ဆန်းဆန်းပြာပြားကိုယ်ဝန်ဆောင်သားအိမ်ထဲမှာ သန္တေသားမရှိဘဲ ဖြစ်တဲ့ ကင်ဆာ
တော်တော်ရှားပါးတဲ့ကင်ဆာရောဂါတစ်မျိုးလို့ပြောရပါမယ်။ သန္တေသားဖြစ်လာမယ့်တစ်ရူးစလေးတွေ၊ ကလေးအချင်းဖြစ်မဲ့ တစ်ရူးတွေက သန္တေသားမဖြစ်ဘဲ ကင်ဆာဆဲလ်တွေဖြစ်သွားတာမျိုးပါ။ သားအိမ်ထဲမှာစပြီး ကင်ဆာဆဲလ်တွေကြီးထွားပေမယ့် သားအိမ်ကတစ်ဆင့် တစ်ကိုယ်လုံးကသွေးထဲကို ကင်ဆာဆဲလ်တွေပြန်နှံ့စေတဲ့ ကင်ဆာ Choriocarcinoma လို့ ဆေးပညာအရခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်သလိုမျိုးပဲမို့ ကိုယ်ဝန်ဆောင်ချိန်မှာ တက်လေ့ရှိတဲ့ B HCG ဟော်မုန်းတွေလည်း တက်လာတတ်သလို ဆီးစစ်တံနဲ့စစ်ကြည့်ရင်လည်း ( ၂) ကြောင်းပေါ်တတ်ပါတယ်။
ဒီလိုChoriocarcinoma ကင်ဆာမှာပြလေ့ရှိတဲ့လက္ခဏာတွေက
- ရာသီလာရမယ့်ရက်မှာမလာတော့ပဲ ဆီးစစ်တံမှာလည်း ၂ကြောင်းပေါ်ပါတယ်။
- ကိုယ်ဝန်ဆောင်နေတယ်လို့ယူဆရတဲ့အချိန်မှာလည်း သွေးဆင်းနေတတ်ပါတယ်။
- နောက် သားအိမ်နားတစ်ဝှိက်မှာ နာတတ်၊ အောင့်တတ်ပါတယ်။
- ပြန်နှံ့မြန်တဲ့ကင်ဆာမျိုးဖြစ်လို့ တစ်ချို့ကလည်း
အဆုတ်ကိုပြန့်သွားပြီးတော့မှ.. ချောင်းဆိုးရင်ကျပ်တာ၊ အသက်ရှူမဝတာ ဦးနှောက်ကိုပြန့်သွားပြီးတော့မှ … ခေါင်းမူး၊ ခေါင်းကိုက်တာမျိုးဖြစ်တော့မှ ရောဂါရှိမှန်းသိတာမျိုးလည်းရှိပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့လူတွေကတော့ … သားပျက်သားလျောဖြစ်ထားတဲ့လူတွေ၊ ဒီကိုယ်ဝန်မတိုင်ခင် ရိုးရိုးကိုယ်ဝန် သို့ သပျစ်သီးသန္တေဆောင်ထားတဲ့လူတွေ ပိုဖြစ်နိုင်ပါတယ်။ အပေါ်ကဖော်ပြထားတဲ့ လက္ခဏာတွေလည်းရှိမယ်။ ဖြစ်နိုင်ခြေ ရှ်တဲ့ လူထဲလည်းပါမယ်ဆိုရင်တော့ ဆရာဝန်က
- သားအိမ် စမ်းသပ်စစ်ဆေးပါလိမ့်မယ်။
- သေချာအောင် ကွန်ပြူတာဓာတ်မှန်( Ultrasound) ရိုက်ခိုင်းပါလိမ့်မယ်။
- အခြားနေရာ ကိုကင်ဆာဆဲလ်ပြန့်ပွားမှုရှိမရှိသိဖို့ CT , MRI စတာတွေ ရိုက်ခိုင်းပါလိမ့်မယ်။
ကုသမှုကတော့ ရောဂါပြင်းထန်မှူပေါ်မူတည်ပါတယ်။ဝမ်းသာစရာက ကင်ဆာဆေး သွင်းရင် အရှင်းပျောက်နိုင်တဲ့ကင်ဆာထဲမှာပါပါတယ်။
အရမ်းပြင်းထန်ရင်တော့ သားအိမ်ထုတ်ရတာ၊ ဓာတ်ကင်ရတာတွေထိလုပ်ရနိုင်ပါတယ်။ သားအိမ်မထုတ်ရဘဲ ကင်ဆာဆေးသွင်းလို့ အရှင်းပျောက်သွားပြီဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်နဲ့ နောက်ကလေးထပ်ယူလို့ရနိုင်ပါတယ်။
ဆန်းဆန်းပြားပြားကင်ဆာအကြောင်းကြားဖူးနားဝဖြစ်သွားပြီလို့မျှော်လင့်ပါတယ်။
မယ်တင်( ဆေး ၁)
ဆန္းဆန္းျပာျပားကိုယ္ဝန္ေဆာင္သားအိမ္ထဲမွာ သေနၱသားမရွိဘဲ ျဖစ္တဲ့ ကင္ဆာ
ေတာ္ေတာ္ရွားပါးတဲ့ကင္ဆာေရာဂါတစ္မ်ိဳးလို႔ေျပာရပါမယ္။ သေနၱသားျဖစ္လာမယ့္တစ္ရူးစေလးေတြ၊ ကေလးအခ်င္းျဖစ္မဲ့ တစ္ရူးေတြက သေနၱသားမျဖစ္ဘဲ ကင္ဆာဆဲလ္ေတြျဖစ္သြားတာမ်ိဳးပါ။ သားအိမ္ထဲမွာစၿပီး ကင္ဆာဆဲလ္ေတြႀကီးထြားေပမယ့္ သားအိမ္ကတစ္ဆင့္ တစ္ကိုယ္လံုးကေသြးထဲကို ကင္ဆာဆဲလ္ေတြျပန္ႏွံ႔ေစတဲ့ ကင္ဆာ Choriocarcinoma လို႔ ေဆးပညာအရေခၚပါတယ္။ ကိုယ္ဝန္ေဆာင္သလိုမ်ိဳးပဲမို႔ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တက္ေလ့ရွိတဲ့ B HCG ေဟာ္မုန္းေတြလည္း တက္လာတတ္သလို ဆီးစစ္တံနဲ႔စစ္ၾကည့္ရင္လည္း ( ၂) ေၾကာင္းေပၚတတ္ပါတယ္။
ဒီလိုChoriocarcinoma ကင္ဆာမွာျပေလ့ရွိတဲ့လကၡဏာေတြက
- ရာသီလာရမယ့္ရက္မွာမလာေတာ့ပဲ ဆီးစစ္တံမွာလည္း ၂ေၾကာင္းေပၚပါတယ္။
- ကိုယ္ဝန္ေဆာင္ေနတယ္လို႔ယူဆရတဲ့အခ်ိန္မွာလည္း ေသြးဆင္းေနတတ္ပါတယ္။
- ေနာက္ သားအိမ္နားတစ္ဝွိက္မွာ နာတတ္၊ ေအာင့္တတ္ပါတယ္။
- ျပန္ႏွံ႔ျမန္တဲ့ကင္ဆာမ်ိဳးျဖစ္လို႔ တစ္ခ်ိဳ႕ကလည္း
အဆုတ္ကိုျပန္႔သြားၿပီးေတာ့မွ.. ေခ်ာင္းဆိုးရင္က်ပ္တာ၊ အသက္ရႉမဝတာ ဦးေႏွာက္ကိုျပန္႔သြားၿပီးေတာ့မွ ... ေခါင္းမူး၊ ေခါင္းကိုက္တာမ်ိဳးျဖစ္ေတာ့မွ ေရာဂါရွိမွန္းသိတာမ်ိဳးလည္းရွိပါတယ္။ ျဖစ္ႏိုင္ေျခရွိတဲ့လူေတြကေတာ့ ... သားပ်က္သားေလ်ာျဖစ္ထားတဲ့လူေတြ၊ ဒီကိုယ္ဝန္မတိုင္ခင္ ရိုးရိုးကိုယ္ဝန္ သို႔ သပ်စ္သီးသေနၱေဆာင္ထားတဲ့လူေတြ ပိုျဖစ္ႏိုင္ပါတယ္။ အေပၚကေဖာ္ျပထားတဲ့ လကၡဏာေတြလည္းရွိမယ္။ ျဖစ္ႏိုင္ေျခ ရွ္တဲ့ လူထဲလည္းပါမယ္ဆိုရင္ေတာ့ ဆရာဝန္က
- သားအိမ္ စမ္းသပ္စစ္ေဆးပါလိမ့္မယ္။
- ေသခ်ာေအာင္ ကြန္ျပဴတာဓာတ္မွန္( Ultrasound) ရိုက္ခိုင္းပါလိမ့္မယ္။
- အျခားေနရာ ကိုကင္ဆာဆဲလ္ျပန္႔ပြားမႈရွိမရွိသိဖို႔ CT , MRI စတာေတြ ရိုက္ခိုင္းပါလိမ့္မယ္။
ကုသမႈကေတာ့ ေရာဂါျပင္းထန္မႉေပၚမူတည္ပါတယ္။ဝမ္းသာစရာက ကင္ဆာေဆး သြင္းရင္ အရွင္းေပ်ာက္ႏိုင္တဲ့ကင္ဆာထဲမွာပါပါတယ္။
အရမ္းျပင္းထန္ရင္ေတာ့ သားအိမ္ထုတ္ရတာ၊ ဓာတ္ကင္ရတာေတြထိလုပ္ရႏိုင္ပါတယ္။ သားအိမ္မထုတ္ရဘဲ ကင္ဆာေဆးသြင္းလို႔ အရွင္းေပ်ာက္သြားၿပီဆိုရင္ေတာ့ ဆရာဝန္ ညႊန္ၾကားခ်က္နဲ႔ ေနာက္ကေလးထပ္ယူလို႔ရႏိုင္ပါတယ္။
ဆန္းဆန္းျပားျပားကင္ဆာအေၾကာင္းၾကားဖူးနားဝျဖစ္သြားၿပီလို႔ေမၽွာ္လင့္ပါတယ္။
မယ္တင္( ေဆး ၁)