ကလေးနှင့်လေနာ
တကယ်လို့ သင်ဟာအသစ်စက်စက်မိခင် ဒါမှမဟုတ် ဖခင်တစ်ယောက်ဖြစ်တယ် ဆိုပါစို့..။ မကြာခဏ ငိုနေတဲ့ သင့်ကလေးက သင့်ကို စိတ်ရှုပ်စေပါလိမ့်မယ်..။ အခြားသူတွေကတော့ ဒါကို သင့်ကလေး လေထိုးနေတယ်…လေနာရှိနေတယ်ဆိုပြီးပြောကြပါလိမ့်မယ်..။
လေနာဆိုတာ……
လေနာဆိုတဲ့ခေါင်းစဉ်က ကျယ်ပြန့်ပါတယ်..။ ယျေဘုယျအားဖြင့်ဆိုရရင်တော့ ကျန်းမာရေးကောင်းပြီး .. နို့ကောင်းကောင်းစို့ထားတဲ့ကလေးတစ်ယောက်ဟာ စုစုပေါင်းတစ်နေ့ကို သုံးနာရီနဲ့အထက် ငိုမယ်.. တစ်ပတ်မှာ သုံးရက်…. ဒီလိုငိုတာကလည်း သုံးပတ်နဲ့အထက်ရှိနေပြီဆိုရင် သင့်ကလေးမှာ လေနာဖြစ်နေတယ်လို့ ဆိုလို့ရနိုင်ပါတယ်..။
လေနာဟာ မွေးပြီး နှစ်ပတ်သားကနေ စဖြစ်တတ်ပါတယ်.။အသက်သုံးလေးလရောက်တဲ့အခါ သူ့ဖာသာပျောက်သွားတတ်ပါတယ်..။နို့ဘူးပဲတိုက်တိုက် အမေနို့ပဲစို့စို့ လေနာဖြစ်နိုင်ပါတယ်..။
ဘာကြောင့်လေနာဖြစ်ရတာလဲ
အကြောင်းအရင်းကို တိတိပပ မသိရပေမယ့် ဖြစ်နိုင်ချေရှိတဲ့အချက်တွေက ဒီမှာပါ…။အစာချေဖျက်မှူစနစ်ဖွံ့ဖြိုးကြီးထွားလာပြီး ကြွက်သားတွေကျုံ့လို့ဝမ်းဗိုက်ထဲမှာလေတွေများနေလို့ဟော်မုန်းဓာတ်တွေကြောင့်အလင်း အသံ စတာကိုတွေကို ခန္ဒာကိုယ်က တုန့်ပြန်မှူလွန်ကဲလို့…. စသဖြင့်ရှိပါတယ်…။မှတ်ထားသင့်တာတစ်ခုက လေနာမဟုတ်ဘဲ လေနာနဲ့ ဆင်တဲ့ရောဂါတွေလည်း ရှိတတ်ပါတယ်..။
ရောဂါပိုးဝင်ခြင်း
အစာအိမ်ပြသနာရှိခြင်း
မျက်လုံးနှင့်ပတ်သက်သည့် ပြသနာရှိခြင်း
နှလုံးခုန်မမှန်ခြင်း
ထိခိုက်ဒဏ်ရာရခြင်း
ဒါကြောင့် ဆရာဝန်နဲ့ပြသ တိုင်ပင်ကြည့်တာတော့အကောင်းဆုံးပါ..။
ကာကွယ်ခြင်းနှင့် ကုသခြင်း
နို့စို့တဲ့အခါ ထိုင်ရက်စို့ပါစေ…။ လှဲပြီး နို့တိုက်တာကိုရှောင်ပါ..။ငိုတဲ့အခါ ကလေးကိုချီပြီး လမ်းလျှောက်ပေးပါ..။ လှူပ်ရှားမှုနဲ့ နွေးထွေးမှူက ကလေးကို ငြိမ်သက်စေပါတယ်..။ကလေးကိုချီပြီး ကျောကုန်းကိုအသာအယာပုတ်ပေးပါ..။ကလေးဗိုက်ပေါ်ကို အရမ်းမပူတဲ့ ရေနွေးအိတ်ကပ်ပေးလို့ရပါတယ်..။ရေနွေးနွေးနဲ့ ကလေးကိုရေချိူးပေးပါ..။
မေတ္တာဖြင့်
ဒေါက်တာစိမ်းမိုးစက်
Ref
https://www.webmd.com/parenting/baby/colic-treatments#1
https://www.webmd.com/parenting/baby/what-is-colic#1