Coenzyme Q10
အခုလက်ရှိမှာ Coenzyme Q 10 ဆိုတာ နှလုံးရောဂါရှင်တွေကြားမှာ ရေပန်းစားလှပါတယ်။ ဒါပေမယ့် Coenzyme Q 10ဆိုတာ ဘာပါလဲ။
ကျွနုပ်တို့ရဲ့ နေ့စဉ် ဇီဝကမ္မဖြစ်စဉ်တွေဟာ ဓာတ်ကူူပစ္စည်းတွေ လိုပါတယ်။ အဲဒီထဲက အရေးကြီးတဲ့ ဓာတ်ကူပစ္စည်းတွေထဲမှာ Coenzyme Q 10ပါဝင်ပါတယ်။ သူဟာ ဆဲလ်တိုင်းမှာရှိတဲ့ power house ခေါ်တဲ့ mitochondriaရဲ့ ဖြစ်စဉ်တွေကို ကူညီပါတယ်။
ဒါ့အပြင် Coenzyme Q 10ဟာ ဓာတ်တိုးပစ္စ်းဖြစ်လို့ ဆဲလ်တွေ ပြန်လည်ပြုပြင်ရေးမှာ အရေးကြိးပါတယ်။
Coenzyme Q 10 သောက်ရင် နှလုံးရောဂါ သက်သာတာလား?
ဒါတော့ ကံသေကံမ မပြောနိုင်ပါဘူး။ တစ်ချို့သော လူတွေမှာ Coenzyme Q 10ထုတ်စေတဲ့ မျိုးဗီဇတွေ မပါလာတာကြောင့် နှလုံးရောဂါနဲ့တကွ အခြားဓာတ်တိုးမှုဆိုင်ရာရောဂါတွေ ရကြပေမယ့် Coenzyme Q 10သောက်တိုင်း နှလုံးရောဂါ ကာကွယ်တယ်လို့ မဆိုလိုပါဘူး။ Coenzyme Q 10ဟာ ဆေးမဟုတ်ပါဘူး။ ဖြည့်စွက်စာ တစ်မျိုးသာ ဖြစ်ပါတယ်။
ဒါဆို Coenzyme Q 10သောက်ရင် ဘာအကျိုးရှိလဲ?
Coenzyme Q 10ကို လေ့လာတွေ့ရှိချက်တွေအရတော့ migraine ခေါ် ခေါင်းတစ်ခြမ်းကိုက်ရောဂါ နဲ့ အမျိုးသားကျန်းမာရေး အတွက် အတော်အသင့် ထောက်ပံ့တယ်လို့တော့ အဖြေထွက်ပါတယ်။ သို့သော်လည်း အခြားသော လေ့လာမှုတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အကြောဆွဲရောဂါနဲ့ သွားရောဂါတွေအတွက်တော့ အသုံးမဝင်လှပါဘူးလို့ ဆိုပါတယ်။
ဟယ်၊ ဒါဆို Coenzyme Q 10သောက်ရင် ဘာအကျိုးမှ မရဘူးလား?
Coenzyme Q 10သောက်ခြင်းအားဖြင့် ဓာတ်တိုးဆန့်ကျင်လို့ အရွယ်တင်စေနိုင်မယ်။ သွေးကြောရောဂါတွေ အတန်အသင့် ကာကွယ်နိုင်ပါမယ်။ ဒါပေမယ့် သူ့ကိုပဲ နှလုံးရောဂါဆေး၊ သွေးတိုးကျဆေးတွေအဖြစ်တော့ သုံးလို့ မရပါဘူးဆိုတာ သိထားစေချင်ပါတယ်။ မိမိသောက်နေကျဆေးကို အဓိကထားပြီး Coenzyme Q 10ကို ဖြည့်စွက်စာအနေဲ့ အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။
ဒေါက်တာယမင်း (ဆေး ၁)
Coenzyme Q10
အခုလက္ရွိမွာ Coenzyme Q 10 ဆိုတာ နွလံုးေရာဂါရွင္ေတြၾကားမွာ ေရပန္းစားလွပါတယ္။ ဒါေပမယ့္ Coenzyme Q 10ဆိုတာ ဘာပါလဲ။
ကြၽႏုပ္တို႔ရဲ႕ ေန႔စဥ္ ဇီဝကမၼျဖစ္စဥ္ေတြဟာ ဓာတ္ကူူပစၥည္းေတြ လိုပါတယ္။ အဲဒီထဲက အေရးႀကီးတဲ့ ဓာတ္ကူပစၥည္းေတြထဲမွာ Coenzyme Q 10ပါဝင္ပါတယ္။ သူဟာ ဆဲလ္တိုင္းမွာရွိတဲ့ power house ေခၚတဲ့ mitochondriaရဲ႕ ျဖစ္စဥ္ေတြကို ကူညီပါတယ္။
ဒါ့အျပင္ Coenzyme Q 10ဟာ ဓာတ္တိုးပစၥ္းျဖစ္လို႔ ဆဲလ္ေတြ ျပန္လည္ျပဳျပင္ေရးမွာ အေရးႀကိးပါတယ္။
Coenzyme Q 10 ေသာက္ရင္ နွလံုးေရာဂါ သက္သာတာလား?
ဒါေတာ့ ကံေသကံမ မေျပာနိုင္ပါဘူး။ တစ္ခ်ိဳ႕ေသာ လူေတြမွာ Coenzyme Q 10ထုတ္ေစတဲ့ မ်ိဳးဗီဇေတြ မပါလာတာေၾကာင့္ နွလံုးေရာဂါနဲ႔တကြ အျခားဓာတ္တိုးမႈဆိုင္ရာေရာဂါေတြ ရၾကေပမယ့္ Coenzyme Q 10ေသာက္တိုင္း နွလံုးေရာဂါ ကာကြယ္တယ္လို႔ မဆိုလုိပါဘူး။ Coenzyme Q 10ဟာ ေဆးမဟုတ္ပါဘူး။ ျဖည့္စြက္စာ တစ္မ်ိဳးသာ ျဖစ္ပါတယ္။
ဒါဆို Coenzyme Q 10ေသာက္ရင္ ဘာအက်ိဳးရွိလဲ?
Coenzyme Q 10ကို ေလ့လာေတြ႕ရွိခ်က္ေတြအရေတာ့ migraine ေခၚ ေခါင္းတစ္ျခမ္းကိုက္ေရာဂါ နဲ႔ အမ်ိဳးသားက်န္းမာေရး အတြက္ အေတာ္အသင့္ ေထာက္ပံ့တယ္လို႔ေတာ့ အေျဖထြက္ပါတယ္။ သို႔ေသာ္လည္း အျခားေသာ ေလ့လာမႈေတြ ျဖစ္တဲ့ နွလံုးေရာဂါ၊ ေသြးတိုးေရာဂါ၊ အေၾကာဆြဲေရာဂါနဲ႔ သြားေရာဂါေတြအတြက္ေတာ့ အသံုးမဝင္လွပါဘူးလို႔ ဆိုပါတယ္။
ဟယ္၊ ဒါဆို Coenzyme Q 10ေသာက္ရင္ ဘာအက်ိဳးမွ မရဘူးလား?
Coenzyme Q 10ေသာက္ျခင္းအားျဖင့္ ဓာတ္တိုးဆန္႔က်င္လို႔ အ႐ြယ္တင္ေစနိုင္မယ္။ ေသြးေၾကာေရာဂါေတြ အတန္အသင့္ ကာကြယ္နိုင္ပါမယ္။ ဒါေပမယ့္ သူ႔ကိုပဲ နွလံုးေရာဂါေဆး၊ ေသြးတိုးက်ေဆးေတြအျဖစ္ေတာ့ သံုးလို႔ မရပါဘူးဆိုတာ သိထားေစခ်င္ပါတယ္။ မိမိေသာက္ေနက်ေဆးကို အဓိကထားၿပီး Coenzyme Q 10ကို ျဖည့္စြက္စာအေနဲ႔ အသံုးျပဳၾကဖို႔ တိုက္တြန္းလိုပါတယ္။
ေဒါက္တာယမင္း (ေဆး ၁)