အမျိုးသမီးတွေမှာပဲ ရှိတဲ့ နာရီလေးတစ်လုံးအကြောင်း
ရေးသားသူ – ဒေါက်တာ ဖြိုးသီဟ
တစ်ခါတုန်းက အမျိုးသမီးတစ်ယောက် ကျွန်တော့်ကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် မေးခွန်းလေးတစ်ခု လာမေးဖူးတယ်။ သူက အသက် ၄၀ မှ အိမ်ထောင်ကျတယ်၊ ကလေးတအားလိုချင်တယ်၊ အဲဒီအချိန် ကိုယ်ဝန်ရတယ်၊ ဒါပေမယ့် ကံဆိုးချင်တော့ မတော်တဆ ပျက်ကျသွားတယ်၊ ကလေးကိုလည်း လိုချင်နေ၊ အသက်ကလည်း ရနေပြီမို့ ချက်ချင်းပြန်ယူချင်တယ်၊ အဲဒါ ဘယ်တော့လောက် ကိုယ်ဝန်ပြန်ရနိုင်မလဲ၊ ဘာတွေလုပ်သင့်လဲ လာမေးတာပေါ့။
သူ့အဖြစ်က အကြံပေးရတော့ တော်တော်ခက်တယ်။ ဘာလို့ဆိုတော့ ကလေးပျက်ကျပြီး အနည်းဆုံး ၆ လနေမှ နောက်ကိုယ်ဝန်ယူသင့်တယ်လေ။ ဒါက ကျန်းမာရေးရှုထောင့်အရ လိုကိုလိုအပ်တာ။ တစ်ဖက်မှာလည်း သူပြောသလိုပဲ အသက်က ၄၀ ကျော်မို့ ကိုယ်ဝန်ရနိုင်ချေကတော့ နည်းလာတယ်။ ဒါကိုမှ စောင့်ရဦးမယ်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကိုယ်ဝန်ရသွားပြန်ရင်လည်း အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်မို့ တော်တော်လေး သတိထားရမယ်။ ကလေးမှာလည်း Down Syndrome လို့ခေါ်တဲ့ မျိုးဗီဇပြဿနာကြောင့် ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ပြဿနာမျိုးတွေ ဖြစ်နိုင်ချေပိုများနေတယ်။ ကလေးရှိပြီးတဲ့ အမျိုးသမီးဆို ထပ်မယူတော့ဖို့ အကြံပေးရမှာမျိုး။ ခုကိစ္စကျ တော်တော်လေး အကြံပေးရခက်တယ်။ အဓိက ပြဿနာကတော့ အသက် ၄၀ ကျော်မှ ကလေးယူဖို့ ပြင်ဆင်နေတာပါပဲ။
ဒီနေရာမှာ မဖြစ်မနေ ထည့်ပြောရမှာက ယောကျာ်းနဲ့ မိန်းမကြားက ကွာခြားချက်ပါ။ မွေးဖွားလာတယ်။ အပျို လူပျိုဖြစ်တယ်။ မိန်းကလေးတွေကတော့ ပျမ်းမျှအားဖြင့် အပျိုဖော်ဝင်တဲ့အရွယ် ပိုစောတယ်။ ယောကျာ်းလေးကတော့ နည်းနည်းနောက်ကျတယ်။ ဒါပေမယ့် မိန်းကလေးမှာက သွေးဆုံးချိန် ဆိုတာ ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြပေမယ့် ယေဘုယျအားဖြင့် ၄၉ နှစ်လောက်မှာ ဖြစ်တတ်တယ်။ ယောကျာ်းမှာကျတော့ သွေးဆုံးတယ်ဆိုတာ ရှိပေမယ့် အသက်တော်တော်ကြီးမှ ဖြစ်တာ၊ တချို့မှာဆို ဖြစ်ကိုမဖြစ်ဘူး။ နောက်ပြီး ကိုယ်ဝန်ဆောင်ကလေးမွေးရတယ် ဆိုတဲ့ အင်မတန် ပင်ပန်းဆင်းရဲပြီး အန္တရာယ်များတဲ့ အလုပ်မျိုးကို ယောကျာ်းတွေက လုပ်စရာမလိုဘူး။ ဒါကြောင့် အိမ်ထောင်ကျတဲ့အရွယ်၊ ကလေးရတဲ့အရွယ် နောက်ကျတယ်ဆိုတာက သားသမီးနဲ့ အရွယ်ကွာလွန်းပြီး Generation gap ဖြစ်နိုင်တာမျိုးကလွဲရင် ယောကျာ်းအတွက် ပြဿနာမရှိဘူး။
မိန်းကလေးကျတော့ အဲ့လိုမဟုတ်ဘူး။ သဘာဝအရ သူတို့မှာ အချိန်အခါဆိုတာ ရှိတယ်။ အဲဒါကို တင်စားပြီး ခေါ်တော့ Biological clock တဲ့။ သဘာဝက ဝတ်ပေးထားတဲ့ နာရီလေးပေါ့။ အသက်အရွယ်ကောင်းမှာ အိမ်ထောင်ပြု၊ ကလေးမွေးရတယ်။ ခုလို အသက် ၄၀ ကျော်မှ မရနိုင်တော့ဘူးလား ဆိုတော့ ရနိုင်ပါတယ်။ ဒါပေမယ့် ပိုခက်တယ်။ အန္တရာယ်ဖြစ်နိုင်ချေ (Risk) လည်း ပိုများတာပေါ့။
ကလေးယူမယ်၊ မယူဘူး၊ ဘယ်နှယောက်ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ခြားမယ် ဆိုတာက အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ဆိုပေမယ့် ဆေးပညာရှုထောင့်အရတော့ ကျန်းမာရေးအတွက် သင့်တော်တဲ့ နှစ်ကာလအပိုင်းအခြားလေးတွေ ရှိပါတယ်။
ဥပမာအားဖြင့် အသက် ၁၈ နှစ်မတိုင်မီနဲ့ အသက် ၃၅ နှစ်နောက်ပိုင်း ကိုယ်ဝန်မဆောင်သင့်ဘူး။ ၁၈ နှစ်မတိုင်မီက အင်မတန်ငယ်ရွယ်သေးတဲ့အရွယ်မို့ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ ၃၅ နှစ်အထက်ကျပြန်တော့လည်း ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ အသက်လွန်နေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ၁၈ နှစ်ထက်ငယ်တယ်၊ ၃၅ နှစ်ထက်ကြီးတယ် ဆိုပေမယ့် အဆင်ပြေပြေ ကလေးမွေးထားသူတွေလည်း ရှိပါတယ်။ လူတိုင်း အန္တရာယ်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဒါကိုကြည့်ပြီး ငါတို့လည်း အဲ့လိုကိုယ်ဝန်ဆောင်မယ်လို့တော့ မတွေးစေချင်ပါဘူး။ ရာခိုင်နှုန်းနဲ့ စဉ်းစားဖို့လိုပါတယ်။ ဒီအရွယ်တွေမှာ ကိုယ်ဝန်ဆောင်မိရင် အန္တရာယ်ဖြစ်နိုင်ချေဟာ များတာမို့ မစွန့်စားသင့်ပါဘူး။
နောက်၊ ကလေးတစ်ယောက်မွေးပြီးရင် အနည်းဆုံး ၂ နှစ်နေမှ ကိုယ်ဝန်ပြန်ယူသင့်တယ်။ နောက်ပြီး ကလေးတစ်ယောက်မွေးပြီးချိန်နဲ့ နောက်ကိုယ်ဝန်ဆောင်ချိန် ကြားကာလက ၅ နှစ်ထက် မပိုသင့်ဘူး။ ဆိုလိုတာက ၂ နှစ်ထက်လည်း မနည်းနဲ့၊ ၅ နှစ်ထက်လည်း မများနဲ့ပေါ့။ ဘာလို့ဆိုတော့ ကပ်လွန်း၊ ဝေးလွန်းရင် ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်လို့ပါ။ ကလေးပျက်ကျပြီးရင်လည်း အစောပိုင်းမှာ ပြောခဲ့သလို အနည်းဆုံး ၆ လ နေမှ ကိုယ်ဝန်ပြန်ယူသင့်တယ်။ အရေအတွက်အားဖြင့်ကတော့ ကလေး ၅ ယောက်နဲ့အထက် မယူသင့်ဘူးပေါ့။
ဒါကြောင့်လည်း ခုနောက်ပိုင်းမှာ သားဆက်ခြားတယ် ဆိုတာထက် မိသားစုစီမံကိန်းဆွဲတယ် ဆိုတဲ့ အသုံးအနှုန်းမျိုး ပြောလာကြတာပါ။ ဒီအတိုင်းပဲ မလိုချင်သေးလို့ သားဆက်ခြားနေမယ်ဆို တစ်ယောက်နဲ့တစ်ယောက် သိပ်ကပ်သွားတာ၊ သိပ်ဝေးသွားတာ၊ အသက် ၃၅ နှစ်နောက်ပိုင်းမှ ထပ်ယူချင်လာတာ စသဖြင့် ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ဘဝတစ်လျှောက်မှာ ကလေးဘယ်နှယောက်ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ခြားမယ်ဆိုတာမျိုးလေး အစီအစဉ်ဆွဲထားမယ်ဆိုရင် ပိုအဆင်ပြေတာပေါ့။ ဥပမာ အသက် ၂၅ နှစ်မှာ အိမ်ထောင်ပြုမယ်၊ ကလေး ၂ ယောက်ပဲ ယူမယ်၊ ဒါဆို ၂၈ နှစ်လောက်မှာ တစ်ယောက်၊ ၃၂ နှစ်လောက်မှာ တစ်ယောက်၊ ပြီးရင် လုံးဝထပ်မယူတော့ဘဲ နှစ်ရှည်ခံကိုယ်ဝန်တားနည်းတစ်ခုခုကို သုံးမယ်။ အသက် ၃၀ ကျော်မှ အိမ်ထောင်ကျတယ်ဆိုလည်း ကလေးမြန်မြန်ယူပေါ့၊ ဒါမှ ၂ ယောက်လောက် မွေးလို့မီမယ်။ ဒီလိုမျိုးလေးတွေ စီမံကိန်းဆွဲထားမယ်ဆို ပိုပြီး ကောင်းတာပေါ့။
တချို့သော အမျိုးသမီးတွေကိုယ်တိုင်က တစ်ခါတစ်လေမှာ ဒီလိုစီမံကိန်းချတာကို အရေးမကြီးဘူး ထင်တတ်ကြပါတယ်။ ကိုယ့်ယောကျာ်းနဲ့ကိုယ်ပဲ၊ ဘယ်နှယောက်မွေးမွေးပေါ့လို့ ခပ်ပေါ့ပေါ့ သဘောထားကြတယ်။ တချို့ကျတော့လည်း အိမ်ထောင်ရေးကို လုံးဝထည့်မစဉ်းစားခဲ့ဘဲ အလုပ်တွေပဲ ဖိလုပ်ရင်း အရွယ်တစ်ခုလွန်လာမှ အိမ်ထောင်ပြုဖို့ ဖြစ်လာတယ်။ ပြီးတဲ့အခါ ဆောင်းပါးအစမှာ ပြောခဲ့သလို ပြဿနာတွေ ဝင်လာတယ်။
တကယ်တော့ အိမ်ထောင်ပြုမယ် မပြုဘူး၊ ဘယ်အရွယ်မှာ ပြုမယ်၊ ကလေးယူမယ်၊ မယူဘူး၊ ဘယ်အချိန်မှာ ယူမယ်၊ ဘယ်နှယောက်ယူမယ်၊ ဘယ်နှနှစ် တားထားမယ် စတာတွေက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ပဲ ဖြစ်ပါတယ်။ ဆရာဝန်၊ ဆရာမတွေကနေ သူ့ဆန္ဒမပါဘဲ ကိုယ်ဝန်တားပေးလို့လည်း မရသလို၊ အတင်းအကြပ် မွေးခိုင်းလို့လည်း မရပါဘူး။ နောက်ပြီး အိမ်ထောင်ရေးဆိုတာက ဖူးစာ တို့၊ ရေစက်တို့၊ ကံတရားတို့လို မမြင်နိုင်တဲ့အရာတွေလည်း ရှိသေးတာမို့ ကိုယ်မှန်းထားတဲ့အတိုင်းလည်း ဖြစ်ချင်မှဖြစ်တာပါ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘယ်စီမံကိန်းမှလည်း မှန်းထားတဲ့အတိုင်း ၁၀၀ % ကွက်တိ အကောင်အထည်ဖော်နိုင်တယ်ဆိုတာ မရှိပါဘူး။
ဒါပေမယ့် လူအများပြောနေကျ စကားလေးလိုပေါ့။ Fail to plan is planning to fail ပါ။ အစီအစဉ်ဆွဲဖို့ ပျက်ကွက်နေခြင်းဟာ ကျဆုံးဖို့ ပြင်ဆင်နေခြင်း ဆိုတဲ့အတိုင်း ကိုယ့်ဘဝနဲ့ ပတ်သက်လို့၊ ကိုယ့်မိသားစုနဲ့ ပတ်သတ်လို့ သေချာစနစ်တကျ အစီအစဉ်ဆွဲထားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အစီအစဉ်မရှိသူထက်တော့ နည်းနည်းလေး ပိုတည်ငြိမ်တာပေါ့။ အဲဒီလို အစီအစဉ်ဆွဲတဲ့အခါ အမျိုးသမီးတွေမှာ Biological clock လို့ခေါ်တဲ့ အချိန်အခါလေး ရှိတယ်ဆိုတာရယ်၊ ဘယ်အသက်အရွယ်၊ ဘယ်ကာလအပိုင်းအခြားတွေမှာ ကိုယ်ဝန်ဆောင်သင့်တယ် ဆိုတာရယ်ကို သိထားရအောင်လေး ဆောင်းပါးရေးလိုက်ရတာပါပဲ။
Ref : Healthy Timing and Spacing of Pregnancy 101 – WHO
အမ်ိဳးသမီးေတြမွာပဲ ရွိတဲ့ နာရီေလးတစ္လံုးအေၾကာင္း
ေရးသားသူ – ေဒါက္တာ ျဖိဳးသီဟ
တစ္ခါတုန္းက အမ်ိဳးသမီးတစ္ေယာက္ ကၽြန္ေတာ့္ကို လူမႈကြန္ရက္စာမ်က္ႏွာကတစ္ဆင့္ ေမးခြန္းေလးတစ္ခု လာေမးဖူးတယ္။ သူက အသက္ ၄၀ မွ အိမ္ေထာင္က်တယ္၊ ကေလးတအားလိုခ်င္တယ္၊ အဲဒီအခ်ိန္ ကုိယ္၀န္ရတယ္၊ ဒါေပမယ့္ ကံဆုိးခ်င္ေတာ့ မေတာ္တဆ ပ်က္က်သြားတယ္၊ ကေလးကုိလည္း လိုခ်င္ေန၊ အသက္ကလည္း ရေနျပီမုိ႕ ခ်က္ခ်င္းျပန္ယူခ်င္တယ္၊ အဲဒါ ဘယ္ေတာ့ေလာက္ ကုိယ္၀န္ျပန္ရႏုိင္မလဲ၊ ဘာေတြလုပ္သင့္လဲ လာေမးတာေပါ့။
သူ႕အျဖစ္က အၾကံေပးရေတာ့ ေတာ္ေတာ္ခက္တယ္။ ဘာလုိ႕ဆုိေတာ့ ကေလးပ်က္က်ျပီး အနည္းဆံုး ၆ လေနမွ ေနာက္ကုိယ္၀န္ယူသင့္တယ္ေလ။ ဒါက က်န္းမာေရးရႈေထာင့္အရ လိုကိုလိုအပ္တာ။ တစ္ဖက္မွာလည္း သူေျပာသလိုပဲ အသက္က ၄၀ ေက်ာ္မုိ႕ ကိုယ္၀န္ရႏုိ္င္ေခ်ကေတာ့ နည္းလာတယ္။ ဒါကိုမွ ေစာင့္ရဦးမယ္ဆုိ အဆင္မေျပျပန္ဘူး။ ေနာက္ျပီး ကုိယ္၀န္ရသြားျပန္ရင္လည္း အသက္ ၄၀ ေက်ာ္ ကိုယ္၀န္ေဆာင္မို႕ ေတာ္ေတာ္ေလး သတိထားရမယ္။ ကေလးမွာလည္း Down Syndrome လို႕ေခၚတဲ့ မ်ိဳးဗီဇျပႆနာေၾကာင့္ ဖြံ႕ျဖိဳးမႈေႏွးေကြးတဲ့ ျပႆနာမ်ိဳးေတြ ျဖစ္ႏုိင္ေခ်ပိုမ်ားေနတယ္။ ကေလးရွိျပီးတဲ့ အမ်ိဳးသမီးဆုိ ထပ္မယူေတာ့ဖုိ႕ အၾကံေပးရမွာမ်ိဳး။ ခုကိစၥက် ေတာ္ေတာ္ေလး အၾကံေပးရခက္တယ္။ အဓိက ျပႆနာကေတာ့ အသက္ ၄၀ ေက်ာ္မွ ကေလးယူဖုိ႕ ျပင္ဆင္ေနတာပါပဲ။
ဒီေနရာမွာ မျဖစ္မေန ထည္႕ေျပာရမွာက ေယာက်ာ္းနဲ႕ မိန္းမၾကားက ကြာျခားခ်က္ပါ။ ေမြးဖြားလာတယ္။ အပ်ိဳ လူပ်ိဳျဖစ္တယ္။ မိန္းကေလးေတြကေတာ့ ပ်မ္းမွ်အားျဖင့္ အပ်ိဳေဖာ္၀င္တဲ့အရြယ္ ပိုေစာတယ္။ ေယာက်ာ္းေလးကေတာ့ နည္းနည္းေနာက္က်တယ္။ ဒါေပမယ့္ မိန္းကေလးမွာက ေသြးဆံုးခ်ိန္ ဆုိတာ ရွိတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ မတူႏုိင္ၾကေပမယ့္ ေယဘုယ်အားျဖင့္ ၄၉ ႏွစ္ေလာက္မွာ ျဖစ္တတ္တယ္။ ေယာက်ာ္းမွာက်ေတာ့ ေသြးဆံုးတယ္ဆုိတာ ရွိေပမယ့္ အသက္ေတာ္ေတာ္ၾကီးမွ ျဖစ္တာ၊ တခ်ိဳ႕မွာဆုိ ျဖစ္ကုိမျဖစ္ဘူး။ ေနာက္ျပီး ကုိယ္၀န္ေဆာင္ကေလးေမြးရတယ္ ဆုိတဲ့ အင္မတန္ ပင္ပန္းဆင္းရဲျပီး အႏၱရာယ္မ်ားတဲ့ အလုပ္မ်ိဳးကို ေယာက်ာ္းေတြက လုပ္စရာမလိုဘူး။ ဒါေၾကာင့္ အိမ္ေထာင္က်တဲ့အရြယ္၊ ကေလးရတဲ့အရြယ္ ေနာက္က်တယ္ဆုိတာက သားသမီးနဲ႕ အရြယ္ကြာလြန္းျပီး Generation gap ျဖစ္ႏုိင္တာမ်ိဳးကလြဲရင္ ေယာက်ာ္းအတြက္ ျပႆနာမရွိဘူး။
မိန္းကေလးက်ေတာ့ အဲ့လိုမဟုတ္ဘူး။ သဘာ၀အရ သူတို႕မွာ အခ်ိန္အခါဆုိတာ ရွိတယ္။ အဲဒါကို တင္စားျပီး ေခၚေတာ့ Biological clock တဲ့။ သဘာ၀က ၀တ္ေပးထားတဲ့ နာရီေလးေပါ့။ အသက္အရြယ္ေကာင္းမွာ အိမ္ေထာင္ျပဳ၊ ကေလးေမြးရတယ္။ ခုလို အသက္ ၄၀ ေက်ာ္မွ မရႏုိင္ေတာ့ဘူးလား ဆုိေတာ့ ရႏုိင္ပါတယ္။ ဒါေပမယ့္ ပိုခက္တယ္။ အႏၱရာယ္ျဖစ္ႏုိင္ေခ် (Risk) လည္း ပိုမ်ားတာေပါ့။
ကေလးယူမယ္၊ မယူဘူး၊ ဘယ္ႏွေယာက္ယူမယ္၊ တစ္ေယာက္နဲ႕တစ္ေယာက္ ဘယ္ေလာက္ျခားမယ္ ဆုိတာက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကုိယ္ပုိင္ဆံုးျဖတ္ပုိင္ခြင့္ ဆိုေပမယ့္ ေဆးပညာရႈေထာင့္အရေတာ့ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ ႏွစ္ကာလအပုိင္းအျခားေလးေတြ ရွိပါတယ္။
ဥပမာအားျဖင့္ အသက္ ၁၈ ႏွစ္မတုိင္မီနဲ႕ အသက္ ၃၅ ႏွစ္ေနာက္ပုိင္း ကုိယ္၀န္မေဆာင္သင့္ဘူး။ ၁၈ ႏွစ္မတုိင္မီက အင္မတန္ငယ္ရြယ္ေသးတဲ့အရြယ္မုိ႕ ကုိယ္၀န္ေဆာင္ဖုိ႕ အဆင္သင့္ မျဖစ္ေသးဘူး။ ၃၅ ႏွစ္အထက္က်ျပန္ေတာ့လည္း ကုိယ္၀န္ေဆာင္တစ္ေယာက္အေနနဲ႕ အသက္လြန္ေနတယ္လို႕ သတ္မွတ္ႏုိင္ပါတယ္။ ၁၈ ႏွစ္ထက္ငယ္တယ္၊ ၃၅ ႏွစ္ထက္ၾကီးတယ္ ဆုိေပမယ့္ အဆင္ေျပေျပ ကေလးေမြးထားသူေတြလည္း ရွိပါတယ္။ လူတုိင္း အႏၱရာယ္ျဖစ္ေနတာေတာ့ မဟုတ္ပါဘူး။ ဒါကုိၾကည္႕ျပီး ငါတုိ႕လည္း အဲ့လိုကုိယ္၀န္ေဆာင္မယ္လို႕ေတာ့ မေတြးေစခ်င္ပါဘူး။ ရာခုိင္ႏႈန္းနဲ႕ စဥ္းစားဖုိ႕လုိပါတယ္။ ဒီအရြယ္ေတြမွာ ကုိယ္၀န္ေဆာင္မိရင္ အႏၱရာယ္ျဖစ္ႏုိင္ေခ်ဟာ မ်ားတာမို႕ မစြန္႕စားသင့္ပါဘူး။
ေနာက္၊ ကေလးတစ္ေယာက္ေမြးျပီးရင္ အနည္းဆံုး ၂ ႏွစ္ေနမွ ကုိယ္၀န္ျပန္ယူသင့္တယ္။ ေနာက္ျပီး ကေလးတစ္ေယာက္ေမြးျပီးခ်ိန္နဲ႕ ေနာက္ကုိယ္၀န္ေဆာင္ခ်ိန္ ၾကားကာလက ၅ ႏွစ္ထက္ မပုိသင့္ဘူး။ ဆုိလိုတာက ၂ ႏွစ္ထက္လည္း မနည္းနဲ႕၊ ၅ ႏွစ္ထက္လည္း မမ်ားနဲ႕ေပါ့။ ဘာလုိ႕ဆုိေတာ့ ကပ္လြန္း၊ ေ၀းလြန္းရင္ ကုိယ္၀န္ေဆာင္ျခင္းရဲ႕ ေနာက္ဆက္တြဲဆုိးက်ိဳးေတြ ခံစားရႏုိင္လုိ႕ပါ။ ကေလးပ်က္က်ျပီးရင္လည္း အေစာပုိင္းမွာ ေျပာခဲ့သလို အနည္းဆံုး ၆ လ ေနမွ ကုိယ္၀န္ျပန္ယူသင့္တယ္။ အေရအတြက္အားျဖင့္ကေတာ့ ကေလး ၅ ေယာက္နဲ႕အထက္ မယူသင့္ဘူးေပါ့။
ဒါေၾကာင့္လည္း ခုေနာက္ပုိင္းမွာ သားဆက္ျခားတယ္ ဆုိတာထက္ မိသားစုစီမံကိန္းဆြဲတယ္ ဆိုတဲ့ အသံုးအႏႈန္းမ်ိဳး ေျပာလာၾကတာပါ။ ဒီအတုိင္းပဲ မလိုခ်င္ေသးလုိ႕ သားဆက္ျခားေနမယ္ဆုိ တစ္ေယာက္နဲ႕တစ္ေယာက္ သိပ္ကပ္သြားတာ၊ သိပ္ေ၀းသြားတာ၊ အသက္ ၃၅ ႏွစ္ေနာက္ပိုင္းမွ ထပ္ယူခ်င္လာတာ စသျဖင့္ ျပႆနာျဖစ္လာႏုိ္င္ပါတယ္။ ဒီအတြက္ ဘ၀တစ္ေလွ်ာက္မွာ ကေလးဘယ္ႏွေယာက္ယူမယ္၊ တစ္ေယာက္နဲ႕တစ္ေယာက္ ဘယ္ေလာက္ျခားမယ္ဆုိတာမ်ိဳးေလး အစီအစဥ္ဆြဲထားမယ္ဆုိရင္ ပိုအဆင္ေျပတာေပါ့။ ဥပမာ အသက္ ၂၅ ႏွစ္မွာ အိမ္ေထာင္ျပဳမယ္၊ ကေလး ၂ ေယာက္ပဲ ယူမယ္၊ ဒါဆို ၂၈ ႏွစ္ေလာက္မွာ တစ္ေယာက္၊ ၃၂ ႏွစ္ေလာက္မွာ တစ္ေယာက္၊ ျပီးရင္ လံုး၀ထပ္မယူေတာ့ဘဲ ႏွစ္ရွည္ခံကုိယ္၀န္တားနည္းတစ္ခုခုကို သံုးမယ္။ အသက္ ၃၀ ေက်ာ္မွ အိမ္ေထာင္က်တယ္ဆုိလည္း ကေလးျမန္ျမန္ယူေပါ့၊ ဒါမွ ၂ ေယာက္ေလာက္ ေမြးလုိ႕မီမယ္။ ဒီလိုမ်ိဳးေလးေတြ စီမံကိန္းဆြဲထားမယ္ဆုိ ပိုျပီး ေကာင္းတာေပါ့။
တခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကိုယ္တုိင္က တစ္ခါတစ္ေလမွာ ဒီလိုစီမံကိန္းခ်တာကုိ အေရးမၾကီးဘူး ထင္တတ္ၾကပါတယ္။ ကုိယ့္ေယာက်ာ္းနဲ႕ကုိယ္ပဲ၊ ဘယ္ႏွေယာက္ေမြးေမြးေပါ့လို႕ ခပ္ေပါ့ေပါ့ သေဘာထားၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း အိမ္ေထာင္ေရးကုိ လံုး၀ထည္႕မစဥ္းစားခဲ့ဘဲ အလုပ္ေတြပဲ ဖိလုပ္ရင္း အရြယ္တစ္ခုလြန္လာမွ အိမ္ေထာင္ျပဳဖို႕ ျဖစ္လာတယ္။ ျပီးတဲ့အခါ ေဆာင္းပါးအစမွာ ေျပာခဲ့သလို ျပႆနာေတြ ၀င္လာတယ္။
တကယ္ေတာ့ အိမ္ေထာင္ျပဳမယ္ မျပဳဘူး၊ ဘယ္အရြယ္မွာ ျပဳမယ္၊ ကေလးယူမယ္၊ မယူဘူး၊ ဘယ္အခ်ိန္မွာ ယူမယ္၊ ဘယ္ႏွေယာက္ယူမယ္၊ ဘယ္ႏွႏွစ္ တားထားမယ္ စတာေတြက လူတစ္ေယာက္ရဲ႕ ကုိယ္ပုိင္ေရြးခ်ယ္ဆံုးျဖတ္ခြင့္ပဲ ျဖစ္ပါတယ္။ ဆရာ၀န္၊ ဆရာမေတြကေန သူ႕ဆႏၵမပါဘဲ ကုိယ္၀န္တားေပးလုိ႕လည္း မရသလို၊ အတင္းအၾကပ္ ေမြးခုိင္းလုိ႕လည္း မရပါဘူး။ ေနာက္ျပီး အိမ္ေထာင္ေရးဆုိတာက ဖူးစာ တို႕၊ ေရစက္တို႕၊ ကံတရားတုိ႕လို မျမင္ႏုိင္တဲ့အရာေတြလည္း ရွိေသးတာမို႕ ကိုယ္မွန္းထားတဲ့အတုိင္းလည္း ျဖစ္ခ်င္မွျဖစ္တာပါ။ ကမာၻေပၚမွာ ရွိသမွ် ဘယ္စီမံကိန္းမွလည္း မွန္းထားတဲ့အတုိင္း ၁၀၀ % ကြက္တိ အေကာင္အထည္ေဖာ္ႏုိင္တယ္ဆုိတာ မရွိပါဘူး။
ဒါေပမယ့္ လူအမ်ားေျပာေနက် စကားေလးလိုေပါ့။ Fail to plan is planning to fail ပါ။ အစီအစဥ္ဆြဲဖုိ႕ ပ်က္ကြက္ေနျခင္းဟာ က်ဆံုးဖုိ႕ ျပင္ဆင္ေနျခင္း ဆုိတဲ့အတုိင္း ကုိယ့္ဘ၀နဲ႕ ပတ္သက္လို႕၊ ကုိယ့္မိသားစုနဲ႕ ပတ္သတ္လို႕ ေသခ်ာစနစ္တက် အစီအစဥ္ဆြဲထားႏုိင္ဖုိ႕ သိပ္အေရးၾကီးပါတယ္။ အစီအစဥ္မရွိသူထက္ေတာ့ နည္းနည္းေလး ပုိတည္ျငိမ္တာေပါ့။ အဲဒီလို အစီအစဥ္ဆြဲတ့ဲအခါ အမ်ိဳးသမီးေတြမွာ Biological clock လို႕ေခၚတဲ့ အခ်ိန္အခါေလး ရွိတယ္ဆိုတာရယ္၊ ဘယ္အသက္အရြယ္၊ ဘယ္ကာလအပုိင္းအျခားေတြမွာ ကုိယ္၀န္ေဆာင္သင့္တယ္ ဆုိတာရယ္ကို သိထားရေအာင္ေလး ေဆာင္းပါးေရးလုိက္ရတာပါပဲ။
Ref : Healthy Timing and Spacing of Pregnancy 101 – WHO