သားသားလေးရဲ့ရွှေပန်းညှာ ၊ တစ်လွှာလှန်သင့်မလှန်သင့်

ငွေရောင်တစ်လက်လက်တောက်ပြောင်နေသောကတ်ကြေးလေးသည် ငိုနေသောလသားအရွယ်ကလေးငယ်လေး၏ အရေပြားတစ်နေရာတွင်ပြေးလွှားနေသည်။ ဤမြင်ကွင်း၏အထက်မှာတော့ ကလေးငယ်ကိုမိုး၍ကြည့်နေသော မျက်နှာဖုံးစွပ်နှင့်လူနှစ်ယောက်။ ထိုလူနှစ်ယောက်၏မလှမ်းမကမ်းတွင်တော့ စိတ်ပူနေသောမျက်နှာနှင့်ကလေးငယ်၏ဖခင်။ ဤသို့ ကလေးငယ်အား ရက်ရက်စက်စက်ပြုမူနေသောလူနှစ်ဦးမှာမည်သူတွေနည်း။

“ကဲ ကလေးအဖေ။ ကျွန်တော်တို့လုပ်စရာရှိတာတော့ပြီးပြီ။ ကလေးဆိုတော့ နည်းနည်းတော့ငိုတာပေါ့။ သွေးလဲအများကြီးမထွက်ပါဘူး စိတ်ချပါ။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။ မနက်ဖြန်မှပတ်တီးလဲဖို့ပြန်လာခဲ့ပါ့မယ်။ ခွင့်ပြုပါဦး။”

ဒေါက်တာနှင်းငွေနှင့် သူ၏လက်ထောက် ဒေါက်တာနိုင်လင်းတို့ လက်အိတ်နှင့်မျက်နှာဖုံးများကို ကိုယ်စီချွတ်လိုက်ကြသည်။ သည်နေ့အတွက် ကလေးငယ်၏ရွှေပန်းထိပ်မှ အရေပြားကိုဖြတ်တောက်ခြင်းကိစ္စပြီးလေပြီ။ လက်ဆေးရန်နေရာသို့ နှစ်ယောက်တူတူထွက်လာစဉ် ဒေါက်တာနိုင်လင်းက

” အကို အဲ့ဒီ့အရွယ်ကလေးလေးတွေကို Circumcisionလုပ်ဖို့ (ရွှေပန်းထိပ်အရေပြားဖြတ်တောက်ခြင်း) က လိုလို့လား။ သူတို့ကဘာသာရေးအရလုပ်တာလားအကို။”

“အေး ညီလေးလတစ်ချို့ကျတော့လဲ ကိုးကွယ်တဲ့ဘာသာရေးအရလုပ်ကြတာရှိတယ်။ လိုတယ်မလိုဘူးဆိုတာထက် ကောင်းကျိုး၊ဆိုးကျိုးတွေကို အကိုရှင်းပြမယ်လေ။ ပြီးရင်တော့ ညီလေးဆုံးဖြတ်ပေါ့။”

ဒေါက်တာနိုင်လင်းသည် ဒေါက်တာနှင်းငွေနှင့်ညီအကိုသဖွယ်ခင်မင်ကြသော ဆရာဝန်လေးဖြစ်သည်။ ဆေးကုသခွင့်လက်မှတ်ရပြီးသည်နှင့် ဒေါက်တာနှင်းငွေ၏သင်ပြမှုကို အမြဲလိုက်လံခံယူနေသူဖြစ်သည်။

“Circumcision လို့ခေါ်တဲ့ ရွှေပန်းထိပ်ကအရေပြားကိုဖြတ်တယ်ဆိုတာ ထိပ်ဖူးလေးပေါ်မှာအုပ်နေတဲ့အရေပြားကို လှီးဖြတ်လိုက်တာပေါ့။ တို့တွေမမီလိုက်တဲ့ ၁၉၆၀နှစ်ဦးပိုင်းတွေမှာတော့ Circumcision လုပ်တာဟာ အကျိုးမရှိဘူး။ အခန့်မသင့်ရင် သွေးလွန်ပြီးအသက်အန္တရာယ်ရှိနိုင်တယ်လို့ စာတမ်းတွေထွက်ခဲ့ကြတယ်။ ဒါပေမယ့် အခုနောက်ဆုံးလေ့လာချက်တွေမှာတော့ကောင်းကျိုးက ဆိုးကျိုးထက်အလေးသာတယ်လို့ ပြောကြတယ် ညီလေးရ။ အမေရိကန်နိုင်ငံမှာဆို ၅၈ရာခိုင်နှုန်းသောယောကျ်ားလေးဦးရေမှာ Circumcisionလုပ်ထားကြတယ်လို့ဆိုတယ်။

Circumcision လုပ်လိုက်တဲ့အတွက် အသက်တစ်နှစ်အောက်ကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်နိုင်မှုကို သိသိသာသာလျော့ကျစေနိုင်တယ်တဲ့။ နောက်ပြီးတော့ အရေပြားရှည်နေလို့ ရွှေပန်းကိုအရေပြားကငုံမိပြီး ရှူရှူးပေါက်လို့မရတဲ့ Phimosisလိုရောဂါမျိုးကိုလဲ ကာကွယ်ပေးတာပေါ့ကွာ။ အရေပြားနဲ့ရွှေပန်းလေးကြားမှာ သန့်ရှင်းမှုမရှိရင် ဘက်တီးရီးယားတွေခိုကပ်ပြီး ညစ်ပတ်နေနိုင်တဲ့ပြသနာကိုလဲရှင်းပေးနိုင်တာပေါ့။”

“ဟုတ်ကဲ့အကို။ ဒီကလေး လူကြီးဖြစ်လာရင်ရော ဘာတွေကောင်းကျိုးရှိလဲဗျ။”

” Circumcision လုပ်ခြင်းဟာ လိင်အင်္ဂါကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလဲ ကာကွယ်ပေးတယ်တဲ့။ နောက်ပြီး လိင်ဆက်ဆံရာကနေကူးတတ်တဲ့ ဂနိုတို့၊ဆစ်ဖလစ်တို့ ကူးစက်နိုင်ခြေကိုလည်းလျှော့ချပေးတယ်။ ဒီပိုးတွေက ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကတစ်ဆင့် အရေပြားအောက်မှာခိုကပ်ပါလာပြီး ရောဂါဖြစ်စေနိုင်တဲ့အတွက် Circumcisionလုပ်ထားတဲ့လူတွေမှာတော့ အဖြစ်နည်းသွားတယ်လို့ဆိုကြတယ်။

ယောကျာ်းလေးကတစ်ဆင့် မိန်းကလေးဆီကိုလည်း ကူးစက်နိုင်ခြေနည်းသွားတဲ့အတွက် ကိုယ့်ရဲ့မိန်းကလေးဖော်မှာ HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်တဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးတယ်တဲ့။ ဟော ကုန်ကုန်ပြောရရင် HIVပိုးကူးစက်နိုင်ခြေကိုတောင် လျော့နည်းစေတယ်ညီလေး။ အိမ်ထောင်ရေးသာယာမှုကိုလည်း ကြာကြာခံစားရစေတယ်တဲ့။”

“ဒါဆိုရင်တော့ ကောင်းကျိုးများနေတာပဲအစ်ကို။ ဆိုးကျိုးရောရှိလားဗျ။”

“ဆိုးကျိုးအနေနဲ့ကတော့ ဖြတ်တောက်ရင်းနဲ့သွေးထွက်လွန်တာ၊ ပိုးဝင်သွားတာတွေကြောင့် အသက်အန္တရာယ်ရှိနိုင်တယ်။ ဒါပေမယ့် ဆေးရုံဆေးခန်းတွေမှာ စနစ်တကျလုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းတာပေါ့ညီလေး။ အဲ.. မွေးရာပါ လိင်အင်္ဂါပုံစံမမှန်တဲ့သူတွေ၊ ဆီးလမ်းကြောင်းပုံစံမမှန်သူတွေ၊ လမစေ့ဘဲမွေးတဲ့တစ်နှစ်အောက်ကလေးတွေ၊ သွေးရောဂါရှိသူတွေအတွက်တော့ အရေပြားဖြတ်ဖို့အဆင်မပြေဘူးပေါ့ကွာ။ ဒီတော့ပုံမှန်ကလေးတစ်ယောက်မှာ Circumcisionလုပ်သင့်မလုပ်သင့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်သာ စဉ်းစားပေါ့”

ညနေစောင်းပြီဖြစ်သဖြင့် အိမ်ပြန်ရန် ဒေါက်တာနှင်းငွေလက်ဆွဲအိတ်ကိုယူလိုက်သည်။ မနက်ဖြန်တွင် ကလေးငယ်အားပတ်တီးလဲပြီးရက်ချိန်းပြန်ကြည့်ရန် ဤနေရာသို့ပြန်လာရဦးမည်။ သဘက်ခါလဲပြန်လာရဦးမည်။ ရွှေပန်းထိပ်အရေပြားဖြတ်တောက်ရန်လာသော ကလေးငယ်များရှိနေသ၍ နေ့ရက်တိုင်းသည် ထို့အတူပင်ဖြစ်သည်..။

မေတ္တာဖြင့်
စိုင်းမြတ်သူ

သားသားေလးရဲ႕ေရႊပန္းညႇာ ၊ တစ္လႊာလွန္သင့္မလွန္သင့္

ေငြေရာင္တစ္လက္လက္ေတာက္ေျပာင္ေနေသာကတ္ေၾကးေလးသည္ ငိုေနေသာလသားအရြယ္ကေလးငယ္ေလး၏ အေရျပားတစ္ေနရာတြင္ေျပးလႊားေနသည္။ ဤျမင္ကြင္း၏အထက္မွာေတာ့ ကေလးငယ္ကိုမိုး၍ၾကည့္ေနေသာ မ်က္ႏွာဖံုးစြပ္ႏွင့္လူႏွစ္ေယာက္။ ထိုလူႏွစ္ေယာက္၏မလွမ္းမကမ္းတြင္ေတာ့ စိတ္ပူေနေသာမ်က္ႏွာႏွင့္ကေလးငယ္၏ဖခင္။ ဤသို႔ ကေလးငယ္အား ရက္ရက္စက္စက္ျပဳမူေနေသာလူႏွစ္ဦးမွာမည္သူေတြနည္း။

“ကဲ ကေလးအေဖ။ ကြၽန္ေတာ္တို႔လုပ္စရာ႐ွိတာေတာ့ၿပီးၿပီ။ ကေလးဆိုေတာ့ နည္းနည္းေတာ့ငိုတာေပါ့။ ေသြးလဲအမ်ားႀကီးမထြက္ပါဘူး စိတ္ခ်ပါ။”

“ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ဆရာ။ မနက္ျဖန္မွပတ္တီးလဲဖို႔ျပန္လာခဲ့ပါ့မယ္။ ခြင့္ျပဳပါဦး။”

ေဒါက္တာႏွင္းေငြႏွင့္ သူ၏လက္ေထာက္ ေဒါက္တာႏိုင္လင္းတို႔ လက္အိတ္ႏွင့္မ်က္ႏွာဖံုးမ်ားကို ကိုယ္စီခြၽတ္လိုက္ၾကသည္။ သည္ေန႔အတြက္ ကေလးငယ္၏ေရႊပန္းထိပ္မွ အေရျပားကိုျဖတ္ေတာက္ျခင္းကိစၥၿပီးေလၿပီ။ လက္ေဆးရန္ေနရာသို႔ ႏွစ္ေယာက္တူတူထြက္လာစဥ္ ေဒါက္တာႏိုင္လင္းက

” အကို အဲ့ဒီ့အရြယ္ကေလးေလးေတြကို Circumcisionလုပ္ဖို႔ (ေရႊပန္းထိပ္အေရျပားျဖတ္ေတာက္ျခင္း) က လိုလို႔လား။ သူတို႔ကဘာသာေရးအရလုပ္တာလားအကို။”

“ေအး ညီေလးလတစ္ခ်ိဳ႕က်ေတာ့လဲ ကိုးကြယ္တဲ့ဘာသာေရးအရလုပ္ၾကတာ႐ွိတယ္။ လိုတယ္မလိုဘူးဆိုတာထက္ ေကာင္းက်ိဳး၊ဆိုးက်ိဳးေတြကို အကို႐ွင္းျပမယ္ေလ။ ၿပီးရင္ေတာ့ ညီေလးဆံုးျဖတ္ေပါ့။”

ေဒါက္တာႏိုင္လင္းသည္ ေဒါက္တာႏွင္းေငြႏွင့္ညီအကိုသဖြယ္ခင္မင္ၾကေသာ ဆရာဝန္ေလးျဖစ္သည္။ ေဆးကုသခြင့္လက္မွတ္ရၿပီးသည္ႏွင့္ ေဒါက္တာႏွင္းေငြ၏သင္ျပမႈကို အျမဲလိုက္လံခံယူေနသူျဖစ္သည္။

“Circumcision လို႔ေခၚတဲ့ ေရႊပန္းထိပ္ကအေရျပားကိုျဖတ္တယ္ဆိုတာ ထိပ္ဖူးေလးေပၚမွာအုပ္ေနတဲ့အေရျပားကို လွီးျဖတ္လိုက္တာေပါ့။ တို႔ေတြမမီလိုက္တဲ့ ၁၉၆၀ႏွစ္ဦးပိုင္းေတြမွာေတာ့ Circumcision လုပ္တာဟာ အက်ိဳးမ႐ွိဘူး။ အခန္႔မသင့္ရင္ ေသြးလြန္ၿပီးအသက္အႏၲရာယ္႐ွိႏိုင္တယ္လို႔ စာတမ္းေတြထြက္ခဲ့ၾကတယ္။ ဒါေပမယ့္ အခုေနာက္ဆံုးေလ့လာခ်က္ေတြမွာေတာ့ေကာင္းက်ိဳးက ဆိုးက်ိဳးထက္အေလးသာတယ္လို႔ ေျပာၾကတယ္ ညီေလးရ။ အေမရိကန္ႏိုင္ငံမွာဆို ၅၈ရာခိုင္ႏႈန္းေသာေယာက်္ားေလးဦးေရမွာ Circumcisionလုပ္ထားၾကတယ္လို႔ဆိုတယ္။

Circumcision လုပ္လိုက္တဲ့အတြက္ အသက္တစ္ႏွစ္ေအာက္ကေလးေတြမွာ ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္မႈကို သိသိသာသာေလ်ာ့က်ေစႏိုင္တယ္တဲ့။ ေနာက္ၿပီးေတာ့ အေရျပား႐ွည္ေနလို႔ ေရႊပန္းကိုအေရျပားကငံုမိၿပီး ႐ွဴ႐ွဴးေပါက္လို႔မရတဲ့ Phimosisလိုေရာဂါမ်ိဳးကိုလဲ ကာကြယ္ေပးတာေပါ့ကြာ။ အေရျပားနဲ႔ေရႊပန္းေလးၾကားမွာ သန္႔႐ွင္းမႈမ႐ွိရင္ ဘက္တီးရီးယားေတြခိုကပ္ၿပီး ညစ္ပတ္ေနႏိုင္တဲ့ျပသနာကိုလဲ႐ွင္းေပးႏိုင္တာေပါ့။”

“ဟုတ္ကဲ့အကို။ ဒီကေလး လူႀကီးျဖစ္လာရင္ေရာ ဘာေတြေကာင္းက်ိဳး႐ွိလဲဗ်။”

” Circumcision လုပ္ျခင္းဟာ လိင္အဂၤါကင္ဆာနဲ႔ ဆီးက်ိတ္ကင္ဆာျဖစ္ပြားမႈကိုလဲ ကာကြယ္ေပးတယ္တဲ့။ ေနာက္ၿပီး လိင္ဆက္ဆံရာကေနကူးတတ္တဲ့ ဂႏိုတို႔၊ဆစ္ဖလစ္တို႔ ကူးစက္ႏိုင္ေျခကိုလည္းေလ်ွာ့ခ်ေပးတယ္။ ဒီပိုးေတြက ကိုယ့္ရဲ႕လိင္ဆက္ဆံေဖာ္ကတစ္ဆင့္ အေရျပားေအာက္မွာခိုကပ္ပါလာၿပီး ေရာဂါျဖစ္ေစႏိုင္တဲ့အတြက္ Circumcisionလုပ္ထားတဲ့လူေတြမွာေတာ့ အျဖစ္နည္းသြားတယ္လို႔ဆိုၾကတယ္။

ေယာက်ာ္းေလးကတစ္ဆင့္ မိန္းကေလးဆီကိုလည္း ကူးစက္ႏိုင္ေျခနည္းသြားတဲ့အတြက္ ကိုယ့္ရဲ႕မိန္းကေလးေဖာ္မွာ HPV ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တတ္တဲ့ သားအိမ္ေခါင္းကင္ဆာျဖစ္ပြားမႈကိုလည္း ေလ်ွာ့ခ်ေပးတယ္တဲ့။ ေဟာ ကုန္ကုန္ေျပာရရင္ HIVပိုးကူးစက္ႏိုင္ေျခကိုေတာင္ ေလ်ာ့နည္းေစတယ္ညီေလး။ အိမ္ေထာင္ေရးသာယာမႈကိုလည္း ၾကာၾကာခံစားရေစတယ္တဲ့။”

“ဒါဆိုရင္ေတာ့ ေကာင္းက်ိဳးမ်ားေနတာပဲအစ္ကို။ ဆိုးက်ိဳးေရာ႐ွိလားဗ်။”

“ဆိုးက်ိဳးအေနနဲ႔ကေတာ့ ျဖတ္ေတာက္ရင္းနဲ႔ေသြးထြက္လြန္တာ၊ ပိုးဝင္သြားတာေတြေၾကာင့္ အသက္အႏၲရာယ္႐ွိႏိုင္တယ္။ ဒါေပမယ့္ ေဆးရံုေဆးခန္းေတြမွာ စနစ္တက်လုပ္မယ္ဆိုရင္ေတာ့ ျဖစ္ႏိုင္ေျခနည္းတာေပါ့ညီေလး။ အဲ.. ေမြးရာပါ လိင္အဂၤါပံုစံမမွန္တဲ့သူေတြ၊ ဆီးလမ္းေၾကာင္းပံုစံမမွန္သူေတြ၊ လမေစ့ဘဲေမြးတဲ့တစ္ႏွစ္ေအာက္ကေလးေတြ၊ ေသြးေရာဂါ႐ွိသူေတြအတြက္ေတာ့ အေရျပားျဖတ္ဖို႔အဆင္မေျပဘူးေပါ့ကြာ။ ဒီေတာ့ပံုမွန္ကေလးတစ္ေယာက္မွာ Circumcisionလုပ္သင့္မလုပ္သင့္ ကိုယ့္ဆံုးျဖတ္ခ်က္နဲ႔ကိုယ္သာ စဥ္းစားေပါ့”

ညေနေစာင္းၿပီျဖစ္သျဖင့္ အိမ္ျပန္ရန္ ေဒါက္တာႏွင္းေငြလက္ဆြဲအိတ္ကိုယူလိုက္သည္။ မနက္ျဖန္တြင္ ကေလးငယ္အားပတ္တီးလဲၿပီးရက္ခ်ိန္းျပန္ၾကည့္ရန္ ဤေနရာသို႔ျပန္လာရဦးမည္။ သဘက္ခါလဲျပန္လာရဦးမည္။ ေရႊပန္းထိပ္အေရျပားျဖတ္ေတာက္ရန္လာေသာ ကေလးငယ္မ်ား႐ွိေနသ၍ ေန႔ရက္တိုင္းသည္ ထို႔အတူပင္ျဖစ္သည္..။

ေမတၱာျဖင့္
စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံမျိုးဆက်ပွားကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Fertilization (သန္ဓေအောင်ခြင်း)

1 Mins read
သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။ မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

သားမွေးပြွန်ထည့်ကွင်း

1 Mins read
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။ ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။ ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။ ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *