ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ ဖျော်သောက်ရသောဆေးမှုန့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်းပိုးဝင်ခြင်း (လေပြွှန်ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ ထိပ်ခတ်နာ၊ အဆုတ်ရောင်ရောဂါ၊ အာသီးရောင်ခြင်း စသည်)၊ အရေပြားနှင့် တစ်သျှူးပျော့များ ပိုးဝင်ခြင်း။ ပိုးဝင်နေသော အပူလောင်နာများ၊ အရိုးပြည်တည်နာများ၊ နှလုံးရောင်ခြင်း၊ ဆီးပိုးဝင်ခြင်း၊ သားဖွားမီးယပ် ဆိုင်ရာရောဂါပိုးများ၊ မွေးကင်းစကလေးများရှိ ပိုးကြောင့်ဖြစ်သောရောဂါများ။
သုံးစွဲရန်အညွှန်း- လူကြီး ၅၀၀မီလီဂရမ် ၆နာရီခြား၊
အသက် ၂-၁၀ နှစ် ကလေး ၁-၂ လက်ဖက်ရည်ဇွန်း သို့ လူကြီး တစ်ဝက်ပမာဏ
အသက် ၂ နှစ်အောက်ကလေးများ- လူကြီး၏ လေးပုံ တစ်ပုံ ပမာဏ။
အစာနှင့်စားရန်သင့်မသင့်- အစာနှင့် ခြားသောက်ရန်။ အစားမစားမီ ၁နာရီ သို့ စားပြီး ၂နာရီအကြာ။
လုံးဝအသုံးမပြုသင့်သောသူများ-ပင်နီဆလင် ဆေးနှင့်ဓာတ်မတည့်သူများ။
ဘေးထွက်ဆိုးကျိုး-အဖြစ်နည်းပါသည်။ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ပျို့ခြင်း၊ ဝမ်းလျောခြင်း၊ အစာမကြေခြင်း။
ဒေါက်တာချို(ဆေး ၁)