အဖြစ်များသော ဆိုးဝါးသည့် မွေးရာပါချို့ယွင်းချက်တစ်ခု သို့မဟုတ် နှုတ်ခမ်းကွဲ အာခေါင်ကွဲရောဂါ
မွေးရာပါချို့ယွင်းချက်ရောဂါများတွင် လူသိများပြီး အဖြစ်များသည့်ရောဂါမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါ ဖြစ်ပါသည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲရောဂါသည် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ အသက်(၃၅)နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်မှမွေးသော ကလေးများတွင်လည်း တွေ့ရတတ်ပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်စဉ် ပထမ(၃)လတွင် မိခင်မှ ဝက်သက်ပေါက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ လိမ့်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ သန္ဓေသားအား ထိခိုက်စေသောဆေးများ အားသုံးစွဲမိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများတွင် အခြားရောဂါများနှင့်လည်း တွဲ၍တွေ့ရတတ် သဖြင့် ကလေးများအား ကျန်းမာရေးနှင့်ပတ်သက်၍ ပိုမိုဂရုစိုက်ရန် လိုအပ်ပါသည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများတွင် အဓိကရင်ဆိုင်ရသော ပြဿနာနှစ်ခုမှာ အစာစားရာတွင် ပြဿနာ ရှိခြင်းနှင့် ကျောင်းနေအရွယ်ကလေးများတွင် လူမှုရေးဆိုင်ရာပြဿနာများ ရှိလာနိုင်သဖြင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိလာခြင်းတို့ဖြစ်ပါသည်။ သို့ဖြစ်၍ အဆိုပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးမွေးလာပါက စောစီးစွာကုသမှုကို ခံယူရန်လိုအပ်ပါသည်။
ဤကလေးမျိုးမွေးလာပါကလည်း မိခင်သည် ရှက်စရာမဟုတ်ပါ။ ဤရောဂါသည် ဖြစ်တတ် သောရောဂါဖြစ်ပါသည်။ ထို့အပြင် ကုသပြုပြင်၍ရသော ရောဂါဖြစ်ပါသည်။ အကယ်၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများ မွေးလာခဲ့ပါက သက်ဆိုင်ရာဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကာ ကလေး၏ ကျန်းမာရေးအတွက် အကြံဉာဏ်ရယူသင့်ပါသည်။ နှုတ်ခမ်းကွဲကလေးများတွင် အစာကျွေးပါက ထိုင်၍ဇွန်းနှင့် တိုက်ကျွေးခြင်းသည် ကလေးအတွက်အသင့်တော်ဆုံးဖြစ်ပါသည်။ ကလေးအသက် (၁၀)ပတ်မှစတင်၍ ကလေး၏ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး နှုတ်ခမ်းကွဲခြင်းအား စတင် ပြုပြင်နိုင်ပါသည်။ အာခေါင်ကွဲခြင်းကိုမူ ကလေးအသက်(၅)နှစ်မှ စတင်၍ ကလေးကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ပြုပြင်နိုင်ပါသည်။
ယခုအခါတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ကုသပေးသော အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာပြီဖြစ်သည့်အပြင် ကုသပြီးပါကလည်း သဘာဝနှင့်အနီးစပ်ဆုံးတူအောင် ကုသပေးနိုင်သော ဆရာဝန်ကောင်းများစွာ ရှိနေပြီဖြစ်သောကြောင့် နှုတ်ခမ်းကွဲ အာခေါင်ကွဲနေသော ရင်သွေးငယ်များရှိပါက ရှက်ရွံ့အားငယ်မနေဘဲ အမြန်ဆုံးပြသကုသသင့်ပါသည်။
Dr.Sai T S
အျဖစ္မ်ားေသာ ဆိုး၀ါးသည့္ ေမြးရာပါခ်ိဳ႕ယြင္းခ်က္တစ္ခု သို႔မဟုတ္ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲေရာဂါ
ေမြးရာပါခ်ဳိ႕ယြင္းခ်က္ေရာဂါမ်ားတြင္ လူသိမ်ားၿပီး အျဖစ္မ်ားသည့္ေရာဂါမွာ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲေရာဂါ ျဖစ္ပါသည္။ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲေရာဂါသည္ မ်ဳိး႐ိုးလိုုက္ျခင္းေၾကာင့္ ျဖစ္ႏုိင္သကဲ့သို႔ အသက္(၃၅)ႏွစ္အထက္ ကိုယ္၀န္ေဆာင္မိခင္မွေမြးေသာ ကေလးမ်ားတြင္လည္း ေတြ႔ရတတ္ပါသည္။ ထို႔အျပင္ ကို္ယ္၀န္ေဆာင္စဥ္ ပထမ(၃)လတြင္ မိခင္မွ ၀က္သက္ေပါက္ျခင္း၊ အာဟာရခ်ဳိ႕တဲ့ျခင္း၊ လိမ့္က်ျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ သေႏၶသားအား ထိခိုက္ေစေသာေဆးမ်ား အားသံုးစြဲမိျခင္းေၾကာင့္လည္း ျဖစ္ႏုိင္ပါသည္။
ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးမ်ားတြင္ အျခားေရာဂါမ်ားႏွင့္လည္း တြဲ၍ေတြ႔ရတတ္ သျဖင့္ ကေလးမ်ားအား က်န္းမာေရးႏွင့္ပတ္သက္၍ ပိုမိုဂ႐ုစိုက္ရန္ လုိအပ္ပါသည္။ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးမ်ားတြင္ အဓိကရင္ဆုိင္ရေသာ ျပႆနာႏွစ္ခုမွာ အစာစားရာတြင္ ျပႆနာ ရွိျခင္းႏွင့္ ေက်ာင္းေနအရြယ္ကေလးမ်ားတြင္ လူမႈေရးဆိုင္ရာျပႆနာမ်ား ရွိလာႏိုင္သျဖင့္ ကေလး၏ စိတ္ပိုင္းဆုိင္ရာထိခိုက္မႈမ်ား ရွိလာျခင္းတို႔ျဖစ္ပါသည္။ သို႔ျဖစ္၍ အဆိုပါႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးေမြးလာပါက ေစာစီးစြာကုသမႈကို ခံယူရန္လိုအပ္ပါသည္။
ဤကေလးမ်ဳိးေမြးလာပါကလည္း မိခင္သည္ ရွက္စရာမဟုတ္ပါ။ ဤေရာဂါသည္ ျဖစ္တတ္ ေသာေရာဂါျဖစ္ပါသည္။ ထို႔အျပင္ ကုသျပဳျပင္၍ရေသာ ေရာဂါျဖစ္ပါသည္။ အကယ္၍ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲကေလးမ်ား ေမြးလာခဲ့ပါက သက္ဆုိင္ရာဆရာ၀န္ႏွင့္ ေဆြးေႏြးတိုင္ပင္ကာ ကေလး၏ က်န္းမာေရးအတြက္ အႀကံဉာဏ္ရယူသင့္ပါသည္။ ႏႈတ္ခမ္းကြဲကေလးမ်ားတြင္ အစာေကၽြးပါက ထိုင္၍ဇြန္းႏွင့္ တုိက္ေကၽြးျခင္းသည္ ကေလးအတြက္အသင့္ေတာ္ဆံုးျဖစ္ပါသည္။ ကေလးအသက္ (၁၀)ပတ္မွစတင္၍ ကေလး၏က်န္းမာေရးအေျခအေနေပၚ မူတည္ၿပီး ႏႈတ္ခမ္းကြဲျခင္းအား စတင္ ျပဳျပင္ႏုိင္ပါသည္။ အာေခါင္ကြဲျခင္းကိုမူ ကေလးအသက္(၅)ႏွစ္မွ စတင္၍ ကေလးက်န္းမာေရး အေျခအေနေပၚမူတည္ၿပီး ျပဳျပင္ႏုိင္ပါသည္။
ယခုအခါတြင္ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲ ကေလးငယ္မ်ားကို အခမဲ့ကုသေပးေသာ အဖြဲ႔အစည္းမ်ားစြာ ေပၚေပါက္လာၿပီျဖစ္သည့္အျပင္ ကုသၿပီးပါကလည္း သဘာ၀ႏွင့္အနီးစပ္ဆံုးတူေအာင္ ကုသေပးႏုိင္ေသာ ဆရာ၀န္ေကာင္းမ်ားစြာ ရွိေနၿပီျဖစ္ေသာေၾကာင့္ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲေနေသာ ရင္ေသြးငယ္မ်ားရွိပါက ရွက္ရြံ႔အားငယ္မေနဘဲ အျမန္ဆံုးျပသကုသသင့္ပါသည္။
Dr.Sai T S