ကာလာဘလိုင်း
ကာလာဘလိုင်း (Color blindness) ဆိုတာ အရောင်တွေကို ခွဲခြားနိုင်စွမ်း အားနည်းတဲ့ ချို့ယွင်းချက်တစ်ခုပဲ ဖြစ်ပါတယ်။ မျက်လုံးထိခိုက်ခြင်း၊ မျက်လုံးအာရုံကြောထိခိုက်ခြင်း၊ တိမ်စွဲခြင်း၊ အမြင်အာရုံကိုထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းထိခိုက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် Colorblindness ဖြစ်နိုင်ပေမဲ့ များသောအားဖြင့် မွေးရာပါ ချို့ယွင်းချက်ကြောင့် အရောင်မခွဲခြားနိုင်တာပဲဖြစ်ပါတယ်။
မျိုးရိုးလိုက်တက်တဲ့ မွေးရာပါ ချို့ယွင်းချက်ဖြစ်ပြီး အမျိုးသားများတွင် အဖြစ်များပါတယ်။ အမေရိကန်နိုင်ငံမှ စစ်တမ်းကောက်ချက်များအရ အမျိုးသား ၈ရာခိုင်နှုန်း နဲ့ အမျိုးသမီး ၁ရာခိုင်နှုန်းအောက်ဟာ အရောင်ခွဲခြားနိုင်စွမ်းအားနည်းတဲ့ ချို့ယွင်းချက်ရှိတယ်လို့ ဆိုပါတယ်။
အများစုယူဆကြသလို အဖြူ၊ အမဲ နဲ့ မီးခိုးစတဲ့ အရောင်များသာ မြင်နိုင်တဲ့ Colorblind အမျိုးအစားဟာ အလွန်ရှားပြီး များသောအားဖြင့် အရောင်များကိုမြင်နိုင်ကာ အချို့သောအရောင်များကို ခွဲခြားနိုင်စွမ်း မရှိခြင်းသာဖြစ်ပါတယ်။ အနီရောင်နှင့် အစိမ်းရောင်မကွဲခြင်း၊ အပြာနှင့်အဝါမကွဲခြင်း၊ လုံးဝအရောင်မခွဲနိုင်ခြင်း စတဲ့အမျိုးအစားများရှိပေမဲ့ အနီနဲ့အစိမ်းရောင် မခွဲခြားနိုင်တဲ့ Color blindness အမျိုးအစားက အဖြစ်အများဆုံး ဖြစ်ပါတယ်။
Color blindness (အရောင်မခွဲခြားနိုင်ခြင်း ချို့ယွင်းချက်) ရှိ၊ မရှိကို Ishihara color test ဖြင့် စမ်းစစ်နိုင်ပြီး အခြားစမ်းစစ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
Color blindness ကိုအမြစ်ပြတ် ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။ ဒါပေမဲ့ Color blindness အတွက် အထူးပြုလုပ်ထားတဲ့ မျက်မှန်၊ မျက်ကပ်မှန်များ အသုံးပြုနိုင်ပါပြီ။ အရောင်ခွဲခြားနိုင်တဲ့ mobile app: များလည်းရှိပြီး အရောင်ကွဲပြားဖို့ အသုံးပြုနိုင်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကာလာဘလိုင္း
ကာလာဘလိုင္း (Color blindness) ဆိုတာ အေရာင္ေတြကို ခြဲျခားႏိုင္စြမ္း အားနည္းတဲ့ ခ်ိဳ႕ယြင္းခ်က္တစ္ခုပဲ ျဖစ္ပါတယ္။ မ်က္လံုးထိခိုက္ျခင္း၊ မ်က္လံုးအာရံုေၾကာထိခိုက္ျခင္း၊ တိမ္စြဲျခင္း၊ အျမင္အာရံုကိုထိန္းခ်ဳပ္တဲ့ ဦးေႏွာက္အစိတ္အပိုင္းထိခိုက္ျခင္း စတဲ့အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Colorblindness ျဖစ္ႏိုင္ေပမဲ့ မ်ားေသာအားျဖင့္ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ အေရာင္မခြဲျခားႏိုင္တာပဲျဖစ္ပါတယ္။
မ်ိဳး႐ိုးလိုက္တက္တဲ့ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ျဖစ္ၿပီး အမ်ိဳးသားမ်ားတြင္ အျဖစ္မ်ားပါတယ္။ အေမရိကန္ႏိုင္ငံမွ စစ္တမ္းေကာက္ခ်က္မ်ားအရ အမ်ိဳးသား ၈ရာခိုင္ႏႈန္း နဲ႔ အမ်ိဳးသမီး ၁ရာခိုင္ႏႈန္းေအာက္ဟာ အေရာင္ခြဲျခားႏိုင္စြမ္းအားနည္းတဲ့ ခ်ိဳ႕ယြင္းခ်က္႐ွိတယ္လို႔ ဆိုပါတယ္။
အမ်ားစုယူဆၾကသလို အျဖဴ၊ အမဲ နဲ႔ မီးခိုးစတဲ့ အေရာင္မ်ားသာ ျမင္ႏိုင္တဲ့ Colorblind အမ်ိဳးအစားဟာ အလြန္႐ွားၿပီး မ်ားေသာအားျဖင့္ အေရာင္မ်ားကိုျမင္ႏိုင္ကာ အခ်ိဳ႕ေသာအေရာင္မ်ားကို ခြဲျခားႏုိင္စြမ္း မရိွျခင္းသာျဖစ္ပါတယ္။ အနီေရာင္ႏွွင္႔ အစိမ္းေရာင္မကြဲျခင္း၊ အျပာနွင့္အဝါမကြဲျခင္း၊ လံုးဝအေရာင္မခြဲႏိုင္ျခင္း စတဲ့အမ်ိဳးအစားမ်ားရိွေပမဲ့ အနီနဲ႔အစိမ္းေရာင္ မခြဲျခားႏိုင္တဲ့ Color blindness အမ်ိဳးအစားက အျဖစ္အမ်ားဆံုး ျဖစ္ပါတယ္။
Color blindness (အေရာင္မခြဲျခားႏိုင္ျခင္း ခ်ိဳ႕ယြင္းခ်က္) ရိွ၊ မရိွကို Ishihara color test ျဖင့္ စမ္းစစ္ႏိုင္ၿပီး အျခားစမ္းစစ္ႏိုင္တဲ့ နည္းလမ္းေတြလည္း ႐ွိပါတယ္။
Color blindness ကိုအျမစ္ျပတ္ ကုသႏိုင္တဲ့ နည္းလမ္းမရိွေသးပါဘူး။ ဒါေပမဲ့ Color blindness အတြက္ အထူးျပဳလုပ္ထားတဲ့ မ်က္မွန္၊ မ်က္ကပ္မွန္မ်ား အသံုးျပဳႏိုင္ပါၿပီ။ အေရာင္ခြဲျခားႏိုင္တဲ့ mobile app: မ်ားလည္းရိွၿပီး အေရာင္ကြဲျပားဖို႔ အသံုးျပဳႏိုင္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)