ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်းပိုးရောဂါများ၊ အရေပြားနှင့် ကြွက်သားပျော့များ ပိုးဝင်ခြင်းများ၊ အစာအိမ်အနာဖြစ်စေသော H.pylori ပိုးကုသရာ၌ တွဲဖက်အသုံးပြုခြင်း၊ တီဘီနှင့် သက်ဆိုင်သောပိုးအမျိုးအစားများ။
သုံးစွဲရန်အညွှန်း- ၂၅၀-၅၀၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇ရက်မှ ၁၄ရက်ထိ သုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာရှိရှိ မရှိရှိသောက်သုံးနိုင်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အမြှေးပါးတု အူမကြီးရောင်ခြင်းဖြစ်တတ်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသည်းနှင့် ကျောက်ကပ်မကောင်းသူများ သတိပြုသုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အရသာပြောင်းခြင်း၊ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-theophylline, carbamazepine, terfenadine, digoxin ဆေးများ၏ သွေးတွင်းဆေးပမာဏကို တက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)