မမဗိုက်တို့အတွက် နွေရာသီတွင် ဝတ်စားဆင်ယင်မှု နဲ့ နေထိုင်စားသောက်မှု
မြန်မာပြည်ရဲ့ နွေရာသီဟာ သာမန်လူတွေအတွက်တောင် ပူလွန်းလှပြီး တကယ် ဂရုစိုက်ရတဲ့ ရာသီဖြစ်ပါတယ်… ကိုယ်ဝန်ဆောင် မမဗိုက်တို့အတွက်ဆို ပိုတောင်ဂရုစိုက်ရမပေါ့.. အထူးသဖြင့် အပူပိုင်းဒေသတွေမှာနေတဲ့ မမဗိုက်တို့ပေါ့…
?? အဝတ်အစား??
ကိုယ်ဝန်ဆောင်တဲ့ အချိန်တွင် သာမန်လူထက် ကိုယ်အပူချိန်များတတ်ပါတယ်.. ဒါပြင် ရာသီဥတုကလဲ ပူမယ်ဆိုတော့ မမဗိုက်တို့အတွက် အဝတ်အစားလေးတွေ ရွေးချယ်သင့်ပီပေါ့…
ကိုယ်ဝန်နုသေးတဲ့ မမဗိုက်တို့အတွက်ကတော့…. ဗိုက်ဖုံးအင်္ကျ ီ မဝတ်ချင်သေးပါကလည်း ပေါ့ပါးသော၊လေဝင်လေထွက်ကောင်းတဲ့ အင်္ကျ ီ၊ဘောင်းဘီစကပ်တို့ကို ဝတ်ဆင်ပါ
ကိုယ်ဝန်ရင့်လာပြီဆိုရင်တော့ ဗိုက်ဖုံး အင်္ကျ ီက အသင့်တော်ဆုံးပေါ့..
ဖြစ်နိုင်ရင် လက်ရှည်အင်္ကျ ီများကိုဝတ်ဆင်ပါ.. ဒါမှသာ နေလောင်ခြင်းကနေ ကာကွယ်နိုင်ပြီး အရေပြားတိုက်ရိုက်မထိတဲ့ အတွက် အပူလဲ သက်သာတာပေါ့…
အဝတ်အစားအရောင်ကို အပူစုပ်လွယ်တဲ့ အမည်းရောင်၊အရောင်အရင့်တွေ မဝတ်သင့်ပါ… အဖြူရောင်(သို့)အရောင်လွင်သော၊ဖျော့သောတော့ အရောင်တွေကို ရွေးချယ်ဝတ်ဆင်ပါ
နေပူထဲ သွားပြီဆိုပါက မိမိ၏မျက်နှာနှင့် လည်ပင်းထိ ကာနိုင်တဲ့ ပြန့်ကျယ်သော ဦးထုပ်ဆောင်းပါ..(သို့) ပေါ့ပါးသော ခေါင်းစည်းပဝါ နဲ့ စည်းပါ..
ညှပ်ဖိနပ်၊ကြိုးသိုင်းဖိနပ်တို့ကို စီးပါ…
နေလောင်ခံ lotion လိမ်းပါ..
နေထိုင်စားသောက်မှု
အလုပ်ကိစ္စရှိပါက ဖြစ်နိုင်ရင် ရာသီဥတုအေးမယ့်ရက်မှ အပြင်ထွက်ပါ.. မဖြစ်မနေဆိုပါက အပူရှိန်လျော့သော ညနေပိုင်းတို့ကို ရွေးချယ်ပါ..
bus ကားပေါ် (သို့) လူများသောနေရာ၊အပူကဲမယ့်နေရာသို့ သွားပါက ဘက်ထရီအသုံးပြု လက်ဆောင်ပန်ကာလေး ယူသွားပါ..
နွေရာသီ ကမ်းခြေခရီး ထွက်ပါကလည်း တတ်နိုင်သလောက် ‘နေရောင်’မထိပါနဲ့.. အရိပ်အောက်တွင် နေပါ.. ရေကစားပါကလည်း အပူရှိန်အနည်းဆုံးအချိန်မှာ ကစားပါ…
အပူသက်သာအောင် ရေကူးကန်သွားရင်လည်း သင့်တော်ပါတယ်..ရေကူးခြင်းဟာ ခြေထောက်ယောင်ခြင်းတွေကို သက်သာစေတာမို့.. လေ့ကျင့်ခန်းကောင်းတစ်ခုပါ..အရိပ်ရတဲ့ ရေကူးကန်ဆို ပိုသင့်တော်ပါတယ်…
အရမ်းအေးသော ရေနှင့်လည်း ရေမချိုးသင့်ပါ.. ဒါဟာ အပူကို မသက်သာစေပဲ ရေအေးကို မိမိခန္ဓာကိုယ်မှ ထပ်ပြီး တုံ့ပြန်ရသဖြင့် ကိုယ်အပူချိန်တက်တာ.. ချမ်းတုန်တာ.. ဖျားတာတွေ ဖြစ်စေနိုင်ပါတယ်
အရည်ရွမ်းသော အစားအသောက်များစားပါ.. ကိုယ်ဝန်ဆောင်နေချိန်မှာ ရေဓာတ်ခမ်းခြောက်လွယ်တာမို့ အလွယ်တကူ နှုံးမယ်..ပင်ပန်းလွယ်ပါတယ်..ဒါတွေ ကာကွယ်ဖို့ဆိုရင် သွားလေရာ ရေဗူးဆောင်ပါ.. နေ့စဉ် ရေကို ပုံမှန်သောက်ပေးပါ..
အငန်ဓာတ်များတာတွေ ရှောင်ပါ. ဒါမှ ရေဓာတ်ခမ်းခြင်းကို ကာကွယ်နိုင်သလို ပိုမို နေထိုင်ကောင်းပါမယ်..
အိမ်တွင်းနေထိုင်ပါက အပူချိန်နည်းသော၊လေဝင်လေထွက်ကောင်းတဲ့နေရာများတွင်နေပါ…နေရောင်တိုက်ရိုက် မဝင်စေရန် ခန်းစီးလိုက်ကာများ တပ်ဆင်ပါ..
မိမိနေထိုင်ရာအိမ်၊ဒေသတွင် အရမ်းပူပြင်းပါက အပူသက်သာသော နေရာသို့ ခေတ္တပြောင်းနေထိုင်သင့်ပါတယ်…
အိမ်မှုကိစ္စတွေကို တော်တန်ရုံလောက်သာ လုပ်ပါ… ချက်ပြုတ်၊တောက်တိုမယ်ရတွေ လုပ်စရာရှိလျှင် တခြားသူများကူညီနိုင်ပါက ကူညီခိုင်းပါ… ကိုယ်ဝန်ဆောင်နေတဲ့ ကာလဟာ မိခင်အတွက် ပင်ပန်းတာမို့ တတ်နိုင်သမျှ အနားယူပါ…
ပိုင်နီမောင်
Reference : babycentre
မမဗိုက္တို႔အတြက္ ေႏြရာသီတြင္ ဝတ္စားဆင္ယင္မႈ နဲ႔ ေနထိုင္စားေသာက္မႈ
ျမန္မာျပည္ရဲ႕ ေႏြရာသီဟာ သာမန္လူေတြအတြက္ေတာင္ ပူလြန္းလွၿပီး တကယ္ ဂ႐ုစိုက္ရတဲ့ ရာသီျဖစ္ပါတယ္… ကိုယ္ဝန္ေဆာင္ မမဗိုက္တို႔အတြက္ဆို ပိုေတာင္ဂ႐ုစိုက္ရမေပါ့.. အထူးသျဖင့္ အပူပိုင္းေဒသေတြမွာေနတဲ့ မမဗိုက္တို႔ေပါ့…
?? အဝတ္အစား??
ကိုယ္ဝန္ေဆာင္တဲ့ အခ်ိန္တြင္ သာမန္လူထက္ ကုိယ္အပူခ်ိန္မ်ားတတ္ပါတယ္.. ဒါျပင္ ရာသီဥတုကလဲ ပူမယ္ဆိုေတာ့ မမဗိုက္တို႔အတြက္ အဝတ္အစားေလးေတြ ေရြးခ်ယ္သင့္ပီေပါ့…
ကိုယ္ဝန္ႏုေသးတဲ့ မမဗိုက္တို႔အတြက္ကေတာ့…. ဗိုက္ဖံုးအက်ၤ ီ မဝတ္ခ်င္ေသးပါကလည္း ေပါ့ပါးေသာ၊ေလဝင္ေလထြက္ေကာင္းတဲ့ အက်ၤ ီ၊ေဘာင္းဘီစကပ္တို႔ကို ဝတ္ဆင္ပါ
ကိုယ္ဝန္ရင့္လာၿပီဆိုရင္ေတာ့ ဗိုက္ဖံုး အက်ၤ ီက အသင့္ေတာ္ဆံုးေပါ့..
ျဖစ္ႏိုင္ရင္ လက္ရွည္အက်ၤ ီမ်ားကိုဝတ္ဆင္ပါ.. ဒါမွသာ ေနေလာင္ျခင္းကေန ကာကြယ္ႏိုင္ၿပီး အေ႐ျပားတိုက္႐ိုက္မထိတဲ့ အတြက္ အပူလဲ သက္သာတာေပါ့…
အဝတ္အစားအေရာင္ကို အပူစုပ္လြယ္တဲ့ အမည္းေရာင္၊အေရာင္အရင့္ေတြ မဝတ္သင့္ပါ… အျဖဴေရာင္(သို႔)အေရာင္လြင္ေသာ၊ေဖ်ာ့ေသာေတာ့ အေရာင္ေတြကို ေရြးခ်ယ္ဝတ္ဆင္ပါ
ေနပူထဲ သြားၿပီဆိုပါက မိမိ၏မ်က္ႏွာႏွင့္ လည္ပင္းထိ ကာႏိုင္တဲ့ ျပန္႔က်ယ္ေသာ ဦးထုပ္ေဆာင္းပါ..(သို႔) ေပါ့ပါးေသာ ေခါင္းစည္းပဝါ နဲ႔ စည္းပါ..
ညႇပ္ဖိနပ္၊ႀကိဳးသိုင္းဖိနပ္တို႔ကို စီးပါ…
ေနေလာင္ခံ lotion လိမ္းပါ..
ေနထိုင္စားေသာက္မႈ
အလုပ္ကိစၥ႐ွိပါက ျဖစ္ႏိုင္ရင္ ရာသီဥတုေအးမယ့္ရက္မွ အျပင္ထြက္ပါ.. မျဖစ္မေနဆိုပါက အပူ႐ွိန္ေလ်ာ့ေသာ ညေနပိုင္းတို႔ကို ေရြးခ်ယ္ပါ..
bus ကားေပၚ (သို႔) လူမ်ားေသာေနရာ၊အပူကဲမယ့္ေနရာသို႔ သြားပါက ဘက္ထရီအသံုးျပဳ လက္ေဆာင္ပန္ကာေလး ယူသြားပါ..
ေႏြရာသီ ကမ္းေျခခရီး ထြက္ပါကလည္း တတ္ႏိုင္သေလာက္ ‘ေနေရာင္’မထိပါနဲ႔.. အရိပ္ေအာက္တြင္ ေနပါ.. ေရကစားပါကလည္း အပူ႐ွိန္အနည္းဆံုးအခ်ိန္မွာ ကစားပါ…
အပူသက္သာေအာင္ ေရကူးကန္သြားရင္လည္း သင့္ေတာ္ပါတယ္..ေရကူးျခင္းဟာ ေျခေထာက္ေယာင္ျခင္းေတြကို သက္သာေစတာမို႔.. ေလ့က်င့္ခန္းေကာင္းတစ္ခုပါ..အရိပ္ရတဲ့ ေရကူးကန္ဆို ပိုသင့္ေတာ္ပါတယ္…
အရမ္းေအးေသာ ေရႏွင့္လည္း ေရမခ်ိဳးသင့္ပါ.. ဒါဟာ အပူကို မသက္သာေစပဲ ေရေအးကို မိမိခႏၶာကုိယ္မွ ထပ္ၿပီး တံု႔ျပန္ရသျဖင့္ ကိုယ္အပူခ်ိန္တက္တာ.. ခ်မ္းတုန္တာ.. ဖ်ားတာေတြ ျဖစ္ေစႏိုင္ပါတယ္
အရည္ရြမ္းေသာ အစားအေသာက္မ်ားစားပါ.. ကုိယ္ဝန္ေဆာင္ေနခ်ိန္မွာ ေရဓာတ္ခမ္းေျခာက္လြယ္တာမို႔ အလြယ္တကူ ႏႈံးမယ္..ပင္ပန္းလြယ္ပါတယ္..ဒါေတြ ကာကြယ္ဖို႔ဆိုရင္ သြားေလရာ ေရဗူးေဆာင္ပါ.. ေန႔စဥ္ ေရကို ပံုမွန္ေသာက္ေပးပါ..
အငန္ဓာတ္မ်ားတာေတြ ေ႐ွာင္ပါ. ဒါမွ ေရဓာတ္ခမ္းျခင္းကို ကာကြယ္ႏိုင္သလို ပုိမို ေနထိုင္ေကာင္းပါမယ္..
အိမ္တြင္းေနထိုင္ပါက အပူခ်ိန္နည္းေသာ၊ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမ်ားတြင္ေနပါ…ေနေရာင္တိုက္႐ိုက္ မဝင္ေစရန္ ခန္းစီးလိုက္ကာမ်ား တပ္ဆင္ပါ..
မိမိေနထိုင္ရာအိမ္၊ေဒသတြင္ အရမ္းပူျပင္းပါက အပူသက္သာေသာ ေနရာသို႔ ေခတၱေျပာင္းေနထိုင္သင့္ပါတယ္…
အိမ္မႈကိစၥေတြကို ေတာ္တန္ရံုေလာက္သာ လုပ္ပါ… ခ်က္ျပဳတ္၊ေတာက္တိုမယ္ရေတြ လုပ္စရာ႐ွိလွ်င္ တျခားသူမ်ားကူညီႏိုင္ပါက ကူညီခိုင္းပါ… ကုိယ္ဝန္ေဆာင္ေနတဲ့ ကာလဟာ မိခင္အတြက္ ပင္ပန္းတာမို႔ တတ္ႏိုင္သမွ် အနားယူပါ…
ပိုင္နီေမာင္
Reference : babycentre