့နောက် ဝမ်းလွှဲပေါက် အကျယ်ကို စက်ဝိုင်းဖြင့်တိုင်းတာပါ။ ထို့နောက် ယင်းအတိုင်းအတာထက် ၂ စင်တီမီတာခန့် ပိုကာ ဝမ််းအိတ်အသစ် ကပ်သည့်နေရာတွင် ကပ်ကြေးခုံးဖြင့် စက်ဝိုင်းပုံညှပ်ကာ ဝမ်းစွန့်ပေါက် အတိုင်းအတာ အတိအကျအတိုင်း ကပ်ပါ။

ဝမ်းအိတ်ထဲသို့့ baby oil လိုမျိုး အဆီထည့်ကာ အသုံးပြုနိုင်ပါတယ်။ ရည်ရွယ်ချက်မှာ နောက်တစ်ကြိမ်သင့်၏ ဝမ်းများကိုစွန့်ပစ်တဲ့ အခါမှာ အိတ်မှာ ကပ်မနေစေရန်ဖြစ်သည်။

