ပါဝင်သောဆေး-Mebeverine HCL ၊
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အူမကြီး လှုပ်ရှားမှုမမှန်သောရောဂါ IBS၊ အူလှုပ်ရှားမှုများသော်လည်း ဝမ်းချုပ်နေခြင်း၊ အူမကြီးရောင်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ရစ်အောင့်ခြင်း၊ လေပွခြင်း၊ ဝမ်းလျောခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သည်းခြေအိတ် စသည်တို့ ရောင်ခြင်းကြောင့် ဗိုက်အောင့်ခြင်း။
သုံးစွဲရန်အညွှန်း- ၁ ပြား တစ်နေ့ ၃ကြိမ်။ ဆေးကို ၂-၃ ပတ်အတွင်း တဖြည်းဖြည်းချင်းဆီလျော့ပါရန်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင် မိနစ် ၂၀ခန့် ကြိုသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ကိုယ်ဝန်ဆောင်များ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-အဖြစ်နည်းသောဆေးဖြစ်ပါသည်။
ဒေါက်တာချို(ဆေး ၁)