All Articlesအထွေထွေအထွေထွေရောဂါများ

Color of Urine and Health

1 Mins read

ဆီးအရောင်ကပြောတဲ့ သင့်ကျန်းမာရေးအကြောင်း

လူတစ်ယောက်ရဲ့နေ့စဉ်ရှင်သန်မှုမှာ ခန္ဓာကိုယ်တွင်းမှာမလိုအပ်တဲ့အရာများကို စွန့်ထုတ်ပစ်ဖို့ဟာလဲ အရေးကြီးတဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ဆီးသွားတဲ့အခါမှာ ဆီးအရောင်မှန်ခြင်း၊ အရောင်ပြောင်းခြင်းဟာလည်ူ သိသင့်သိထားထိုက်တဲ့ ကျန်းမာရေးဗဟုသုတတစ်ခုဖြစ်တဲ့အတွက် ဆီးအရောင်မှပြောသော ကျန်းမာရေးအကြောင်း တစ်စေ့တစ်စောင်းတင်ပြလိုက်ပါတယ်။

ပုံမှန်ဆီးရဲ့အရောင်ဟာဆိုရင် အဝါဖျော့ဖျော့မှ ဝါကျင်ကျင်အရောင်အတွင်းရှိနေတတ်ပါတယ်။ ရေသောက်များသွားတဲ့အခါ ဖြူလျေယ့လျေယ့ဘက်ပိုသန်းပြီး ရေသောက်နည်းမယ်၊ နေပူထဲသွားမယ်ဆိုရင်တော့ ဝါကျင်ကျင်ဖြစ်လာမှာပါပဲ။ ဒီအဝါရောင်ကိုတော့ Urochromeလို့လဲခေါ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ဆီးအရောင်တွေ

ပန်းရောင် သို့မဟုတ် အနီရောင်

ဆီးအရောင်နီလာပြီဆိုရင် လူတွေစိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ ဒါပေမယ့်ဆီးနီတိုင်းလည်း ရောဂါကြီးမဟုတ်သလို ပေါ့ပေါ့ဆဆလည်း သဘောမထားသင့်ပါဘူး။ ဘလက်ဘယ်ရီ၊ မုန်လာဥနီ၊ စသည်တို့အစားများသွားရင်ဆီးနီတတ်ပါတယ်။ ဒါပေမယ့် ဒါတွေကြောင့်သာဆိုရင်တစ်ခနတာသာ ဖြစ်ရပါမယ်။ ဒါ့အပြင် တီဘီရောဂါကုသတဲ့ဆေးတစ်မျိုးဖြစ်တဲ့ Rifampicin သောက်ထားတဲ့အခါမှာလည်း ဆီးနီတတ်ပါတယ်။ ဒါတွေကတော့ရောဂါမဟုတ်တဲ့ဆီးနီခြင်းတွေပါ။
ဒီလိုမှမဟုတ်ရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးနီဥတွေပေါက်ကွဲသောရောဂါနှင့်အခြေအနေများ၊ ဆီးပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်း အထူးသဖြင့်ဆီးကျောက်ကြောင့် ဒဏ်ဖြစ်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာကင်ဆာများ စသည်တို့ကြောင့်ဆီးနီတတ်ပါတယ်။

လိမ္မော်ရောင်ရင့်ရင့်ဆီးရောင်

နောက်ထပ် တီဘီရောဂါကုသတဲ့ဆေးတစ်မျိုးဖြစ်တဲ့ Isoniazidကိုသောက်ခြင်းအားဖြင့်လည်း လိမ္မော်ရောင်ဆီးများသွားတတ်သလို ရေဓာတ်ခန်းခြောက်နေစဉ်သွားတဲ့ဆီးများဟာလည်း လိမ္မော်ရောင်သန်းတတ်ပါတယ်။

စိမ်းပြာရောင်ဆီး

အလွန်တရာမှတွေ့ရခဲပါတယ်။ ဓာတုဗေဒ ဆိုးဆေးများ၊ အချို့သောအဆိပ်သင့်အခြေအနေများမှာမှတွေ့ရတတ်တဲ့အရောင်ပဲဖြစ်ပါတယ်။

ဆီးအရောင်နောက်နောက်၊ အမြှုပ်ထထ

ဆီးထဲမှာအသားဓာတ်ပါလာရင် ဆီးနောက်နောက်တွေသွားပါလိမ့်မယ်။ သေချာပေါက် ဆရာဝန်နဲ့တိုင်ပင်ပြသကုသရမှာပါ။ ကျောက်ကပ်နဲ့ပက်သက်ပြီးထိခိုက်မှုတစ်စုံတစ်ရာရှိနေပြီလို့ဆိုနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် Nephrotic Syndrome လို့ခေါ်တဲ့ကျောက်ကပ်ရောင်ရောဂါဖြစ်နိုင်ခြေများတဲ့ အခြေအနေပဲဖြစ်ပါတယ်။

မေတ္တာဖြင့်
စိုင်းမြတ်သူ

ဆီးအေရာင္ကေျပာတဲ့ သင့္က်န္းမာေရးအေၾကာင္း

လူတစ္ေယာက္ရဲ႕ေန႔စဥ္႐ွင္သန္မႈမွာ ခႏၶာကိုယ္တြင္းမွာမလိုအပ္တဲ့အရာမ်ားကို စြန္႔ထုတ္ပစ္ဖို႔ဟာလဲ အေရးႀကီးတဲ့ဇီဝကမၼျဖစ္စဥ္တစ္ခုပဲျဖစ္ပါတယ္။ ဆီးသြားတဲ့အခါမွာ ဆီးအေရာင္မွန္ျခင္း၊ အေရာင္ေျပာင္းျခင္းဟာလည္ူ သိသင့္သိထားထိုက္တဲ့ က်န္းမာေရးဗဟုသုတတစ္ခုျဖစ္တဲ့အတြက္ ဆီးအေရာင္မွေျပာေသာ က်န္းမာေရးအေၾကာင္း တစ္ေစ့တစ္ေစာင္းတင္ျပလိုက္ပါတယ္။

ပံုမွန္ဆီးရဲ႕အေရာင္ဟာဆိုရင္ အဝါေဖ်ာ့ေဖ်ာ့မွ ဝါက်င္က်င္အေရာင္အတြင္း႐ွိေနတတ္ပါတယ္။ ေရေသာက္မ်ားသြားတဲ့အခါ ျဖဴေလ်ယ့ေလ်ယ့ဘက္ပိုသန္းၿပီး ေရေသာက္နည္းမယ္၊ ေနပူထဲသြားမယ္ဆိုရင္ေတာ့ ဝါက်င္က်င္ျဖစ္လာမွာပါပဲ။ ဒီအဝါေရာင္ကိုေတာ့ Urochromeလို႔လဲေခၚပါတယ္။

ပံုမွန္မဟုတ္တဲ့ဆီးအေရာင္ေတြ

ပန္းေရာင္ သို႔မဟုတ္ အနီေရာင္

ဆီးအေရာင္နီလာၿပီဆိုရင္ လူေတြစိုးရိမ္စိတ္ဝင္တတ္ၾကပါတယ္။ ဒါေပမယ့္ဆီးနီတိုင္းလည္း ေရာဂါႀကီးမဟုတ္သလို ေပါ့ေပါ့ဆဆလည္း သေဘာမထားသင့္ပါဘူး။ ဘလက္ဘယ္ရီ၊ မုန္လာဥနီ၊ စသည္တို႔အစားမ်ားသြားရင္ဆီးနီတတ္ပါတယ္။ ဒါေပမယ့္ ဒါေတြေၾကာင့္သာဆိုရင္တစ္ခနတာသာ ျဖစ္ရပါမယ္။ ဒါ့အျပင္ တီဘီေရာဂါကုသတဲ့ေဆးတစ္မ်ိဳးျဖစ္တဲ့ Rifampicin ေသာက္ထားတဲ့အခါမွာလည္း ဆီးနီတတ္ပါတယ္။ ဒါေတြကေတာ့ေရာဂါမဟုတ္တဲ့ဆီးနီျခင္းေတြပါ။
ဒီလိုမွမဟုတ္ရင္ေတာ့ ခႏၶာကိုယ္ထဲမွာ႐ွိတဲ့ေသြးနီဥေတြေပါက္ကြဲေသာေရာဂါႏွင့္အေျခအေနမ်ား၊ ဆီးပိုးဝင္ျခင္း၊ ဆီးလမ္းေၾကာင္း အထူးသျဖင့္ဆီးေက်ာက္ေၾကာင့္ ဒဏ္ျဖစ္ျခင္း၊ ဆီးလမ္းေၾကာင္းဆိုင္ရာကင္ဆာမ်ား စသည္တို႔ေၾကာင့္ဆီးနီတတ္ပါတယ္။

လိေမၼာ္ေရာင္ရင့္ရင့္ဆီးေရာင္

ေနာက္ထပ္ တီဘီေရာဂါကုသတဲ့ေဆးတစ္မ်ိဳးျဖစ္တဲ့ Isoniazidကိုေသာက္ျခင္းအားျဖင့္လည္း လိေမၼာ္ေရာင္ဆီးမ်ားသြားတတ္သလို ေရဓာတ္ခန္းေျခာက္ေနစဥ္သြားတဲ့ဆီးမ်ားဟာလည္း လိေမၼာ္ေရာင္သန္းတတ္ပါတယ္။

စိမ္းျပာေရာင္ဆီး

အလြန္တရာမွေတြ႔ရခဲပါတယ္။ ဓာတုေဗဒ ဆိုးေဆးမ်ား၊ အခ်ိဳ႕ေသာအဆိပ္သင့္အေျခအေနမ်ားမွာမွေတြ႔ရတတ္တဲ့အေရာင္ပဲျဖစ္ပါတယ္။

ဆီးအေရာင္ေနာက္ေနာက္၊ အျမႇဳပ္ထထ

ဆီးထဲမွာအသားဓာတ္ပါလာရင္ ဆီးေနာက္ေနာက္ေတြသြားပါလိမ့္မယ္။ ေသခ်ာေပါက္ ဆရာဝန္နဲ႔တိုင္ပင္ျပသကုသရမွာပါ။ ေက်ာက္ကပ္နဲ႔ပက္သက္ၿပီးထိခိုက္မႈတစ္စံုတစ္ရာ႐ွိေနၿပီလို႔ဆိုႏိုင္ပါတယ္။ ကေလးေတြမွာဆိုရင္ Nephrotic Syndrome လို႔ေခၚတဲ့ေက်ာက္ကပ္ေရာင္ေရာဂါျဖစ္ႏိုင္ေျခမ်ားတဲ့ အေျခအေနပဲျဖစ္ပါတယ္။

ေမတၱာျဖင့္
စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *